16.12.16

ရှမ်းမြောက်တိုက်ပွဲအတွင်း ပျောက်ဆုံးယာဉ်မောင်းကို ရက် ၂၀ အကြာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိဟု အစိုးရထုတ်ပြန်

ရှမ်းမြောက်တိုက်ပွဲများ စတင် ဖြစ်ပွားပြီးနောက် ရက်ပေါင်း ၂၀ ကျော်အကြာ၌ ပျောက်ဆုံးနေခဲ့သော ယာဉ်မောင်းတစ်ဦးကို ဒီဇင်ဘာ ၁၃ ရက်က ကွတ်ခိုင်မြို့နယ် မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးဘေး ချောက်ထဲတွင် သေဆုံးလျက် ပြန်လည် တွေ့ရှိ ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက် အတွင်း KIA၊ TNLA၊ MNDAAနှင့် AA ပူးပေါင်းလက်နက်ကိုင် တပ်ဖွဲ့များက လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယာဉ်များကို တားဆီးပိတ်ဆို့ခြင်း၊ မီးရှို့ခြင်းများနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သေဆုံးသူယာဉ်မောင်းသည် ယာဉ်နှင့်အတူ လက်နက်ငယ်ကျည်ထိမှန်၍ လျှိုအတွင်း ပြုတ်ကျခဲ့ပြီး သစ်ကိုင်းများ ဖုံးအုပ်နေခြင်းကြောင့် အလွယ်တကူ မတွေ့မြင်နိုင်ဘဲ ယခုမှသာ တွေ့ရှိခဲ့ကြောင်းနှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်ဆောင်ရွက်ရန်စီစဉ်ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။
‘‘ရှုခင်းသာမှာ တာဝန်ကျတဲ့ ဗိုလ်မှူးပြောပြတာကတော့ ၁၂ ရက်နေ့က ရှုခင်းသာမှာ လမ်း ကြောပိတ်သွားတယ်။ ပိတ်တော့ ခရီးသည်တွေက အောက်ဆင်း တော့ အပုပ်နံ့ရတာပေါ့။ အပုပ်နံ့ ရတော့ ဗိုလ်မှူးတို့ကို သွားသ တင်းပေးတော့ ဗိုလ်မှူးတို့က အောက်ထဲကို ဆင်းကြည့်လိုက် တော့ ကားထဲမှာ အလောင်းတွေ့ တာပေါ့။ အလောင်းက လုံးဝရုပ် ပျက်ဆင်းပျက်ဖြစ်နေပြီ’’ဟု ရှမ်း မြောက်ဒေသ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခကြုံတွေ့ခဲ့ရသူများ အား သွားရောက်အကူအညီပေး ခဲ့သည့် မန္တလေးအခြေစိုက်မနော ကြာဖြူလူမှုကူညီရေးအသင်းမှ ကိုသက်မျိုးဦးက ပြောသည်။
ဆက်လက်၍ ၎င်းက ‘‘လွန် ခဲ့တဲ့ သုံးပတ်လောက်က မြစ်သား ဘက်ကနေ လူပျောက်သတင်း ပေးထားတာရှိတယ်။ အဲဒီဓာတ်ပုံ နဲ့ ကားနံပါတ်နဲ့တိုက်ကြည့်လိုက် တော့ သူတို့ပျောက်နေတဲ့ လူလို့ ယူဆလို့ရတာပေါ့။ သူတို့ပြောတဲ့ ကားအမျိုးအစားနဲ့ကားနံပါတ်နဲ့ တိုက်ကြည့်လိုက်တော့ မှန်နေတာ နဲ့ အဲဒီမြစ်သားက သူတို့ရဲ့မိဘ တွေကို ဆက်သွယ်ပေးလိုက်တာ ပေါ့။ မနေ့က အဲဒီအလောင်းပိုင် ရှင်တွေက ကျောက်မဲကို ညတွင်း  ချင်းရောက်တယ်။ အလောင်းက လုံးဝပုပ်ပွနေတယ်ဆိုတော့ ကွတ် ခိုင်မှာပဲ သင်္ဂြိုဟ်ဖို့တော့ အကြံပြု ထားတယ်’’ဟု ပြောသည်။
အဆိုပါသေဆုံးသူသည် မြစ် သားမြို့နေ လားရှိုး-မူဆယ်အငှား ယာဉ်မောင်းရဲမောင်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ သည်။
တိမ်းမှောက်သည့် ယာဉ်မှာ 6K 2185 ပရိုဘောက်စ်ယာဉ် ဖြစ်ပြီး အင်ဂျင်အဖုံးတွင် လက် နက်ငယ်ကျည်ဖောက်ဝင်သည့် အပေါက် သုံးခု၊ ရှေ့လေကာမှန် နှင့် နောက်လေကာမှန်များေ​ကြွ မွ ပျက်စီးနေကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်၏ထိုးစစ်ဆင်မှု ကို ပြန်လည်တုံ့ပြန်သည်ဆိုကာ KIA၊ TNLA၊ MNDAA နှင့် AA  ပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့ များသည် နိုဝင်ဘာ ၂၀ ရက်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းအပါအဝင် အစိုးရလုံခြုံရေး တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွား လျက်ရှိပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ သာမက အရပ်သားပြည်သူအ များအပြား သေဆုံးထိခိုက်ဒဏ်ရာ များ ရရှိခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment