16.12.16

နိုင်ငံရေးဆွေးနွေးပွဲများမပြီးမီ စီးပွားရေးလုပ်ငန်းများလက်ခံသည့် ကေအင်န်ယူဥက္ကဋ္ဌကို စိတ်ပျက်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်

နိုင်ငံရေးဆွေးနွေးပွဲများ ဆုံးခန်းမတိုင်မီ ကရင်တိုင်းရင်း သားလက်နက်ကိုင် ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ လက်ခံလုပ်ဆောင်နေသော KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးအပေါ် စိတ်ပျက်မိကြောင်း အရပ်ဘက်အဖွဲ့အစည်း ၃၁၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် အကောင်အထည်ဖော်မည့် မယ်သမီးခီးစက်မှုဇုန်နှင့် ဆက်စပ်စီမံကိန်းများလက်ခံကြောင်း တရုတ်ကုမ္ပဏီနှင့် KNU ပိုင်ကုမ္ပဏီအကြားနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး နှစ်ရက်အကြာတွင် အရပ်ဘက်ဖွဲ့စည်းများဘက်က ယင်းကဲ့သို့ သဘောထားထုတ် ပြန်ခြင်းဖြစ်သည်။

စစ်မှန်သော ငြိမ်းချမ်းရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆုံး ခန်းမတိုင်မီ အကြီးစားဆောက် လုပ်ရေးစီမံချက်များ၊ ရင်းနှီးမြှုပ် နှံမှုများ မပြုလုပ်သင့်ပေ။ ထိုသို့ သောအခြေအနေတွင် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပြင် ဆင်နေမှုအပေါ် စိတ်ပျက်မိသည် ဟု ဒီဇင်ဘာ ၁၅ ရက်က ထုတ် ပြန်သည့် သတင်းထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။


အပစ်အခတ်ရပ်စဲရေးလက် မှတ် ရေးထိုးပြီးနောက် ကရင် တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် စီမံကိန်းများ ဝင် ရောက်လာသည့် ဆိုးကျိုးများကို ဒေသခံများ ခံစားနေရသည့် အခြေအနေ၌ နောက်ထပ် စီမံ ကိန်းသစ်များ လက်ခံခြင်းကို စိတ်ပျက်မိခြင်းဖြစ်သည်ဟု သတင်း ထုတ်ပြန်သည်။

ထားဝယ်-မြိတ်ခရိုင်ဒေသ တွင် ပြည်သူများ လက်ရှိဆိုးရွား စွာ ခံစားနေရသည့် စီမံကိန်းများ မှာ ဆီအုန်းစီမံကိန်းနှင့် ဘန်း ချောင်းကျောက်မီးသွေး တူးဖော် ရေးလုပ်ငန်းတို့ ဖြစ်သည်။

အကောင်အထည်ဖော်နေ သည့် စီမံကိန်းများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ချပြခဲ့ခြင်းမရှိ သကဲ့သို့ ယခု အကောင်အထည်ဖော်မည့် မယ်သမီးခီးစက်မှုဇုန်၊ တနင်္သာရီအစိမ်းရောင် စွမ်းအင် ထုတ်ယူရေး စီမံကိန်းများနှင့် ပတ်သက်၍ ဒေသခံ ကရင်ပြည် သူများနှင့် ဒေသခံအဖွဲ့အစည်းများအား သတင်းအချက်အလက် များ ထုတ်ပြန်ခြင်း၊ ပွင့်လင်းမြင် သာစွာ ပြခဲ့ခြင်းလည်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ပြီး လူမှုအဖွဲ့ အစည်းများနှင့် လူထုကို အသိ မပေးဘဲ အကောင်အထည်ဖော် မည့် စီမံကိန်းလက်မှတ်ရေးထိုး ပွဲသို့ ဥက္ကဋ္ဌ စောမူတူးစေးဖိုးကိုယ် တိုင် လက်မှတ်ရေးထိုးခြင်းအပေါ် ထပ်မံ စိတ်ပျက်မိကြောင်း အရပ် ဘက် အဖွဲ့အစည်းများ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

မယ်သမီးခီး စက်မှုဇုန်နှင့် အခြားဆက်စပ် စီမံကိန်းများ အကောင်အထည်ဖော်ရန် KNU အဖွဲ့ပိုင် Noble Prince ကုမ္ပဏီ လီမိတက်၊ Sun and Rain−bow ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ Power China International Group Limited တို့ ဒီဇင်ဘာ ၁၃ ရက်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

‘‘ပထမတစ်ချက်ကတော့ NGO ဆိုတဲ့ဟာတွေက ဘာမှအလုပ်မရှိအကိုင်မရှိ သူများလုပ်တာကိုပဲ အပြစ်ရှာပြီး လျှောက်ဝေဖန်တဲ့ဟာတွေပါ။ အလကားဟာတွေပါ။ ကျွန်တော်တို့ အခြေအနေကျွန်တော်တို့အသိဆုံးပါပဲ။ ကျွန်တော်တို့ ဒီဟာတွေလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဒေသတွေမှာ ဖွံ့ဖြိုး ဖို့၊ ကျွန်တော်တို့ ပြည်သူတွေ အ လုပ်အကိုင်တွေရှာဖွေဖန်တီးပေး ဖို့ ၊ အဲဒီမှာ သူတို့ရဲ့ဘ၀တွေအလုပ် အကိုင်တွေ ထိုက်သင့်သလောက် ရပြီးတော့ သူတို့ဘ၀မြှင့်တင်ပေး ဖို့ ဒါတွေအတွက်ဖြစ်ပါတယ်။ဒေ သတွေ ဖွံ့ဖြိုးဖို့လိုပါတယ်။ ဖွံ့ဖြိုး ဖို့ဟာ တစ်စုံတစ်ရာတည်ငြိမ်မှု တွေရလာတဲ့အပေါ်မှာကျွန်တော် တို့ ဒါလုပ်ရမှာဖြစ်ပါတယ်။ ဒေ သဖွံ့ဖြိုးရေးကိုး။ အရေးကြီးတာ က ကျွန်တော်တို့လုပ်တဲ့ဒေသဖွံ့ ဖြိုးရေးဟာ ပြည်သူလူထုရဲ့ ဘ၀ ထိခိုက်နစ်နာမှုမရှိဘူးဆိုရင် ကျွန် တော်တို့လုပ်ရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ဒေသဖွံ့ဖြိုးမယ်။ ကျွန်တော်တို့ လူထုတွေသူတို့အ လုပ်အကိုင်တွေအစရှိသဖြင့် ဖန် တီးပေးနိုင်မှာဖြစ်ပါတယ်။ အခု ဟာက ဘာမှပကတိအခြေအနေ မသိဘဲနဲ့ အားအားရှိ သူများလုပ် တာပဲလျှောက်ပြီးတော့ အပြစ်ရှာ ပြီးတော့ လိုက်ပြီးတော့အပြုသ ဘောဆောင်တဲ့ဟာတွေလည်း မ ဟုတ်ဘူးလေ။ ဒီအပေါ်မှာတော့ ဒါကတော့ သူတို့ပြောပိုင်ခွင့်ရှိ တာပဲ ပြောချင်တာပြောပေါ့’’ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က အရပ်ဘက်အဖွဲ့အစည်းများ ၏ ထုတ်ပြန်ချက်အပေါ်တုံ့ပြန် ပြောကြားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment