16.12.16
၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်အတွက် ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်း ထုတ်ပြန်၊ ၀င်ငွေခွန်တွင် ကမ္ဘောဇဘဏ်က လေးနှစ်ဆက် ထိပ်ဆုံးနေရာမှ ရပ်တည်နေပြီး ကုန်သွယ်ခွန်တွင် Denko Trading က နှစ်နှစ်ဆက် ထိပ်ဆုံးတွင်ရပ်တည်
၀၁၅-၂၀၁၆ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်နှင့် ၀င်ငွေခွန်ထိပ်တန်း အခွန်ထမ်း ၁၀၀၀ စာရင်း ထုတ်ပြန်ခဲ့ပြီး ၀င်ငွေခွန်တွင် ကမ္ဘောဇဘဏ်က ကျပ် ၂၃ ဘီလျံကျော်ဖြင့် လေးနှစ်ဆက်ထိပ်ဆုံးနေရာမှ ရပ်တည်နေကာ ကုန်သွယ်လုပ်ငန်းခွန်တွင်မူ Denko Tradingက ကျပ် ၂၁ ဘီလျံကျော်ဖြင့် နှစ်နှစ်ဆက် ထိပ်တန်းအခွန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း အခွန်အများဆုံး ထမ်းဆောင်နေသည်မှာ နိုင်ငံခြားကုမ္ပဏီများသာ ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ၀င်ငွေခွန်တွင် ကျပ်သန်းပေါင်း နှစ်သောင်းအထက် ပေးဆောင်ခဲ့သည် ကမ္ဘောဇဘဏ်မှ ကျပ် ၂၃ ဘီလျံကျော်ဖြင့် ထိပ်တန်းနေရာမှ ရပ်တည်ခဲ့သည့်အပြင် ကျပ်သန်းပေါင်း နှစ်သောင်းအောက် အခွန်ပေးဆောင်မှုတွင် တပ်မတော်ပိုင်စီးပွားရေး လုပ်ငန်းစုများဖြစ်သည့် မြ၀တီဘဏ်က ကျပ်သန်း ပေါင်း ၈၅၀၁ ကျော်ဖြင့် အဆင့် (၂) နေရာတွင် ရပ်တည်ခဲ့ပြီး Myanma Economic Holdings Limited က ကျပ်သန်းပေါင်း ၅၇၆၅ ကျော်ဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်ခဲ့ပြီး Myawady Trading ကလည်း ကျပ် သန်းပေါင်း ၅၅၁၀ ကျော်ဖြင့်ပင် အဆင့် (၄) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ဝင်ငွေခွန်အများဆုံး ပေးဆောင်သည့် အဆင့် (၅) နေရာတွင် Shwe Byain Phyu ကုမ္ပဏီက ကျပ်သန်းပေါင်း ၄၇၅၃ ကျော်ဖြင့် ရပ်တည်နေပြီး အဆင့် (၆) နေရာတွင်မူGlobal Treasure ဘဏ်က ကျပ်သန်းပေါင်း ၄၅၆၀ ကျော်ဖြင့် ရပ်တည်နေကာ အဆင့် (၇) နေရာတွင်မူ Regency Material Trading ကုမ္ပဏီက ကျပ်သန်းပေါင်း ၄၄၂၃ ကျော်ဖြင့် ရပ်တည်နေကြောင်း သိရသည်။
ဝင်ငွေခွန်ကို ကျပ်သန်းလေးထောင်အောက် ပေးဆောင်ကာ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းတွင် ရပ်တည်နေသူများအနက် အဆင့်(၈)တွင် Dagon Beverages ကုမ္ပဏီက ကျပ်သန်းပေါင်း ၃၃၃၈ ကျော်ဖြင့် ရပ်တည်နေပြီး Asia Energy Trading ကုမ္ပဏီက ကျပ် သန်းပေါင်း ၃၀၄၉ကျော်ဖြင့် အဆင့် (၉) နေရာတွင် ရပ်တည်နေသည်။ အဆင့် (၁၀) တွင်မူ Benhur Trading ကုမ္ပဏီက ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ဖြင့် ရပ်တည်နေကြောင်း သိရသည်။
ဝင်ငွေခွန်အများဆုံး ပေးဆောင်မှုတွင် လုပ်ငန်းရှင်ကြီးအများစု ပါဝင်လာခဲ့ပြီး ကျပ် သန်း ၂၀၀၀၀ အထက် တစ်ဦး၊ ကျပ်သန်း ၁၀၀၀၀ အောက် သုံးဦး၊ ကျပ်သန်း ၅၀၀၀ အောက် သုံးဦး၊ ကျပ်သန်း ၄၀၀၀ အောက် သုံးဦး၊ ကျပ်သန်း ၃၀၀၀ အောက် လေးဦး၊ ကျပ်သန်း ၂၀၀၀ အောက် ၃၅ ဦး၊ ကျပ်သန်း ၁၀၀၀ အောက် ခုနစ်ဦးနှင့် အနိမ့်ဆုံးတွင် ကျပ်သန်း ၅၀ အောက် အခွန်ထမ်းသူများပင် ၂၀၂ ဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။
 ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်း ၁၀၀၀ မှ အများဆုံးပေးဆောင်သည့်  မြန်မာကုမ္ပဏီ ၁၀
ထို့ပြင် ကုန်သွယ်လုပ်ငန်းခွန်တွင် ကျပ်သန်းပေါင်းနှစ်သောင်းအထက် ပေးဆောင်ခဲ့သည် Denko Trading က ကျပ် ၂၁ ဘီလျံ ကျော်ဖြင့် ထိပ်တန်းနေရာမှ ရပ်တည်ခဲ့သည့်အပြင် ကျပ်သန်းပေါင်းနှစ်သောင်းအောက် အခွန်ပေးဆောင်မှုတွင် Dagon Beverages က ကျပ်သန်းပေါင်း ၁၈၆၈၉ ကျော်ဖြင့် အဆင့် (၂) နေရာတွင် ရပ်တည်ခဲ့ပြီး တပ်မတော်ပိုင် လုပ်ငန်းစုဖြစ်သည့် Myawady Trading ကလည်းကျပ်သန်းပေါင်း ၁၈၆၁၉ ကျော်ဖြင့်ပင် အဆင့်(၃)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သည့် အဆင့် (၄) နေရာတွင်  Shwe Byain Phyu ကုမ္ပဏီက ကျပ်သန်းပေါင်း ၁၄၅၉၉ ကျော်ဖြင့် ရပ်တည်နေပြီး အဆင့် (၅) နေရာတွင်မူ Asia Energy Trading က ကျပ် သန်းပေါင်း ၁၂၁၆၄ ကျော်ဖြင့် ရပ်တည်နေကာ အဆင့် (၆) နေရာတွင်မူ Regency MaterialTrading ကုမ္ပဏီက ကျပ်သန်းပေါင်း ၁၀၃၄၃ ကျော်ဖြင့် ရပ်တည်နေကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ်သန်းတစ်သောင်းအောက် ပေးဆောင်ကာ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းတွင် ရပ်တည်နေသူများအနက် အဆင့် (၇) တွင် International Beverages Trading ကုမ္ပဏီက ကျပ်သန်း ပေါင်း ၉၁၂၆ ကျော်ဖြင့် ရပ်တည်နေပြီး City Mart Holding ကုမ္ပဏီက ကျပ်သန်းပေါင်း ၈၅၅၅ ဖြင့် အဆင့် (၈) နေရာတွင် ရပ်တည်နေသည်။ အဆင့် (၉) နေရာတွင် အရက်ပုလင်းသွင်း လုပ်ငန်းလုပ်ကိုင်သည့် ဒေါ်မာမာဦး အမည်ဖြင့် ကျပ်သန်းပေါင်း ၇၆၅၂ ကျော် ပေးဆောင်ထားသူက ရပ်တည်နေပြီး အဆင့် (၁၀)တွင်မူ Benhur Trading ကုမ္ပဏီက ရပ်တည်နေကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်မှုတွင်လည်း လုပ်ငန်းရှင်ကြီးအများစု ပါဝင်လာခဲ့ပြီး ကျပ်သန်း ၂၀၀၀၀ အထက် တစ်ဦး၊ ကျပ်သန်း ၂၀၀၀၀ အောက် ငါးဦး၊ ကျပ်သန်း ၁၀၀၀၀ အောက် ခုနစ်ဦး၊ ကျပ် သန်း ၅၀၀၀ အောက် ငါးဦး၊ ကျပ်သန်း ၄၀၀၀ အောက်နှစ်ဦး၊ ကျပ်သန်း ၃၀၀၀ အောက် ၁၅ ဦး၊ ကျပ်သန်း ၂၀၀၀ အောက် ၅၃ ဦးနှင့် ကျပ်သန်း ၁၀၀၀ အောက် ရှစ်ဦးဖြစ်ကာ အနိမ့်ဆုံးတွင် ကျပ်သန်း ၅၀ အောက်အခွန် ထမ်းသူများပင် ၇၆ ဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။
 အများဆုံး အခွန်ထမ်းလာသည့် နိုင်ငံခြားကုမ္ပဏီများ
ပြည်တွင်း ကုမ္ပဏီများအနေဖြင့် ကျပ်သန်းပေါင်း ၂၀၀၀၀ အထက်သာ ၀င်ငွေခွန် နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ထားသော်လည်း အမှန်တကယ် ထမ်းဆောင်မှု အများဆုံးမှာ နိုင်ငံခြားကုမ္ပဏီများဖြစ်ပြီး မြန်မာကုမ္ပဏီများထက် များပြားစွာ အခွန် ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များထက် အခွန်ထမ်းဆောင်မှု ပိုမိုခဲ့သည်။ ၀င်ငွေခွန် အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီများစာရင်းတွင် Mottama Gas Transportation က ကျပ်သန်းပေါင်း ၁၇၀၀၀၀ အထက်ဖြင့် ထိပ်တန်းအခွန်ထမ်းဆောင်ခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန်တွင် Myanmar Brewery လီမိတက်က ကျပ်သန်းပေါင်း ၅၀၀၀၀ အထက်ဖြင့် အများဆုံး အခွန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ၀င်ငွေခွန် အများဆုံးထမ်းဆောင်သည့် နိုင်ငံခြားကုမ္ပဏီစာရင်းတွင် ၁၈၃ ဦး အထိရှိနေပြီး ကုန်သွယ်လုပ်ငန်းခွန်အများဆုံး ထမ်းဆောင်သည့် နိုင်ငံခြားကုမ္ပဏီများ စာရင်းတွင် ၁၅၇ ဦးအထိရှိနေကြောင်း သိရသည်။
ထို့ပြင် ၀င်ငွေခွန်တွင် ကျပ်သန်းပေါင်း ၁၇၄၀၅၁ ကျော် ပေးဆောင်ခဲ့သည် Mottama Gas Transportation အပြင် ကျပ်သန်းပေါင်း ၁၂၁၂၁၃  ကျော် အခွန်ပေးဆောင်မှုဖြင့် Taninthayi Pipeline (Myanmar Branch) က ၀င်ငွေခွန်ဒုတိယအများဆုံး ပေးဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် PTTEP (Yangon Branch) က ကျပ်သန်းပေါင်း ၃၆၆၉၃ ကျော်ဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်နေပြီး Myanmar Brewery က ကျပ်သန်းပေါင်း ၂၅၀၇၃ ကျော်ဖြင့် အဆင့် (၄) နေရာတွင် ရပ်တည်နေကာ Unocal Myanmar Offshore Ltd (Yangon Branch) က ကျပ်သန်းပေါင်း ၂၂၀၀၈ ကျော်ဖြင့် အဆင့် (၅) နေရာတွင် ရပ်တည်နေသည် ဟု သိရသည်။ အဆင့် (၆) နေရာတွင် Nippon Oil Exploration (Myanmar) (Yangon Branch) က  သန်းပေါင်း ၁၄၈၅၇ ကျော်ဖြင့် ရပ်တည်နေပြီး အဆင့် (၇) နေရာတွင် Hlaing River Golf & Country Club က ကျပ် သန်းပေါင်း ၈၈၅၈ ကျော်ဖြင့် ရပ်တည်နေသည်။ Myanmar C.P. Livestock ကုမ္ပဏီက ကျပ်သန်းပေါင်း ၈၅၇၃ ကျော်ဖြင့် အဆင့် (၈) နေရာတွင် ရပ်တည်နေပြီး အဆင့် (၉) နေရာတွင် Petronas Carigali Myanmar Inc (Branch Office) က ကျပ်သန်းပေါင်း ၇၉၇၃ ကျော်ဖြင့် ရပ်တည်နေကာ အဆင့် (၁၀) တွင်မူ PC Myanmar(Hong Kong )Ltd (Yangon Branch) က ကျပ်သန်းပေါင်း ၇၉၀၁ ကျော်ဖြင့် ရပ်တည်နေကြောင်း သိရသည်။
ဝင်ငွေခွန် အများဆုံးပေးဆောင်မှုတွင် နိုင်ငံခြားကုမ္ပဏီအများစု ပါဝင်လာခဲ့ပြီး ကျပ်သန်း ၁၇၀၀၀၀ အထက်၊ ကျပ်သန်း ၁၃၀၀၀၀ အောက်နှင့် ကျပ်သန်း ၄၀၀၀၀ အောက်တွင် တစ်ဦးစီဖြစ်ပြီး ကျပ်သန်း ၃၀၀၀၀ အောက် နှစ်ဦး၊ ကျပ်သန်း ၂၀၀၀၀ အောက် တစ်ဦး၊ ကျပ်သန်း ၁၀၀၀၀ အောက် ခြောက်ဦး၊ ကျပ်သန်း ၄၀၀၀ အောက် နှစ်ဦး၊ ကျပ်သန်း ၂၀၀၀ အောက် ၁၀၊ ကျပ်သန်း ၁၀၀၀ အောက် ၁၁ ဦးနှင့် အနိမ့်ဆုံးတွင် ကျပ်သန်း ၅၀ အောက်အခွန်ထမ်းသူများပင် ၉၄ ဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။
 ကုန်သွယ်လုပ်ငန်းခွန်ထိပ်တန်း ၁၀၀၀ မှ အများဆုံးပေးဆောင်သည့်  နိုင်ငံခြားကုမ္ပဏီ ၁၀ထို့ပြင် ကုန်သွယ်လုပ်ငန်းခွန်တွင် ကျပ်သန်းပေါင်း ၇၈၉၇၂ ကျော် ပေးဆောင်ခဲ့သည့် Myanmar Brewery လီမိတက်အပြင် ကျပ်သန်းပေါင်း ၃၇၂၈၆ ကျော် အခွန်ပေးဆောင်မှုဖြင့် Myanmar Distillery Co, Ltd က ကုန်သွယ်လုပ်ငန်းခွန် ဒုတိယအများဆုံး ပေးဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် Virginia Tobacco Co,Ltd က ကျပ်သန်းပေါင်း ၃၅၉၄၃  ကျော်ဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်နေပြီး British American Tobacco Myanmar Ltd က ကျပ်သန်းပေါင်း ၄၃၁၇ ကျော်ဖြင့် အဆင့် (၄) နေရာတွင် ရပ်တည်နေကာ Coca-Cola Pinya Beverages Myanmar Ltd က ကျပ်သန်းပေါင်း ၃၆၉၆ ကျော် ဖြင့် အဆင့် (၅)နေရာတွင် ရပ်တည်နေသည်ဟု သိရသည်။ အဆင့် (၆) နေရာတွင် Myanmar Supply Chain & Marketing Services က ကျပ်သန်း ပေါင်း ၂၀၁၉  ကျော်ဖြင့် ရပ်တည်နေပြီး အဆင့် (၇) နေရာတွင် Schlumberger Logelco Inc, (Myanmar Branch) က ကျပ်သန်းပေါင်း ၁၇၁၅ ကျော်ဖြင့် ရပ်တည်နေသည်။ Trader Yangon အမည်ဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် အခွန်ထမ်းဆောင်ထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်မှ  ကျပ်သန်းပေါင်း ၁၆၉၅ ကျော်ဖြင့် အဆင့် (၈) နေရာတွင် ရပ်တည်နေပြီး အဆင့် (၉) နေရာတွင်  Myanmar C.P. Livestock ကုမ္ပဏီက ကျပ်သန်းပေါင်း ၁၅၁၉ ကျော်ဖြင့်၊ Yangon Co,Ltd က ကျပ် သန်းပေါင်း ၁၄၁၈ ကျော်ဖြင့် ရပ်တည်နေ ကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်မှုတွင်လည်း နိုင်ငံခြားကုမ္ပဏီကြီးအများစု ပါဝင်လာခဲ့ပြီး ကျပ် သန်း ၅၀၀၀၀ အထက် တစ်ဦး၊ ကျပ်သန်း ၅၀၀၀၀ အောက် နှစ်ဦး၊ ကျပ်သန်း ၅၀၀၀၊ ကျပ်သန်း ၄၀၀၀ နှင့် ကျပ်သန်း ၃၀၀၀ အောက်တွင် တစ်ဦးစီနှင့် ကျပ်သန်း ၂၀၀၀ အောက် ခုနစ်ဦးနှင့် ကျပ်သန်း ၁၀၀၀ အောက် ၁၆ ဦး ဖြစ်ကာ အနိမ့်ဆုံးတွင် ကျပ်သန်း ၅၀ အောက် အခွန်ထမ်းသူများပင် ၇၅ ဦးအထိ ပါဝင်ခဲ့ကြောင်း သိရသည်။   
Credit To >>>  Eleven Media Group
0 comments:
Post a Comment