ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.9.13

ကြိုဆိုမှာလား ငြင်းပယ်မှာလား


၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၂၈)
ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်း Asian Wings Airway (AWA) နှင့် ဂျပန်နိုင်ငံက နိုင်ငံတကာအဆင့်မီ လေကြောင်းလိုင်း All Nippon Airways (ANA) တို့ ဖက်စပ်လုပ်ကိုင်မည့်ကိစ္စနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲပြီးနောက်မှာ ဝေဖန်သံတချို့ ကြားလာရ ပါသည်။ တကယ်တော့ ဝေဖန်တာလွယ်ပါတယ်။ အကျိုးအပြစ် ခွဲခြမ်းစိတ်ဖြာပြီး ဝေဖန်ရင်တော့ ပိုကောင်း တာ အမှန်ပါ။ ဘယ်ကုမ္ပဏီဖြစ်ဖြစ် နိုင်ငံတော်က သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ မူဘောင်တွေကို ချိုးဖောက်ကျော်လွှားပြီး လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး။ AWA နှင့် ANA တို့ အခုလိုမျိုး ဖက်စပ်လုပ်ကိုင်ဖို့ လုပ်ဆောင်ကြရာမှာလဲ ပြဌာန်းထားတဲ့ မူဝါဒတွေအတိုင်း လုပ်ကြမှာပဲဆိုတာ ဘေးလူဖြစ်တဲ့ ကျွန်တော်တို့ မေးစရာမလိုဘဲ သိနေပါတယ်။ ခုလို ပြည်ပကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့် မပြုမှီ မှာကိုဘဲ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တာဝန်ရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း များအားလုံးမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး ၄င်းတို့လေကြောင်းလိုင်းများ၏ သဘောထားများကို ရယူခဲ့တယ် ဆိုတာ အားလုံးအသိပါဘဲ။ အားလုံးက သဘောတူလို့ ခုလိုအခြေအနေ ရောက်ရတာပါ။


သက်ဆိုင်ရာဝန်ကြီးဌာနကလည်း AWA နှင့် ANA လိုမျိုး နိုင်ငံတကာလေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်တာနဲ့ ကိုယ့်မြန်မာနိုင်ငံအတွက် နိုင်ငံတကာအဆင့်အတန်းရှိတဲ့ လေကြောင်းဆိုင်ရာ နည်းပညာတွေရမယ်၊ ကိုယ့်နိုင်ငံသားကိုပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ခရီးသွားတွေကိုပဲဖြစ်ဖြစ် နိုင်ငံတကာ အဆင့်နဲ့ညီတဲ့ ၀န်ဆောင်မှုတွေ ပေးနိုင်မယ်၊ ကိုယ့်နိုင်ငံရဲ့ လေကြောင်းစီးပွားရေးကဏ္ဍ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မယ်၊ နည်းပညာတိုးတက်လာတာနဲ့အမျှ ခရီးသွားပြည်သူတွေရဲ့ SAFETY ပိုင်းဆိုင်ရာ ပိုမို ကောင်းမွန်လာမယ်၊ ကိုယ့်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေကို အထောက်အကူ ပေးနိုင် မယ် စသဖြင့် အများကြီး အမြတ်ရစရာတွေရှိတယ် ဆိုတာကို သဘောပေါက်တယ်။ အနိမ့်ဆုံး အဆင့် ကတော့ ကိုယ့်နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလန်းတွေ အများကြီးရလာမှာပါ။ ဒါကြောင့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားကို မျှော်မှန်းပြီး ခုလိုမျိုး Asian Wings Airway နဲ့ All Nippon Airways တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လက်ကမ်းကြိုဆိုခဲ့တာပါ။


AWA နှင့် ANA တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပြည်တွင်းလေကြောင်းလိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာ အဆင့်မီ ပြည်ပလေကြောင်းလိုင်းတစ်ခုတို့ ပထမဆုံးအကြိမ်ပူးပေါင်း ဆောင်ရွက်မှုပါ။ ဒီလိုအကျိုးများလှတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုင်းပြည်ကိုချစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကြိုဆိုရမှာသာဖြစ်ပါတယ်။ ခုတော့ အမနာပ ဝေဖန်သူတွေကို သက်ဆိုင်ရာ ကာယကံရှင်တွေကိုယ်စား “ ကြိုဆိုမှာလား ငြင်းပယ်မှာလား” လို့ မေးရမလိုဖြစ်နေပါပြီဗျာ………………………………….။။။။။။


( တိုင်းပြည်ကိုချစ်သော မောင်စေတနာရှင် )

Credit: တွေးမယ် ရေးမယ်

မွမ်ဘိုင်းမြို့သည် အမျိုးသမီးများ အတွက် လုံခြုံမှုမရှိ

မကြာသေးမီက မွမ်ဘိုင်းမြို့၌ ဖြစ်ပွား ခဲ့သော အမျိုးသမီး ဓာတ်ပုံ သတင်းထောက် တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် မှုနှင့် ပတ်သက်၍ ဂျူဟီချာဝါလာ အပါအဝင် ဘောလီးဝုဒ်မင်းမီးများက မွမ် ဘိုင်းမြို့သည်လုံခြုံ စိတ်ချရမှု မရှိကြောင်းနှင့် ယင်းဖြစ်ရပ်သည် တုန်လှုပ် ချောက် ချား စေကြောင်းဖွင့်ဟ ပြောကြား ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ လိုင်ဇာဒေသကို သွားရောက်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအခြေစိုက်တဲ့ လိုင်ဇာမြို့နဲ့ လက်ဂျားယန် ဒုက္ခသည်စခန်းက ဆေးရုံနဲ့ စာသင်ကျောင်းတွေကို သြဂုတ်လ ၂၉ရက်နေ့ကစပြီး ၄ ရက်ကြာသွားရောက်လေ့လာခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပညာရေးအတွက် ဒေါ်လာငွေ ၁ သန်း အိန္ဒိယလှူဒါန်း

ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၁ သန်းကို ရခိုင်ပြည်နယ် အစိုးရကတဆင့် ဒီနေ့လှူဒါန်းလိုက်ပါတယ်။

ဒီနေ့ ပညာရေးရန်ပုံငွေ လှူဒါန်းတဲ့အခမ်းအနားကို စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပြီး၊ ဒီလှူဒါန်းမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Gautam Mukhopadhaya က စကားပြန်ကတဆင့် အခုလိုပြောပါတယ်။

သံတွဲမှာ တစ်ကိုယ်တော်ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရသူအမှု အာမခံငြင်းပယ်ခံရ

မြန်မာနိုင်ငံနေရာအနှံ့ စစ်တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ နှစ်ကြိမ်တိုင် တရားစွဲဆိုခံနေရတဲ့ သံတွဲမြို့ခံ ကိုစိုးဝေကို နောက်ထပ်ပုဒ်မ ၁၈ နဲ့ ဒီနေ့ထပ်မံစွဲဆိုလိုက်ပြီး အာမခံကို မြို့နယ်တရားရုံးက ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်

ခိုင်နှင်းဝေနှင့်တွေ့ ဆုံခြင်း

ရတနာတွေ့ဆုံမေးမြန်သည်။

အစ်မတို့က ဗမာဖြစ်တဲ့အတွက်ကြောင့် ဗမာမျက်စိနဲ့ပဲ ကြည့်ကြတာဆိုတော့ တအားကြီးခေတ်လွန် သွားပြန်တော့လည်း ကြည့်ရတာအဆင်မပြေဘူး
တစ်ခေတ်တစ်ခါက ဆံပင်ရှည်ရှည်မြန်မာဆန်ဆန်အကျီကို အမြဲတမ်းဝတ်ဆင်ပြီး အနုပညာ လောကတွင်ခေတ်စားခဲ့သူ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ယခုအခါတွင်လည်း မိမိနှင့်လိုက်ဖက်မည့် ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်လာ၍ ဇာတ်ကားရိုက်ရက်များစိပ်လာလျက် စီးပွားရေးအ နေဖြင့်မဟုတ်ဘဲ အနုပညာလောကထဲမှာပဲ ကျင်လည်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေတစ်ယောက် ပရိုဂျူဆာလုပ်မည်ဆိုသည်နှင့်ပတ်သက်၍ အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်

မေး - အစ်မရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေး။
ဖြေ - အစ်မ ဗီဒီယိုကားလေးတွေတော့ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ အခုက ဟိန်းဝေယံ နဲ့ရိုက်နေတယ်။ ပြီးရင်တော့ မင်းရာဇာနဲ့ တစ်ကားရိုက်ဖို့ရှိတယ်။ နောက်ထပ်မင်းသားသစ်နဲ့ လည်း တစ်ကားရိုက်ဖို့ရှိပါတယ်။ အဲဒါပြီးရင် မြင့်မြတ်နဲ့ရိုက်မယ်။

မေး - အနုပညာအလုပ်အပြင် တခြားစီးပွားရေးရော လုပ်ဖို့ရှိလား။
ဖြေ - တခြားစီးပွားရေးမလုပ်ဖြစ်ပါဘူး။ အနုပညာအလုပ်ပဲ ဝါသနာပါတယ်။ အဲဒီအလုပ်ပဲ လုပ်တတ်တယ်။ အခု အစ်မပရိုဂျူဆာဘက်ကိုလုပ်ဖို့ စဉ်းစားနေတယ်ပေါ့နော်။ တခြား စီးပွားရေးလုပ်မယ်ဆိုလည်း မလုပ်တတ်ဘူးလေ။ အစ်မ အခုရိုက်တော့ ရိုက်ထားပြီးပြီ။ သုံးကားရှိပြီ။ မြင့်မြတ်နဲ့ရိုက်ဖို့ရှိတယ်။ အစ်မ တိုက်တော့မဖွင့်သေးဘူး။ လက်ထဲမှာ ကားများ များရှိမှ တိုက်ဖွင့်မယ်လို့ စဉ်းစားထားတယ်။

မေး - ထုတ်လုပ်ရေးနာမည်ရော ပေးဖြစ်ပြီလား။
ဖြေ - လောလောဆယ်တော့ အစ်မအဒေါ်ကုမ္ပဏီနာမည်ပဲ ပေးထားသေးတယ်။ စိမ်းဝါနီပဲ ပေးထားတယ်။

မေး - ရုပ်ရှင်နဲ့ သရုပ်ဆောင်ကနေ ပရိုဂျူဆာဘက်ကို ပြောင်းဖြစ်သွားတာကရော။
ဖြေ - ပြောင်းလဲသွားတာက ဒီအလုပ်ပဲ ဝါသနာပါတော့လေ။ ဒီအထဲမှာပဲ ကျင်လည်နေတာ ဆိုတော့ သိပ်ပြောင်းလဲတာမရှိပါဘူး။ ဒါပေမဲ့ အခက်အခဲတစ်ခုက ဘာလဲဆိုရင် ကိုယ်က လည်း ကာရိုက်တာပိုင်းက လာတဲ့သူဆိုတော့ ပရိုဂျူဆာလုပ်တာ စီးပွားရေးနည်းနည်းဆန်ရ တာပေါ့နော်။ ကိုယ်က ကာရိုက်တာပိုင်းကလာတာဆိုတော့ ဈေးမဆစ်ချင်ဘူး။ ပြဿနာက တော့ အဲဒါပဲ။ ဈေးဆစ်ရတာ အားနာတယ်။ ဈေးဆစ်တော့လည်း ပရိုဂျူဆာပိုင်းအနေနဲ့ ကိုယ်က လုပ်ရတာဆိုတော့လေ။ သိပ်လည်း မဆစ်ချင်ဘူး။ သရုပ်ဆောင်အချင်းချင်းလည်း ကိုယ်ချင်းစာတယ်။ အဲဒီ အခက်အခဲလေးတွေတော့ အစ်မမှာရှိတယ်။

မေး - အစ်မ ဇာတ်ကား ဘယ်နှကားလောက်ဖြန့်ပြီးပြီလဲ။
ဖြေ - အိမ်ပေါ်ဆိုတဲ့ ကားလေးက သူထူးစံနဲ့ပေါ့။ အဲဒီကားက ထုတ်လိုက်ပြီ။ လပ်ကီးဘော့စ် ကနေ ဖြန့်ပြီးတော့ထုတ်တယ်။ နောက် ကိုဝေနဲ့ နှစ်ကားဖြန့်ဖို့ရှိတယ်။ အဲဒါက အစ်မ မဖြန့်သေး ဘူးပေါ့။ ဒါပေမဲ့ ဆင်ဆာတော့ကျပြီ၊ အဲဒီဇာတ်ကားနှစ်ကားကိုဖြန့်ဖို့ လုပ်နေတယ်။

မေး - ခေတ်ပြောင်းလဲလာတဲ့အပေါ်မှာ သရုပ်ဆောင်လုပ်ရတဲ့ အမြင်လေးပြောပြပေးပါဦး။
ဖြေ - ခေတ်ကတော့ တိုးတက်လာတာပေါ့နော်။ အခုခေတ်ကျမှ မင်းသမီး စလုပ်ချင်တယ် လို့။ အခုခေတ် မင်းသမီးလုပ်တဲ့ကလေးတွေက ကံကောင်းတယ်။ စက်ပညာတွေကလည်း အင်မတန်တိုးတက်လာတဲ့အခါကျတော့ ပိုပြီး ကံကောင်းတယ်လို့ထင်ပါတယ်။ အစ်မတို့တုန်းက ဆိုရင် မင်းသမီးခေါင်တွေက ပိတ်နေတာပေါ့နော်။ အစ်မတို့ တော်တော်ကြိုးစားရတယ်။ အခု ဒီဘက်ခေတ်မှာကျတော့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ မော်ဒယ်သင်တန်းတွေ ရှိတယ်။ ဂျာနယ်တိုက်တွေ အများကြီးရှိတယ်။ Channel တွေလည်း အများကြီးရှိတယ်။ အခု ခေတ်က ပွင့်လင်းလာပြီဆိုတော့ မင်းသမီးသစ်တွေ၊ မော်ဒယ်ပေါက်စတွေက အများကြီး။ အဲဒီအထဲကမှ ကိုယ်က အရည်အချင်းရှိအောင်လုပ်ဖို့ပဲ လိုတာပေါ့နော်။

မေး - ဆင်ဆာလျှော့လိုက် ပြန်တင်းကျပ်လိုက်အပေါ်မှာရော အစ်မအမြင်။
ဖြေ - ဒါရိုက်တာတွေဆိုလည်း တီထွင်ကြံဆတဲ့ ဇာတ်လမ်းတွေ ပေါ်ထွက်လာတယ်။ အရင် တုန်းကဆိုရင် ချစ်ကြိုက်ကွဲညား မိသားစုဇာတ် ဒီအထဲကကို မထွက်နိုင်ဘူး။ ဒါပေမဲ့ ဆင်ဆာတအားလွတ်ပြန်ရင်လည်း စည်းမရှိကမ်းမရှိတွေမဖြစ်စေချင်ဘူး။ ဇာတ်ကားတွေ ဆိုရင် တချို့ပေါက်တတ်ကရတွေ။ ဇာတ်ကားထဲမှာပါတဲ့ နာမည်တွေကလည်း ခပ်ကြမ်း ကြမ်းကြီးတွေကျတော့ တစ်မျိုးပဲ။ အဆင့်အတန်းမီစေချင်တာပေါ့နော်။ မင်းသမီး၊ မော်ဒယ် တွေဝတ်တယ်ဆိုရင်လည်း ခေတ်မီအောင် ဝတ်စေချင်တယ်။ ခေတ်လွန်တာမျိုး မဖြစ်စေချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာလူမျိုးက ဗမာလိုပဲကြည့်တာလေ။ ဘယ်လိုပဲ ဆင်ဆာလွတ် လွတ်၊ ဘယ်လောက်ပဲ လွတ်လပ်တဲ့နိုင်ငံဖြစ်ပါစေ။ အစ်မတို့က ဗမာဖြစ်တဲ့အတွက်ကြောင့် ဗမာ မျက်စိနဲ့ပဲကြည့်ကြတာဆိုတော့ တအားကြီးခေတ်လွန်သွားပြန်တော့လည်း ကြည့်ရတာ အဆင် မပြေဘူး။ အဲဒီတော့ ကိုယ့်ရဲ့ဗမာယဉ်ကျေးမှုလည်း ဖြစ်တယ်။ ခေတ်လည်း မီရမယ်ဆိုတဲ့ပုံစံမျိုး တွေနဲ့ ကားလည်းကောင်းမယ်၊ မင်းသမီးလေးတွေလည်းပိုလှမယ်လို့ အစ်မမြင်ပါတယ်။

မေး - အခုခေတ်ရတဲ့အနုပညာကြေးနဲ့ အရင်တုန်းကရတဲ့ အနုပညာကြေး ဘယ်လို ကွာခြားလဲ။
ဖြေ - ဒါကတော့ ညီမရယ်။ သူ့ခေတ်နဲ့သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။ တန်းတစ်ခု တော့ရှိတယ်။ အစ်မတို့ကလည်း အစ်မတို့တန်းမှာ အစ်မတို့ခေတ်က မင်းသမီးတွေရှိကြတယ် လေ။ ဒီတန်းနဲ့ ဒီဈေးပဲ။ အရင်ခေတ်ကလည်း ဒီတန်းနဲ့ ဒီဈေးပဲ။ ငွေကြေးဖောင်းပွလာတာနဲ့ အမျှတော့ ပိုက်ဆံက တိုးပွားသွားတာတော့ရှိတာပေါ့။ ဒါပေမဲ့ သူ့မင်းသမီး၊ သူ့အတန်းအ လိုက် သူ့ဟာနဲ့ သူဈေးကတော့ သင့်တင့်မျှတမှုရှိပါတယ်။

မေး - ဇာတ်ကားတစ်ကားရိုက်ဖို့လာငှားတဲ့အခါ ဘယ်လိုဇာတ်ကောင်မျိုးတွေကို လာငှားလဲ။
ဖြေ - အစ်မတို့က သရုပ်ဆောင်တဲ့အခါကျတော့ အရင်တုန်းကလည်း အစ်မတို့ မင်းသမီးနေ ရာကနေ ကားတွေအများကြီးရိုက်ခဲ့ပြီးသွားပြီ။ ကိုယ့်ခေတ်ကိုယ့်အခါနဲ့ ဖြစ်ပြီးသွားပြီဆိုတော့ ဒီခေတ်မှာက အစ်မတို့လာငှားတဲ့အခါ ဒီကားတစ်ကားရဲ့ ကာရိုက်တာဝင်ဖို့၊ ဒီကားမှာဆိုရင် ဘယ်လိုလိုက်တယ်။ ဘယ်လိုနေရာမျိုး အဓိကဇာတ်ကောင်ဖြစ်မယ့်နေရာမျိုးကို ငှားကြတယ်။ အစ်မတို့ကလည်း ကာရိုက်တာပိုင်းပေါ်ကြည့်ပြီးတော့ လက်ခံကြတာပါ။

မေး - ထင်သလောက်အောင်မြင်မှုမရတဲ့ အနုပညာအလုပ်အပေါ် အစ်မရဲ့ထင်မြင်ချက်က။
ဖြေ - ဒါကတော့ ညီမတရားသဘောနဲ့ကြည့်မယ်ဆိုရင် အဓိကက စိတ်ထားတတ်ဖို့ပဲအရေး ကြီးတယ်။ ကြိုးစားရမှာက ကိုယ့်အပိုင်း၊ ဖြစ်တာ မဖြစ်တာက ကံ။ မဖြစ်လာတာကိုတော့ စိတ် ဓာတ်ကျနေဖို့မလိုဘူး။

မေး - ဆံပင်အရှည်ကနေ ညှပ်လိုက်တာကရော။
ဖြေ - ဆံပင်က မကောင်းတော့တာလည်းပါပါတယ်။ အစ်မတို့ မင်းသမီးတွေက ဆံပင်သိပ်မ ကောင်းကြတော့ဘူး။ ဆံပင်အရှည်ကနေ ညှပ်ပစ်လိုက်တာ။ ဆံပင်အတိုကနေ ဆံပင်အရှည်ထား ဖို့ကလည်း မဖြစ်နိုင်တော့ဘူးလေ။

Yangon Media Group

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စကားများရာမှ ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်သတ်

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာ ၂ ရက် ည ၁၁ နာရီခန့်က ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိအချို့၏ ပြောကြားချက်များအရ သိရသည်။

"၀" ဒေသ၌ သန်းခေါင်စာရင်း ကောက်ယူရေး အပါအ၀င် အချက်လေးချက်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" ကိုယ်စားလှယ်များ ကျိုင်းတုံ၌ တွေ့ဆုံဆွေးနွေး

"၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအတွင်း သန်းခေါင်စာရင်း ကောက်ယူရေး အပါအ၀င် အချက်လေးချက်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" ကိုယ်စားလှယ်များ ကျိုင်းတုံမြို့၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အကျိုးတူ ဘီယာထုတ်လုပ်နေရာမှ ဖက်စပ်ကုမ္ပဏီ F&N က စာချုပ်စည်းကမ်း ဖောက်ဖျက်သည့်အတွက် F&N ရှယ်ယာအားလုံးကို ဥပဒေကြောင်းအရ မြန်မာ့စီးပွားရေး ဦးပိုင်က ၀ယ်မည်

စင်ကာပူ အခြေစိုက် F&N ကုမ္ပဏီသည် စာချုပ်ပါ စည်းကမ်းချက်အချို့ကို ဖောက်ဖျက်ခဲ့သည့် အတွက် စာချုပ်ပါ စဉ်းမျဉ်းအတိုင်း F&N ပိုင် ရှယ်ယာအားလုံးကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်က ၀ယ်ယူခွင့် ရှိခဲ့သည်ဟု သိရသည်။

ကွာလာလမ်ပူမြို့လယ်ကောင်တွင် မြန်မာဆိုင်တန်းအနီး ဖုန်းဝယ်သူနှင့် ရောင်းသူပြဿနာများဖြစ်ပွား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အတွင်း စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီက မြန်မာဆိုင် တန်း 1+3D ရှေ့တွင် အသစ် ဖွင့်ထားသော ဖုန်းအရောင်းဆိုင်မှ လိမ်ညာကာ ဖုန်းရောင်းသဖြင့် ဖုန်းဝယ်သူနှင့်ရောင်းသူ ပြဿနာများ ဖြစ်ပွားခဲ့ရာ ရဲများရောက်လာခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများ၏ဆက်သွယ် သတင်းပေးပို့ချက်အရ သိရ သည်။

ဗြိတိန်ဝန်ကြီး ချုပ်ဟောင်း တိုနီဘလဲ စတုတ္ထ အကြိမ် လာရောက်မည်

မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို အစဉ်တစိုက် တွန်းအားပေး ကူညီမည်ဟု ပြောကြားထားသည့် ဗြိတိန်ဝန်ကြီး ချုပ်ဟောင်း တိုနီဘလဲသည် စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လာရောက်မည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

F4 မင်းသမီး ကူဟေးဆန်းအား မသန်စွမ်း ရုပ်ရှင်ပွဲတော်၏ အထူးသံတမန်အဖြစ် ခန့်အပ်

F4 ဇာတ်ကားဟု ဆိုလိုက် သည်နှင့် ကောင်လေး ချောချော လေးယောက်နှင့် ဗရုတ်သုတ်ခနိုင်လှသည့် ဂင်ဂျန်ဒီအဖြစ် သရုပ်ဆောင်သူ ကိုရီးယားမင်းသမီးလေးကို မြင်ယောင်မိကြ မည်ဖြစ်သည်။ နာမည်ကျော် ကိုရီးယား ဇာတ်ကားပေါင်း များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးခြင်း၊ ဇာတ်ညွှန်းနှင့် တေးသီချင်းရေးသား ခြင်းနယ်ပယ်များတွင်

ရုပ်သံလွင့်ခ ပိုရတော့မည့်အတွက် အပြောင်းအရွှေ့စရိတ် စံချိန်သစ်တင်လိုက်သည့် ပရီးမီးယားလိဂ်

ဘဏ္ဍာရေးတွက်ချက်မှုများတွင် အထင်ကရဖြစ်သည့် ဗြိတိန်ကုမ္ပဏီ ဒယ်လွိုက်တီမှာ ယခုအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်
အသင်းများ၏ အပြောင်းအရွှေ့ အသုံးစရိတ်ကို စာရင်းပြုစုခဲ့ရာ ၂၀၀၈ခုနှစ်က စံချိန်တင်ခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလ အသုံးစရိတ်ထက် ပေါင်သန်း ၁၃၀ပိုမိုများပြားခဲ့ပြီး ယမန်နှစ် နွေရာသီ အပြောင်းအရွှေ့ ကာလထက် ၂၉ရာခိုင်နှုန်း ပိုမိုသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း

ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရန် UNFC နှင့် UNA မှ ကော်မတီဖွဲ့စည်း

ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့မှ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်း ဘင်္ဂါလီများ သယ်ဆောင်မည့် ကုန်လှေတစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိ

စက်တင်ဘာလ ၁ ရက်ညတွင် ကျွန်းစုမြို့နယ်အပိုင် ပထော်နှင့် မြိတ်မြို့ရေပြင်ကြားရှိ ငါးဖမ်းလှေ တစ်စင်းအား ရေတပ်စစ်သင်္ဘော ၄၀၃ မှ ဗိုလ်မှူးမျိုးထက်ဝင်း ဦးစီးပြီး စစ်ဆေးရာ လှေပေါ်တွင် ပါလာသော လှေသား ၁၅ ဦးနှင့်အတူ AK-47 သေနတ်တစ်လက်၊ ကျည်ကတ်နှစ်ကတ်၊ ကျည်ဆံ ၂၁ တောင့်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပေးရာတွင် လယ်ယာမြေ မှုခင်းများ ဖြစ်ပေါ်နေ

ဧရာဝတီတိုင်း ဒေသကြီးအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များ ထုတ်ပေးရာတွင် တစ်တိုင်းလုံး ပျှမ်းမျှရာခိုင်နှုန်း ၄၀ ခန့် ပြီးစီးသော်လည်း လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ရှိနေပြီး ဖြေရှင်းပေးမှု အားနည်းကြောင်း သတင်းရရှိသည်။

ဆီးရီးယားအရေး အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ

ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူတဲ့ကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အသေအချာပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

ကရင်ပြည်နယ်တွင်း ရေဘေးသင့်သူတွေ ကုလထောက်ပံ့

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်မှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာက ရေဘေး ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကိုယ်စားလှယ်တွေ သွားရောက်နေကြပါတယ်။တချိန်ထဲမှာပဲ ပြည်တွင်းက ဒေသခံ စေတနာ့ဝန်ထမ်းတချို့ကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြပေမဲ့ အခက်အခဲတွေနဲ့ ကြုံနေကြရတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မမေစန္ဒီက တင်ပြပေးမှာဖြစ်ပါတယ်။

(၇) ရက်သားသမီး ဟောစာတမ်း (စက်တင်ဘာ)

တနဂ်နွေသားသမီး ။။ ။။ ယခုလအတွင်း ၀န်ထမ်းဖြစ်ပါက မိတ်ဆွေ၏ ကူညီမှုကြောင့် ရာထူးတိုးခြင်း လစာတိုးခြင်း အထက်လူကြီး မျက်နှာ သာပေးခြင်း ခံရမည်.။ မြေ ပညာရေး ပညာပေး ပရိဘောဂ ဖုန်း လုပ်ငန်းများ အကျိုးပေးမည် ။ နိုင်ငံခြား ခရီးစီစဉ်ထားသူများ ယခုလအတွင်း အစဉ်မပြေ နိုင်သေးပါ ။ ထီ ထီး နာရီ တစ်မျိုး၂ ကြောင့် စိတ်ညစ် ရတတ်သည် ။ငယ် ရွယ်သူများ အချစ်ရေးကံကောင်းနေသော်လည်း မိမိချစ်သူသည် သောကြာ သားသမီးဖြစ်လျှင် စိတ်ညစ်နေရမည်။

အင်္ဂါဂြိုဟ်ပေါ်၌ အခြေချ နေထိုင်ရန် အိန္ဒိယနိုင်ငံသား ၈ဝဝဝ ကျော် စာရင်းသွင်း

အင်္ဂါဂြိုဟ်ပေါ်သို့ တစ်လမ်းသွား ခရီးစဉ်အဖြစ် သွားရောက်ရန်နှင့် ၎င်းဂြိုဟ်ပေါ်၌ အခြေချ နေထိုင်နိုင်ရန် ’'Mars One'' စီမံ ကိန်းတွင် စာရင်းသွင်း လျှောက်ထားသည့် အိန္ဒိယနိုင်ငံသား ဦးရေမှာ သြဂုတ်လ ကုန်အထိ ၈၁ဝ၇ဦး ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အိုဇေးလ်အား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ၄၂ ဒသမ ၄ သန်းဖြင့် အာဆင်နယ်ခေါ်ယူ

အပြောင်းအရွှေ့နောက်ဆုံးအချိန်တွင်မှ ဖယ်လိုင်နီအား ပေါင် ၂၇ ဒသမ ၅ သန်းဖြင့် မန်ယူခေါ်ယူနိုင်ခဲ့

အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ကစားသမားခေါ်ယူမှုပြုလုပ်ရန် နှောင့်နှေးနေခဲ့ကြသော မန်ယူ နှင့်အာဆင်နယ်အသင်းတို့မှာ အပြောင်းအရွှေ့ပိတ်သိမ်းခါနီးတွင်မှ ကစားသမားသစ်များ ခေါ်ယူခဲ့ကြ သည်။ အာဆင်နယ်အသင်းသည် ပြောင်းရွှေ့ကြေးကြီးကြီးမားမားမသုံးသည့် ၎င်းတို့၏အပြောင်းအရွှေ့ ပေါ်လစီကို ချိုးဖျက်ပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၄၂.၄ သန်းအထိ အသုံးပြုကာ ရီးယဲလ်အသင်းမှ ဂျာမနီ ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်အား ခေါ်ယူနိုင်ခဲ့သည်။