4.9.13

F4 မင်းသမီး ကူဟေးဆန်းအား မသန်စွမ်း ရုပ်ရှင်ပွဲတော်၏ အထူးသံတမန်အဖြစ် ခန့်အပ်

F4 ဇာတ်ကားဟု ဆိုလိုက် သည်နှင့် ကောင်လေး ချောချော လေးယောက်နှင့် ဗရုတ်သုတ်ခနိုင်လှသည့် ဂင်ဂျန်ဒီအဖြစ် သရုပ်ဆောင်သူ ကိုရီးယားမင်းသမီးလေးကို မြင်ယောင်မိကြ မည်ဖြစ်သည်။ နာမည်ကျော် ကိုရီးယား ဇာတ်ကားပေါင်း များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးခြင်း၊ ဇာတ်ညွှန်းနှင့် တေးသီချင်းရေးသား ခြင်းနယ်ပယ်များတွင်
ကျွမ်းကျင်သူတစ်ဦးဖြစ်သူ တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ကူဟေးဆန်းအား စက်တင်ဘာ ၂၃ ရက်တွင် တောင် ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် (၁၄)ကြိမ်မြောက် မသန်စွမ်းရုပ်ရှင်ပွဲတော်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

သရုပ်ဆောင် ကူဟေးဆန်းသည် အဆိုပါရုပ်ရှင် ပွဲတော်တွင် ကြီးကြပ်သူအဖြစ် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းနှင့်အတူ ကိုရီးယားမင်းသား လီချန်ဟီးလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ကိုရီးယားကြယ်ပွင့်များဖြစ်ကြသည့် ကူဟေးဆန်း နှင့် လီချန်ဟီးတို့၏ ဆန်းသစ်လှသည့်အနုပညာအမြင်များ ဖြင့် ယင်းရုပ်ရှင်ပွဲတော်သည် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေ မည်ဖြစ်ကြောင်း၊ အဆိုပါရုပ်ရှင်ပွဲတော်၏ ရည်ရွယ် ချက်မှာ မသန်စွမ်းသူများရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ကရုဏာဖြင့် ကျော်လွှားနိုင်စေသည့်စိတ်ကူးများရရှိစေ ရန် ရည်ရွယ်ပါကြောင်း ယင်းရုပ်ရှင်ပွဲတော်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဆက်လက်ပြီး သရုပ်ဆောင် ကူဟေးဆန်းက ယခုကဲ့သို့ အထူးသံတမန်တစ်ဦးဖြစ်လာရသည့်အတွက် ဂုဏ်ယူမိပါ ကြောင်းနှင့် စိတ်ဝင်စားစရာကောင်းသည့် အဆိုပါရုပ်ရှင်ပွဲတော်အတွက် အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။ အဆိုပါ (၁၄)ကြိမ်မြောက် မသန်စွမ်းရုပ်ရှင်ပွဲတော်ကို အားကစားနှင့်ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနနှင့် ကိုရီးယား ရုပ်ရှင်ကော်မရှင်တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။

ဖြိုးစန္ဒာမြင့်

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်

0 comments:

Post a Comment