4.9.13

အင်္ဂါဂြိုဟ်ပေါ်၌ အခြေချ နေထိုင်ရန် အိန္ဒိယနိုင်ငံသား ၈ဝဝဝ ကျော် စာရင်းသွင်း

အင်္ဂါဂြိုဟ်ပေါ်သို့ တစ်လမ်းသွား ခရီးစဉ်အဖြစ် သွားရောက်ရန်နှင့် ၎င်းဂြိုဟ်ပေါ်၌ အခြေချ နေထိုင်နိုင်ရန် ’'Mars One'' စီမံ ကိန်းတွင် စာရင်းသွင်း လျှောက်ထားသည့် အိန္ဒိယနိုင်ငံသား ဦးရေမှာ သြဂုတ်လ ကုန်အထိ ၈၁ဝ၇ဦး ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။


’'Mars One'' ဟု အမည်ပေးထားသည့် အင်္ဂါဂြိုဟ်တွင် လူသားများ နေထိုင်နိုင်ရေး စီမံကိန်းသည် အကျိုးအမြတ်ကို အဓိက ထားသည့် စီမံကိန်း မဟုတ်ဘဲ ၂ဝ၂၃ခုနှစ် အရောက်တွင် အင်္ဂါဂြိုဟ်ပေါ်၌ လူသားများ ထာဝစဉ် အခြေချ နေထိုင် နိုင်ရန် ရည်ရွယ်ကြောင်း ’'Mars One'' စီမံကိန်းမှ တာဝန်ရှိသူ အာရှီမာ ဒိုဂရာက ပြောကြားသည်။

’'Mars One'' စီမံကိန်းတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ အသီးသီးမှ စိတ်ပါ ဝင်စားသူ များစွာ စာရင်းသွင်း လျှောက်ထား ကြရာတွင် အိန္ဒိယနိုင်ငံ အနေဖြင့် စတုတ္ထမြောက် လူဦးရေ အများဆုံး လျှောက်ထားသည့် နိုင်ငံဖြစ်သည်။

ပထမ အများဆုံး နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု ဖြစ်ပြီး အမေရိကန်တွင် လျှောက်ထားသူ ဦးရေ ၃၇၈၅၂ ဦးရှိကြောင်း၊ ဒုတိယ အများဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် လျှောက်ထားသူ ဦးရေ ၁၃၁၂၄ ဦးရှိကြောင်း၊ တတိယ အများဆုံး နိုင်ငံဖြစ်သော ဘရာဇီး နိုင်ငံတွင် လျှောက်ထားသူ ဦးရေ ၈၆၈၆ဦး အသီးသီးရှိကြောင်း အာရှီမာက ထပ်လောင်း ပြောကြားသည်။

’'Mars One'' စီမံကိန်းအတွက် စာရင်းသွင်းမှု နောက်ဆုံးရက်ကို သြဂုတ် ၃၁ရက် နောက်ဆုံး သတ်မှတ်ထားပြီး ယနေ့အချိန်အထိ ကမ္ဘာတစ်ဝန်းမှ လျှောက်ထား သူဦးရေမှာ စုစုပေါင်း ၁၆၅ဝဝဝ ဦးကျော်ရှိကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment