4.9.13

အိုဇေးလ်အား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ၄၂ ဒသမ ၄ သန်းဖြင့် အာဆင်နယ်ခေါ်ယူ

အပြောင်းအရွှေ့နောက်ဆုံးအချိန်တွင်မှ ဖယ်လိုင်နီအား ပေါင် ၂၇ ဒသမ ၅ သန်းဖြင့် မန်ယူခေါ်ယူနိုင်ခဲ့

အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ကစားသမားခေါ်ယူမှုပြုလုပ်ရန် နှောင့်နှေးနေခဲ့ကြသော မန်ယူ နှင့်အာဆင်နယ်အသင်းတို့မှာ အပြောင်းအရွှေ့ပိတ်သိမ်းခါနီးတွင်မှ ကစားသမားသစ်များ ခေါ်ယူခဲ့ကြ သည်။ အာဆင်နယ်အသင်းသည် ပြောင်းရွှေ့ကြေးကြီးကြီးမားမားမသုံးသည့် ၎င်းတို့၏အပြောင်းအရွှေ့ ပေါ်လစီကို ချိုးဖျက်ပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၄၂.၄ သန်းအထိ အသုံးပြုကာ ရီးယဲလ်အသင်းမှ ဂျာမနီ ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်အား ခေါ်ယူနိုင်ခဲ့သည်။



အာဆင်နယ်အသင်းသည် အသက် ၂၄ နှစ်အရွယ် ကစားသမားအား ငါးနှစ်စာချုပ်,ချုပ်ဆိုခဲ့ပြီး အိုဇေးလ် အနေဖြင့် တစ်ပတ်လုပ်ခလစာအဖြစ် ပေါင် ၁၄၀,၀၀၀ ရရှိဖွယ်ရှိနေသည်။ အိုဇေးလ်သည် အာဆင်နယ် အသင်းတွင် ဂျာမနီလက်ရွေးစင်အသင်း ဖော်များဖြစ်ကြသည့် ပိုဒေါစကီး၊ မာတီဆက်ကာတို့နှင့် လက် တွဲကစားခွင့်ရတော့မည်လည်း ဖြစ်သည်။ အိုဇေးလ်မှာ ရီးယဲလ်အသင်းတွင် ပရိသတ်များကြိုက်နှစ် သက်သည့် ကစားသမား တစ်ဦးဖြစ်သော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် မသေချာသည့်အတွက် အာဆင် နယ်သို့ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်အသင်းအနေဖြင့်လည်း ဂါရတ်ဘေးလ်အား ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီးနောက် အသင်းမှကစားသမားအချို့ကို ပြန်လည်ရောင်းချ လိုနေခဲ့ခြင်းဖြစ်ကာ အိုဇေးလ်အား ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ယခုနှစ်ရာသီတွင် နာမည်ကြီးကစားသမားများဖြစ်ကြသည့် လီဗာပူးလ်တိုက် စစ်မှူး ဆွာရက်ဇ်၊ ရီးယဲလ်တိုက်စစ်မှူး ဟီဂူအင်တို့ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အထမမြောက် ခဲ့ဘဲ နောက်ဆုံးတွင် အိုဇေးလ်ကိုသာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အာဆင်နယ်အသင်းသည် ပါလာမိုဂိုးသမား ဗီဗီယာနိုကိုလည်း တစ်ရာသီ အငှားဖြင့် ခေါ်ယူနိုင်ခဲ့သည်။

ဥရောပ၏အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားကြသည့် အိုဇေးလ် က “အာဆင်နယ်လိုအသင်းမျိုးကို ပြောင်းရွှေ့ခွင့်ရခဲ့လို့ ကျွန်တော် စိတ်လှုပ်ရှားရင်ဖိုမိပါတယ်။ ပရီးမီး ယားလိဂ်မှာ ကစားခွင့်ရခဲ့လို့လည်း ကျေနပ်မိပါတယ်။ နည်းပြကြီး အာစင်ဝင်းဂါးနဲ့အတူ လက်တွဲခွင့်ရဖို့ ကျွန်တော်အမြဲ မျှော်လင့်ထားခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည်လည်း ကာလရှည်ခေါ်ယူရန် ကြိုးပမ်းနေခဲ့သည့် အဲဗာတန်အသင်း ကွင်းလယ်ကစား သမား ဖယ်လိုင်နီအား ပြောင်းရွှေ့ကြေး ပေါင် ၂၇.၅ သန်း အသုံးပြုပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့ တွင်မှ အပြီးသတ်ခေါ်ယူနိုင်ခဲ့သည်။ မန်ယူအသင်းသည် အသက် ၂၅ နှစ်အရွယ် ဘယ်လ်ဂျီယံကွင်း လယ်ကစားသမားအား ကာလရှည် စာချုပ်,ချုပ်ဆိုခဲ့ပြီး ဖယ်လိုင်နီအနေဖြင့် ဆရာဟောင်းမိုယက်စ်နှင့် ပြန်လည်လက်တွဲခွင့်ရမည်ဖြစ်သည်။ မန်ယူအသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် ဖယ်လိုင်နီက မန်ယူ သို့ပြောင်းရွှေ့ခွင့်ရ၍ ၀မ်းသာမိကြောင်း၊ မန်ယူတွင် ကစားခွင့်ရရေးမှာ ကစားသမားတိုင်း၏အိပ်မက် ဖြစ်ပြီး ၎င်းအနေဖြင့် အိပ်မက်များ အမှန်တကယ် ဖြစ်လာခဲ့သဖြင့် နည်းပြဒေးဗစ်မိုယက်စ်ကို ကျေးဇူးတင် ကြောင်းနှင့် ဆုဖလားများ ဆွတ်ခူးနိုင်ရန်အတွက် မန်ယူနှင့်အတူ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားသွားခဲ့သည်။

မန်ယူအသင်းသည် ဖယ်လိုင်နီ၏အဲဗာတန်အသင်းဖော် နောက်ခံလူ လေ တန်ဘိန်းစ်၊ ဘီလ်ဘာအိုအသင်းမှ ကွင်းလယ်လူ ဟာရဲရားတို့ကိုလည်း ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း အထမမြောက်ခဲ့ပေ။
----------------------------------------------------------------------------
ပုံအညွှန်း - အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ဖြစ်ပေါ်ခဲ့သည့် အပြောင်းအရွှေ့များ

အောင်သုတ

0 comments:

Post a Comment