ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.7.13

နွားထိုးကြီးတွင် မိုးခေါင်၍ နှမ်းစိုက်ခင်းအားလုံးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော် သမ္မတပြောကြား


နေပြည်တော်- မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးဒေသတွင် မိုးခေါင် ၍ နှမ်းစိုက်ခင်းအားလုံး ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က နေပြည်တော် ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာတွင် ဇူလိုင် ၂၈ ရက်က ပြောကြားသည်။

အတိုက်အခံများ ကန့်ကွက်သော်လည်း ကူဝိတ် ရွေးကောက်ပွဲ ဆက်လက် ကျင်းပ

ကူဝိတ် အတိုက်အခံ နိုင်ငံရေးပါတီ အချို့က ဆန့်ကျင် ကန့်ကွက်ထားသော် လည်း တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲကို ဆက်လက် ကျင်းပနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဒိုင်ယာနာ သင်ခန်းစာ

လူ့ဘုံ၊နတ်ဘုံ၊ဗြဟ္မာဘုံတို့၌ရှိသမျှ သတ္တဝါ တို့သည် သေခြင်းတရား မှမလွတ်ကြချေ။ မည် သည့် ဆေးဝါးနှင့်လည်း ကုစား၍မရ။ ဆင် သည်၊ မြင်းသည်၊ လက်နက်ဗိုလ်ပါ ပေါင်းစုံ တို့ဖြင့်လည်း တိုက်၍မရနိုင်၊ ကြံရာမရ၊ လက် မှိုင်ချရသည်သာဖြစ်၏။

မဃဒေဝလင်္ကာသစ်ကြီး

သေခြင်းနှင့် မွေးဖွားခြင်းသာ ထာဝရရှိ ပါတယ်ဆိုတဲ့ ဈင်ဘုန်းကြီး တစ်ပါးရဲ့ ကဗျာ အတိုင်း လွန်ခဲ့တဲ့ ၁၆နှစ်က ဝေလမင်းသမီး ဒိုင်ယာနာ ယာဉ်မတော်တဆဖြစ်မှုနဲ့ ကွယ်လွန် ခဲ့ပါတယ်။ ၂ဝ၁၃၊ဇူလိုင်လ ၂၂ရက် ညနေမှာ ဝေလမင်းသား ချားလ်စ်နဲ့ ဒိုင်ယာနာတို့ရဲ့ သားတော်ကြီး ဝီလျံနဲ့ ကိတ်မစ်ဒယ်တန်တို့က သားတော်တစ်ပါးမွေးဖွားသန့်စင်ခဲ့ပြန်ပါပြီ။

မန္တလေး-မြစ်ကြီးနား ရထား ပြေးဆွဲချိန် ပြောင်းမည်

မန္တလေးမြို့တော်မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေ သည့် ရထားများ၏ မန္တလေးမှ ထွက်ခွာချိန်၊ ဝင်ရောက်ချိန်များနှင့် မြစ်ကြီးနားမြို့မှ ထွက်ခွာချိန်၊ ဝင်ရောက်ချိန်များကို သြဂုတ် ၁ ရက်နေ့မှ စတင်၍ ပြောင်းလဲ ခုတ်မောင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း မန္တလေး ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးကံစိန်က The Voice သို့ ပြောကြားသည်။

အသံမစဲ ပဌာန်းရွတ်ဆိုသံကြားကာ စိတ်ချမ်းသာကြည်ညိုပြီး သွားရောက်လှူဒါန်းခဲ့တဲ့ ပပ၀င်းခင်

အိမ်မှာ အသံမစဲ ပဌာန်း ရွတ်ဆိုသံကြားတာ စိတ်ချမ်းသာပြီးကြည်ညို လို့  စုံစမ်း ပြီး အ အေးများ..,ရှောက်သီးဆေးပြားများ နှင့် ဆေးများ သွားလှူခဲ့ပါ တယ်. ၇ ရက် အသံမစဲ ပဌာန်း ရွတ်ပွဲလို့  သိရပါတယ်....၁နာရီလောက် စုံစမ်းလိုက်ရပြီး "မေတ္တာဝါဒီဟင်္သာတပရဟိတ ကျောင်းတိုက်" ဗဟိုလမ်း လှိုင် မြို့ နယ် ဖြစ် ပြီး မိဘ မဲ့က လေး ၅၀၀ကျော် ရှိပါသည်...

သက်ဆင်ရှင်နာဝပ်ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီယိုဖိုင် YouTube တွင် ထွက်ပေါ်

ပြည်ပြေးဘဝဖြင့် လက်ရှိ နေထိုင်လျက်ရှိသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို သတ်ဖြတ်မည်ဟု YouTube တွင် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာကြောင်း ဘန်ကောက်ပို့စ် သတင်းစာ က ရေးသား ဖော်ပြသည်။

မိုးများ အဆက် မပြတ် ရွာသွန်း မှုကြောင့် ကျုံဒိုးမြို့ လမ်းများပေါ် ရေရောက်၍ ယာဉ်များ တိမ်းမှောက်

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်း၊ မြစ်ရေများ ရေတိုး ခဲ့ပြီး လမ်းများ ရေကျော်၍ ကျုံဒိုးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ အသွားအလာ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး လှေများ ဖြင့်သာ သွားလာ ခဲ့ကြရသည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ဟွန်ဆန် အနိုင်ရဖွယ်ရှိ

ကမ္ဘောဒီးယားနိုင်ငံ၏ ပဉ္စမ အကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပနေရာ ဝန်ကြီးချုပ် ဟွန်ဆန်၏ ပါတီ နေရာအများစု အနိုင်ရမည် ဟု လေ့လာသုံးသပ်သူများက ခန့်မှန်းထားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

အကြံ့ခိုင်ဆုံးသူများ ခါကာဘိုရာဇီတောင်တက်ကြမည်

မြန်မာနိုင်ငံ၌သာမက အရှေ့တောင်အရှတွင် အမြင့်ဆုံးဖြစ်သည့် ခါကာဘိုရာဇီတောင်ထိပ်သို့ မြန်မာလူငယ် ခြေလျင် တောင်တက် သမားများတက်ရောက်နိုင်ရန် နီပေါနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ တောင်တက်သင်တန်း ကျောင်းသို့ သင်တန်းသားများအား ရွေးချယ်ပို့လွှတ်သွားမည်ဟု သဘာဝခေါ်သံ ဖောင်ဒေရှင်းတောင်တက် အသင်းမှ သိရှိရသည်။

မာစီဒီးက ရန်ကုန်မှာ ဆိုင်ခွဲဖွင့်ပြီ

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးက ကဏ္ဍပေါင်းစုံမှာ စိတ်ဝင်စားနေတယ်ဆိုတာ သိသာလွန်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးပိုင်းမှာ ဆိုရင်တောင်မှ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Microsoftလို ကုမ္ပဏီကတောင် ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်တော့မှာ ဖြစ်သလို အခုလည်း နာမည်ကျော် ဇိမ်ခံကား ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Mercedes-Benzက မြန်မာပြည်မှာ Satellite Workshop လာရောက် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

လေဒီဂါဂါတို့ကတော့ လုပ်ချလိုက်ပြန်ပြီ

ကုန်ပစ္စည်းအသစ် အစားအသောက်အသစ်၊ သီချင်းခွေအသစ် စသည်ဖြင့် အသစ်တစ်ခု ပေါ်လာသည့်အခါတိုင်း လူအများသိရန် ကြော်ငြာရခြင်းသည် ထုံးစံတစ်ခု ဖြစ်သည်။ အဆိုတော် လေဒီဂါဂါသည်လည်း ARTPOPဟု အမည်ပေးထားသော အယ်လ်ဘမ် တစ်ခုကို ထူးထူးဆန်းဆန်း ဒီဇိုင်းဖြင့် ကြော်ငြာထားသည်ကို တွေ့ရသည်။

"၈၈ အဖွဲ့ခေါင်းဆောင် များ လွှတ်တော် ဥက္ကဌ နှစ်ဦးနှင့် သွားရောက်တွေ့ဆုံ "

၈၈ မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့ စည်းမှ ခေါင်းဆောင်များဖြစ်သည့်
ကိုကိုကြီး၊ကိုဂျင်မီ ၊ကိုမြအေးနှင့် ကိုသက်ဇော် တို့သည် ပြည်သူ့
့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်
ဥက္ကဌဦးခင်အောင်မြင့် တို့ ကို ယနေ့ လွှတ်တော်အစည်းအဝေးရပ်နားချိန်
မွန်းလွဲ ၂း၀၀ နာရီတွင်လာရောက်ေ တွ့ ဆုံခဲ့ ကြောင်းသိရသည်။

ဝိုင်းစုခိုင်သိန်း၏ အာဘွားစီးရီး အောက်တိုဘာလတွင် ထွက်မည်

မက်လောက်စရာ၊ မျက်လှည့်စတဲ့ စီးရီးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းက သူ့ရဲ့တတိယမြောက် တစ်ကိုယ်တော်စီးရီး အာဘွားကို အောက်တိုဘာလမှာ ဖြန့်ချိပေးတော့ မှာပါလို့ The Voice ကိုပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး ပါကစ္စတန် ချိုးဖောက်ဟု အိန္ဒိယ စွပ်စွဲ

ဆန်ဘ ဒေသတွင်းရှိ အိန္ဒိယရှေ့တန်း စစ်စခန်းကို ပါကစ္စတန် တပ်ဖွဲ့ဝင် များက လက်နက်ငယ်များ၊ လောင်ချာများဖြင့် ပစ်ခတ်ခြင်း၊ ပွန့်ဒေသရှိ ထိန်းချုပ်ရေး မျဉ်းကြောင်းကို ကျူးကျော် ဖြတ်သန်းခြင်း စသည့် အပြုအမူ များ ပြုလုပ်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပါကစ္စတန်နိုင်ငံက ချိုးဖောက်နေကြောင်း Times of India သတင်းတွင် စွပ်စွဲ ဖော်ပြထားသည်။

မိုက်ကယ်လ်ဂျက်ဆင် သေဆုံးမှုဖြင့် ထောင်ကျနေသော ဒေါက်တာ ကွန်ရက်ဒ်မာရေး အောက်တိုဘာတွင် လွတ်မည်

ပေါ့ပ်ဘုရင် မိုက်ကယ်လ်ဂျက်ဆင်ရဲ့ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး မိုက်ကယ်လ်ဂျက်ဆင် သေဆုံးမှုမှာ အဓိကတာဝန်ရှိသူ အဖြစ်နဲ့ ထောင်ဒဏ်လေးနှစ် ကျခံနေရတဲ့ ဒေါက်တာကွန်ရက်ဒ်မာရေး ဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထောင်ကလွတ်တော့မယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပျူတာ

ဗြိတိန် တီထွင်သူများ၏၂၅ ဒေါ်လာသာရှိသော ကမ္ဘာ့ဈေး အချိုဆုံး ကွန်ပျူတာသည် ၁၈လအတွင်း အလုံးရေ တစ်သန်းခွဲခန့် ရောင်းချခဲ့ရသည်။ အဆိုပါ ကွန်ပျူတာများကို ထုတ်လုပ်သည့် Raspberry Pi Foundation၏ Executive Director ဖြစ်သူ Eben Uptonက “ကျွန်တော်တို့ ဒီကွန်ပျူတာတွေကို အလုံးတစ်ထောင်လောက်ပဲ ရောင်းရမယ် မှန်းထားတာပါ”ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

ဈေးသက်သာ iPhone ဖြစ်လာမလား

iPhone 5C လို့အမည်ပေးထားပါတယ်။ ထွက်ရှိလာမယ့် ဈေးသက်သာ iPhone လို့ ဆိုပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ပြင်သစ် အခြေဆိုက် Nowhereelse.fr အမည်ရ Gadget မှ စဖွတဲ့ သတင်း ဖြစ်ပါတယ်။

MacBook Air နောက်ဆုံးပေါ်

နောက်ဆုံးထွက်ရှိထားတဲ့ Macbook Airဖြစ်ပါတယ်။ ခပ်ပါးပါး အသုံးပြုချင်သူများအတွက် အကြိုက်တွေ့မယ် ထင်ပါတယ်။

အားလုံး 1.3 GHz dual-core Intel Core i5 တွေချည်းသုံးထားပါ။ ဒီတော့ Core i7 တွေလောက် ကောင်းမှာ မဟုတ်ပါဘူး။ သူက ပေါ့ပေါ့ပါးပါး စတိုင်ကျဖို့ထုတ်ထားတာပါ။ ဒီတော့ Business Man သမားတွေ အတွက် ပိုသင့်တော်ပါမယ်။ heavy duty အတွက်ဆိုရင် Macbook Pro ပဲ ကောင်း ပါတယ်။

ကမ္ဘာ့အဆင့် သချာင်္ပြိုင်ပွဲ SASMO တွင် ရွှေတံဆိပ်ရကျောင်းသားများ Asia International Mathematical Olympiad Contest 2013 တွင် ပါဝင်ယှဉ်ပြိုင်ရန် ထွက်ခွာ

ကမ္ဘာ့အဆင့် သချာင်္ပြိုင်ပွဲတစ်ခုဖြစ်သော SASMO တွင်ရွှေတံဆိပ် ရ ရှိသောကျောင်းသားများသည် National Taiwan University တွင် ပြုလုပ်မည်ဖြစ်သောAsia International Mathematical Olympiad Contest 2013 တွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက်နှင့် နိုင်ငံတကာ သချာင်္ထူး ချွန်သော လူငယ်များ၏ယဉ်ကျေးမှု ဖလှယ်ပွဲသို့ တက်ရောက်ရန် ဇူလိုင်၂၆၇က်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။

အနုပညာ အမျိုးမျိုး ဖန်တီးခွင့် ရှိလာသူ ချမ်းမီမီကို

လတ်တလောမှာတော့ ချမ်းမီမီကိုက ဒါရိုက်တာ တင်အောင်ကျော် ရိုက်ကူးတဲ့ 'အစွန်းရောက်' ဇာတ် ကားကို သူထူးစံနဲ့အတူ သရုပ်ဆောင်နေ ပါတယ်။ ဒီဇာတ်ကားမှာ ချမ်းမီမီကိုက စားသောက်ဆိုင်မှာ သီချင်းဆို တဲ့ကောင်မလေးတစ်ယောက်အဖြစ် သရုပ် ဆောင်ထားပါတယ်။