28.7.13

မန္တလေး-မြစ်ကြီးနား ရထား ပြေးဆွဲချိန် ပြောင်းမည်

မန္တလေးမြို့တော်မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေ သည့် ရထားများ၏ မန္တလေးမှ ထွက်ခွာချိန်၊ ဝင်ရောက်ချိန်များနှင့် မြစ်ကြီးနားမြို့မှ ထွက်ခွာချိန်၊ ဝင်ရောက်ချိန်များကို သြဂုတ် ၁ ရက်နေ့မှ စတင်၍ ပြောင်းလဲ ခုတ်မောင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း မန္တလေး ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးကံစိန်က The Voice သို့ ပြောကြားသည်။


“ခရီးသည် အဆင်ပြေမယ့်အချိန်ကို ပြန်ပြောင်းလဲ ပြေးဆွဲပေးတာပါ” ဟု ရုံပိုင်ချုပ်ကြီးက ဆိုသည်။

မန္တလေး-မြစ်ကြီးနား ရထားများကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်၍ လုံခြုံရေး အခြေအနေများ ကြောင့် ပြေးဆွဲချိန်များကို ပြောင်းလဲ သတ်မှတ် ခဲ့ကြောင်း၊ ယခု သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ခရီးသွား အများပြည်သူများ အဆင်ပြေစေမည့် ယခင် ပြေးဆွဲချိန်များအတိုင်း ပြောင်းလဲ သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း ဦးကံစိန်က ထပ်မံ ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment