28.7.13

မာစီဒီးက ရန်ကုန်မှာ ဆိုင်ခွဲဖွင့်ပြီ

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးက ကဏ္ဍပေါင်းစုံမှာ စိတ်ဝင်စားနေတယ်ဆိုတာ သိသာလွန်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးပိုင်းမှာ ဆိုရင်တောင်မှ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Microsoftလို ကုမ္ပဏီကတောင် ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်တော့မှာ ဖြစ်သလို အခုလည်း နာမည်ကျော် ဇိမ်ခံကား ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Mercedes-Benzက မြန်မာပြည်မှာ Satellite Workshop လာရောက် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။


Mercedes-Benzရဲ့ Satellite Workshopကို ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တာ ဖြစ်ပြီး ဂျာမနီကနေ Mercedes-Benzကားတွေကို မြန်မာနိုင်ငံထဲ တိုက်ရိုက်တင်သွင်း ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပူးပေါင်းလုပ်ဆောင်တဲ့ ကုမ္ပဏီတွေကတော့ Daimler, Jardine Cycle & Carriageနဲ့ Automobile Alliance Co., Ltd.တို့ ဖြစ်ပါတယ်။ Daimlerကတော့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်ပြီး Mercedesကားတွေ အပါအ၀င် Daimlerအမျိုးအစား ကားတွေလည်း ထုတ်လုပ်ပါတယ်။ Jardine Cycle & Carriageကတော့ စင်ကာပူ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်ပြီးတော့ ကားတင်သွင်းမှု လုပ်ငန်းတွေ အဓိက လုပ်ဆောင်တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ နောက်ပြီး Automobile Alliance Co., Ltd.ကတော့ အဆင့်မြင့်ကားတွေ အပါအ၀င် အပိုပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကိုပါ ပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီးတော့ မြန်မာပြည် အခြေစိုက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ Mercedesဟာ Satellite Workshopကိုသာ ဖွင့်လှစ်သေးတာ ဖြစ်ပြီးတော့ နောက်ပိုင်း Main Showroomကို ပြည်လမ်းမှာ လည်းကောင်း၊ Main Workshopကို ရွာမကျောင်းလမ်းမှာ လည်းကောင်း ရှေ့နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာတော့ Mercedesရဲ့ A-Class Saloon, B-Class Sports Tourer, C-Class Saloon, Estate, Coupe, CLA-Class Coupe, CLS-Class Coupe, Shooting Brake, E-Class Saloon, Cabriolet, G-Class Cross-Country Vehicle, GL-Class Off-Roaders, GLK-Class Off-Roaders, M-Class Off-Roaders(w166), S-Class Salo0n, SL-Class Roadsters, SLK-Class Roadstersနဲ့ SLS AMGမှာ Coupe, Roadstersစသော မော်ဒယ်လ် အမျိုးမျိုးကို မှာကြားဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကဲ… ဒီတော့ Mercedesက ကျွန်တော်တို့ဆီမှာ အောင်မြင်မှု ရလိမ့်မယ်လို့ မျှော်လင့်ပြီး Satellite Workshopကို လာဖွင့်ပြီဆိုတော့ စိတ်ဝင်စားတဲ့သူတွေအတွက် အခွင့်ကောင်းပဲလို့ ဆိုရတော့မှာပါ။ နောက်ပြီး နိုင်ငံခြားမှာလို Test Drive (စမ်းသပ်မောင်းနှင်)နိုင်မှာ ဖြစ်တာကြောင့် လူတိုင်းကို ဆွဲဆောင်စေနိုင်တာတော့ အမှန်ပဲဗျ။ အားလပ်ရက် ရောက်ရင်တော့ ကမ္ဘာအေး ဘုရားလမ်းက Mercedes Satellite Workshopကို ၀င်ကြည့်လိုက်ပါဦးနော်။

Myanmar ICT
Ref: http://www.mercedes-benz.com.mm/

0 comments:

Post a Comment