ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

10.5.16

ဝမ်ပေါင်အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများ ဥပဒေကို လိုက်နာကြရန် တရုတ်အစိုးရ သတိပေး

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံ များ၏ ဆန္ဒပြဆန့်ကျင်မှုနှင့် ကြုံတွေ့ရပြီးနောက် နိုင်ငံရပ်ခြား တွင် သွားရောက်ရင်းနှီးမြှုပ်နှံ သည့် တရုတ်ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကိုလေးစားလိုက်နာကြရန် တရုတ်အစိုးရက သတိပေးခဲ့သည်။

စတော့ဈေးကွက်သို့စီးဝင်ငွေကြောင့်အိမ်ခြံမြေရင်းနှီုးမြှုပ်နှံမှုအပေါ်ထိခိုက်

ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲကိုရင်းနှီးမြှုပ်နှံမှုငွေကြေးအလုံးအရင်းနဲ့စီးဝင်သွားတာကြောင့်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအပေါ်ထိခိုက်စေတယ်လို့အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေကသုံးသပ်ကြပါတယ်။

မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု လွှတ်တော် သဘောတူ


မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် ကိစ္စကို ယနေ့ (မေ ၁၀ ရက်) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် သုံးဦး ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က သဘောတူခဲ့ပါသည်။

နိုင်ငံခြားသား ၀ယ်ယူနိုင်ရန် ကွန်ဒိုဥပဒေ ပြဋ္ဌာန်းလိုက်သော်လည်း ၀င်ရောက်လာသည့် နိုင်ငံခြားသား အများစုမှာ ၀ယ်ယူရန် မတတ်နိုင်သူများသဖြင့် သာမန်တိုက်ခန်းများတွင် နေထိုင်ကြပြီး အိမ်ခြံမြေဈေးကွက်မှာ ရပ်ဆိုင်းလု အခြေအနေ ဖြစ်ပေါ်နေ

နိုင်ငံခြားသားများ ၀ယ်ယူနိုင်ရန် ကွန်ဒိုမီနီယံဥပဒေ ပြဋ္ဌာန်းလိုက်သော်လည်း မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသည့် နိုင်ငံခြားသား အများစုမှာ ကွန်ဒိုတိုက်ခန်း ၀ယ်ယူရန် မတတ်နိုင်သူ များပြားနေသဖြင့် သာမန်တိုက်ခန်းများတွင်သာ နေထိုင်နေကြကာ လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ရပ်ဆိုင်းလု အခြေအနေ ဖြစ်ပေါ်နေကြောင်း တော်ဝင်ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။  

မြန်မာယူအိုင်ဘီ အထည်ချုပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမ ရရှိခြင်းကြောင့် အလုပ်ကိုရပ်တန့် ပြီး လုပ်ခရရှိရေး တောင်းဆိုမြန်မာယူအိုင်ဘီ အထည်ချုပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမ ရရှိခြင်းကြောင့် အလုပ်ကိုရပ်တန့် ပြီး လုပ်ခရရှိရေး တောင်းဆို

မြန်မာယူအိုင်ဘီအထည်ချုပ် စက်ရုံအလုပ်သမားများ လုပ်ခလစာမရရှိသေးသည့် အတွက် မေ ၉ ရက်တွင် လုပ်လက်စ အလုပ်များကို ရပ်တန့်ပြီး လုပ်ခရရှိရေး တောင်းဆိုခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းအပိုင် ၁၄ လမ်း ဆုံအနီးရှိ စက်မှုဇုန်စီမံကိန်း ၀င်း၏ ကျောဘက်တွင် ရှိ သော မြန်မာယူအိုင်ဘီ အထည် ချုပ်စက်ရုံရှိ အလုပ် သမားများသည် ယင်းတို့၏ ဧပြီလလုပ်ခလစာမရ ရှိ သေးသည့် အတွက် ယခုလ ၉ ရက်နေ့ နေ့လယ် ပိုင်း မှစတင်ပြီး လုပ်လက်စ အလုပ် များကိုရပ်တန့်ပြီး လုပ်ခ လစာရရှိရေးကို စက်ရုံဝင်းအတွင်းတွင် စုပေါင်း တောင်း ဆိုခဲ့ကြောင်း အဆိုပါအလုပ်သမားများထံမှ သိရသည်။
" အရင်လတွေက လဆန်း ၇ ရက်နေ့ဆိုရင် လစာ ပေးပါတယ်။ အခု ၉ ရက်နေ့ရောက်နေပြီ။ မပေး သေးဘူး။ ၁၄ ရက်နေ့တောင် မသေချာ ဘူး ပြောနေ ပါတယ်။ သမီးတို့ဘက်က အခက်အခဲတွေ အများ ကြီးရောက်နေ ပါပြီ။ မန်နေဂျာ ကလည်း အာမခံချက် ဘာမှမပေးနိုင်ဘူး။ အလုပ်ရှင်ကလည်း စက်ရုံကိုမ လာတာကြာပါပြီ။ ဒါကြောင့် သမီးတို့ တောင်း ဆိုတာ ပါ။ ညွှန်ချုပ်ဦးဝင်းရှိန်ကိုလည်း ဖုန်းဆက်ပြီးတိုင် ထား တယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှ မဖြစ်သေး ပါဘူး။ အင်းစိန်လေ ဘာရုံးမှာ မန်နေဂျာနဲ့လူကြီးတွေ စကားပြောတော့ ၁၄ ရက်နေ့တောင် မသေချာဘူး ပြောတယ်။ သမီးတို့တော့ ဒုက္ခရောက်ပါပြီ" ဟု ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်သူ မမီးမီးက မေ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စက်ရုံပိုင်ရှင်ထံ ဆက် သွယ်မေးမြန်းသော်လည်း ဖုန်းခေါ်ဆိုမရခဲ့ဘဲ စက်ရုံ မန်နေဂျာနှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင် ဦး သန်းထိုက်တို့ ဆွေးနွေးမှုအရ လစာပေးနိုင်ရေးကို အမြန်ဆုံးရရှိနိုင်ရေး အတွက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
အလုပ်သမားများက ယင်းတို့၏လခမရရှိသေး သည့်အတွက် လုပ်ငန်းခွင် မ၀င်တော့ဘဲ ဆက်လက် တောင်းဆိုသွား မည်ဖြစ်ကြောင်း စက်လိုင်း များနှင့် ဌာန များမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သော ကိုယ် စားလှယ်အ ဖွဲ့ဖွဲ့ပြီး လခရရှိရေး စနစ်တကျတောင်း ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy Today

ကယားပြည်နယ်တွင်း နေထိုင်သည့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် ဝတ်စားဆင်ယင်မှုအား ပြည်ပခရီးသည်များ စိတ်ဝင်စားမှုများလာ


ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ မိုင် ၃ဝ ခန့်ကွာဝေသည့် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာတွင်နေထိုင်သည့် ကယန်းလူမျိုး (ပဒေါင်-ကြေးကွင်းစွပ်) များအား ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လေ့လာမှုများ ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။