10.5.16

ဝမ်ပေါင်အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများ ဥပဒေကို လိုက်နာကြရန် တရုတ်အစိုးရ သတိပေး

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံ များ၏ ဆန္ဒပြဆန့်ကျင်မှုနှင့် ကြုံတွေ့ရပြီးနောက် နိုင်ငံရပ်ခြား တွင် သွားရောက်ရင်းနှီးမြှုပ်နှံ သည့် တရုတ်ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကိုလေးစားလိုက်နာကြရန် တရုတ်အစိုးရက သတိပေးခဲ့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေးစီမံကိန်းကို ဒေသခံရွာသူ၊ရွာသား ရာနှင့်ချီ စုရုံးဆန္ဒပြကန့် ကွက်ခဲ့ပြီး ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့ကချထားသည့် အတားအဆီးများကိုပင် ဖြတ်ကျော်ရန် ကြိုး စားခဲ့ကြသည်။ မြန်မာဝမ်ပေါင် ကုမ္ပဏီသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပူးပေါင်းကာ လက်ပံတောင်းတောင်တွင် ကြေး နီတူးဖော်သည့် လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
တရုတ်ကုမ္ပဏီများနှင့် ပတ်သက်၍ ဒေသခံများက မလိုလား၍ဒေါသများဖြင့် တုံ့ပြန်ခြင်းသည် မြန်မာအစိုးရသစ်ကိုင်တွယ်ရမည့် ပြဿနာတစ်ရပ်အဖြစ် လည်း နိုင်ငံတကာမီဒီယာများက သုံးသပ်ရေးသားသည်။ လက်ပံတောင်းတောင် ကြေးနီတူးဖော် ရေးစီမံကိန်းတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီက ဒေသခံများ၏ လယ် မြေများကို ဥပဒေမဲ့သိမ်းယူခဲ့ ကြောင်း ဆန္ဒပြသူများက အရေးဆိုထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအရာရှိ လူကန်းက ယခုဆန္ဒပြမှုများနှင့် ဆက်စပ်၍ တရုတ်ကုမ္ပဏီများအနေ ဖြင့် နှစ်နိုင်ငံအရေးကို ရှေုးရှုပြီး သတိပြုလုပ်ဆောင်သင့်ကြောင်း မှတ်ချက်ပေးခဲ့သည်။ ၎င်းကတရုတ်နှင့် မြန်မာတို့သည် ရင်းနှီး စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများ ရှိခဲ့ပြီး တရုတ်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေများကို အတိအကျ လိုက်နာရမည်ဟု ၎င်းကဆိုသည်။
‘‘တရုတ်အစိုးရကတော့ တရုတ်ကုမ္ပဏီတွေအနေနဲ့ နိုင်ငံ ရပ်ခြားမှာ သက်ဆိုင်ရာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာလေးစားဖို့ အစဉ်တစိုက် တောင်းဆိုထားပါတယ်။ ပြီးတော့ ဒေသခံ လူ့အဖွဲ့အစည်းကို မလွဲမသွေပူးပေါင်းကူညီရမယ့် ကျင့်ဝတ်တာဝန်ကိုလည်း ကျေပွန်ရ ပါမယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်တဲ့ လုပ်ငန်းစဉ်တွေ အပါအဝင်ပေါ့’’ဟု လူက ပြောကြားခဲ့ သည်။
၎င်းက ဆက်လက်၍ ‘‘တရုတ်အနေနဲ့ မြန်မာနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံအပြန်အလှန်အကျိုး ဖြစ်ထွန်းစေမယ့် စီမံကိန်းလုပ်ငန်းတွေမှာ ဆက်လက်ဆောင်ရွက် ဖို့ ဆန္ဒရှိပါတယ်။ ဒေသအလိုက် ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွား ရေးတိုးတက်မှုတွေ အပါအဝင် ပေါ့။ ဒါဟာ နှစ်နိုင်ငံစလုံးနဲ့ ပြည်သူတွေအတွက် ကောင်းကျိုး ဖြစ်ထွန်းစေပါလိမ့်မယ်’’ဟုလည်း မှတ်ချက်ပေးခဲ့သည်။
မြန်မာပြည်သူများ၏ ကန့်ကွက်မှုကြောင့် ဒေါ်လာ ၃ ဒသမ၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းထားရသည့်တိုင် တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယီသည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး နောက် မြန်မာအစိုးရသစ်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ သဘောထားကွဲလွဲမှုများကို ရင်းနှီးစွာ ဆွေးနွေးပြောဆိုမှု နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ကြေညာခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment