ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.7.13

မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်း


 မြန်မာနယ်စပ်ဘက်မှ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးအရာရှိများထံသို့ မြန်မာနယ်စပ်လုံခြုံရေးမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်တွန်းဆွေးနွေးမှုအား ဇူလိုင် ၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားမြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အရာရှိများ ဆွေးနွေးပွဲတွင် မြန်မာဘက်မှတောင်း ဆိုဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "အဓိက ဆွေးနွေးခဲ့တာကတော့ ကျွန်တော်တို့ဘက်မှာ ပြစ်မှု ကျူးလွန်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ တရားခံတွေကို ဖမ်းဆီးရမိရေး၊ မြန်မာရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းဆီးနေမှု၊ မြန်မာဘက် ငါးဖမ်းနေသူများထံမှ လုယက်မှု ဖြစ်ပေါ်နေမှု၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှုပပျောက်ရေးနဲ့ မြန်မာဘက်ကို တရားမ၀င်ဝင်ရောက်ပြီး သစ်ဝါးခိုးထုတ်နေမှု တွေကို ဆွေးနွေးခဲ့ပါတယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၂ ခုနှစ်ဇွန် ၈ ရက်က မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားကျေးရွာများကို မီးရှို့၊ လုယက်၊ လူသတ်မှုများကျူးလွန်ခဲ့ပြီး တစ်ဖက်နိုင်ငံသို့တိမ်းရှောင်သွားသည့် တရားခံတစ်ထောင်ကျော် ရှိနေသေး ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးအပါအ၀င် အဖွဲ့ဝင် ၁၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ BGB အမှတ် (၁၈)တပ်ရင်းမှ အရာရှိ နရူလ်အီဆလာမ် အပါအ၀င် အဖွဲ့ဝင် ၁၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နယ်စပ်တွင် ဖြစ်ပေါ်လာသည့် မည်သည့်အကြောင်းအရာမဆို နစကနှင့် BGB တို့ ချက်ချင်းဆက်သွယ် ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ပုံမှန်ဆွေးနွေးမှုများရှိနေပြီး ယခု ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှာ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲ ဖြစ်ကြောင်းလည်း သိရသည်။

EMG 

တနိုင်းဒေသ၊ ညောင်ပင်ကုန်း ပယင်းမှော်တွင် KIA မှ စစ်သားစုဆောင်းရေးအတွက် နေ့စဉ်ရက်ဆက် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေ


 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တနိုင်းမြို့နှင့် မိုင် ၂၀ ခန့်အကွာ ညောင်ပင်ကုန်း ပယင်းမှော်တွင် ဇူလိုင် ၁ ရက်မှစ၍ KIA မှ စစ်သားစုဆောင်းရေးများ ရက်ဆက်ဖမ်းဆီး ခေါ်ဆောင်နေကြောင်း၊ ၎င်းမှော်မှ ထွက်ပြေးလာသူများမှတစ်ဆင့် စုံစမ်းသိရှိရသည်။ ၎င်းဒေသမှ ထွက်ပြေးလာသူများထဲမှ လူငယ်တစ်ဦးက


"၁ ရက်ညနေစောင်းမှာ လာဖမ်းတယ်။ လူ ၁၀၀ ကျော် ပါသွားတယ်လို့ သိရတယ်။ လူတွေကများတော့ ဖမ်းသွားပြီး ခဏဆိုတော့ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားတယ်။ ၂ ရက်ကတော့ တောထဲမှာ အိပ်ရတယ်။ အဲ့ဒီနေ့လည်း ဖမ်းတာပဲ။ လူ ၅၀ လောက် ပါတယ်။ ၃ ရက်လည်း ဖမ်းတယ်။ ကျွန်တော်သိတဲ့ လူတွေလည်း ပါသွားတယ်။ ၄ ရက်လည်း ဖမ်းတယ်ပြောတယ်။ ကျွန်တော်တို့ကတော့ ကုန်းလမ်းကနေ ထွက်ပြေးလာပြီ။ ၂ ရက်မှာ ချမ်းသာမှော် စက်လှေဂိတ်မှာလည်း ဖမ်းတယ်လို့ သိရတယ်။ အသက် (၁၇)နှစ်ကနေ အသက် (၄၀)အထိ အမျိုးသမီးတွေ၊ အမျိုးသားတွေ အကုန်ဖမ်းတယ်။ ငွေနဲ့ပြန်သွားရွေးတာလည်း မရခဲ့ဘူး။ ကချင်တွေ၊ လီဆူးတွေ၊ ရှမ်းတွေ အကုန်ထွက်ပြေး ကြတာပဲ" ဟုဆိုသည်။ ၎င်းမှော်ထဲမှ ထွက်ပြေးလာသူများ၏ ပြောစကားအရ လက်နက်ကိုင် ၅၀ ခန့်ဖြင့် မှော်တဲများ၊ လုပ်ကွက်ဆင်းနေသူများအား ၀ိုင်းဝန်းဖမ်းဆီးခြင်းဖြစ်ပြီး လေးယောက်၊ ငါးယောက်တစ်တွဲ ကြိုးချည်ခေါ်ယူ သွားကြောင်း၊ လက်နက်အပြည့်အစုံ ပါသော်လည်း ထွက်ပြေးသူများအား ပစ်ခတ်မှု မရှိကြောင်း သိရသည်။

"ဖမ်းတဲ့လူတွေကို ရွာထိပ်က သူတို့စခန်းမှာပဲ ညအိပ်ထားတယ်။ မနက်မလင်းခင် နန်ဗျူစခန်းကို ပို့တယ်။ သိရသလောက်ဆိုရင် လူ ၂၀၀ ကျော်ပြီ" ဟု ၎င်းမှော်မှ ဆင်းလာသူတစ်ဦးက ဆိုသည်။

၎င်းစုဆောင်းရေးဆွဲခြင်း ကိစ္စအား တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့အား ဇူလိုင် ၅ ရက်ညနေပိုင်းက ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ၎င်းသတင်းမှာ ကောလာဟလ အဖြစ်သာ ကြားရသေးကြောင်း ပြန်ကြားခဲ့သည်။ ထို့ပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယခုရက်ပိုင်းအတွင်း တနိုင်းဘက်မှ မြစ်ကြီးနားမြို့သို့ ဆင်းသူများ လွန်စွာများပြားလျက် ရှိပြီး တနိုင်းမြို့ တည်းခိုခန်းများတွင် ပယင်းမှော်သို့ သွားရောက်မည့် ကုန်သည်များ၊ အလုပ်သမားများ သောင်တင်နေကြောင်း တနိုင်းမြို့ခံ ဒေသခံများနှင့် ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
၎င်းပယင်းမှော်သည် ညောင်ပင်ကုန်းရွာကို အမည်ပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စည်ကားလာသည်မှာ နှစ်နှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း၊ ယခုအခါလူ ဦးရေ ၄၀၀၀ ၀န်းကျင် နေထိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။ 

EMG 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ လျော့ကျစေရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၀ရဇိန် စီမံချက်ဖြင့် ဆောင်ရွက်နေ



ရန်ကုန်မြို့အတွင်း ညပိုင်းလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ လျော့ကျစေရန် ၀ရဇိန် စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ 

ဝရဇိန် စီမံချက် ကာလအတွင်း မှုခင်းကျဆင်းရေး ဟောပြောခြင်း၊ ရပ်ကွက်ကျေးရွာများသို့ အသံချဲ့စက် ဖြင့် လှည့်လည်ဆော်သြခြင်း၊ ယာဉ်စစ်ပိတ်ဆို့ ရှာဖွေဆောင်ရွက်ခြင်း၊ ဧည့်စစ်၊ ယာဉ်စစ်ဆောင်ရွက်ခြင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းနှင့် ကင်းပုန်းဝပ် စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးထံမှ သိရသည်။ 

"ပြီးခဲ့တဲ့နှစ် ခြောက်လနဲ့ အခုနှစ်ရဲ့ ခြောက်လအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်း အရေ အတွက်တွေကို နှိုင်းယှဉ်ရမယ်ဆိုရင် အမှုကြီးဖြစ်စဉ် ၄၇ မှု လျော့ကျသွားတယ်။ အခြားအမှု အရေအတွက် ၈၉၀ မှု လျော့ကျသွားပါတယ်။ ဒီဝရဇိန် စီမံချက် ကာလကိုတော့ အကန့်အသတ်မရှိ သတ်မှတ်ထားပြီး တော့ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်" ဟု ရဲမှူးမြင့်ထွေးက ပြောကြားသည်။


EMG

လစာအပြည့်အ၀ မရသော်လည်း ထိုင်းသို့သွားရောက် အလုပ်လုပ်သည့်နှုန်း နှစ်ဆနီးပါး မြင့်တက်



ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရန် အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ဆိုပွဲတွင် ထိုင်းသို့သွားရောက် မည့် မြန်မာလုပ်သား လက်မှတ်ထိုးနေစဉ် 

လုပ်ခလစာ အပြည့်အ၀ မရရှိသော်လည်း ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ သွားရောက်အလုပ် လုပ် ကိုင်မှုနှုန်းမှာ ယခင်ကထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များထံမှ သိရသည်။ 

ထိုင်းနိုင်ငံတွင် ယခင်က တစ်လလျှင် မြန်မာအလုပ်သမား ၃၀၀၀ ကျော်သာ ခေါ်ယူသော်လည်း ယခုအခါ တွင် တစ်လလျှင် မြန်မာအလုပ်သမား ၅၀၀၀ ကျော်အထိ ခေါ်ယူလျက်ရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ အဖွဲ့ချုပ်မှ သိရသည်။ ထိုင်းနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာအဖြစ် တစ်ရက်လျှင် ဘတ် ၃၀၀ သတ်မှတ်ထားသော်လည်း ထိုင်းနိုင်ငံ၏ မြို့ကြီးများတွင် အလုပ်လုပ်ကိုင်သော မြန်မာအလုပ်သမားများ သာ တစ်နေ့လုပ်ခလစာ ဘတ် ၃၀၀ ရရှိပြီး နယ်မြို့များတွင်အလုပ်လုပ်ကိုင်သူများမှာ တစ်ရက်လုပ်ခလစာ ဘတ် ၂၀၀ ကျော်သာ ရရှိကြောင်း သိရသည်။ 

"ဒီမှာ ဘတ် ၃၀၀ ရမယ် ဆိုတာကိုသိပြီး အလုပ်သွားလုပ်ကြတယ်။ ဟိုရောက်လို့ ဘတ် ၃၀၀ မရတဲ့အခါ ပြဿနာတွေ ဖြစ်တယ်။ နောက်ပြီး ထိုင်းကလုပ်ငန်းရှင်က အလုပ်သမားတွေအတွက် ဆေးစစ်ခတွေ၊ Calling Visa ရဖို့အတွက်လုပ်ရတာတွေ Transportation Charges တွေအတွက် ထိုင်းဘတ်ငွေ တစ် သောင်း စိုက်ပေးထားရတယ်။ အဲ့ဒီအတွက် အလုပ်သမားတွေရဲ့ လစာထဲက တစ်လကို ဘတ် ၁၀၀၀ နှုန်း ပြန်ဖြတ်တယ်။ အဲဒီမှာ အလုပ်ရှင်တွေက ၁၀ လပဲ ဖြတ်ရမှာကို တစ်နှစ်နဲ့ နှစ်လ၊ သုံးလအထိ ဖြတ်ကြ တယ်။ ဒီတော့ အလုပ်သမားတွေက အလုပ်သမား ၀န်ကြီးဌာန ပြည်ပအလုပ်အကိုင် အေဂျင်စီ အဖွဲ့ချုပ်နဲ့ အင်န်ဂျီအိုတွေကို တိုင်ကြတယ်" ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးမင်းလှိုင်က ပြော ကြားခဲ့သည်။ 

ချစ်စရာကမ္ဘာ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ မချိုချိုစန်းက "အစ်မတို့ ကုမ္ပဏီ အနေနဲ့ ဇွန် ၂၇ ရက်က ထိုင်းကိုအလုပ်သမား ၂၀၀ ပို့ခဲ့တယ်။ ဇူလိုင် ၅ ရက်မှာတော့ ထိုင်းနိုင်ငံ က စက်ရုံတွေမှာ အလုပ်လုပ်ကိုင် နေကြပါပြီ။ အစ်မတို့ကတော့ မြ၀တီမှာ အလုပ်သမားတွေ သောင်တင် နေတာမျိုး မဖြစ်အောင် ထိုင်းနိုင်ငံက အေဂျင်စီနဲ့ ဒီမှာတိုက်ရိုက် စာချုပ်ချုပ်ပြီးမှ ပို့တယ်။ ဒီလထဲမှာ နောက်ထပ်အယောက် ၈၀ ထပ်ပို့မယ်။ ပို့တဲ့အလုပ်သမား အများစုက ဘန်ကောက်မှာပဲ အလုပ်လုပ်ရ တာပါ။ တစ်နေ့ အလုပ်ချိန် ရှစ်နာရီမှာ လုပ်ခလစာ ဘတ် ၃၀၀ ရပါတယ်" ဟုဆိုသည်။ 

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတောင်ပိုင်း တွင် ဆောက်လုပ်ရေး လုပ်ငန်းကို အများဆုံး လုပ်ကိုင်ရပြီး အခြားဒေသများတွင်မှု အအေးခန်း၊ စက်ရုံ၊ အထည်ချုပ် စသည့်လုပ်ငန်းများတွင် လုပ်ကိုင်နေကြကြောင်း သိရသည်။




EMG

မြန်မာနိုင်ငံမှ သစ်နှင့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ နယ်စပ်လမ်းကြောင်းမှ ရောင်းချမှု ဆက်လက်တွင်ကျယ်



တရားမ၀င် သစ်လုံးများ တင်ဆောင်ထားသည့် ကားတစ်စီးအား တရုတ်နိုင်ငံသို့အ၀င် နယ်စပ်တစ်နေရာ၌ တွေ့ရစဉ် (ဓာတ်ပုံ-အငယ်ထွေး) 

မြန်မာနိုင်ငံရှိ သစ်နှင့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများအား နယ်စပ်ဒေသများမှတစ်ဆင့် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သို့တင်ပို့ရောင်းချမှုများ ဆက်လက်တွင်ကျယ်နေဆဲပင် ဖြစ်သည့်အတွက် သစ်တော သယံဇာတ များ လျော့နည်းမှုကို ကြုံတွေ့လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခင်က ဇီဝမျိုးစုံ မျိုးကွဲများစွာတည်ရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံအဖြစ်မှ ယခုအခါတွင်သစ်တောပြုန်းတီးမှုနှင့် တောရိုင်းတိရစ္ဆာန် များ ရောင်းဝယ်ဖောက်ကား မှုတို့ကြောင့် မျိုးစိတ်လျော့နည်း ကျဆင်းလာပြီး အချို့သော အပင်မျိုးစိတ်များ အား တရုတ်နိုင်ငံသို့ အပင်လိုက်ပင် ရွှေ့ပြောင်းသယ်ယူခြင်းများ ရှိခဲ့သည်ဟု သိရသည်။ 

"တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ အကုန်လုံးသွားနေတာပဲ။ နယ်စပ်ဆိုတာ မူဆယ်ဂိတ် တစ်ဂိတ်တည်း ကို မကြည့်နဲ့။ သွားလို့ရတဲ့ နေရာတွေ အများကြီးရှိတယ်။ မြန်မာပြည်မှာရှိတဲ့ ဆင်စွယ်တွေ၊ ကျားရေတွေ အားလုံးက တရုတ်ပြည်ဘက်ကို အကုန်သွားနေတယ်။ တရုတ်နဲ့ ထိုင်းဘက်ကို။ တောထဲမှာ ဘယ်သူမှ မဖမ်းဘူး။ ဥပဒေက ဖမ်းချင်တဲ့သူမှ ဖမ်းတာ။ မဖမ်းချင်တဲ့ သူကျတော့ လွတ်နေတာပဲ။ သစ်ခွတွေလည်း ဒီလိုပဲ" ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောပြသည်။ မြန်မာနိုင်ငံသည် ဆင်၊ ကျား စသည့်တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ၊ ငှက်မျိုးစိတ်များ၊ လိပ်၊သင်းခွေချပ် အပါအ၀င် အခြားသော ဈေးကွက်ဝင် တိရစ္ဆာန် မျိုးစိတ်များအား နယ်စပ်ဒေသများမှတစ်ဆင့် တရားမ၀င် လမ်းကြောင်းဖြင့် ဖြန့်ဖြူးရာနိုင်ငံ ဖြစ်နေသည်။ 

တစ်ဖက်တွင်လည်း သစ်ကိုအလုံးလိုက် တင်ပို့ရောင်းချမှုသည် တရားဝင်နှင့် တရားမ၀င် လမ်းကြောင်းများ က ပါရှိနေသည့်အတွက်လည်း သစ်တောဖုံးလွှမ်းမှု တစ်နှစ်ထက်တစ်နှစ် လျော့နည်းကျဆင်းလာ၍ တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားရာနေရာ ပျောက်ကွယ်ခြင်းကလည်း မျိုးစိတ်များ လျော့နည်းလာ ခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်နေသည်ဟု သိရသည်။ "သစ်တောတစ်ခု ပျောက်သွားပြီဆိုရင် သစ်ပင် ပျောက်သွားတာ မဟုတ်ဘူး။ ဂေဟစနစ်ကြီး ပျက်သုဉ်းသွားတဲ့ အတွက်ကြောင့် အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ သတ္တ၀ါတွေ အားလုံးက ပျက်သုဉ်းသွားမှာပဲ။ လူတွေက ထီးတည်းနေလို့ မရဘူး။ ဂေဟ စနစ်ကို မှီနေကြတာ" ဟု ဦးစိုးညွန့်က ဆိုပါသည်။ 

"မိုးမကျခင်က ချင်းတောင်သွားတယ်။ ဆောတို့ ကျောက်ထုတို့ဘက်မှာ သစ်ပုံကြီးတွေ တွေ့တယ်။ သစ်ပုံ ကြီးတွေကို ဓာတ်ပုံရိုက်တဲ့အခါ မရိုက်ပါနဲ့တဲ့။ သစ်ထုတ်လုပ်ရေးဆိုပြီး ဆိုင်းဘုတ်တင်ထားတယ်။ စုံစမ်း လိုက်တော့ အရပ်သားတွေ ကန်ထရိုက်တွေ" ဟု ၎င်းကဆက်လက် ပြောပြသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသရှိ ဝေးလံသော ဒေသများတွင် စားနပ်ရိက္ခာ အခက်အခဲကြောင့် ဆားနှင့်ဆန်ကဲ့သို့ အခြေခံ စားသောက်ကုန်များ ရရှိနိုင်ရန်အတွက် ကတိုးနှင့် အခြားသားကောင် အရေများ၊ ကျားစသည်တို့နှင့် တရုတ်နိုင်ငံရှိ ကုန်ပစ္စည်း ၀ယ်ယူလိုသူထံမှ လဲလှယ်ရမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

EMG

ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများဖြစ်၊ ၅ ဦး ဒဏ်ရာရ


အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု ၉ ခု ထက် မနည်းဖြစ်ခဲ့လို့ အနည်းဆုံး လူ ၅ ဦးဒဏ်ရာရပြီး တဦးမှာဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။မဟာဗောဓိ စေတီဘုရားကျောင်း ပရ၀ုဏ်အတွင်း ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ Zeenews.com အွန်လိုင်း သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။ သတင်းတွေအဆိုအရ မဟာဗောဓိ စေတီကို ထိခိုက် ပျက်ဆီးမှု မရှိဘူးလို့ သိရပြီး အခင်းဖြစ်ရာကို ဗုံး ကျွမ်းကျင်အဖွဲ့၊ မှုခင်း အဖွဲ့တွေလည်း ချက်ချင်း ရောက်သွားတယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ 

အဆိုပါ ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောရာမှာ အခင်းဖြစ်ပွားရာနေရာမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး ကို ဖယ်ရှားနိုင်ခဲ့ တယ်လို့ ဆိုတယ်။ ပေါက်ကွဲမှုတွေဟာ ၂ မိနစ်ခြားစီ ဖြစ်ပြီး ပထမဆုံး ဗုံးပေါက်ကွဲ မှုဟာ ဒေသစံတော်ချိန် ယနေ့ နံနက် ၅ နာရီခွဲက ဖြစ်တယ်လို့ ဆိုတယ်။ တည်မပြုနိုင်သေးသောသတင်း တချို့ အရ အဆိုပါဒဏ်ရာရသူများမှာ စေတီဝင်းအတွင်းရှိ မြန်မာရဟန်းတော်တပါးအပါအ၀င် ဗုဒ္ဓဘာသာရဟန်း တော်များဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ -NIA က အခြေအနေကို စောင့်ကြည့်ကြီးကြပ်ဖို့အတွက် ပေါက်ကွဲ မှုဖြစ်တဲ့နေရာကို အဖွဲ့တဖွဲ့ အမြန်ဆုံး စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ ဘီဟာ ၀န်ကြီးချုပ် Nitish Kumar လည်း ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ထွက်ခွာသွားပြီလို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုတယ်။ ဗုဒ္ဓဂယာရှိ မဟာဗေဓိ စေတီဟာ ဗုဒ္ဓဘာသာဝင်ဘုရားဖူးတွေအတွက် အထွဋ်အမြတ်ထားရာ အထင် ကရ နေရာ တခု လည်း ဖြစ်ပါတယ်။ 

အိန္ဒိယပြည်ထဲရေးဝန်ကြီးကတော့ အခု ဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တခု အနေနဲ့ ပြောဖို့ စောသေးတယ်လို့ ဆိုထားပါတယ်။ 

ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိစေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံးပေါက်ကွဲ မှု ဆက်တိုက်ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခဖောင်ဒေးရှင်းကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု ရှိကြောင်း နဲ့ အသေ အပျောက် ရှိတယ် လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာ တော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။ ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

BBC News

ပစ်ကပ်ကားများအား ထရပ်ကားနောက်တွဲ ပြောင်းတပ်ကာ လိုက်ထရပ်အဖြစ် နယ်စပ်မှ တင်သွင်းမှုများကို အရေးယူမည်



မြ၀တီနယ်စပ်မှတစ်ဆင့် တင်သွင်းလာသော ပစ်ကပ်ကားအား လိုက်ထရပ်အဖြစ် ပုံပြောင်းထားသည့် ကား အချို့ကို တွေ့ရစဉ် 

ပစ်ကပ်ကားများအား လိုက်ထရပ်နောက်တွဲယာဉ် ပြောင်းတပ်ကာ လိုက်ထရပ်အဖြစ် နယ်စပ်မှတစ်ဆင့် တင်သွင်းနေမှုများကို နောက်ပိုင်းတွင် ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် အရေးယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် ကြီးကြပ်ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။ 

မြ၀တီနယ်စပ်မှတစ်ဆင့် ပစ်ကပ်ကားများ၏ နောက်တွဲကိုဖြုတ်ကာ လိုက်ထရပ် နောက်တွဲဖြင့် ပြောင်းတပ် ပြီး လိုက်ထရပ်အဖြစ်တင်သွင်းနေသည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ ထိုကဲ့သို့ တင်သွင်းနေသည်ကို ကညန၊ အကောက်ခွန်တို့အပါအ၀င် တာဝန်ရှိသူများကခွင့်ပြုပေးခဲ့သည်မှာ အစီးရေ ၈၀ ၀န်းကျင်အထိပင် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် လုပ်ငန်းသုံး ယာဉ်များအား နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့် ပြုရာတွင် Light Truck ကားများကိုသာ နယ်စပ်မှတင်သွင်းခွင့် ပေးထားခြင်းဖြစ်ကြောင်း၊ Pick Up ကား များ ကို တင်သွင်းခွင့် ပေးထားခြင်း မရှိကြောင်း၊ ထို့အတွက် ကားတင်သွင်းသူများက Pick Up ကား၏ နောက်ပိုင်း ကိုယ်ထည်ကို Light Truck ကား၏နောက်ပိုင်း ကိုယ်ထည်ဖြင့် အစားထိုးကာ Light Truck လိုင်စင်ဖြင့် တင်သွင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့တင်သွင်းနေမှုကို စိစစ်တွေ့ရှိရပြီးနောက် ယခုအခါ မော်တော်ယာဉ်ကြီးကြပ်အဖွဲ့မှ တားဆီးကန့် သတ် သွားမည်ဖြစ်သည်ဟု သိရသည်။ "ဓာတ်ပုံနဲ့တကွ စိစစ်တွေ့ရှိရပြီးတဲ့နောက် မော်တော်ယာဉ် ကြီးကြပ် အဖွဲ့ကလည်း ဒါကိုခွင့်မပြုကြောင်း မကြာမီ ထုတ်ပြန်ပြီး သွင်းလာရင် အရေးယူဖို့ ရှိတယ်" ဟု မော်တော်ယာဉ် ကြီးကြပ်ကော်မတီတွင် ပါဝင်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိတစ်ဦးက ပြောကြားခဲ့သည်။ မြ၀တီ နယ်စပ်မှတစ်ဆင့် ကားအပြင် ဓာတ်ငွေ့ရည်၊ စက်သုံးဆီနှင့် လူသုံးကုန်များ၊ ဘီယာအရက်များအား နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလျံဖြင့်ချီကာ လက်ရှိအချိန်အထိ မှောင်ခိုကုန်သွယ်လျက်ရှိကြောင်း သိရသည်။
 

EMG 

တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်ကို ချေးငွေထုတ်ချေးရန် ကျပ်ဘီလျံ ၆၀၀ မှ ဘီလျံ ၃၀၀၀ အထိ လိုအပ်



နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ အခမ်းအနားအား ဇူလိုင် ၆ ရက်က တွေ့ရစဉ် 

တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်ကို ချေးငွေထုတ်ချေးရန် ကျပ်ဘီလျံ ၆၀၀ မှ ဘီလျံ ၃၀၀၀ အထိ လိုအပ်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၆ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ 

"ကျွန်တော်တို့ အနေနဲ့ ၂၀၁၅ ခု အကုန်မှာ တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်က ပြည်သူတွေ အားလုံးအတွက် ချေးငွေထုတ်ပေးနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်။ ဒီလုပ်ငန်းအတွက် ကျပ်ငွေဘီလျံ ၆၀၀ မှ ဘီလျံ ၃၀၀၀ အထိ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီငွေကြေး အရင်း အနှီး ရရှိရေးအတွက် ပြည်တွင်အားကို ရယူဆောင်ရွက်လျက် ရှိပါတယ်။ သို့သော်လည်း ပြည်တွင်းအား တစ်ခုတည်းနဲ့ မလုံလောက်နိုင်တဲ့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုအားလည်း လိုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။ 

အသေးစားချေးငွေ လုပ်ငန်းများကို အခြေခံပြီး သမ၀ါယမ အသင်းများအား စက်မှုလယ်ယာ ကုန်ထုတ် လုပ်မှု၊ ကုန်သွယ်မှုတန်ဖိုးမြင့် ထုတ်လုပ်မှု၊ မွေးမြူရေးနှင့် ၀န်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် သွားမှာဖြစ်ပြီး မျိုးကောင်းမျိုးသန့် ထုတ်လုပ်သည်မှ ထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့၊ ကြိတ်ခွဲ ရောင်း ချသည်အထိ Commodity Supply Chain တစ်ခုလုံး ဖြစ်လာအောင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပြည်ပ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမ၀ါယမနေ့အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ ၀န်ကြီးများ၊ UNDP၊ FAO JICAE နှင့် အစရှိသည့် တာဝန်ရှိလူကြီးများ တက်ရောက်ခဲ့ကြသည်။
 

EMG

အထူးစီးပွားရေး ဇုန်များတွင် ရေချိုရရှိရေး စီမံကိန်းအရ သီလ၀ါ အထူးစီးပွားရေးဇုန်၌ ပဲခူးမြစ်မှ ရေချိုရယူရန် လေ့လာမှုများ စတင်



သီလ၀ါဆိပ်ကမ်း ဧရိယာ အတွင်းရှိ မြေကွက်များကို ဇွန်လဆန်းပိုင်း အတွင်းက တွေ့ရစဉ် 

အထူးစီးပွားရေး ဇုန်များတွင် ရေချိုရရှိရေး စီမံကိန်းအရ သီလ၀ါ အထူးစီးပွားရေးဇုန်၌ ပဲခူးမြစ်မှ ရေချိုရယူ ရန်လေ့လာမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ သတင်းရရှိသည်။ 

မြန်မာနိုင်ငံတွင် တည်ထောင်လုပ်ကိုင်မည့် အထူးစီးပွားရေး ဇုန်များဖြစ်သော သီလ၀ါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေး ဇုန်များတွင် ရေချိုများ လုံလောက်စွာ ရရှိစေရန် ရေအရင်းအမြစ်များ ဖော်ထုတ် နိုင်ရန် လေ့လာမှုများကို မြန်မာနိုင်ငံ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ သီလ၀ါဒေသတွင် အကောင်အထည်ဖော်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ပဲခူးမြစ်မှ ရေချိုလုံလောက်စွာရရှိရန် ပဏာမ အဆင့်လေ့လာနိုင်ရန် တိုင်းတာမှုများအား စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

သီလ၀ါ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေချိုလုံလောက်စွာ ရရှိနိုင်မည့် ပင်မရင်းမြစ်မှာ ပဲခူးမြစ်ဖြစ် ကြောင်း သိရသည်။ ပဲခူးမြစ်သည် ပဲခူးရိုးမမှ မြစ်ဖျားခံ စီးဆင်းလာခြင်းဖြစ်ပြီး၊ ဧရိယာအားဖြင့် စတုရန်း ကီလိုမီတာ ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် ပဲခူးမြစ်မှ ရေချိုရရှိရန် ပဲခူးမြစ်ပေါ်ရှိ သန်လျင်တံတား အမှတ် ၂ ၏ အထက်ဘက်တွင် ဆားငန်ရေတားတံမံ တည်ဆောက်၍ သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ရေချိုပေးပို့ သွားမည်ဖြစ်သည်။ 

"ပဲခူးမြစ်က ဒီရေသက်ရောက်မှု ရှိတဲ့မြစ် ဖြစ်တဲ့အတွက် နွေရာသီမှာ ရေငန်ဝင်တတ်တယ်။ ဒါကြောင့်မို့ ရေငန်မတက်အောင် တားပြီးမှ ရေချိုတွေကို သိုလှောင်မယ်။ ပြီးရင် မြစ်ရေသန့်စင်စက်ရုံကို တည်ဆောက် ပြီး သီလ၀ါ စက်မှုဇုန်ကို ရေချိုဖြန့်ဝေ သွားမှာပါ" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောပြခဲ့သည်။ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ပဲခူးမြစ်မှ ရေချိုရရှိအသုံးပြုရန်မှာ စက်မှုဇုန်များဖော်ထုတ်ပြီး အနာဂတ်ကာလတွင် ရေချိုလုံလောက်စွာ ရရှိအသုံးပြု နိုင်ရန်ဖြစ်ပြီး၊ စက်မှုဇုန် စတင်တည်ထောင်မည့် ကာလတွင်မူ အ၀ီစိတွင်းရေနှင့် ဆည်ရေများမှ ရေချိုများ ရယူအသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ 

ပဲခူးမြစ်တစ်လျှောက် သန်လျင်တံတား အမှတ် ၁ မှ ဒါးပိန်မြို့နယ်အထိ ကုန်းပိုင်းနှင့် ရေပိုင်းတိုင်းတာရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ "ဒါးပိန်ကနေ ပဲခူးအထိက ကျွန်တော်တို့ ဌာနက တိုင်းတာပြီးသား ဖြစ်တဲ့အတွက် သန်လျင်တံတားကနေ ဒါးပိန်အထိပဲ တိုင်းတာမှုတွေ ပြုလုပ်သွားမှာပါ" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။ သန်လျင်တံတား အမှတ် ၂ မှ ဒါးပိန်မြို့နယ်အထိ ကုန်းပိုင်းတိုင်းတာရေး လုပ်ငန်းများကို Sun Tax ကုမ္ပဏီမှ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး၊ ကုန်းပိုင်းနှင့် ရေပိုင်းတိုင်းတာရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို My Association ကုမ္ပဏီမှ ကျခံမည် ဖြစ်ကြောင်း သိရသည်။ 

သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် ရေချိုလုံလောက်စွာ ရရှိနိုင်ရန် ဆည်မြောင်းဦးစီးဌာနမှလည်း ဇာမဏီဆည်နှင့် ကိုလူဝဲဆည်များ စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။ 


EMG 

အများပြည်သူအကြား အေတီအမ်ကတ် သုံးစွဲမှု နည်းပါးဆဲဖြစ်ပြီး လပေါင်း ၂၀ အတွင်း အေတီအမ်ကတ် အသုံးပြုသူ ၁၆၀၀၀၀ ကျော်သာရှိ



အေတီအမ်စက် တပ်ဆင်ထားသော ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ် 

အများပြည်သူမှ ဘဏ်များမှ ထုတ်ဝေပေးထားသည့် အေတီအမ်ကတ် သုံးစွဲမှု နည်းပါးဆဲဖြစ်ပြီး လပေါင်း ၂၀ အတွင်း အေတီအမ်ကတ် ထုတ်ဝေပေးထားမှုမှာ ၁၆၁၆၀၁ ဦးသာရှိပြီး တစ်နိုင်ငံလုံး တပ်ဆင်ပေးထား သည့် အေတီအမ်စက် အလုံးရေမှာ ၂၇၅ စက်သာ ရှိသေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါအေတီအမ်ကတ်ထုတ်ဝေထားမှုနှင့် စက်တပ်ဆင်မှုပမာဏမှာ ဇူလိုင် ၄ ရက်အထိဖြစ်ပြီးအေတီအမ် ကတ်ကို လက်ရှိအစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ၏တစ်ခုတည်းသော အီလက်ထရွန်နစ်ငွေပေးချေစနစ် ဖြစ်သည့် MPU (Myanmar Payment Union) ကတ်ကို Debit ကတ် အမျိုးအစားအနေနှင့် စတင်အသုံးပြု ခွင့် ပေးခဲ့သည်။ 

လက်ရှိ အေတီအမ်ကတ်ဝန်ဆောင်မှုပေးနေသော မြန်မာဘဏ် ခုနစ်ဘဏ်ရှိပြီး ဇူလိုင် ၄ ရက် စာရင်းများ အရ မြန်မာနိုင်ငံသားများဘဏ်မှ ၃၆၃ ကတ်၊ သမ၀ါယမဘဏ်မှ ၂၇၂၀၈ ကတ်၊ မြ၀တီဘဏ်မှ ၄၅၀၃ ကတ်၊ ကမ္ဘောဇဘဏ်မှ ၇၆၅၆၈ ကတ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ၁၆၄၃၈ ကတ်၊ ဧရာဝတီဘဏ် မှ ၃၂၃၄၁ ကတ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ၄၁၈၀ ကတ်တို့ကိုထုတ်ပေးပြီးဖြစ်သော်လည်း အမှန်တကယ် အသုံးပြုသူဦးရေမှာ ထုတ်ပေးပြီး ကတ်စုစုပေါင်း ၁၆၁၆၀၁ ကတ်ထက် လျော့နည်းနိုင်ကြောင်း သိရသည်။ 

ဘဏ်များမှ ထုတ်ဝေပေးသော Debit ကတ် အမျိုးအစား အေတီအမ် (MPU) ကတ်များ အသုံးပြုနိုင်ရန် အေတီအမ်စက်များကို ဘဏ်များတွင် ၁၅၃ စက်၊ အများပြည်သူ ဧရိယာတွင် ၁၂၂ စက်၊ စုစုပေါင်း ၂၇၅ စက် တပ်ဆင်ပြီးဖြစ်ကာ POS (Point of Sale) စက်ပေါင်း ၅၄၂ စက်တွင်လည်း ငွေပေးချေနိုင်မည် ဖြစ်သည်။ MPU အဖွဲ့ကို မြန်မာဘဏ်များ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး အစိုးရဘဏ်သုံးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ MPU ကွန်ရက်တွင် မြန်မာဘဏ်ကတ်များအပြင် တရုတ် CUP ကတ်နှင့် ဂျပန် JCB ကတ်တို့လည်း အသုံးပြုနိုင်ပြီး မြန်မာအေတီအမ်ကတ်တို့ကို နိုင်ငံတကာ တွင် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံတကာငွေပေးချေကတ် များဖြစ်သော Visa နှင့် Master ကတ်တို့ကိုလည်း အသုံးပြုနိုင်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ Credit စနစ်ဖြင့် အေတီအမ်ကတ် အသုံးပြုခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ရှစ်နှစ်ဝန်းကျင်အကြာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် Debit စနစ်ဖြင့် အေတီအမ်ကတ် အသုံးပြုခွင့် ပြန်လည်ပေးအပ်ခဲ့သော်လည်း အများပြည်သူအကြား အသုံးပြုမှု နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။




EMG

မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ ရန်ကုန်မြို့တွင် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်၏ ဘဏ်ခွဲ ၁၄၀ နီးပါး ရှိလာ



ကမ္ဘောဇ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ် 

မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာဖြစ်သော ရန်ကုန်မြို့တွင် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်မှ ဘဏ်ခွဲ ၁၃၇ ဘဏ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။ 

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၀ ရှိပြီး ဘဏ် ၁၈ ဘဏ်ကသာ ရန်ကုန်မြို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်ထား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၀ သည် ၂၀၁၃ ခုနှစ် မေ ၃၁ ရက်အထိ ဘဏ်ခွဲ ၅၁၅ ဘဏ် ဖွင့်လှစ်ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် ကမ္ဘောဇဘဏ်က ဘဏ်ခွဲ ၃၃ ဘဏ်၊ ရိုးမဘဏ်က ဘဏ်ခွဲ ၁၇ ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က ဘဏ်ခွဲ ၁၄ ဘဏ်နှင့် သမ၀ါယမ ဘဏ်က ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် အများဆုံး ဖွင့်လှစ်ထားခြင်းဖြစ်သည်။ 

ဖွင့်လှစ်ပြီးပုဂ္ဂလိကဘဏ် ၂၀ မှာ မြန်မာနိုင်ငံသားများဘဏ်၊ သမ၀ါယမဘဏ်၊ ရတနာပုံဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ မြ၀တီဘဏ်၊ ရန်ကုန်မြို့တော်ဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ထွန်းဖောင် ဒေးရှင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှရန်ကုန်ဘဏ်၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ အင်းဝဘဏ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်တို့ဖြစ်သည်။ 

မေ ၃၁ ရက်အထိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ကမ္ဘောဇဘဏ်က ဘဏ်ခွဲ ၁၀၉ ဘဏ်၊ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က ဘဏ်ခွဲ ၆၀၊ ရိုးမဘဏ်က ဘဏ်ခွဲ ၅၀၊ သမ၀ါယမဘဏ်က ဘဏ်ခွဲ ၄၃ ဘဏ်၊ ဧရာဝတီဘဏ်က ဘဏ်ခွဲ ၃၇ ဘဏ်ဖြင့် ဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသည်။ ပုဂ္ဂလိက ဘဏ်များသည် ဘဏ်ခွဲများကို မြန်မာနိုင်ငံအနှံ့ လွှမ်းခြုံဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ၂၀၁၃ ခုနှစ် အတွင်းဘဏ်ခွဲ ၁၀၀ ကျော် ထပ်မံဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ 

ယခင်က ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲများ ဖွင့်လှစ်ရာတွင် ဘဏ်ခွဲတစ်ခုချင်းစီအတွက် မတည်ငွေ ကျပ်သန်း ၇၀၀ ကို ထားရှိရန် လိုအပ်ပြီး အဆောက်အအုံနှင့် မြေပိုင်ဖြစ်ရန် သတ်မှတ်ထားသော်လည်း ယခုနှစ်ဆန်း ပိုင်း မှစ၍ မူဝါဒ ပြောင်းလဲပေးခဲ့သည်။ အဆိုပါ မူဝါဒ ပြောင်းလဲမှုကြောင့် ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲဖွင့် လှစ်ရာတွင် မြေငှားရမ်းခွင့်၊ အဆောက်အအုံ ငှားရမ်းခွင့်နှင့် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

EMG

ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲလိုသော ရုပ်ရှင်ကုမ္ပဏီများနှင့် ရုပ်ရှင်ရုံများအား ကုန်ကျစရိတ်၏ သုံးပုံတစ်ပုံကို ချေးငွေထုတ်ပေးမည်



ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ရုပ်ရှင်ရုံ တစ်ရုံအား တွေ့ရစဉ် 

ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရိုက်ကူးလိုသော ရုပ်ရှင်ကုမ္ပဏီများနှင့် ရုပ်ရှင်ရုံများအား ရိုက်ကူးထုတ်လုပ် မှုနှင့် ရုံပြင်ဆင်မှုများ၏ သုံးပုံတစ်ပုံကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ် မှ ငွေထုတ်ချေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။ 

ယင်းသို့ ငွေချေးယူနိုင်ရန်အတွက် ဇာတ်ကားထုတ်လုပ်မှုနှင့် ရုပ်ရှင်ရုံ ပြင်ဆင်မှုများအတွက် ကုန်ကျစရိတ် များကို အသေးစိတ် တွက်ချက်တင်ပြသွားရန် လိုအပ်ပြီး ကုန်ကျစရိတ်များ တွက်ချက်ရာတွင် ဈေးနှုန်းမှန် အတိုင်း တင်ပြရန်လည်း လိုအပ်ကာ ယင်းသို့တင်ပြလာသည့် ကုန်ကျစရိတ် တွက်ချက်မှုကို မြန်မာ့ရုပ်ရှင် လုပ်ငန်းက စိစစ်၍ ချေးငွေရရှိရန်အတွက် ကူညီဆောင်ရွက် ပေးသွားမည်ဟု သိရသည်။ 

"ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲရိုက်ကူး ထုတ်လုပ်လိုတဲ့ ရုပ်ရှင်ကုမ္ပဏီတွေ၊ ဒစ်ဂျစ်တယ်စနစ်နဲ့ ပြောင်းလဲ ပြသလိုတဲ့ ရုပ်ရှင်ရုံလုပ်ငန်းရှင်တွေအနေနဲ့ ငွေကြေးလိုအပ်မှု ရှိနိုင်ပါတယ်။ ဒီအတွက် အသေးစားနဲ့ အလတ်စား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဘဏ်ကနေ ကုန်ကျမှုရဲ့ သုံးပုံတစ်ပုံကို ချေးနိုင်ဖို့အတွက် ရုပ်ရှင် လုပ်ငန်းကနေ ကူညီဆောင်ရွက် ပေးသွားပါမယ်။ ချေးတဲ့ပုံစံကတော့ ဘဏ်ရဲ့စည်းမျဉ်းစည်းကမ်းများ အတိုင်း ချေးယူရမှာပါ။ အဓိကကတော့ ချေးငွေထုတ်ယူလိုတဲ့ ရုပ်ရှင်ကုမ္ပဏီတွေနဲ့ ရုပ်ရှင်ရုံ လုပ်ငန်းရှင် တွေ အနေနဲ့ မိမိတို့ လုပ်ကိုင်လိုတဲ့ လုပ်ငန်းရဲ့ ကုန်ကျစရိတ် အသေးစိတ်ကို တွက်ချက်ပြီးတော့ တင်ပြရ မှာပါ။ ဒီနေရာမှာ ဇာတ်ကားရိုက်ကူး ထုတ်လုပ်မယ်ဆိုရင်လည်း ပါဝင်မယ့် သရုပ်ဆောင်တွေရဲ့ ငှားရမ်းမှု စရိတ်ကအစ ကုန်ကျစရိတ်အမှန်အတိုင်း တင်ပြဖို့ လိုအပ်ပါတယ်။ သို့မှသာ ရုပ်ရှင်လုပ်ငန်း အနေနဲ့ စိစစ် ပြီး ထောက်ခံပေးသွားပါမယ်" ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ရှင်းပြခဲ့ ပါသည်။ 

ရုပ်ရှင်ကုမ္ပဏီများနှင့် ရုပ်ရှင်ရုံများအား အသေးစားနှင့် အလတ်စားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ပထမဆုံးအနေဖြင့် ငွေထုတ်ချေးရန် စီစဉ်လာခြင်းဖြစ်ပြီး အမြန်ဆုံး ချေးငွေရယူနိုင်ရန် အတွက်လည်း ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ ယင်းအတွက် ချေးငွေရယူလိုသူများ အနေဖြင့် မိမိတို့ ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ အမြန်ဆုံး တင်ပြသွားရန် လိုအပ်သည်ဟု သိရသည်။ 

အသေးစားနှင့် အလတ်စား စက်မှုဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ ငွေချေးငှားပါက တစ်နှစ်လျှင် ချေးငွေအတိုး နှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်ရာခိုင်နှုန်းဖြင့် ချေးငွေရရှိနိုင်မည်ဖြစ်ပြီး အပ်ငွေအတိုးနှုန်း မှာ ရှစ်ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

EMG

တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



နေပြည်တော်တွင် ဇူလိုင် ၆ ရက်က စတင်ပြုလုပ်သည့် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-စိုးမင်းထိုက်) 

တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။ 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညီနောင်တိုင်းရင်သားပါတီများဖက်ဒရေးရှင်း ၁၅ ပါတီဖြစ်သည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုး များ ဒီမိုကရေစီပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ "၀" ဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ တက်ရောက်ခဲ့ပြီး "၀" အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီမှာ တက်ရောက်ခြင်း မရှိဘဲ ခွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ 

"ကျွန်တော်တို့အနေနဲ့ အခုကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဘယ် အချက်တွေကို ပြင်ဆင်သင့်တယ်။ ဘယ်အချက်တွေ ထပ်ဖြည့်ရင်ကောင်းမယ် စတာတွေကို အဓိကထား ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဓိကကတော့ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ရသင့်တဲ့အခွင့် အရေးတွေ တောင်းဆိုဖို့ဆွေးနွေးမှာပါ။ အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကျင်းပမှာ ဖြစ်ပါတယ်" ဟု ဆွေးနွေး ပွဲ တက်ရောက်သူ တစ်ဦးက ပြောကြားသည်။ 

"ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာတော့ ကျွန်တော်တို့ညီနောင် ၁၅ ပါတီက ကိုယ်စားလှယ်တွေ ပါမယ်။ ဥပဒေ ပညာရှင်တွေ၊ ပညာရှင်တွေ ဖိတ်ပြီးကျင်းပမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတော့ ပြင်ဆင်ဖြည့် စွက်မှ ရမယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက အရမ်းနည်းနေတယ်။ ဗဟိုချုပ်ကိုင် မှု များနေလို့ မဖြစ်ဘူး။ ဗဟိုက လျှော့ချပေးမှ ရမယ်။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာမှသိပ်မရှိဘူး။ ဖက်ဒရယ် တောင်းဆိုတယ် ဆိုတာက ဗဟိုအစိုးရနဲ့ ပြည်နယ်တွေ အာဏာအချိုးကျ ခွဲဝေသုံးစွဲဖို့ ဖြစ်ပါ တယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါက်တာစိုင်းကျော်က ပြောကြားသည်။ 

ထို့အပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လက်ရှိနိုင်ငံရေး ပါတီများ၊ အစိုးရ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီ အင်အားစု များပါဝင်သည့် ပြည်ထောင်စုညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု လွှတ်တော်အား တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

ပြည်နယ်နှင့် တောင်တန်းဒေသများသည် ဖွံ့ဖြိုးမှု နောက်ကျနေကြောင်း၊ တန်းတူဖွံ့ဖြိုးရန်အတွက် ဆွေးနွေး ရခြင်းဖြစ်ကြောင်း၊ ပြည်မနှင့်တောင်တန်း တန်းတူဖွံ့ဖြိုးရန်လိုကြောင်း၊ မကြာမီတွင် ဖက်ဒရယ်စနစ် ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစောသန်းမြင့်က ပြောကြားသည်။


ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများနှင့် ရာထူးတာဝန် ပြောင်းလဲသွားသူများနေရာ ပြင်ဆင်ခြင်းများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်း



ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအား မေလက မြစ်ကြီးနားမြို့ တွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်) 

ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများ၊ ရာထူးနေရာ ပြောင်းလဲသွားသည့် သူများ၏ နေရာကို ပြင်ဆင်ခြင်း များဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ၂၀၁၃ ခုနှစ် ဇူလိုင် ၅ ရက်က သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကို ၂၀၁၂ ခုနှစ် မေ ၃ ရက်က သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ကော်မတီတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုတိယ ဥက္ကဋ္ဌများအဖြစ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ပါဝင်သည်။ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော်မှ တိုင်းမှူးများ၊ ဒုတိယ၀န်ကြီး တစ်ဦး၊ ဒုတိယရှေ့နေချုပ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်များ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် က တာဝန်ယူထားသည်။ 

အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ နေရာတွင် ၂၀၁၂ ခုနှစ် သြဂုတ် ၂၈ ရက်က ရာထူးမှနုတ်ထွက်ခွင့် ပြုခဲ့ သော ယခင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဟောင်း ဦးဇော်မင်း၏ နေရာတွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး တစ်ဦးကို အစားထိုးတာဝန်ပေးခဲ့သည်။ ထို့ပြင် အဖွဲ့ဝင်များဖြစ်သည့် တပ်မတော်မှ တိုင်းမှူး များနေရာတွင် ယခင်ရာထူးနေရာ ပြောင်းလဲသွားသည့် တိုင်းမှူးများကိုယ်စား လက်ရှိတိုင်းမှူးများကို အစားထိုး တာဝန်ပေးအပ်ခဲ့သည်။ 

အတွင်းရေးမှူးနေရာတွင် ယခင်ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်အစား လက်ရှိညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်းကို ပြောင်းလဲတာဝန် ပေးခဲ့ကာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ သို့ ရောက်ရှိသွားသည့် ချင်းအမျိုးသားပါတီမှ ဟားခါးပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်းအစား ချင်းတိုးတက်ရေး ပါတီမှ ဖလမ်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်းကို ပြောင်းလဲတာဝန် ပေးခဲ့ သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်ရမည် ဖြစ်သည်။ 

လက်ရှိအစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ပြုလုပ်ခဲ့ရာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပါအ၀င် အဖွဲ့အစည်း အားလုံးနီးပါးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရရှိထားသော်လည်း နိုင်ငံရေးဆွေးနွေးမှုများ မပြုလုပ်နိုင်သေး သောကြောင့် အပြီးသတ် ငြိမ်းချမ်းရေးကိုမူ ရယူနိုင်ခြင်း မရှိသေးချေ။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် လက်ရှိအစိုးရလက်ထက် တွေ့ဆုံဆွေးနွေးမှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ 

၂၀၁၅ ခုနှစ် မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်သည့် ပင်လုံကဲ့သို့သော ညီလာခံတစ်ခု ကျင်းပကာ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးမည်ဟု အစိုးရဘက်က ပြောကြားထားကြောင်း သိရသည်။




EMG

ကသည်းသူပုန်များက ကုန်သည်များအား ဆက်ကြေးတောင်းခံလာပြီးနောက် နန်းဖာလုံဈေးတွင် ဆိုင်ခန်းများ ပိတ်ထားရ



နန်းဖာလုံဈေးအတွင်း ဆိုင်ခန်းများ ပိတ်ထားသည်ကို ဇွန် ၅ ရက်က တွေ့ရစဉ် 

အိန္ဒိယနိုင်ငံကို အဓိကအားထား ဈေးရောင်းချရသည့် နန်းဖာလုံဈေးတွင် မိမိတို့၏ ဖောက်သည်ကုန်သည် များအား ကသည်းသူပုန်များက ဆက်ကြေးတောင်းခံရမှုများ ရှိလာခဲ့ပြီး နောက်ပိုင်းတွင် အရောင်းအ၀ယ် နည်းပါးလာမှုကြောင့် ဈေးရှိဆိုင်များ ပိတ်ထားကြရသည်ဟု အဆိုပါဈေးမှ ကုန်သည်များ၏ ပြောကြားချက် အရ သိရသည်။ 

"နယ်စပ်မှာ ဒီလိုကိစ္စတွေ မကြာခဏ ဖြစ်ပေါ်နေတော့ မကောင်းဘူး။ အခုတော့ သူတို့က တစ်ဖက်နိုင်ငံ ကလာတဲ့ ကုန်သည်တွေကို ဆက်ကြေးတောင်းတာပေါ့။ ဒါကလည်း နန်းဖာလုံဈေးထဲ တောင်းနေကြတာ။ ကိုယ့်နိုင်ငံက ဈေးထဲမှာတင် ဖြစ်နေကြတာ။ ဒီထက်အတင့်ရဲလာပြီး ကိုယ့်နိုင်ငံအတွင်းက ဈေးသည်တွေ ကိုပါ မတောင်းဘူးလို့ မပြောနိုင်ဘူး။ ဒီလိုသာဆက်ပြီး ဖြစ်လာနိုင်မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးလည်း မကောင်းနိုင်ဘူး။ နန်းဖာလုံဈေး မရောင်းရဘူးဆိုရင် ပို့ကုန်ပစ္စည်းတွေလည်း ကျဆင်းလာမယ်။ ဒီကုန်တွေ က နိုင်ငံတော်ကို အကုန်အခွန်ဆောင်ပြီး လာတာဆိုတော့ နိုင်ငံတော်ရဲ့ဘဏ္ဍာဝင်ငွေလည်း ကျဆင်းလာ မယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းကိုင်တွယ်သင့်ပါတယ်" ဟုနယ်စပ် ကုန်သည်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

နန်းဖာလုံဈေးသည် တစ်ဖက်နိုင်ငံ၏ ခြံစည်းရိုးနှင့် ကပ်လျက်တည်ရှိပြီး အိန္ဒိယနိုင်ငံမှ လာရောက်သော ဈေးဝယ်များကိုသာ အဓိကအားထားရောင်းချသည့် ဈေးတစ်ဈေးဖြစ်သည်ဟုသိရသည်။ "ဒီဈေးရဲ့ဈေးဝယ် အားလုံးလိုလိုက တစ်ဖက်နိုင်ငံက ဈေးဝယ်တွေ များတယ်။ ဒီလိုကိစ္စတွေ ဖြစ်လာတော့ ဈေးအရောင်း အ၀ယ် မရှိသလောက်ကို ရှားသွားတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဆိုင်တွေပိတ်ထား ကြရတယ်။ ဒီလို ကိစ္စတွေကို မတားဆီးနိုင်ဘူးဆိုရင် ကျွန်တော်တို့က ဈေးဖွင့်ရောင်းဖို့ အခက်အခဲ ရှိလာပြီ၊ လုံခြုံမှုကင်းမဲ့ သလို ခံစားရပါတယ်" ဟု နန်းဖာလုံ ဈေးသည်တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဈေးနေရာတွင် ယခင် နှစ်များက ဗုံးပေါက်ကွဲခြင်းနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းများ ဖြစ်ပေါ်ခဲ့ဖူးသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။






EMG

မြောက်ဥက္ကလာပ မြို့နယ်ရှိ ကန်သာယာ ပန်းခြံအား ပင်လယ်တု အပန်းဖြေစခန်း ပါဝင်သော Theme Park အဖြစ် ပြုလုပ်သွားရန် လျာထား



မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ကန်သာယာ ပန်းခြံအား ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထင်) 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိကန်သာယာပန်းခြံအား ပင်လယ်တုအပန်းဖြေစခန်း၊ ရေလွှာ ကစားနည်းများ၊ ရေပန်းများပါဝင်သော အကြောင်းအရာတစ်ခုအပေါ်တွင်အခြေခံသည့် ဖျော်ဖြေရေး ဥယျာဉ် (Theme Park) အဖြစ် ပြုလုပ်သွားရန် လျာထားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ 

ယင်းသို့ ကန်သာယာပန်းခြံအတွင်း ပင်လယ်တုအပန်းဖြေစခန်း၊ ရေလွှာကစားနည်းများကို ယခုနှစ်ဘဏ္ဍာ ရေးနှစ်အတွင်း ပြုလုပ်ရန်လျာထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု သိရသည်။ ကန်သာယာပန်းခြံသည် မြေနေရာကျယ်ဝန်းသော ပန်းခြံတစ်ခုဖြစ်ခြင်းကြောင့် ပင်လယ်တုအပန်းဖြေစခန်း များထည့်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထည့်သွင်းဖြစ်ပါက မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်လာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ကန်သာယာပန်းခြံသည် သစ်ပင်ပန်းမန်များ စိမ်းလန်းစွာ ရှိနေသည့် ပန်းခြံဝင်ကြေး ကောက်ခံသည့် ပန်းခြံတစ်ခုဖြစ်ကြောင်း၊ ပင်လယ်တု အပန်းဖြေ စခန်းများ ပြုလုပ်ရန် စီစဉ်ခြင်းကြောင့် သစ်ပင်ပန်းမန် စိမ်းလန်းမြေ ဧရိယာများ လျော့နည်းမသွားစေရန် ထိန်းသိမ်းမည်ဟု သိရသည်။ 

ရန်ကုန်မြို့တော်တွင် အပန်းဖြေဥယျာဉ်အပါအ၀င် ပန်းခြံအရေအတွက် ၅၈ ခုရှိပြီး အများပြည်သူအနားယူ အပန်းဖြေနိုင်သော ပန်းခြံအရေအတွက်မှာမူ နည်းပါးနေကာ လက်ရှိရေလွှာ ကစားနည်းများနှင့် အခြား ကစားနည်းစုံရှိသော ပန်းခြံများမှာ ပြည်သူ့ရင်ပြင်၊ မြကျွန်းသာနှင့် ရှုခင်းသာ စသည့်နေရာများသာရှိ ကြောင်း၊ ရှုခင်းသာပန်းခြံမှာလည်း လက်ရှိပြုပြင်မှုများ ပြုလုပ်နေ၍ ခေတ္တပိတ်ထားကြောင်း သိရသည်။


EMG

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား



အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်) 

အုပ်စုဖွဲ့ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင်တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင် အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင်နေထိုင်သော ကျော်လင်းသည် အရှည် ၁၈လက်မ ခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊ ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ထိုအခါ ဆိုင်အတွင်း စားသုံးသူ အချို့မှာ ကြောက်လန့်ပြီး ငွေကြေးပေးခြင်း၊ အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာ ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။ ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန် ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။ 

မင်္ဂလာမြို့မရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါခုနစ်ဦးတို့က တခြားဝိုင်း တွေဆီမှာ ငွေတောင်းနေတယ်။ အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်းကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။ ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်။ လွတ် မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 


EMG

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ



မြ၀တီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် 

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ်စောချစ်သူက ပြောကြားခဲ့သည်။ 

"ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပေါင်းပြီး တရားဝင် စီးပွားရေး လုပ်ငန်း တွေ လုပ်သွားဖို့ ရှိပါတယ်။ ဒီလိုလုပ်ဖို့အတွက် ထို့ကော်ကိုးမှာ လုပ်ခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလောလောဆယ်မှာတော့ မလုပ်ဖြစ်သေးဘူး။ နောက် သုံးလလောက် နေရင်တော့ အစီအစဉ်တွေ ဆွဲသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ 

ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးဒေသတွင် ပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများတွေ့ဆုံပွဲ တွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)၊ KNU၊ KNU/KNLA၊ DKBA၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ သံတောင်အဖွဲ့၊ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ အဖွဲ့အစည်းအချို့မှာ ရွှေတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ၊ ခရီးသွားလုပ် ငန်း လုပ်ကိုင်ခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။


EMG

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် UWSA တို့ "၀" မြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင် ဆွေးနွေးရန် ညှိနှိုင်းနေ


မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ် တက်ရောက်လာသော UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးဆမ်ခွန် (ယာ)ကို တရုတ်သံတမန် တစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်) 

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် "၀" ပြည်သွေးစည်းညီညွတ်ရေး ပါတီ၊ UWSA တို့ "၀" မြောက်ပိုင်းဒေသဌာနချုပ် ပန်ဆန်းတွင်ဆွေးနွေးရန်ညှိနှိုင်းကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ ၀င် ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ဇူလိုင် ၆ ရက် တွင် The Daily Eleven သို့ ပြောကြားသည်။ "ဆွေးနွေးဖို့က ညှိနှိုင်းနေဆဲပါပဲ။ အရင်ကတည်းက ဆွေးနွေး မယ်လို့ ပြောထားပြီးသားပါ။ ရက်အတိအကျ မသတ်မှတ် ရသေးတဲ့အတွက် ရွှေ့ဆိုင်းတယ်ဆိုပြီး ကောလ ဟာလတွေ ထွက်လာတာပါ" ဟု ဦးအုန်းမြင့်က ပြောကြားသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က အစိုးရကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်သည် "၀" နှင့် ဆွေးနွေးရာတွင် အစဉ်တစိုက် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ "၀" နှင့်ဆွေးနွေးရာ၌ ကျိုင်းတုံတွင် ဆွေးနွေးမည်မဟုတ်ဘဲ UWSA ဌာနချုပ်ရှိရာ ပန်ဆန်းသို့သွားရောက် ဆွေးနွေးရန် မူလကတည်းက စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။ "သူတို့ဆီသွားပြီး ဆွေးနွေးမှာပါ။ အခု ဖြစ်နေတဲ့ ပြဿနာတွေကလည်း ကြီးကြီးမားမားတွေ မဟုတ်ပါဘူး" ဟု ဦးအုန်းမြင့်က ပြောကြားသည်။ 

"၀" ပြည်သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် တပ်မတော်နှင့်ဖြစ်ပွားနေသော တင်းမာမှုများကို ဆွေးနွေး ဖြေရှင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ဆန္ဒရှိကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇူလိုင် ၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။ ထို့အပြင် ဦးသိန်းဇော် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးရန် အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံရရှိ ထားကြောင်း ဦးအောင်မြင့်က ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း အစိုးရနှင့် ဆွေးနွေးရန်ကမ်းလှမ်း ချက်ကို "၀" ဘက်မှ ရက်ရွှေ့ဆိုင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ပြီး ထိုသတင်းများမှာ ကောလာ ဟလဖြစ်ကြောင်း ဦးအုန်းမြင့်က ပြောကြားသည်။ 

ပြီးခဲ့သည့် မေလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယွန်းမြို့နယ်ခွဲရှိ UWSA ပိုင် ရော်ဘာခြံတစ်ခြံကို လာရောက်သိမ်းပိုက်သည့် အချိန်မှစ၍ နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာခဲ့ ကြောင်းနှင့် ယခုလပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိသော UWSA တပ်စခန်းများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်စခန်းအချို့ဆုတ်ခွာပေးရန် တပ်မတော်ဘက်မှ တောင်းဆိုမှုများရှိခဲ့သည်။ ဇူလိုင် ၆ ရက် ညနေပိုင်းတွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် UWSA တို့ ဇူလိုင် ၁၁ ရက်တွင် တွေ့ဆုံမည် ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တွေ့ဆုံမည့်နေ့ရက်နှင့် နေရာကို တိတိကျကျမသိရှိရသေး ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇူလိုင် ၆ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။


EMG 

ရန်ကုန်တွင် မီးရထား မတော်တဆမှု တစ်လ လေးကြိမ်ခန့် ဖြစ်

လမ်းပိုင်းအားနည်းချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျမ်းမျှအားဖြင့် တစ်လလျှင် မီးရထားမတော်တဆမှု လေးကြိမ်ခန့် ဖြစ်ပွားလျက်ရှိသည်ဟု မြန်မာ့မီးရထားမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော် ကျော်မျိုးက ပြောသည်။ ''လမ်းပိုင်းဆိုင်ရာစံချိန်စံညွှန်း မမီတာ ကအဓိကပေါ့၊ ကျောက်ဆိုလည်း ကျောက်ထုဘယ်လောက်ထည့်ရမယ် စသဖြင့်မပြည့်မီ တာပေါ့''ဟု ၄င်းက ပြောသည်။

ကျွမ်းကျင်လုပ်သားအားနည်းခြင်းနှင့် ခေတ်မီစက်ကိရိယာ မသုံးစွဲနိုင်ခြင်းတို့မှာ လမ်းပိုင်းဆိုင် ရာအားနည်းမှုကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ မီးရထားမတော်မဆဖြစ်ပွားမှုများတွင် ပြေး ဆွဲနေသော လမ်းပိုင်းများ၌ ဖြစ်ပွားခြင်းထက် တွဲရွှေ့လုပ်ငန်းဆောင် ရွက်သည့် ယာဒ်ဝင်းများ ထဲ၌ အဖြစ် များသည်ဟု ၄င်းက ပြောသည်။ ''ယာဒ်ဝင်းဆိုတာ လမ်းကြောင်း ပြေးတဲ့ အပိုင်း မဟုတ်ဘူး။ စက်ခေါင်း တွေ သွင်းတယ်၊ ထုတ်တယ်၊ တွဲရွှေ့တဲ့ နေရာပါ''ဟု ၄င်းက ဆိုသည်။

မိုးတွင်းကာလ၌ လမ်းပိုင်းအား နည်းမှုကြောင့် မီးရထား မတော်တဆဖြစ် ပွားမှု မရှိစေရန် မြေ ကျွံမှုအများဆုံးဖြစ် ပွားတတ်သည့် လမ်းသစ်များဖြစ်သော တိုးကြောင်ကလေး-ဒဂုံအရှေ့ပိုင်း တက္ကသိုလ်၊ တိုးကြောင်းကလေး-သီလ ဝါ၊ တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် လမ်းပိုင်းများ ကို ပြင်ဆင်နေသည်ဟု ၄င်းက ဆက်ပြောသည်။ မြို့ပတ်(ဆင်ခြေဖုံး) လမ်းပိုင်းများကို နေ့ စဉ်ပြင်ဆင်နေမှုအပြင် ရန် ကုန်-မန္တလေးလမ်းနှင့် ရန်ကုန်-ပြည် လမ်းများတွင်လည်း လမ်းပိုင်း ဆိုင်ရာ ပြင်ဆင်မှုကို ပြုလုပ်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဝေမာထွန်း