ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

31.10.14

NATO မဟာမိတ်တွေ စိန်ခေါ်မှု မျိုးစုံ ကြုံနေရ


မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO ရဲ့ အကြီးအကဲအသစ် ဖြစ်တဲ့ Jens Stoltenberg က ဥရောပ နဲ့ Atlantic ရပ်ဝန်းဒေသ မဟာမိတ် နိုင်ငံတွေဟာ ဘက်ပေါင်းစုံက စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင်နေရတယ် လို့ ပြောကြားလိုက်ပါတယ်။

ယူကရိန်းနဲ့ ပါတ်သက်တဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေအပြင် အရှေ့အလယ်ပိုင်းဒေသ ကနေ  ISIS နိုင်ငံရပ်ခြား တိုက်ခိုက်ရေးသမားတွေ ဥရောပထဲကို ပြန်ဝင်လာနေ တာတွေဟာ မဟာမိတ်နိုင်ငံတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့  ဂရိနိုင်ငံ ဒေသင်မြို့မှာ  ဂရိဝန်ကြီးချုပ်  Antonis Samaras နဲ့ တွေ့ဆုံအပြီးမှာ ကြာသပတေးနေ့က  NATO အတွင်းရေးမှုးချုပ်က သတင်းထောက်တွေ ကို ပြောကြားခဲ့တာပါ။

အခုလောလောဆယ်မှာ ရုရှားနဲ့ စစ်ရေးမဟာမိတ် အဖြစ် အပြည့်အဝ ပြန်လုပ်ဆောင်ဖို့ မဖြစ်နိုင်သေးပေမယ့် ရုရှားအစိုးရနဲ့တော့ ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း  မစ္စတာ Samaras ကပြောပါတယ်။
           
ဥရောပဝေဟင်ပိုင်နက်ထဲကို  ရုရှားစစ်လေယာဉ်တွေ ရောက်လာရင်  NATO က တုန့်ပြန်ဖို့ အသင့်ပြင်ထားတယ်လို့  Stoltenberg said  က အရင်တုန်းက ပြောကြားခဲ့သလို၊   မဟာမိတ်နိုင်ငံတွေ အနေနဲ့  NATO ရဲ့ အရှေ့ဘက် ပိုင်နက်နယ်နိမိတ်တလျှောက်၊ Baltic ၊ မြောက်ပိုင်း နဲ့ ပင်လယ်နက်ဒေသကို ဖြတ်သန်းမယ့် ရုရှားလေယာဉ်တွေအတွက် သတိထားကြဖို့ လည်း ပြောကြားခဲ့ပါတယ်။

VOA

ဝန်ကြီးချုပ်ဟောင်းရင်လတ်ရှင်နာဝပ်ထရာ၏ အလွဲသုံးစားမှုကို ထိုင်းအမျိုးသားဥပဒေပြုလွှတ်တော်တွင် ကြားနာမည်


အမျိုးသားဥပဒေပြုလွှတ်တော် (NLA) ၏ အထူးအစည်းအဝေး ကို နိုဝင်ဘာ ၁၂ရက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း၊ အဆိုပါအစည်းအ ဝေးတွင် ဝန်ကြီးချုပ်ရင်လတ်ရှင်နာဝပ် ထရာ၏အလွဲသုံးစားမှုကို စဉ်းစား သွားမည်ဖြစ်ကြောင်း NNT သတင်း က ဖော်ပြခဲ့သည်။

NLA ဥက္ကဋ္ဌ ပရွန်ပက်ခ်ျဝီချက် ချိုလ်ချိုင်းက ကြေညာခဲ့ရာတွင် ဤ အစည်းအဝေးမှာ ရင်လတ်အပေါ် ဆန်စပါးဝယ်ယူရေး စီမံကိန်းနှင့်ပတ် သက်၍ အလွဲသုံးစားစွဲဆိုမှုကို အဓိ ကထား ဆွေးနွေးသွားရန်ဖြစ်သည် ဟု ဆိုသည်။

ဤအမှုမှာအမျိုးသား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင်(NACC) က အမျိုးသား ဥပဒေပြုလွှတ်တော် NLA သို့လွှဲပေး ခဲ့သောအမှုဖြစ်သည်။

ထိုနည်းအတူ NLA ကနိုဝင် ဘာ ၆ရက်တွင်လည်း အထူးအစည်း အဝေးတစ်ခု ပြုလုပ်မည်ဖြစ်ရာ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဆွမ်ဆတ်ကီရာဆူရာနော့အား အ လွဲသုံးစားမှုဖြင့်စွဲဆိုသည့် အမှုအား ဆွေးနွေးမည်ဟု ဆိုသည်။

ထိုအစည်း အဝေး၌ပင် အထက်လွှတ်တော်ဥက္ကဋ္ဌ နီတွမ်ဝေရတ်ပါနစ်ခ်ျအား အထက် လွှတ်တော်ကို ထိန်းချုပ်ထားမှုဖြင့် စွဲ ဆိုရန်ဆွေးနွေးသွားမည်ဟု ဆိုသည်။

ထို့အပြင် NLA အနေဖြင့် ၂ဝဝ၇ခုနှစ် ဖွဲ့စည်းပုံအရဖြစ်ခဲ့သော ကိစ္စရပ်အပေါ် စွဲဆိုပိုင်ခွင့်အာဏာ ရှိ၊ မရှိကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။

Ref:NNT

စစ်သွေးကြွ လက်ချက်နဲ့ အီရတ်မှာ သေဆုံးသူ ၈၀၀ လောက်ရှိ


IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ အခုသီတင်းပတ်အတွင်းမှာ သူတို့ကို ခုခံတဲ့ လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ် ပစ်ခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေ က ပြောဆိုပါတယ်။  တချိန်တည်းမှာပဲ အမေရိကန် လူ့အခွင့်အရေး အဖွဲ့ တခုကလည်း ဂျီဟတ် ဘာသာရေး အစွန်းရောက်တွေဟာ အကျဉ်းသား ၆၀၀ ကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။

IS စစ်သွေးကြွတွေ ဘဂ္ဂဒက်မြို့ အနောက်ပိုင်းကို မသိမ်းပိုက်နိုင်အောင် ခုခံခဲ့ကြတဲ့ ဆူနီ မွတ်ဆလင်တွေ နေထိုင်ရာအရပ်မှာ စုပြုံမြုတ်ထားတဲ့ အလောင်း ၁၅၀ ကို တွေ့ရှိခဲ့တယ်လို့ အီရပ် အာဏာပိုင်တွေကပြောပါတယ်။ နောက်ထပ် အလောင်း ၇၀ ကျော်ကိုတော့ ဟစ်မြို့အနီးမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆူနီတဦးဖြစ်တဲ့အပြင် IS အဖွဲ့ဝင်တဦးဖြစ်သူက သတ်ဖြတ်ရတာဟာ IS စစ်သွေးကြွတွေအပေါ် တိုက်ခိုက်သူတွေ မှန်သမျှကို အပြစ်ပေးတာဖြစ်တယ် လို့ ပြောဆိုသွားကြောင်း မျက်မြင်တွေ့သူတဦးကပြောပါတယ်။

အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း ဂျီဟတ်ဘာသာရေး အစွန်းရောက် တွေဟာ အီရတ်နိုင်ငံ Mosul မြို့အပြင်က အကျဉ်းထောင်တခုမှာ အမျိုးသား အကျဉ်းသား ၆၀၀ လောက်ကို ဇွန်လ ၁၀ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန် ပြောဆိုပါတယ်။

အစွန်းရောက်တွေက အကျဉ်းသားတွေကို ပစ်မသတ်ခင် ဆူနီနဲ့ ရှီယိုက် ခွဲခိုင်းပြီးနောက် ရှီးယိုက်တွေကို လျှိုတခုရဲ့အစပ်မှာ ဒူးထောက်စေပြီး အော်တို မက်တစ် မောင်းပြန်သေနတ်တွေနဲ့ ပစ်သတ်လိုက်တာဖြစ်တယ်လို့ HRW အဖွဲ့ကပြောပါတယ်။

 ဖြစ်စဉ်ကို သေချင်ယောင်ဆောင်ပြီး အသက်မသေပဲကျန်ခဲ့တဲ့ အကျဉ်းသား ၁၅ ယောက်က ပြောပြတာလို့ HRW အဖွဲ့က ပြောပါ တယ်။ နောက်ဆုံး သေနတ်သမားတွေမှာလည်း ကျည်ဆံကုန်သွားတယ်လို့ သူတို့ကပြောပါတယ်။

VOA

30.10.14

ရုရှား ကုန်တင်အာကသယာဉ် ထပ်မံ လွှတ်တင်

နိုင်ငံတကာ အာကာသစခန်း (ISS) ကို ပေးပို့မယ့် ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ အမေရိကန်က လွှတ်တင်တဲ့ မောင်းသူမဲ့ ဒုံးကျည် အန်တာရဲ့စ် (Antares) ပေါက်ကွဲပျက်စီးအပြီး နာရီပိုင်းအတွင်း ရုရှားအစိုးရက ပရိုဂရက်စ် ၅၇ (Progress 57) ကုန်တင်အာကာသယာဉ်ကို ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနာအာကာသ စခန်းကနေ လွှတ်တင်လိုက်ပါတယ်။

Russiaနိုင်ငံပေါင်း ၁၅ နိုင်ငံ ပူးပေါင်းပိုင်ဆိုင် လည်ပတ်နေတဲ့ ISS ဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန် အာကာသသုတေသန ဓာတ်ခွဲခန်းဖြစ်ပြီး ကမ္ဘာမြေအထက် မိုင် ၂၆၀ ဝေးတဲ့ ပတ်လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။

ဒီစခန်းအတွက် သယ်သွားတဲ့ ထောက်ပံ့ရေးပစ္စည်း ၂.၆ တန်ထဲမှာ အာကာသစခန်းထဲက ဝန်ထမ်း ၆ ယောက်အတွက် စားနပ်ရိက္ခာ လောင်စာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပါပါတယ်။

အာကာသစခန်းထဲမှာတော့ နာဆာက အာကာသယာဉ်မှူး ၂ ဦး၊ ရုရှ အာကာသ ယာဉ်မှူး ၃ ဦးနဲ့ ဥရောပ အာကာသအေဂျင်စီက ၁ ဦးတို့ အလုပ်လုပ်နေပါတယ်။

အမေရိကန်က လွှတ်တင်တဲ့ အန်တာရဲ့စ် ဒုံးကျည်ဟာ အရင်က လေးကြိမ် အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့ကမှ ပထမဆုံးအကြိမ် ပေါက်ကွဲပျက်စီးခဲ့တာပါ။ ဒီမတော်တဆမှုကြောင့် လူတယောက်မှ ဒဏ်ရာမရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

နာဆာက သူ့ရဲ့ အာကာသလွန်းပျံယာဉ်တွေ သက်တမ်းကုန်အပြီး ပုဂ္ဂလိက အကာသကုမ္ပဏီ အော်ဘစ်တယ် ဆိုင်းယန့်စ် (Orbital Sciences) နဲ့ စပေ့စ်အိပ်ခ်ျ (SpaceX)ကို ISS ဆီ ကုန်စည်သယ်ပို့ဖို့ ငှားရမ်းခဲ့တာပါ။

အောက်တိုဘာ ၂၈ ရက်နေ့ လွှတ်တင်မှုဟာ အော်ဘစ်တယ် ဆိုင်းယန့်စ် ကုမ္ပဏီရဲ့ ခရီးစဉ် ၈ ခုထဲက ၃ ခုမြောက် ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့ အာကာသခရီးစဉ်အတွက် နာဆာနဲ့ စာချုပ်ချုပ်ထားတဲ့ စပေ့စ်အိပ်ခ်ျ  အာကာသလေ့လာရေး နည်းပညာ ကုမ္ပဏီဟာ သူ့ရဲ့ လေးကြိမ်မြောက် ခရီးစဉ်အဖြစ် ပြင်ဆင်နေပါတယ်။

DVB

ကမ္ဘောဒီးယားဘုရင် နန်းသက် ၁၀ နှစ်ပြည့် ပြည်သူထောင်ချီ တက်ရောက်


ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်ဖနွမ်ပင်မှာ ထောင်နဲ့ချီတဲ့လူတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စုရုံးခဲ့ကြပြီး သူတို့ဘုရင် နိုရိုဒွန် သီဟာမိုနီရဲ့ နန်းသက် ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရေးခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုဝင်တွေ၊ ရဲတွေ၊ စစ်သားတွေ ကျောင်းသားတွေနဲ့ ဒေသခံတွေက ဘုရင်ကြီး ကျန်းမာပါစေလို့ ဟစ်ကြွေးခဲ့ကြပါတယ်။

ဘုရင်သီဟာမိုနီကတော့ “အခု ရသမျှက ကျနော်တို့ ကြိုးစားအားထုတ်မှုတွေ လူသားဂုဏ်သိက္ခာနဲ့ လွတ်လပ်ရေးကို လေးစားမှု၊ ဒီမိုကရေစီ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှုတွေ ဆီကနေ လာတာပါ” လို့ လူထုကို မိန့်ခွန်းပြောပါတယ်။

ဘုရင်သီဟာမိုနီဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က သူ့ဖခင် ဘုရင်ကြီး သီဟာနုရဲ့အရိုက်အရာကို ဆက်ခံခဲ့တာပါ။

တချို့ကျောင်းဆရာတွေကတော့ ဘုရင်နဲ့ သူရဲ့ စွမ်းဆောင်မှုတွေကို ထောက်ခံကြောင်း ပြောပါတယ်။

ဘုရင်သီဟာမိုနီက ကမ္ဘောဒီးယားပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အများကြီး လုပ်ပေးခဲ့တယ်လို့ ဘခ်တောက် အထက်တန်းကျောင်းက ကျောင်းဆရာ ခီအန်မိုနီရတ်သာက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီအစိုးရ အုပ်ချုပ်စဉ်က နိုင်ငံလူဦးရေ ၄ ပုံ ၁ ပုံ ဖြစ်တဲ့ လူဦးရေ ၁ သန်းခွဲကျော် သေဆုံးခဲ့ပါတယ်။

DVB

ပရဟိတအတွက် Dance for Life ပါတီပွဲ

Sexy Model များအဖြစ် လူသိများနေကြတဲ့ ဇွန်သဉ္ဖာ၊ ဇာဇာထက်၊ ကဗျာကိုကိုတို့ရဲ့ Sexy အက တွေနဲ့ ပွဲ ဆူသွားခဲ့တဲ့ Dance for Life ပါတီပွဲကို မှတ်မိကြဦးမှာပါ။

ဒီပါတီပွဲကို လာမယ့် ဒီဇင်ဘာလမှာ ထပ်လုပ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့အကြောင်းကို ပွဲစီစဉ်သူ တွေဆီက သိရပါတယ်။  ဒီတခါမှာတော့ sexy အကတွေနဲ့ ဖျော်ဖြေမယ့်ပွဲ မဟုတ်တော့ပါဘူးတဲ့။

အောက်တိုဘာလ ၁ ရက်နေ့က VIP Bar မှာ လုပ်သွားတဲ့ ဒီပါတီပွဲက Sexy Model တွေရဲ့ အကအလှ တွေကြောင့် ဝေဖန်ဆူညံသံတွေ ထွက်ခဲ့လေတော့ ဒါကြောင့်များလားဆိုတာ စိတ်ဝင်စားစရာပါ။

ပွဲစီစဉ်သူတဦးဖြစ်တဲ့ DJ.Japan က “အဲ့ဒါနဲ့တော့ မဆိုင်ပါဘူး။ အခုပွဲမှာလည်း သူတို့ ပြန်ပါချင်လည်းပါမှာပဲ။ ကျနော်တို့ အတိအကျပြောလို့မရသေးဘူး။ ကျနော်တို့ sexy အကကို လက်မခံဘူးဆိုတာ ဒီတပွဲကိုပဲလက်မခံမှာ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က ဒီဇိုင်းမျိုးစုံသုံးမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ ပွဲတိုင်း sexy dance ဆို လူတွေက ဒါကို ရိုးသွားမှာ စိုးလို့။ ကျနော်တို့ အနေနဲ့ကလည်း ပြောမယ်ဆိုရင် ဒီလို sexy အကကို sexy party ဆိုပြီး ပွဲတိုင်းကို လုပ်ချင်တယ်။ ဒါပေမယ့် နောက်တပွဲကျမှ ပြန်လုပ်မှာ” လို့ ဆိုပါတယ်။

ဒုတိယအကြိမ် ကျင်းပမယ့် Dance for Life ပါတီပွဲမှာ အဆိုတော်တွေ၊ မော်ဒယ်လ်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ တက်ဆက်ဖို့ရှိတယ်လို့ DJ. Japan က ပြောပါတယ်။

ဒီပွဲဟာ HIV/AIDS ရောဂါ ဝေဒနာရှင်များအတွက် ရံပုံငွေအဖြစ် ပြုလုပ်တဲ့ ပွဲဖြစ်လို့ အခု တခေါက်မှာတော့ ပွဲထဲမှာတင် အလှူငွေကောက်ခံမယ့် ကောင်တာတွေဖွင့်ပြီး ကောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာ ပွဲ စပွန်ဆာများအဖြစ် Red Bull နဲ့ Grand Royal တို့ရရှိထားပြီး ပွဲလက်မှတ်ကို လူအယောက် နှစ်ရာ သတ်မှတ်ထားတယ်လို့ပြောပါတယ်။ ဘယ်နေရာမှာ ပြုလုပ်ဖြစ်မယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူးတဲ့။

“ဒီလို ပါတီဖျော်ဖြေမှုနဲ့ ပေါင်းပြီး ပရဟိတလုပ်တယ်ဆိုပေမယ့်  လူတွေတော်တော်များများကတော့ ကျနော်တို့ Dance for life ကို လက်မခံကြသေးဘူး။ နောက်ပိုင်းတော့ ဒါကြီးကို လက်ခံစေချင်တယ်။ လူငယ်တွေ ပါတယ် ဆိုပေမယ့် လူကြီးတွေကိုလည်း ကြိုဆိုပါတယ်။ လှူတဲ့ပွဲဖြစ်တဲ့အတွက်လည်း အားလုံးကို ကျနော်တို့က လာစေ ချင်တယ်။ လူတွေထင်သလိုမျိုး ဒီပွဲကြီးက sexy တွေပဲ လုပ်တယ်တို့ အဲ့လိုမျိုးကြီးလည်း ကျနော်တို့က အမြဲ တမ်း မမြင်စေချင်ဘူး။ ကျနော်တို့က အဓိက HIV/AIDS ရောဂါ ဝေဒနာသည်တွေအတွက် ရည်စူးပြီး ရံပုံငွေ တွေကောက်ခံတဲ့အတွက်ကြောင့်မို့ ဒီပွဲက sexy နဲ့ သက်ရောက်မှုမရှိပါဘူး။ ကျနော်တို့ကလာတဲ့ ဧည့်သည် တွေကို ပါဖောမန့်စ်(performance) ပေးမယ်။ အဓိကကတော့ ကျနော်တို့က ရတဲ့ငွေတွေကို လှူမယ်။ ပြီးရင် ကျနော်တို့ရဲ့ အရင်းနဲ့ နောက်တခါ ပါတီပြန်လုပ်မယ်။ ဒီ့ထက်ကြီးသွားအောင် လုပ်သွားမယ်။” လို့ DJ.Japan က သူ့သဘောထားကိုပြောပါတယ်။
အခါကြီးရက်ကြီးနဲ့ တခြား ဖျော်ဖြေရေးပွဲကြီးတွေ ရှိမယ့်အချိန်တွေကို ရှောင်ပြီး သူတို့ရဲ့ Dance for Life  ပါတီကို ၂ လတခါ ပုံမှန်လုပ်သွားနိုင်ဖို့ ကြိုးစားနေဦးမှာပါတဲ့…။

Irrawaddy's Blog

အာဖဂန်နစ္စတန်တွင် မူးယစ်ဆေးဝါး တန် ၂၀ မီးရှို့ဖျက်ဆီးပွဲ ကျင်းပ


အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး တန် ၂၀ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အာဖဂန်ပြည်ထဲရေးနဲ့ မူးယစ်တိုက်ဖျက်ရေး ဒုတိယ၀န်ကြီးက အခု ဖျက်ဆီးခဲ့တဲ့ ဘိန်းနဲ့ ဘိန်းချက်ပစ္စည်း တန် ၂၀ ဟာ ကဘူးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်မှာ ဖမ်းဆီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေလို့ ပြောဆိုပါတယ်။

အခမ်းအနားကို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း အာဏာပိုင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပြီး တကမ္ဘာလုံးရဲ့ ဘိန်း ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတာပါ။

DVB

ဟာဝိုင်အီရှိ ချော်ရည်စီးဆင်းနေမှုများ မိုးရွာသွန်းမှုကြောင့် နှောင့်နှေးသွား


အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းရှိ ကျေးရွာတစ်ခုထံ ချော်ရည်များ စီးဆင်းလာမှုသည် မိုးရွာသွန်းမှုကြောင့် နှောင့်နှေးသွားကြောင်း သိရသည်။

ဟာဝိုင်ယီရှိ ကီလူးအာ မီးတောင်မှ စီးထွက်လာသည့် နီရဲပူပြင်းသော ချော်ရည်များသည် ပါဟိုအာ ကျေးရွာရှိ လူနေဒေသများထိ ရောက်ရှိလာသဖြင့် လူအများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။ ချော်ရည်များ၏ အပူချိန်သည် ၁၆၀၀ ဒီဂရီ ဖာရင်ဟိုက်ထက်ပင် ကျော်လွန်ပြီး အောက်တိုဘာ (၂၈)ရက် တစ်ညတည်းမှာပင် ကိုက်(၉၀)မျှ တဖြည်းဖြည်း ရွေ့လျား စီးဆင်းလာခဲ့သည်။

ချော်ရည်များကြောင့် လူနေအိမ်ခြေ အဆောက်အအုံများ ပျက်စီးမည့် အခြေအနေ ကြုံနေရသော်လည်း အောက်တိုဘာ (၂၉)ရက်နေ့က မိုးရွာသွန်းမှုများကြောင့် အချို့နေရာများတွင် ချော်ရည်များ အေးခဲကုန်ကြောင်း ဒေသခံများက ဆိုသည်။ “လောလောဆယ်တော့ လူတွေက သိမ်းဆည်းစရာ ရှိတာတွေကို သိမ်းဆည်းထားပါပြီ။ အသက်ဘေး ကြုံလာရင်တော့ ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို စွန့်သင့်ရင် စွန့်ခဲ့ရမှာပါပဲ”ဟု ပါဟိုအာမှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မိုက်ခ်မစ်ကက်ဖ်က ပြောကြားခဲ့သည်။

မိုးရွာသွန်းမှုကြောင့် မီးတောင်မှ ချော်ရည်စီးထွက်မှုများ လုံးဝ ရပ်တန့်မသွားသော်လည်း ချော်ရည်များ တိုးပွားစီးဆင်းမှုကို အကန့်အသတ် ဖြစ်သွားစေကြောင်း သိရသည်။ ချော်ရည်များ စီးဆင်းလာသည့် လမ်းကြောင်းသည် ခန့်မှန်းရန် ခက်ခဲနေသဖြင့် မိသားစုလိုက် မိမိ နေအိမ် အခြေအနေကို စောင့်ကြည့်နေရကြောင်း ဒေသခံများက ဆိုသည်။ “အိမ်မှာထိုင်ပြီး ဒီအခြေအနေကြီးကို စောင့်ကြည့်နေရတာ စိတ်မသက်သာဘူး”ဟု ဒင်းနစ် လက်ဂ်ရီမက်စ်က ဖွင့်ဟခဲ့သည်။ သူမက ချော်ရည်များ လူနေဧရိယာအနီးထိ တရွေ့ရွေ့ စီးဆင်းလာမှုမျိုး ယခင်က ယင်းဒေသတွင် မတွေ့ကြုံခဲ့ဖူးဟုလည်း ရှင်းပြခဲ့သည်။

ကီလူးအာ မီးတောင်သည် (၁၉၈၃)ခုနှစ်က ကြီးကြီးမားမား တစ်ကြိမ် ပေါက်ကွဲခဲ့ဖူးပြီး ယခုအခါ အက်ကွဲကြောင်း တစ်နေရာမှ ချော်ရည်များ စိမ့်ထွက်နေခြင်း ဖြစ်သည်။ ချော်ရည်များ တစ်စင်တီမီတာမျှ ဖုံးအုပ်နေသည့်နောက် ပါဟိုအာကို ဆက်သွယ်ထားသည့် ကားလမ်းနှစ်ခုကိုလည်း ပိတ်ထားလိုက်ရကြောင်း သိရှိရသည်။

_Ref: BBC

28.10.14

တရုတ်နိုင်ငံ ဝမ်နင်းမြို့တွင် ရေလွှမ်း၊ လူဦးရေ ၅ သောင်းခန့် ရေဘေးဒုက္ခကြုံ



တရုတ်နိုင်ငံတောင်ပိုင်း ဝမ်နင်းမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းထန်ခဲ့တဲ့အတွက် လယ်မြေတွေ နဲ့ လမ်းတွေ ရေလွှမ်းမိုးခဲ့ပြီး ဒေသခံ အယောက် ၅ သောင်းလောက် ရေကြီးမှု ဒဏ်ခံခဲ့ရပါတယ်။

ဟိုင်နန်ပြည်နယ် ဝမ်နင်းမြို့မှာ ရွာတွေ၊ မြို့နယ်တွေ အတော်များများ ရေကြီးခဲ့လို့ ဒေသခံ လယ်သမားတွေ အကြီးအကျယ် ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။

လမ်းပေါ်မှာ ရေက ၁ မီတာလောက် မြင့်နေလို့ ရွာသားအများအပြား သောင်တင် နေပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ အောက်တိုဘာ ၂၆ ရက်နေ့က ပိတ်မိနေတဲ့ လူအယောက် ၃ ထောင်ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ပြီးပြီလို့ ပြောပါတယ်။

ဝမ်ချန်မြို့မှာလည်း ဆောက်လက်စ အဆောက်အဦ ပထမထပ်ထိ ရေတွေ တက်လာလို့ မီးသတ်သမားတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက လုပ်သား ၅ ယောက်ကို ကယ်ခဲ့ရပါတယ်။

နာရီဝက်အတွင်း ရေတွေ တက်လာပြီး ပထမထပ် မြုပ်သွားလို့ အချိန်မီ မထွက်နိုင် ဖြစ်ခဲ့တာလို့ လုပ်သားတွေက ပြောပါတယ်။

မိုးဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ အားပျော့သွားတယ်လို့ ဟိုင်နန်နယ်မိုးလေဝသအာဏာပိုင်တွေက ပြောပါတယ်။

DVB

ဆော်ဒီအမျိုးသမီးများ ကားမောင်းခွင့်တားမြစ်ပိတ်ပင်မှုကို ဆန့်ကျင်သော အွန်လိုင်းလှုပ်ရှားမှုအောင်မြင်

အစိုးရ၏ခြိမ်းခြောက်မှုများရှိ သော်လည်း အမျိုးသမီးများကား မောင်းခွင့်တားမြစ်ပိတ်ပင်မှု ဖယ်ရှား ရေးအွန်လိုင်းလှုပ်ရှားမှုတစ်ခုပြုလုပ် ခြင်းသည် အောင်မြင်ကြောင်း ဆော်ဒီ အာရေဗီးယားရှိ တက်ကြွလှုပ်ရှားသူ များက ပြောသည်။

ယမန်နှစ်ကစတင်ခဲ့သော ထို လှုပ်ရှားမှုသည် အမျိုးသမီးများကား မောင်းနေသည့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယို များ အွန်လိုင်းတွင်တင်ရန် အမျိုးသမီး များအား တွန်းအားပေးခဲ့သည်။

အမျိုး သမီးများကားမောင်းခွင့်တားမြစ်ပိတ်ပင်မှုကို ဆန့်ကျင်သော ပထမဆုံး အကြိမ်နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲကို ယမန်နေ့ကပြုလုပ်ခဲ့သည်။ ယမန် နှစ်က ဆော်ဒီအမျိုးသမီး ဒါဇင် ပေါင်းများစွာတို့သည် ပိတ်ပင်တား ဆီးမှုများကို ဆန့်ကျင်ကာ ကားမောင်း ဆန္ဒပြခဲ့ကြသည်။

အာရပ်တွင် အမျိုးသမီးများ ကားမောင်းခွင့်ပေးရန် အွန်လိုင်းအသ နားခံစာတွင် လူပေါင်း ၂၈ဝဝ ကျော် လက်မှတ်ထိုးခဲ့ကြသည်။ မကြာသေး ခင်ကထုတ်ပြန်ထားသော ထုတ်ပြန် ချက်တစ်ခုတွင် အမျိုးသမီးကားမောင်း ခွင့်တားမြစ်မှုကို ချိုးဖောက်သော အမျိုးသမီးများကို ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာနက သတိပေးထားခဲ့သည်။ တားမြစ်ချက်များကို ချိုးဖောက်သော သူကို တင်းတင်းကျပ်ကျပ်အရေးယူ ရလိမ့်မည်ဟု ထိုထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဆော်ဒီအာရေဗီးယား သည် အမျိုးသမီးများ ကားမောင်းနှင် ခွင့်တားမြစ်ထားသော တစ်ခုတည်း သောနိုင်ငံဖြစ်သည်။ အမျိုးသမီးများ ၏အခွင့်အရေးကို ချိုးဖောက်သော ထိုတားမြစ်မှုများအား အဆုံးသတ် ရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ ၏ ပြောကြားမှုကိုဆော်ဒီအာဏာပိုင် များက ဆန့်ကျင်ခဲ့သည်။

Democracytoday

အင်ဒိုနီးရှားသမ္မတသစ် ဂျိုကိုဝီအစိုးရအဖွဲ့ဖွဲ့ပြီ


အင်ဒိုနီးရှားသမ္မတသစ်ဂျိုကို ဝီဒိုဒိုသည် သူ၏အစိုးရအဖွဲ့ကို အောက် တိုဘာ၂၆ရက်၌ ထုတ်ပြန်ကြေညာ လိုက်သည်။

သူ၏အစိုးရအဖွဲ့တွင် ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေး ဝန်ကြီးပါဝင်လာသည်။ အကျင့်ပျက် ခြစားမှုတိုက်ဖျတ်ရေးအာဏာပိုင် များက ကိုယ်စားလှယ်အတော်များ များနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေ သောကြောင့် ဂျိုကိုဝီသည် အစိုးရ ဖွဲ့စည်းရေးတွင် အနည်းငယ်နှောင့် နှေးကြန့်ကြာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးအမျိုးသမီး မှာ ရက်နိုမာဆူဒီဖြစ်သည်။ ဘမ်ဘန်း ဘရော့ဂျိုနီဂိုရိုက ဘဏ္ဍရေးဝန်ကြီး၊ ဆော့ဖ်ရန်ဂျာလီလ်က စီပွားရေးဝန် ကြီးအသီးသီးဖြစ်လာကြသည်။ ဂျို ကိုဝီ၏အစိုးရအဖွဲ့တွင် အမျိုးသမီး ဝန်ကြီးရှစ်ဦးပါဝင်ရာ ယခင်အစိုးရ အဖွဲ့များထက် အမျိုးသမီးဝန်ကြီး အရေအတွက် ပိုများလာသည်။

ယခင်အစိုးရများတွင် အစိုးရအ ဖွဲ့ဝင်၃၄ဦးရှိရာ ပညာရှင်များနှင့် ပါတီနိုင်ငံရေးသမားများ အကြီးအ ကျယ်သဘောကွဲလွဲခဲ့ကြသည်။ သို့ ဖြစ်၍ဂျိုကိုဝီက သူ့အစိုးရအဖွဲ့ဝင်များ ကို နယ်ပယ်အလိုက်ကျွမ်းကျင်သူများ ကိုမျှခြေရှိစေရန် အကောင်းဆုံးသူ များကိုရွေးချယ်၍ ဖွဲ့စည်းထားသည် ဟုဆိုသည်။

ဝန်ကြီးအဖွဲ့သည် ဂျိုကိုဝီကိုအ ကူအညီပေးမည်။ နိုင်ငံ၏စီးပွားရေး ဖွံဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့်ဆင်း ရဲသူများအတွက် အထောက်အကူဖြစ် လာစေရန် လိုအပ်သောပြုပြင်ပြောင်း လဲမှုများကို ပြုလုပ်မည်ဟု သူကဆို သည်။

သူသည်ပါလီမန်တွင် အတိုက် အခံညွန့်ပေါင်းအဖွဲ့၏ ပြင်းထန်သော အတိုက်အခံပြုမှုနှင့်ရင်ဆိုင်ရမည်။ ထို ညွန့်ပေါင်းအဖွဲ့သည် ရွေးကောက်ပွဲ တွင် ဂျိုကိုဝီ၏ပြိုင်ဘက်ကို ထောက်ခံ အားပေးခဲ့သည်။

Ref: CNA

EU ဘက်သို့ ယိမ်းသော နိုင်ငံရေးပါတီများ ယူကရိန်း ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရ


ယူကရိန်းနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖြစ်ပွားခဲ့သော နိုင်ငံရေး အကျပ်အတည်းများအပြီး ပထမဆုံးအကြိမ်အဖြစ် ပါလီမန်ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခဲ့ရာ အနောက်အုပ်စုက လိုလားသော နိုင်ငံရေးပါတီ အုပ်စုများက အနိုင်ရရှိသွားသဖြင့် ဥပဒေပြုပါလီမန်တွင် အဆိုပါ အင်အားစုများက လွှမ်းမိုးနိုင်တော့မည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မဲများကို ရေတွက်မှုဖြစ်စဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာချိန်တွင် သမ္မတ ပီတရိုပိုရိုရှန်ကို၏ အင်အားစုက မဲအများဆုံး ရနေပြီး ဝန်ကြီးချုပ် အာစီနီ ယက်ဆန်ယက်ခ်၏ ပါတီက ဒုတိယနေရာမှ လိုက်နေသည်။

ပြုပြင်ပြောင်းလဲရေးကို လိုလားသော၊ ဥရောပဘက်ကို လိုလားသော လူများစု ဖြစ်စေရန် မဲပေးခဲ့သော ထောက်ခံသူ မဲဆန္ဒရှင်များကို ကျေးဇူးတင်ပါကြောင်း မစ္စတာပိုရိုရှန်ကိုက ပြောကြားခဲ့သည်။

ပြည်တွင်းစစ် ပဋိပက္ခနှင့် ဆက်စပ်ရာ ဒေသကြီးနှစ်ခုမှ လူဦးရေ သုံးသန်းခန့်မှာ မဲပေးခဲ့ရခြင်း မရှိပေ။

ဒိုနက်စ်ခ်နှင့် လူဟန်စ်ခ်ဒေသများတွင် အခြေစိုက်လျက်ရှိသော ရုရှားကို လိုလားသည့် ခွဲထွက်ရေးသမားတို့က အဆိုပါဒေသ၏ ရွေးကောက်ပွဲကို ၎င်းတို့ကိုယ်တိုင် ပြီးခဲ့သည့်လတွင် လုပ်ဆောင်မည်ဟု ကြေညာထားသည်။

ရုရှားပိုင်နက်ဘက်သို့ ဘက်ပြောင်းသွားခဲ့သော ကရိုင်းမီးယားဒေသမှ လူဦးရေ ၁ ဒသမ ၈ သန်းသည်လည်း အဆိုပါ ရွေးကောက်ပွဲသို့ ပါဝင်ခဲ့ခြင်း မရှိပေ။

မဲပေးနိုင်သူ လူဦးရေ၏ ၅၁ ရာခိုင်နှုန်း လာရောက်မဲပေးကြသည်ဟု ဗဟိုရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားသည်။

သို့သော် ယင်းကိန်းဂဏန်းသည် အရှေ့ဖျားနှင့် အနောက်ဖျားကို မူတည်လျက် ကွာခြားနိုင်ပြီး အနောက်ဘက်ပိုင်း ဒေသများတွင် မဲလာပေးသူဦးရေ ၇၀ ရာခိုင်နှုန်း ပျမ်းမျှရှိကြကာ ဒိုနက်စ်ခ်ကဲ့သို့သော ပြည်တွင်းစစ်ဖြစ်ရာ ဒေသနှင့် နီးစပ်သည့် ပြည်နယ်များတွင် မဲလာပေးသူမှာ ၃၀ ရာခိုင်နူန်းခန့်သာ ရှိသည်။

ရုရှားကို လိုလားသော ဗစ်တာယာနူကိုဗစ်ခ်ျ အစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ယခုခေါ်ယူခဲ့သော ပါလီမန်ရွေးကောက်ပွဲသည် ယူကရိန်းကို လမ်းကြောင်းအသစ်ပေါ်သို့ ပြန်ပို့နိုင်အောင် လုပ်ဆောင်ပေးခြင်းဟု သမ္မတ ပိုရိုရှန်ကိုက ပြောကြားထားခဲ့သည်။

ယူကရိန်း နိုင်ငံရေး အကျပ်အတည်း ကာလအတွင်း အနည်းဆုံး လူ ၃၇၀၀ သေဆုံးခဲ့ရကာ ၎င်းတို့အနက် ၃၀၀ ခန့် မှာ စက်တင်ဘာ ၅ ရက်နေ့တွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း သေဆုံးကြသူများ အရေအတွက် ဖြစ်သည်။

The Voice Weekly

ပင်လယ်ရေပိုင်နက်ကိစ္စ ပူးပေါင်းဖြေရှင်းရန် ဗီယက်နမ်နှင့်တရုတ် သဘောတူ


ဗီယက်နမ်နဲ့ တရုတ်ခေါင်းဆောင်တွေ မနေ့က ဟနွိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ပင်လယ်ရေပိုင်နက်ပြဿ နာကို ပူးပေါင်းဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့မေလက ဗီယက်နမ်က ပိုင်ဆိုင်တယ်ဆိုတဲ့ ပင်လယ်ပြင်မှာ တရုတ်ရေနံတူးစင်တခု လာဆောက်ရာကနေ နှစ်နိုင်ငံသင်္ဘောတွေ ရန်စောင်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဟနွိုင်မြို့မှာ ဗီယက်နမ်ကွန်မြူနစ်ပါတီကြီးရဲ့ အထွေထွေအတွင်းရေးမှူး၊ ဗီယက်နမ်သမ္မတ၊ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို အသီးသီး တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း နှစ်နိုင်ငံရေပိုင်နက်ပြဿနာကို အကောင်းဆုံးညှိနှိုင်းအဖြေရှာဖို့ နှစ်နိုင်ငံသဘောတူတယ်လို့ ကြေညာပါတယ်။

ပြီးခဲ့တဲ့တပတ်ကတော့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး တရုတ်ပြည်ကို သွားရောက်ပြီး နှစ်နိုင်ငံတပ်မတော်တွေ တိုက်ရိုက်ချိတ်ဆက်ဆက်ဆံဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အခုလိုလမ်းဖွင့်ဖို့ ဗီယက်နမ်နိုင်ငံက ပြီးခဲ့တဲ့မေလက ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

ဒီအတောအတွင်း ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့လည်း စစ်ရေးနားလည်မှုတွေ ရယူခဲ့ပြီးနောက် အခုလ ၂ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ နှစ် ၃၀ ကြာ လက်နက်ပိတ်ပင်မှုကို ဖြေလျော့ပေးခဲ့ပါတယ်။

တရုတ်နဲ့ဗီယက်နမ် တပ်မတော်တွေ နားလည်မှုလွဲရင် ဒေသတွင်းပြဿနာ ကြီးကြီးမားမား တက်လာနိုင်စရာရှိတယ်ဆိုတာကို နှစ်နိုင်ငံလုံးက နားလည်လက်ခံထားကြပါတယ်။

DVB

ဟန်ဂေရီကောင်စစ်ဝန်ရုံးတွင် အမျိုးအမည်မသိ အမှုန့်အိတ်များ လက်ခံရရှိ


တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူက ဟန်ဂေရီကောင်စစ်ဝန်ရုံးဟာ အမျိုးအမည်မသိ အမှုန့်တွေပါတဲ့ အိတ်တွေကို  အောက်တိုဘာ ၂၇ ရက်နေ့က လက်ခံရရှိခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

အလားတူ အိတ် ၅ အိတ်ကို အရင်အပတ်က အနောက်တိုင်းကောင်စစ်ဝန်ရုံး ၅ ရုံးဆီ ပေးပို့ခံခဲ့ရလို့ တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့မှာ အရင်အပတ်ကတည်းက လုံခြုံရေး တပ်လှန့်ထားပါတယ်။

အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံ ကောင်စစ်ဝန်ရုံးတွေကလည်း သံသယဖြစ်ဖွယ် အမှုန့်တွေ ပါတဲ့ အထုပ်တွေ လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် ကြိုတင်သတိထားတဲ့အနေနဲ့ ကိုင်တွယ်မိသူ ၁၆ ယောက်ကို ဆေးရုံတင်ထားရပါတယ်။

တခြားကောင်စစ်ဝန်ရုံးတွေနဲ့ တရက်တည်းမှာ ဟန်ဂေရီကောင်စစ်ဝန်ရုံးဆီ အထုပ်က ရောက်လာတာလို့ ယုံကြည်ရပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ထိ မဖွင့်ခဲ့ဘူးလို့ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

တခြားအထုပ်တွေရဲ့ စစ်ဆေးမှုရလဒ်ကို မထုတ်ပြန်ရသေးပါဘူး။ ၄ ခု မြောက်နဲ့ နောက်ဆုံးအထုပ်တွေကို စမ်းသပ်မှုအရ ပေါင်ဒါမှုန့်တွေဟာ အန္တရာယ်မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးကို ကိုးကားပြီး သတင်းစာတွေက ဖော်ပြပါတယ်။

အရင်အပတ်တွေက ဆေးရုံတင်ရသူတွေထဲက ၁၀ ယောက်ကတော့ ကနေဒါ ကောင်စစ်ဝန်ရုံးကပါ။

ကနေဒါနိုင်ငံတွင်း အရင်အပတ်က မြို့တော် အော့တဝါနဲ့ ကွိဘက်မြို့တွေမှာ စစ်သွေးကြွ တိုက်ခိုက်မှု ၂ ခု ဖြစ်ခဲ့လို့ နိုင်ငံခြားလုပ်ငန်းစဉ်တွေမှာပါ လုံခြုံရေး တပ်လှန့်ထားပါတယ်။

DVB

အင်ဒိုနီးရှား အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့မှ ဝန်ကြီး ၃၄ ဦးသည် ဂျကာတာမြို့ သမ္မတနန်းတော်တွင် အောက်တိုဘာ၂၇ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။
ဝီဒိုဒိုသည် ဇူလိုင်လ ရွေးကောက်ပွဲတွင် ၎င်းအားထောက်ခံသည့် ပါတီများကို အကျိုးခံစားခွင့်ရရှိစေရန် သက်ဆိုင်ရာ နယ်ပယ်ရပ်များတွင် လုပ်ကိုင်နေသော အကောင်းဆုံးသူများကို ရွေးချယ်ရာတွင် ဟန်ချက်ညီမျှမှုရှိစေရန်  ဆောင်ရွက်ရသောကြောင့် ပညာရှင်များနှင့် ပါတီနိုင်ငံရေးသမားများအကြား သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဝီဒိုဒိုသည် အောက်တိုဘာ၂၆ရက်က အစိုးရအဖွဲ့တွင် ခန့်အပ်မည့်သူများ၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ အမျိုးသမီးဝန်ကြီး ရှစ်ဦးအထိ ပါဝင်ခဲ့သည်။

ဝီဒိုဒိုသည် အစိုးရအဖွဲ့တွင် ခန့်အပ်မည့် သူများစာရင်းကို မကြေညာမီ စိစစ်မှု ပြုလုပ်နိုင်ရန် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်
(KPK) ကိုတောင်းဆိုမှုများပြုလုပ်ခဲ့သည်။

သမ္မတ ဂျိုကိုဝီဒိုဒိုသည် အစိုးရအဖွဲ့တွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနေရာအတွက် ၎င်းကိုယ်တိုင် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဂျိုကိုဝီ၏ အသွင်းကူးပြောင်းရေးအဖွဲ့မှ လက်ထောက်ဟောင်း အန်ဒီဝစ်ဂျာဂျန်တိုက အောက်တိုဘာ၂၆ရ က်တွင် ပြောကြားခဲ့သည်။

ဂျိုကိုဝီအနေဖြင့် ဂျကာတာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်က မီဒီယာများနှင့်ပြည်သူများသို့ ပြောကြားခဲ့သည့် ပုံစံအတိုင်း တိုက်ရိုက်ပြောဆိုမှုပုံစံကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြာင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

"သမ္မတအနေနဲ့ ပြောရေးဆိုခွင့်ရှိသူကို မလိုအပ်ပါဘူး။ သမ္မတကိုယ်တိုင် ပြောရေးဆိုခွင့်ရှိသူ အဖြစ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်အတွက် သမ္မတက မီဒီယာကနေတိုက်ရိုက် ပြောကြားခြင်း သို့မဟုတ် ၎င်း၏၀န်ကြီးများမှ တစ်ဆင့် ပြောကြားသွားမှာပါ။" ဟု အန်ဒီက ပြောကြားခဲ့သည်။

ယခင်သမ္မတ ဆူဆီလို ဘမ်းဘမ်းရက်ဟိုယိုနိုသည် ဆယ်နှစ်တာ အုပ်ချုပ်မှုကာလအတွင်း သမ္မတ၏ သတင်းထုတ်ပြန်ချက်များကို ထုတ်လွှင့်ပေးရန်အတွက် သီးခြားပြောရေးဆိုခွင့်ရှိသူ သုံးဦးကို ခန့်အပ်ခဲ့သည်။

Mizzima

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ


နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒီအစီရင်ခံစာကို နိုင်ဂျီးရီးယားနိုင်ငံတလွှားက အဓမ္မခေါ်ဆောင်ခံရတဲ့ သက်သေတွေနဲ့ ဓားစာခံ ဒါဇင်ပေါင်းများစွာကို လူတွေ့မေးမြန်းချက်တွေအပေါ် အခြေခံတင်ပြထားပါတယ်။

ဘိုကိုဟာရမ်တွေဟာ ၂၀၀၉ ခုနှစ်ကတည်းက ခုထိ အမျိုးသမီးနဲ့ မိန်းကလေး အယောက် ၅၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပြီးပြီလို့ အစီရင်ခံစာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ ဓားစာခံတွေကို အစ္စလာမ်ဘာသာ မပြောင်းရင်၊ ကျောင်းတက် တာကို မရပ်ရင်၊ ဟိဂျဗ်လို့ခေါ်တဲ့ ခေါင်းမြီးခြုံအဝတ်ကိုမဝတ်ရင် သူတို့ကို ကျာပွတ်နဲ့ ရိုက်နှက် သတ်ဖြတ်ခံရမယ်လို့ ခြိမ်းခြောက်လေ့ရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေကပေးတဲ့ သတင်းအတိုင်း လှုပ်ရှားမယ်ဆိုရင် ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုတချို့ကို လုံခြုံရေးတပ်တွေက တားဆီးနိုင်မယ်လို့လည်း မျက်မြင်သက်သေတွေ ကပြောကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဆင်းရဲမွဲတေတဲ့ အရှေ့မြောက်ပိုင်းမှာ ဘာသာရေးဆရာအုပ်ချုပ်တဲ့ အစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရေး ၅ နှစ်တာ သူပုန်ထမှုအတွင်း လူအယောက်ထောင်ချီ သတ်ဖြတ်ခဲ့ပြီးပါပြီ။

DVB

27.10.14

အစ္စရေးရဲ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်းလူငယ် ဈာပန ကျင်းပ


ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က အစ္စရေးရဲတွေနဲ့ ပါလက်စတိုင်းတွေကြား ရုန်းရင်းဆန်ခတ်မှုအတွင်း အစ္စရေးရဲတွေက ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ပါလက်စတိုင်း-အမေရိကန် လူငယ်တယောက်ရဲ့ ဈာပနကို အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး ရာနဲ့ချီတဲ့လူတွေ တက်ရောက်ခဲ့ပါတယ်။

အမေရိကန်အစိုးရ ပြောခွင့်ရ ဂျန်စာကီက ဒီလူငယ်ဟာ အမေရိကန်နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုပြီး မြန်ဆန်ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ဆော်သြလိုက်ပါတယ်။

အမေရိကန်အရာရှိတွေက စုံစမ်းမှုကို ဦးဆောင်တဲ့ ဒေသခံအာဏာပိုင်တွေနဲ့အတူ နီးနီးကပ်ကပ် ထိတွေ့လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

အသက် ၁၄ နှစ်အရွယ် အော်ဝါဟမ်းမဒ်ဟာ ပါလက်စတိုင်းမြောက်ပိုင်း စီလ်ဝဒ်ရွာမှာ ခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရတာပါ။

အစ္စရေးစစ်တပ်ရဲ့ ပြောခွင့်ရကတော့ “ပါလက်စတိုင်း ယောက်ျားတယောက်က စီလ်ဝဒ်ရွာနားက လမ်းမကြီးပေါ်မှာ ဓာတ်ဆီပုလင်းဗုံးနဲ့ ပစ်တာကို အစ္စရေးဘက်က တုံ့ပြန်တာ” လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် ဂျေရုဆလင်မြို့နားက အာရပ်ရပ်ကွက်တွေမှာ တခြားရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့လို့ လူအတော်များများ ဒဏ်ရာ ရခဲ့ကြပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတွေကြား ဇူလိုင်နဲ့ သြဂုတ် စစ်ပွဲအတွင်း အရပ်သား အများစုဖြစ်တဲ့ ပါလက်စတိုင်း အယောက် ၂ ထောင်ကျော် သေပြီး အစ္စရေးဘက်ကတော့ စစ်သားအများစုဖြစ်တဲ့ အစ္စရေး အယောက် ၇၀ သေဆုံးခဲ့ပါတယ်။

DVB

အမေရိကန်နှင့်ဗြိတိန်တပ်များ အာဖဂန်မှ ပြန်လည်ရုပ်သိမ်း


အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်မရိမ်းတပ်တွေနဲ့ ဗြိတိန်တပ်တွေရဲ့ စစ်ဆင်ရေးတွေအားလုံးကို မနေ့က တရားဝင်ရပ်ဆိုင်းလိုက်ပြီး တပ်စခန်းတွေကိုလည်း ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

ဟာမန်ပြည်နယ်က နောက်ဆုံးနဲ့ အကြီးဆုံး အမေရိကန်စစ်စခန်းနဲ့ ဗြိတိန်စစ်စခန်း တွေကိုလည်း အာဖဂန်တပ်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

မဟာမိတ်တပ်တွေဟာ အမေရိကန်နိုင်ငံက စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီး ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်တပ်စွဲခဲ့တာ ဖြစ်ပြီး ၁၃ နှစ် ကြာခဲ့ပါတယ်။ ဒီတပ်စခန်းမှာတင် တပ်ဖွဲ့ဝင်အင်အား ၃ သောင်းလောက်အထိ တပ်စွဲခဲ့ကြပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး မိုက်ကယ် ဖော်လွန်း (Michael Fallon) က အာဖဂန်နစ္စတန်နိုင်ငံမှာ ပိုပြီး တည်ငြိမ်အေးချမ်းလာဖို့ အခွင့်အရေးရှိတယ်လို့ ပြောဆိုပါတယ်။

လက်ရှိ အာဖဂန်နစ္စတန်မှာ အားလုံးကို ကိုယ်စားပြုတဲ့အစိုးရ ရှိလာသလို ဘာသာရေး ကွဲပြားမှုမရှိတဲ့ အာဖဂန်တပ်မတော်လည်း ရှိလာပြီလို့ ပြောဆိုပါတယ်။

ဒါပေမယ့် အခုနှစ်အတွင်း အာဖဂန်တပ်မတော်သားတွေ အကျအဆုံးများခဲ့ပြီး ထောင်နဲ့ချီတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေကတော့ စိတ်ချရတဲ့အခြေအနေမှာ မ ရှိသေးဘူးလို့ ဗြိတိန်တပ်တွေရဲ့ အကြီးအကဲက ၀န်ခံထားပါတယ်။

အခုနှစ်ကုန်မှာ နေတိုးတပ်အတော်များများကိုလည်း ပြန်ရုပ်သိမ်းတော့မှာ ဖြစ်ပေမယ့် နေတိုးတပ်ဖွဲ့ဝင် ၁၂၀၀၀ ကတော့ အာဖဂန်တပ်ဖွဲ့ဝင် ၁ သိန်းခွဲကို ထောက်ပံ့ကူညီမှုတွေ ဆက်ပေးဖို့ ၂၀၁၆ ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

DVB

တစ်နေ့ကို ဘီယာတစ်ပိုင့် (သို့) ၀ိုင်တစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဟာ မှတ်ဥာဏ် ချို့ယွင်းခြင်းကို တွန်းလှန်နိုင်


တစ်နေ့ကို ဘီယာတစ်ပိုင့် (သို့) ၀ိုင်တစ်ခွက်ကို ပုံမှန်သောက်သုံးပေးခြင်းဟာ မှတ်ဥာဏ်ချို့ယွင်းခြင်း (Dementia) ကို တွန်းလှန်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

သုတေသီတွေရဲ့ စမ်းသပ်မှုအရ နေ့စဉ် ကြိုက်နှစ်သက်တဲ့ ယမကာ တစ်မျိုးကို ပှံမှန် သောက်သုံးတဲ့ ပင်စင်စားတွေဟာ ယမကာ ဆန့်ကျင်တဲ့သူတွေထက် မှတ်ဥာဏ်ပိုကောင်းတာတွေ့ရပါတယ်။

ဒါ့အပြင် စမ်းသပ်မှုအရ ယမကာပုံမှန် သောက်သုံးခဲ့တဲ့ အသက် ၆၀ ကျော် အရွယ်ရှိသူတွေဟာ အဖြစ်အပျက်တွေ ပြန်ပြောင်းမှတ်မိခြင်းမှာ ပိုကောင်းသလို ဦးနှောက်ရဲ့ မှတ်ဥာဏ်တွေကို ထိန်းချုပ်တဲ့ hippocampus မှာလည်း ပိုမိုကောင်းမွန်မှုကိုပြတဲ့ grey matter လည်း ပိုများလာတယ်လို့ သိရပါတယ်။

အရင်က  ပြုလုပ်ခဲ့ဖူးတဲ့ တိရိစ္ဆာန်တွေ နဲ့ စမ်းသပ်စစ်ဆေးမှုတွေမှာလည်း ယမကာဟာ ဦးနှောက်မှာ ရှိပြီးသဘာဝဖြစ်စဉ်တွေရေတွက်တဲ့ အာရုံကြောဆဲလ်တွေကို အရှိန်မြှင့်ပေးတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလည်း အမေရိကန် နိုင်ငံရဲ့ သုတေသန တစ်ခုအရ လူလတ်ပိုင်းမှာ ယမကာကို ပုံမှန် သောက်သုံးခဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ မှတ်ဥာဏ်ချို့ယွင်းခြင်း (Dementia) ရောဂါ ဖြစ်တာနည်းတယ် လို့ဆိုထားပါသေးတယ်။

Ref:dailymail.co.uk

အတိုင်းအတာတစ်ခုထက် လွန်ကဲတဲ့ စပ်စုစူးစမ်းမှုကြောင့် ပလတ်စတစ်ခွက်ထဲမှ လျှာပြန်ထုတ်ဖို့ မီးသတ်တပ်ဖွဲ့ခေါ်ခဲ့ရ


၆ နှစ်အရွယ် ကလေးမလေးဟာ အလွယ်တကူ စုတ်ဖြဲလို့မရတဲ့ ပလတ်စတစ်ခွက် အပေါက်တစ်ခုထဲသို့ လျှာကို ထိုးသွင်းပြီးတဲ့နောက် မီးသတ်အဖွဲ့ရဲ့ကူညီကင်တင်မှုကို ရယူခဲ့ရပါတယ်။ တရုတ်ပြည်မြောက်ပိုင်း Qingdao ဒေသက အဲဒီကလေးမဟာ ပလတ်စတစ်ခွက်အဖုံးရဲ့ အပေါက်တစ်ခုကနေတဆင့် ရေသောက်နေရင်း အပေါက်ဝမှာ လျှာဟာ ညပ်သွားခဲ့တာဖြစ်တယ်။

တစ်နာရီလောက် ညပ်နေတဲ့လျှာကို ပြန်ထုတ်လို့ မရဖြစ်နေချိန်မှာ လျှာဟာအတော်လေးကို ယောင်ကိုင်းနေခဲ့ပါပြီ။ အနီးအနား ဆေးရုံက ဆရာဝန်တွေက ကြီးသွားတဲ့လျှာကနေ ပလတ်စတစ်ခွက်အဖုံးကို မဖြတ်ထုတ်နိုင်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ မီးသတ်အဖွဲ့က မိနစ် ၂၀ လောက်အချိန်ယူပြီး  အဲဒီအဖုံးကို ဖယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

Source: Metro

အစိုးရ၏ အဆိုပြုချက်များ မဲခွဲရွေးချယ်မည့် အစီအစဉ်ကို ဟောင်ကောင်ဒီမိုကရေစီ သပိတ်ခေါင်းဆောင်များ ဖျက်သိမ်း


ဟောင်ကောင်တွင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများ ပြေလည်နိုင်ရေးအတွက် အစိုးရ၏ အဆိုပြုချက်များကို မဲခွဲဆုံးဖြတ်ပြီး ရွေးချယ်ရန် ဒီမိုကရေစီ အင်အားစုများနှင့် ကျောင်းသားခေါင်းဆောင်များက စီစဉ်ထားသော်လည်း နောက်ဆုံးတွင် ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့ အစိုးရ၏ အဆိုပြုချက်များကို မဲပေးရွေးချယ်ရန် စီစဉ်ခဲ့သော်လည်း ယင်းကိစ္စအပေါ် သဘောမတူညီမှုများ ထွက်ပေါ်ခဲ့သောကြောင့် မဲမပေးဘဲနေရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆန္ဒပြ ခေါင်းဆောင်များက ပြောကြားသည်။

အစိုးရ၏ ကမ်းလှမ်းချက်များကို အီလက်ထရွန်နစ် စနစ်ဖြင့် မဲပေးရွေးချယ်ကြရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သော်လည်း မဲပေးမည့် အစီအစဉ် မစတင်မီ နာရီပိုင်းအလိုတွင် ဖျက်သိမ်းခဲ့ကြခြင်း ဖြစ်သည်။

ဟောင်ကောင် ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များနှင့် အစိုးရ အရာရှိကြီးများသည် ပြီးခဲ့သည့် အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း၊ ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ယင်းဆွေးနွေးပွဲမှာ နိုင်ငံရေး ပဋိပက္ခများအတွက် တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်မျှသာ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

ဟောင်ကောင် အစိုးရကိုယ်စားလှယ် ကယ်ရီလမ်က ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို တရုတ်ဗဟိုအစိုးရထံသို့ အစီရင်ခံ တင်ပြပေးမည် ဖြစ်ကြောင်း၊ ရှေ့လျှောက် အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အတွက် ဆွေးနွေးပွဲ ပြုလုပ်နိုင်မည့် အနေအထားတစ်ခု ဖန်တီးပေးမည် ဖြစ်ကြောင်း ဆန္ဒပြ အင်အားစုများကို ကမ်းလှမ်းခဲ့သည်။

အဆိုပါ ကမ်းလှမ်းချက်များကို ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီ အင်အားစုများက ဦးစွာငြင်းပယ်ခဲ့ပြီးမှ အီလက်ထရွန်နစ်စနစ် အသုံးပြုကာ မဲခွဲဆုံးဖြတ်ရန် စဉ်းစားခဲ့ကြခြင်း ဖြစ်သည်။

“မဲပေးမယ့် အစီအစဉ်ကို အရေးပေါ် လုပ်ဆောင်နေရတယ်လို့ ကျွန်တော်တို့ ထင်မှတ်ခဲ့ကြတယ်။ အဲဒါကြောင့် အဲဒီအစီစဉ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ဒါပေမဲ့ အဲဒီလို ဆုံးဖြတ်တာဟာ ဆန္ဒပြမှု အဆုံးသတ်လိုက်တယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး” ဟု ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်တစ်ဦး ဖြစ်သူ ဘန်နီတန်က ပြောကြားသည်။

လက်ရှိ အနေအထားတွင် ဆန္ဒပြသူဦးရေ လျော့ကျလာပြီ ဖြစ်သော်လည်း ပင်မခေါင်းဆောင်များနှင့် နိုင်ငံရေး အင်အားစုများက ဟောင်ကောင်၏ အဓိကျသော နေရာများအား သိမ်းပိုက်ရယူထားမှုကို စွန့်လွှတ်မည် မဟုတ်ဟု ဆိုကြသည်။

ဟောင်ကောင်ကျောင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက လာမည့် ၂၀၁၇ ခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် တရုတ်ပြည်မကြီး အစိုးရ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ပေးရန်နှင့် ဟောင်ကောင် အကြီးအကဲ လီချန်ယင်းအား နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

The Voice Weekly

ဟောင်ကောင်ဆန္ဒပြပွဲကို ဆန့်ကျင်သည့်လှုပ်ရှားမှု စတင်


ဟောင်ကောင်မြို့လယ်သိမ်းပိုက်ပြီး ဒီမိုကရေစီရရှိရေး ဆန္ဒပြတာကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ထောင်သောင်းချီတဲ့ ဟောင်ကောင်ဒေသခံတွေဟာ သီတင်းပတ်ကုန်ရက်တွေက စတင်လိုက်ပါတယ်။

ဆန္ဒပြမှုကြောင့် နေ့စဉ် လူနေမှုဘဝ ထိခိုက်လို့ ဆန္ဒပြသူတွေကို ဆန့်ကျင်ပြီး ရဲတွေဘက်ကို အားပေးကြောင်းပြတဲ့လူတွေ ပိုတိုးလာနေပါတယ်။

ယာယီမဏ္ဍပ်ပေါင်း ၉၀၀ ကျော်ကို မြို့တလွှား ဆောက်လုပ်ပြီး ဆန္ဒပြပွဲတွေကို ဆန့်ကျင်ကြောင်း ပြထားပါတယ်။

ဆန္ဒပြမှုတွေက မြို့ရဲ့အသက်သွေးကြော လမ်းတွေကို ၁ လနီးပါး ပိတ်ထားလို့ ပြည်သူ ခံစားချက်တွေလည်း မြင့်နေပါတယ်။

ဝမ်ချိုင်းရပ်ကွက်ထဲက မြေအောက်ရထားဘူတာ ရုံနားမှာ ရဲတွေနဲ့ အစိုးရကို ထောက်ခံ သူတွေက သူတို့နာမည်တွေ ချရေးပြီး တရားဥပဒေပြန်လည် စိုးမိုးရေး တောင်းဆိုကြပါတယ်။

ဖြတ်သွားဖြတ်လာတွေ၊ ကျောင်းသားမိဘတွေနဲ့ ဈေးသည်တွေက ဆန္ဒပြပွဲကြောင့် ယာဉ်ကြော ပိတ်ဆို့ပြီး နေ့စဉ်ဘဝနဲ့ စီးပွားရေး ထိခိုက်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က စတင်တဲ့ ဒီလှုပ်ရှားမှုကို ၉ ရက်ကြာ ပြုလုပ်မှာပါ။ အသက်ကန့်သတ်ချက် မရှိပေမယ့် ပါဝင်လက်မှတ်ထိုးသူတွေ တကြိမ်တည်း လက်မှတ်ထိုးတာ သေချာစေဖို့ သူတို့ရဲ့ မှတ်ပုံတင်ကတ်တွေကို ပြရပါတယ်။

DVB

အိုက်အက်စ်စစ်သွေးကြွများကို အမေရိကန် လေကြောင်းဖြင့် တိုက်ခိုက်


ဆီးရီးယားနဲ့ တူရကီနယ်စပ်နားက ခိုဘာနီမြို့မှာရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကို အမေရိကန် ဦးဆောင်တပ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ အောက်တိုဘာ ၂၆ ရက်နေ့က  ပြုလုပ်ခဲ့ပါတယ်။

ကာဒစ်ရှ် ပြည်သူစစ်တွေဟာ တင့်ကားတွေ၊ အမြောက်တွေ၊ အသေခံ ကုန်ကားဗုံးတွေနဲ့ လက်နက်ပိုကောင်းကောင်း တပ်ဆင်ထားတဲ့ အိုင်အက်စ်စ်သွေးကြွတွေရန်ကနေ ခိုဘာနီမြို့ကို ခုခံဖို့ ရုန်းကန်နေခဲ့ရတာပါ။

အိုင်အက်စ်အဖွဲ့က ဆီးရီးယားမြောက်ပိုင်း ပိုင်နက်တွေကို စုစည်းချင်ပေမယ့် အမေရိကန် ဦးဆောင်တပ်တွေက သူတို့ တပ်စခန်းတွေကို ဗုံးကြဲမှုစတည်းက ခံစစ်ပုံစံ ပြောင်းခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ တူရကီအတွက်လည်း အကြီးစား နိုင်ငံရေးပါ။ တူရကီနိုင်ငံတွင်းက ကာဒစ်ရှ် သူပုန်တွေက အစိုးရဟာ ခိုဘာနီမြို့ကို ကူညီဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် ဒေါသထွက်နေပါတယ်။

တူရကီက ကာ့ဒ်လူမျိုးတွေကတော့ တူရကီ၊ အီရတ်နဲ့ ဆီးရီးယားမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နယ်မြေရရေး ကြိုးစားနေတဲ့ ကာ့ဒ်လူမျိုးတွေ အားကောင်းလာမှာကို တူရကီ သမ္မတက မလိုလားဘူးလို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့် သူဟာ အီရတ်က ကာဒစ်ရှ်တပ်တွေ တူရကီကို ဖြတ်သန်းပြီး ဆီးရီးယား နိုင်ငံ ခိုဘာနီမြို့တွင်းက ကာ့ဒ်တွေကို ကူညီဖို့ ခွင့်ပြုရေး သဘောတူထားပါတယ်။ ခိုဘာနီမြို့အရေးဟာ အိုင်အက်စ်ရဲ့ ခြိမ်းခြောက်မှုအပေါ် နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေရဲ့ တုံ့ပြန်မှု၊ စိတ်ချရမှု ရှိ၊ မရှိ စစ်ဆေးပွဲအပေါ် မူတည်လာနေပါတယ်။

DVB








ဗြိတိန်ရဲဝန်ထမ်းများ လိပ်ကျွန်းကို သွားရောက်စစ်ဆေး

ထိုင်းတောင်ပိုင်း ကော်ဖငန်းမြို့နယ် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ သူတို့နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ရဲဝန်ထမ်း ၃ ဦးဟာ အခင်းဖြစ်ပွားရာ နေရာကို အောက်တိုဘာ ၂၅ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ခိုတောင်ကျွန်းကို ဗြိတိန်ရဲတွေ လာရောက်စဉ် တာဝန်ကျထိုင်းရဲတွေက သူတို့ကို အမှုနဲ့ ပတ်သက်တဲ့ နေရာ ၄ ခုကို လိုက်ပို့ခဲ့ပြီး မသက်ဆိုင်သူတွေကို ဓာတ်ပုံရိုက်ခွင့် လုံးဝပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ဗြိတိန်ရဲတွေဟာ ခိုတောင်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့နေရာ၊ တရားခံတွေ ဂစ်တာထိုင်တီးတဲ့နေရာ၊ လူသတ်ရာမှာ အသုံးပြုတဲ့ ပေါက်ပြား တွေ့ရှိရာ နေရာနဲ့ အသတ်ခံရသူရဲ့ တယ်လီဖုန်းကို ဖျက်ဆီးလွှင့်ပစ်ခဲ့တဲ့ နေရာတွေကို အချိန် ၁ နာရီကြာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် ၂ နိုင်ငံက ရဲတွေဟာ မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြကြောင်း၊ ဗြိတိန်ရဲတပ်ဖွဲ့တွေ သိလိုတဲ့မေးခွန်းကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ရဲချုပ်ကြီး ဆုမ်ယုဒ် ဖွန့်ဖမ်းမုန့်က ဖြေကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုကို ဗြိတိန်ရဲတွေက ကျေနပ်မှုရှိခဲ့တယ်လို့   ရဲချုပ်ကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရပြီးတဲ့နောက် ခရီးသွား လုံခြုံရေးကို တိုးမြှင့်တဲ့အနေနဲ့  ကော်ဖငန်းကျွန်းတခုက လွဲပြီး ကျန်တဲ့ကျွန်းစုတွေမှာ လပြည့်ည တိုင်းကျင်းပလေ့ရှိတဲ့ ဖူးလ်မွန်းပါတီ ပျော်ပွဲရွှင်ပွဲကျင်းပခွင့်ကို ဆူရတ်ဌာနီခရိုင်အုပ်ချုပ်ရေးမှူးက ပိတ်ပင်လိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) ကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။
ဗြိတိန် ၂ ဦးကို သတ်မှုနဲ့ ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးက သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲနဲ့ စကားပြန်က အတင်းဝန်ခံခိုင်းတာဖြစ်ပြီး ၀န်မခံရင် ဓာတ်ဆီလောင်းမီးရှို့ ခံရမယ်လို့ ခြိမ်းခြောက်ခံရတဲ့အကြောင်း အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

DVB

24.10.14

ဆီရီးယားမြောက်ပိုင်းကို ကာ့ဒ်တပ်ဖွဲ့များ စေလွှတ်ရန် သဘောတူ


အီရတ်နိုင်ငံ ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပါလီမန်က ကိုဘာနီမြို့အပါအ၀င် ဆီးရီးယား မြောက်ပိုင်းကို ပတ်ခ်ျမာဂါ(Peshmerga) ကာ့ဒ်တပ်ဖွဲ့တွေကို စေလွှတ်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က သဘောတူလိုက်ပါပြီ။

ဆီးရီးယားကာ့ဒ်တွေကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့ ထောက်ပံ့ခဲ့ပြီး မကြာခင်မှာပဲ အခုလို ကာ့ဒ်တပ်ဖွဲ့တွေကို စေလွှတ်ဖို့ သဘောတူခဲ့ကြတာပါ။

အီရတ်နိုင်ငံက ပတ်ခ်ျမာဂါတပ်ဖွဲ့ဝင် အယောက် ၂၀၀ ပထမဆုံး စေလွှတ်ဖို့ စီစဉ်နေပြီလို့လည်း တူရကီသမ္မတက အောက်တိုဘာ ၂၃ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။

ကိုဘာနီမြို့ကို ခုခံကာကွယ်နေတဲ့ ဆီးရီးယားကာဒ့်တွေထက် ပိုအစွမ်းထက်တဲ့ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ ပါဝင်မယ်လို့လည်း သိရပါတယ်။

ကိုဘာနီမြို့ကို ၀ိုင်းတိုက်နေတဲ့ အိုင်အက်စ်ကွပ်ကဲရေးစခန်းတွေကို အောက်တိုဘာ ၂၂နဲ့ ၂၃ ရက်နေ့အထိ ၂ ရက်အတွင်း အမေရိကန်လေတပ်က ၄ ကြိမ် ဗုံးကြဲခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ပြောဆိုပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေ တူရကီနိုင်ငံကို ဖြတ်ပြီး ကိုဘာနီမြို့မှာ လာရောက်တိုက်ခိုက်နိုင်ဖို့ တူရကီနိုင်ငံက ဒီတပတ်အစောပိုင်းကပဲ သဘောတူခွင့်ခဲ့တာပါ။

ပထမပိုင်းတော့ ခွင့်မပြုခဲ့ပေမယ့် မူဝါဒက ချက်ချင်း အပြောင်းအလဲ ဖြစ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်လေတပ်က ဆီးရီးယားနိုင်ငံထဲမှာ တိုက်ရိုက် ၀င်တိုက်ခိုက်ဖို့နဲ့ တူရကီ စစ်အခြေစိုက်စခန်းတွေကနေ အိုင်အက်စ်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖိုကိုတော့ တူရကီနိုင်ငံက ခွင့်မပြုပါဘူး။

DVB

ဘန်ကောက်တွင် မြန်မာအလုပ်သမားများထံ ငွေလိမ်ခဲ့သည့် ကုမ္ပဏီကို ၀င်ရောက်စီးနင်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားတွေဆီက ဘတ်ငွေ သန်းပေါင်း ၃၀ နီးပါး လိမ်လည်ခဲ့တဲ့ ကုမ္ပဏီကို သက်ဆိုင်ရာ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံ စီးပွားရေးဆိုင်ရာဒုစရိုက်မှုနှိမ်နင်းရေးဌာနက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်နဲ့ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အင်အား ၃၀ နီးပါးဟာ ဘန်ကောက် ဖလမ်းဆောင်နယ်မြေ ဒီကေအိမ်ယာမှာရှိတဲ့ စန်ကျောက်ပင်း (Sun Jao Ping) ကုမ္ပဏီကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ဒီစီးနင်းမှုမှာ မြန်မာနိုင်ငံသား ကုမ္ပဏီဝန်ထမ်းတွေအပါအ၀င် ၁၅ ဦးကို ကုမ္ပဏီရောင်း ကုန်ပစ္စည်းတွေနဲ့ အတူ ဖမ်းထားတယ်လို့ တွဲလက်ညီအလုပ်သမားအဖွဲ့ဝင် ကိုကျော်လင်းဦးက ဒီဗွီဘီကို ခုလို ပြောပြပါတယ်။

“တာဝန်ရှိတဲ့ ၀န်ထမ်းတွေနဲ့အတူ ကျနော်ပါ ပါသွားပါတယ်ခင်ဗျ။ တာဝန်ရှိသူတွေက ကုမ္ပဏီထဲဝင်ပြီး ဘယ်သူမှထွက်ပြေးလို့မရအောင် တံခါးပိတ်လိုက်တယ်။ အထဲက ၀န်ထမ်းတွေကို စစ်ဆေးမေးမြန်းတယ်။ ရုံးခန်းထဲက စာရွက်စာတမ်းတွေ ၊ ကွန်ပြူတာ၊ ရောင်းကုန်ပစ္စည်းတွေ ပက်ပ်စီ ဘီယာတွေရော အားလုံးကို သိမ်းဆည်းလိုက်ပါတယ် ၊ အားလုံး ၁၅ ယောက်၊ မြန်မာက ၁၃ ယောက် အဓိကက ကိုလေးတို့ ကိုသိုက်တို့ ခေါင်းဆောင်တဲ့အဖွဲ့ပေါ့။ ဒီလူတွေကို မနေ့ညက ဒုစရိုက်နှိမ်နင်းရေးဌာနမှာဘဲ ထိန်းသိမ်းထားပါတယ်။ ကုမ္ပဏီပိုင်ရှင်ကို တော့ သိထားပြီးပြီ။ တွေ့ထားပြီးပြီ။ ၀ရမ်းစာမရသေးလို့ မဖမ်းသေးဘူးလို့ ပြောပါတယ်။”

ဖမ်းထားတဲ့သူတွေကို မနေ့ညက ဒုစရိုက်နှိမ်နင်းရေးဌာနမှာဘဲ ထိန်းသိမ်းထားပါတယ်။

အဆိုပါ ကုမ္ပဏီဟာ အလုပ်သမားတွေကို အစုဝင်ရှယ်ယာ ဘတ်ငွေ ၁ သောင်းစီ ရောင်းချပေးခဲ့ပြီး ၄ လ ကြာရင် အမြတ်အစွန်း ၄ ဆ ရမယ်လို့ ပြောခဲ့ပေမယ့် ၄ လကျော်တဲ့ထိ အရင်းရော အမြတ်ပါ မရလို့ အလုပ်သမားတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အစုရှယ်ယာ ၀ယ်ယူသူ မြန်မာအလုပ်သမားပေါင်း ၂ ထောင်ကျော်ရှိပြီး ဆုံးရှုံးငွေ ဘတ်သန်းပေါင်း ၃၀ နီးပါး ရှိတယ်လို့ ငွေလိမ်ခံရသူတွေက ပြောပါတယ်။

ဒုစရိုက်နှိမ်နင်းရေးဌာနက ကုမ္ပဏီပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရောင်းချပြီး သူတို့ ဆုံးရှုံးငွေတွေ ပြန်လျော်ပေးမယ်လို့ ကိုကျော်လင်းဦးက ပြောသွားပါတယ်။

DVB

မြန်မာလူငယ် နှစ်ဦးတို့က အမှုဝန်ခံချက် ပြန်ရုပ်သိမ်း




ထိုင်းနိုင်ငံ ခိုတောင်ကျွန်း၌ စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရသည့် ဗြိတိန်နိုင်ငံသား
နှစ်ဦး ကို သတ်သည်ဟုဆိုကာ ဖမ်းဆီးစွပ်စွဲခံထားရသည့် မြန်မာလူငယ် နှစ်ဦးသည် ၎င်းတို့
အမှုကျူးလွန်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ထံ ၀န်ခံထားမှုကို တရားဝင် ရုပ်သိမ်းခဲ့သည် ၎င်းတို့၏
မိဘများသည်လည်း ယခုလ ၂၁ ရက်နေ့က ထိုင်းဗီဇာ ရရှိခဲ့ပြီး ယခုလ ၂၂ ရက်နေ့တွင်
မြန်မာနိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

၎င်းတို့သည် လူငယ်နှစ်ဦးနှင့် တွေ့ဆုံကြမည် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တစ်လခန့် နေထိုင်ကြမည်
ဖြစ်သည်ဟု ထိုအရေးကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေသူ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး
ဖောင်ဒေးရှင်း (မြန်မာ) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ယခုလ ၁၄ ရက်နေ့တွင်
မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ပွဲကို ယခုလ ၂၃ ရက်နေ့ ညနေပိုင်းက
ဘန်ကောက်မြို့ တွင်ကျင်းပခဲ့ရာ ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းရှေ့နေများ
ကောင်စီ၊ မြန်မာသံရုံး တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားအရေး လှုပ်ရှားနေသူများ အပါအ၀င်
ဖမ်းဆီးခံ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ မိဘများ ပါဝင်ကာ ဆက်လက်ဆောင်ရွက်မည့်ကိစ္စများ
ကို ဆွေးနွေးခဲ့ကြသည်။

လူငယ်နှစ်ဦးက အမှုကျူးလွန်ခဲ့သည်ဟု ထိုင်း ရဲတပ်ဖွဲ့ထံ ၀န်ခံထားမှုကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး
အဆိုပါရုပ်သိမ်းထားသည့် စာကို ယခုလ ၂၂ ရက်နေ့က လက်ခံရရှိခဲ့သည်ဟု တရားလို
ရှေ့နေများ ကပြောကြားသည်။

၎င်းတို့နှစ်ဦးက ထိုင်းရဲတပ်ဖွဲ့တွင် ၀န်ခံချက်ပေးထားမှုကို တရားဝင် ပြန်လည်ရုပ်သိမ်းကြောင်းစာ
ကိုလည်း အဆိုပါ လိပ်ကျွန်း လူသတ်မှု တရားစွဲဆိုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပိုင်ဘွန်း
အာချဝန်နာထခွန် ထံ ထိုင်းရှေ့နေများ ကောင်စီမှ ရှေ့နေ မစ္စတာရတ်စဒါ မန်နူရာစဒါက ယခုလ
၂၁ ရက်နေ့က ပေးအပ်ခဲ့ကြောင်းနှင့် မြန်မာသံရုံး၏ အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့် ကလည်း
မြန်မာနှစ်ဦး၏ ထိုင်းရဲစခန်းတွင် ထွက်ဆိုချက်ပေးခဲ့မှုသည် တရားရုံးတွင် သက်ရောက်မှု
မရှိကြောင်း၊ ယခုကဲ့သို့ ရဲစခန်း ၀န်ခံချက်ကိုလည်း ပြန်လည် ရုပ်သိမ်းပိုင်ခွင့် ရှိကြောင်း
ပြောကြားခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ရေးသားထားသည်။

ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးမှာ အမှုကို ကျူးလွန်ခဲ့ခြင်းမရှိသလို ပါဝင်ပတ်သက်ခဲ့ခြင်းလည်း
မရှိကြောင်း၊ ၎င်းတို့ကို ထိုင်းရဲတပ်ဖွဲ့က နှိပ်စက်ခဲ့ခြင်းများရှိသည်ဟု ၎င်းတို့နှစ်ဦးအတွက်
ဆောင်ရွက်ပေးနေသည့် ရှေ့နေဖြစ်သူ Surapong Kongchantuk က အေအက်ဖ်ပီ သတင်းဌာန
သို့ ပြောကြားခဲ့သည်။

သို့သော် ထိုင်းရဲတပ်ဖွဲ့ကလည်း အဆိုပါ လူငယ်နှစ်ဦးကို တရားခံအဖြစ် အစားထိုးခဲ့သည်ဆိုသည့်
အချက်အပေါ် ငြင်းဆိုခဲ့သလို ဒီအင်န်အေ စစ်ဆေးချက်၊ စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိခဲ့ရသော
သက်သေအထောက်အထားများနှင့်တကွ စာမျက်နှာ ၈၅၀ ပါ အစီရင်ခံစာတစ်ရပ်ကို ယခုလ
၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှုနှင့် မုဒိမ်းမှုတို့ဖြင့် ဖမ်းဆီး
စစ်ဆေးခဲ့ကာ အခြားနိုင်ငံများတွင် မျိုးရိုးဗီဇ ကိုက်ညီမှု စစ်ဆေးရန်အတွက် ၄၈ နာရီမှ ၇၂ နာရီ
အထိ အချိန်ယူလေ့ရှိသော်လည်း သေဆုံးသူ ဗြိတိသျှအမျိုးသမီး၏ ကိုယ်တွင်တွေ့ရှိခဲ့သည့်
သဲလွန်စများနှင့် မြန်မာလူငယ်နှစ်ဦး၏ မျိုးရိုးဗီဇများ ကိုက်ညီမှု ရှိသည်ဟု ထိုင်းရဲတပ်ဖွဲ့က
၂၄ နာရီအတွင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူငယ်နှစ်ဦးကို စစ်ဆေးမေးမြန်းရာတွင် ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်မှုများ ရှိနေသည်ဟု
သတင်းများထွက်ပေါ်ခဲ့ရာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်များကို
လေးစားလိုက်နာရန်အတွက် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ယခုလ ၂၁ ရက်နေ့တွင် စာပေးပို့ကာ မေတ္တာရပ်ခံ
တိုက်တွန်းခဲ့သည်။

"၎င်းတို့ နှစ်ဦးအနေဖြင့် ပြစ်မှုကျူးလွန်သည်မှာ မှန်ကန်မှု ရှိပါလျှင် ဥပဒေနှင့်အညီ အရေးယူ
ခံရမည် ဖြစ်သော်လည်း ပြစ်မှုကို စုံစမ်းဖော်ထုတ်ရာတွင် တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးဖို့
လိုအပ်ပါသည်။ ထို့ပြင် ၎င်းတို့ နှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ သူတို့ပြစ်မှုကျူးလွန်
ပါသည်ဟု ၀န်ခံအောင် ရိုက်နှက်နှိပ်စက်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်
ရှိပါသည်။

"သို့ဖြစ်ရာတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပါရှိသည့်အတိုင်း ညှဉ်းပန်းနှိပ်စက်ခြင်း
မခံရစေရေးနှင့် အမှုကို လိုအပ်သည်ထက် ပို၍ မကြာစေရေးအတွက် ထိုင်းနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လိုအပ်သလို ကူညီပံ့ပိုး ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ
အပ်ပါသည်"ဟု စာတွင် ဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာလူငယ် နှစ်ဦးကို ဘန်ကောက်မြို့ရှိ မြန်မာသံအရာရှိများ
က ကောင်စစ် အလုပ်ဝတ္တရားများနှင့်အညီ တွေ့ဆုံဆောင်ရွက်ခွင့်နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ
လာရောက် တွေ့ဆုံခွင့်ပြုရေးတို့ကို လူသားချင်းစာနာ ထောက်ထားမှုအရ ခွင့်ပြုဆောင်ရွက်ပေးရန်
မျှော်လင့်ကြောင်း ဖော်ပြထားသည်။

"ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံ
အလုပ်သမား နှစ်ဦး၏ လူ့အခွင့်အရေး ဖောက်ဖျက် မခံရစေရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ
ဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အလေးအနက်
မေတ္တာရပ်ခံအပ်ပါသည်" ဟု ရေးသားထားသည်။

သို့သော် ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများမှာ ပွင့်လင်းမြင်သာမှု မရှိဟု ထိုင်းပြည်တွင်း
သတင်းစာများက ရေးသားခဲ့ပြီး ဗြိတိန်မီဒီယာများကလည်း ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့်
ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့ ၏ စုံစမ်းစစ်ဆေးမှုများကို ဝေဖန်ရေးသားခဲ့သည်။

အမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပူးတွဲလုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံနှင့် ဗြိတိန်တို့မှ
ကိုယ်စားလှယ်အဖွဲ့များကိုလည်း ထိုင်းနိုင်ငံက လက်ခံခဲ့သည်။

Myanmar Times

ကျွမ်းကျင်လုပ်သား ရှားပါးရတဲ့အကြောင်း


မကြာမီက ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ကို လာရောက်လည်ပတ်ပြီး ဗမာအစိုးရနဲ့ ဆွေးနွေးတဲ့ကိစ္စတွေမှာ မြန်မာအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရေးလည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်ကပဲ ရွှေ့ ပြောင်းလုပ်သားတွေကို အတင်းအကျပ် နှင်ထုတ်မှာမဟုတ်ဘဲ တရားဝင်နေထိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ဦးသိန်းစိန်ကို အကြောင်းကြားခဲ့ပါသေးတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်မှာ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ပြဿနာကို သတင်းမီဒီယာမှာ မကြာခဏ ဖော်ပြနေပါတယ်။ ဥပမာ ကျွမ်းကျင်လုပ်သား ရှားပါးလို့ ထိုင်းက မြန်မာအလုပ်သမားတွေ ပြန်ခေါ်တာမျိုးတောင် ရှိပါတယ်။

ထိုင်းနိုင်ငံ Mahidol တက္ကသိုလ် Migration Center က (၂၀၁၂) မှာ ထုတ်ဝေခဲ့တဲ့စာတမ်းအရ ထိုင်းမှာ မြန်မာအလုပ်သမား (၄) သန်း၊ မလေးရှားမှာ (၃) သိန်း၊ စင်္ကာပူမှာ (၂) သိန်း၊ ဘင်္ဂလားဒေ့ရှ်မှာ (၁) သိန်း၊ ဂျပန်မှာ (၁) သောင်း၊ ကိုရီးယားမှာ (၁) သောင်း ရှိကြောင်း သိရပါတယ်။ တရုတ်နဲ့ အိန္ဒိယမှာ ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ ခန့်မှန်းတာ မတွေ့ရပါဘူး။ ၁၉၈၈ မှာ အရပ်သားတွေကို ထောင်သောင်းချီ သတ်ဖြတ်ပြီး စစ်အာဏာသိမ်းချိန်ကစပြီး ကျွမ်းကျင်လုပ်သားအပါအဝင် မြန်မာပြည်သူပြည်သား အများအပြား အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွါပြီး အလုပ်လုပ်နေကြတာမို့ အနှစ် (၂၀) ကျော်ပြီ ဖြစ်ပါတယ်။

ထိုင်း မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယားနဲ့ အာရေဗျပင်လယ်ကွေ့နိုင်ငံတွေမှာ အလုပ်လုပ်ကြသူတွေကို ယေဘုယျအားဖြင့် ရွှေ့ ပြောင်းလုပ်သားတွေလို ခေါ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်သူဦးရေ အများဆုံးဖြစ်ပါတယ်။ ဘန်ကောက်အခြေစိုက် IDE ဂျပန်သုတေသန ဌာနခွဲရဲ့  စာရင်းအရ အလုပ်လုပ်ဖို့ (၂၀၁၂) မှာ မှတ်ပုံတင်တဲ့ မြန်မာပြည်သား (၁) သန်းကျော်ရှိပြီး မှတ်ပုံမတင်သူကတော့ (၂) သန်းကျော်၊ (၃) သန်းအထိ ရှိနိုင်တယ်လို့ ခန့ှ်မှန်းကြပါတယ်။ ဒီအထဲမှာ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး မွေးမြူးရေးကဏ္ဍမှာ အများဆုံးဖြစ်ပြီး (၆၅) ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ငါးလုပ်ငန်း၊ အထည်ချုပ်နဲ့ အရောင်းလုပ်ငန်းတွေမှာလည်း မြန်မာအလုပ်သမားတွေ များပါတယ်။

မြန်မာပြည်သား ကျဘမ်းအလုပ်သမား သန်းနဲ့ချီရှိနေပေမယ့် ကျွမ်းကျင်လုပ်သားကတော့ သောင်းဂဏန်းလောက်သာ ရှိပုံရပါတယ်။ ဘန်ကောက်အခြေစိုက် Assumption တက္ကသိုလ်ဘောဂဗေဒ ကထိက ဒေါက်တာမြတ်မွန် မကြာမီက ရေးသားတဲ့စာတမ်းအရ (၂၀၀၆) မှာ ကျွမ်းကျင်လုပ်သား (၈၆၄၄) ယောက် ထိုင်းနိုင်ငံမှာရှိကြောင်း သိရပါတယ်။ ၁၉၈၈ အရေးတော်ပုံ ဖြိုဖျက်ခံရပြီးတဲ့နောက်မှာ ကျွမ်းကျင်လုပ်သားတွေ ထိုင်းနိုင်ငံကို ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ ထိုင်းမှာကြီးပြင်းတဲ့ ကလေးတွေလည်း ပညာတတ်ကျွမ်းလုပ်သားတွေ ဖြစ်ကုန်ကြပါတယ်။ မဟာသိပ္ပံဘွဲ့ရသူတွေရှိပြီး ဆရာ၊ ဆရာမနဲ့ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။ ထိုင်းရဲ့  ပညာရေး၊ စီးပွားရေး တိုးတက်မှုမှာ မြန်မာပြည်သား ကျွမ်းကျင်လုပ်သားတွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းစီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် အထောက်အကူပြုသူထဲမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဟာ ထင်ရှားတဲ့ အခန်းက ပါဝင်ပါတယ်။ ထိုင်းမှာ အမြဲတမ်း လိုအပ်နေတဲ့ လုပ်ခနည်း အလုပ်သမားတွေကို အများဆုံးပေးတာဟာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ လုပ်ခသက်သာတဲ့ မြန်မာအလုပ်သမားကြောင့် ထိုင်းလုပ်ငန်းရှင်တွေဟာ အာဆီယံမှာ သူများထက် တပမ်းသာနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။ ထိုင်းအလုပ်သမားလောက် လုပ်ခမရပေမယ့် ရွှေ့ ပြောင်းလုပ်သားရဲ့  ဝင်ငွေဟာ မြန်မာပြည်က အလုပ်သမားထက် ပိုများပါတယ်။ ဒါကြောင့်လဲ မြန်မာအထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားရှားပါးတဲ့ ပြဿနာရှိနေပြီး ထိုင်းအထည်ချုပ်လုပ်ငန်းမှာ မြန်မာအလုပ်သမား (၄) သောင်းခွဲ ရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ ပြောင်းလုပ်သားထဲမှာ ကျွမ်းကျင်လုပ်သားနဲ့ အတတ်ပညာရှင်တွေလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ငွေပြန်ပို့တဲ့ ပမာဏဟာ ဒေါ်လာသန်း (၃၀၀) နဲ့ (၁၂၀၀) ကြားမှာ ရှိနိုင်တယ်လို့ ဘန်ကောက်အခြေစိုက် IDE ဂျပန်သုတေသနဌာနရဲ့  (၂၀၁၂) အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာဆီယံ စီးပွားရေးအသိုက်အဝန်းရဲ့  ဦးတည်ချက်ထဲမှာ ကျွမ်းကျင်လုပ်သား skilled workers တွေ အာဆီယံဒေသမှာ လွတ်လပ်စွာ ရွှေ့ ပြောင်းလုပ်ကိုင်နိုင်ရေးလည်း ပါဝင်ပါတယ်။ လောလောဆယ်တော့ လုပ်ခအများဆုံးပေးတဲ့ စင်္ကာပူ၊ မလေးရှားနဲ့ ဘရူနိုင်းကို ကျွမ်းကျင်လုပ်သား အများဆုံးသွားကြပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ ရွှေ့ ပြောင်းလုပ်သားတွေ ပြန်လာဖို့ ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံခြားမှာလို လုပ်ခရပြီး လုပ်ငန်းခွင် အခြေအနေကောင်းရင် ပြန်လာသူတွေ ရှိနိုင်ပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတဲ့ ထိုင်းကုမ္ပဏီတွေမှာလည်း ရွှေ့ ပြောင်းလုပ်သားတွေကို သုံးနိုင်ပါတယ်။ ဒါပေမဲ့ ဝင်ငွေချင်း တူရင်တောင် နေထိုင်စရိတ်ကြီးတဲ့ ရန်ကုန်မှာ အလုပ်လုပ်ဖို့ စဉ်းစားကြမှာ ဖြစ်ပါတယ်။ ကောင်းတာတွေအားလုံး စစ်အုပ်စုကယူထားရင် ရွှေ့ ပြောင်းလုပ်သားတွေ ပြန်လာဖို့ အလားအလာနည်းသွားနိုင်ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ အလုပ်သမား၊ လယ်သမားက စစ်ဗိုလ်စစ်သားထက် ပိုပြီးအရေးကြီးကြောင်း ကျွမ်းကျင်လုပ်သားရှားပါးမှုက သက်သေပြနေပါတယ်။

VOA

ကနေဒါ သေနတ်သမား တကိုယ်တော် လှုပ်ရှားခဲ့


ဗုဒ္ဓဟူးနေ့က ကနေဒါနိုင်ငံမှာ တာဝန်ကျ စစ်သားတစ်ဦးကို ပစ်သတ်ပြီးတော့ လွှတ်တော်တွင်း ဝင်ပြေးသွားခဲ့တဲ့ သေနတ်သမားဟာ တစ်ဦးတည်း လှုပ်ရှားခဲ့ တာဖြစ်တယ်လို့ ကနေဒါ အာဏာပိုင်တွေက ပြောဆိုပါတယ်။ အဲ့ဒီ့သေနတ်သမား ကို ပါလီမန် အတွင်းမှာ ရဲက ပစ်သတ်လိုက်ပါတယ်။

အဲ့ဒီ့ အသက် ၃၂နှစ်အရွယ် Michael Zehaf-Bibeau ဆိုသူဟာ ကနေဒါ မှာ မွေးဖွားသူ နိုင်ငံသား ဖြစ်ပြီးတော့ လစ်ဗျားနိုင်ငံသားအဖြစ်လည်း ခံယူထားဖွယ် ရှိတယ်လို့ ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ Michael Zehaf-Bibeau ဟာ မကြာခင် ကနေဒါနိုင်ငံသား နိုင်ငံကူး လက်မှတ်ကို လျှောက်ထားခဲ့ပြီး ဆီးရီးယားနိုင်ငံကို သွားဖို့ ပြင်ဆင်နေ တယ်လို့ မျှော်လင့်ရတဲ့ အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံကူး လက်မှတ်ကိစ္စနဲ့ ပတ်သက်ပြီး သူဟာ Ottawa မြို့မှာ ရောက်ရှိနေတာလို့ ဆိုပါတယ်။ ကြာသပတေးနေ့ မှာ ကနေဒါနိုင်ငံရဲ့ လွှတ်တော်မှာ ဥပဒေပြု လွှတ်တော် အမတ်တွေက ဗုဒ္ဓဟူးနေ့က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ တပ်ကြပ်ကြီး Kevin Vickers ကို မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ သူဟာ လွှတ်တော်အနီးမှာ ရှိတဲ့ စစ်ပွဲ အထိမ်းအမှတ် ရင်ပြင် ကို ဂုဏ်ပြု စောင့်ရှောက်မှု တာဝန်ကျစဉ်မှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

VOA

အင်ဒို သမ္မတသစ်ရဲ့ သမီး အခွင့်ထူးခံဖို့ ငြင်းပယ်

အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအသစ် Joko Widodo ရဲ့ သမီးဖြစ်သူက ပုံမှန် ကျင်းပလေ့ရှိတဲ့ အစိုးရ ၀န်ထမ်း အလုပ် အတွက် စစ်ဆေးတဲ့ စာမေးပွဲကို သာမန်နိုင်ငံသား တယောက် နည်းတူ ၀င်ရောက်ဖြေဆိုခဲ့ပါတယ်။ ပုံမှန် အားဖြင့် နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အထူးအခွင့်အရေးခံစားခွင့်ပေးလေ့ရှိတာကို သမ္မတ သမီးက ငြင်းပယ်ခဲ့ပါတယ်။

Kahiyang Ayu ဟာ ကြာသာပတေးနေ့ Solo မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီစာမေးပွဲကို တခြားဖြေဆိုသူ ၆ ထောင်ကျော်နဲ့ အတူဖြေဆိုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့ အတွက် အင်ဒိုနီရှား တနိုင်ငံလုံး လှုတ်လှုတ်ခတ်ခတ် ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ အင်ဒိုနီးရှားနိုင်ငံမှာ အဂတိ လိုက်စားမှုတွေ၊ ဆွေမျိုးနဲ့ အသိုင်းဝိုင်းကောင်းစားရေး ပြသနာတွေ ရှိတဲ့အပြင်၊ နိုင်ငံခေါင်းဆောင်တွေရဲ့ သားသမီးတွေအတွက် မကြာခဏ ဆိုသလို အထူးအခွင့်အရေးတွေ ပေးရလေ့ ရှိလို့ပါ။

နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုပြဿ နာကို ဖြေရှင်းမယ်ဆိုပြီး မဲဆွယ်ပွဲမှာ ကတိပေးခဲ့တဲ့ သူမရဲ့ ဖခင် သမ္မတရာထူး လက်ခံရယူပြီး သတင်းတပတ် မကြာသေးခင်မှာ အခုဖြစ်ရပ် ထွက်ပေါ်လာတာပါ။

အခုသတင်းပတ်အတွင်း Jokowi လို့ ပိုမိုလူသိများတဲ့ သမ္မတ Widodo ဟာ သူ့အစိုးရအဖွဲ့မှာ ပါဝင်နိုင်ဖို့ အလားအလာ ရှိသူတွေကို အမျိုးသား အကျင့်ပျက်ခြစားမှု စောင့်ကြည့်ရေးအဖွဲ့နဲ့ စီစစ်မယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်က တခါမှ မကြားဘူးခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

VOA

21.10.14

သမ္မတ ဂျိုကိုဝီကို မွေးဖွားခြင်း


ဂျာကာတာမြို့တော်ဝန်ဟောင်း ဂျိုကိုဝီ ဒိုဒို အင်ဒိုနီးရှားသမ္မတ အဖြစ် ရာထူးလက်ခံလိုက်ပါပြီ။ ၁၉၉၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြောင့် နှစ်ပေါင်း ၃၀ ကြာ ဆူဟာတိုခေတ် အဆုံးသတ်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ချီတက်နေတဲ့ အင်ဒိုနီးရှားအတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တခုပါပဲ။ ဒါပေမယ့် ပရိဘောဂ လုပ်ငန်းရှင်ဟောင်း အသက် ၅၃ နှစ်အရွယ် သမ္မတသစ် ဂျိုကိုဝီကို အသင့်စောင့်နေတဲ့ ပြဿနာတွေကလည်း မနည်းပါဘူး။

သမ္မတသစ် ဂျိုကိုဝီဟာ စစ်တပ်နောက်ခံလည်းမရှိ၊ နိုင်ငံရေး အမွေခံလည်း မဟုတ်တဲ့ ပထမဆုံး အင်ဒိုနီးရှား သမ္မတဖြစ်လာပါတယ်။ စစ်တပ်သြဇာကြီးတဲ့၊ သွားလေသူ အာဏာရှင်ကြီးတွေရဲ့ လောင်းရိပ်ကနေ မလွှတ်တတ်သေးတဲ့ အင်ဒိုနီးရှားလို နိုင်ငံအတွက် အလွန်ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်ပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘမ်းယူဒိုယိုနိုဟာ တိုက်ရိုက်မဲပေး စနစ်အရ ၂၀၀၄ နဲ့ ၂၀၀၉ မှာ နှစ်ကြိမ် အရွေးခံခဲ့ရတယ်။ ဒါကြောင့် အောက်တိုဘာလ ၂၀ ရက်နေ့ အာဏာအလွှဲအပြောင်းဟာလည်း ပြည်သူတွေက တိုက်ရိုက် မဲပေးစနစ်အရ ရွေးချယ်ခဲ့တဲ့ သမ္မတ နှစ်ယောက်ကြားမှာ ပထမဆုံး ငြိမ်းချမ်းတဲ့နည်းနဲ့ အာဏာ အလွဲအပြောင်းဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အလွန် အရေးကြီးပါတယ်။

ဒီလို သမိုင်းဝင် အောင်မြင်မှုတွေ ရှိသလို ဖြေရှင်းရခက်မယ့် စိန်ခေါ်မှုတွေကလည်း အမြောက်အမြား ရှိနေပါတယ်။ ဂျိုကိုဝီဟာ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက် သမတလောင်း ပရာဘိုဝို ဆူဘီယံတိုကို အပြတ်အသတ် နိုင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက ကပ်ရှုံးသွားတာကို လက်မခံလို့ ရွေးကောက်ပွဲ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပါတယ်။ အာရှနိုင်ငံတွေမှာ ကြုံနေရတဲ့ ရွေးကောက်ပွဲ ပြဿနာအတိုင်းပဲ၊ ကမ္ဘာမှာ စတုတ္ထ လူဦးရေအများဆုံး နိုင်ငံမှာ ဒီမိုကရေစီခရီး နောက်ကြောင်းပြန်သွားမှာကို စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က အယူခံကို ပယ်ချလိုက်သလို ပရာဘိုဝို ကိုယ်တိုင်ကလည်း အရှုံးကို လက်ခံလိုက်လို့ ပြဿနာက ပြေလည်မှုရသွားပါတယ်။

နောက်တဆင့်ကတော့ ရွေးကောက်ပွဲ ကတိက၀တ်တွေကို ဖြည့်ဆည်းပေးဖို့ပါပဲ။ သမ္မတသစ်က နှေးကွေးနေတဲ့ အင်ဒိုနီးရှား စီးပွားရေး တိုးတက်မှု အရှိန်မြှင့်တင်မယ်လို့ ကတိပြုထားပါတယ်။ အခြေခံအဆောက်အဦပိုင်းကို အရည်အသွေးမြှင့်တင်ဖို့၊ ပြည်သူ အားလုံးအတွက် အခမဲ့ကျန်းမာရေး၊ အခမဲ့ ပညာရေးစနစ်ကို ကတိပြုထားပါတယ်။ စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၁၀ ကနေ ၂၀၁၂ အထိ ပျမ်းပျ ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၃ မှာ ၅ ဒသမ ၈ ရာခိုင်နှုန်းကို ကျဆင်းခဲ့တယ်။ ဒီနှစ်မှာလည်း ၅ ဒသမ ၂ ရာခိုင်နှုန်းကို ဆက်ကျဆင်းဖို့ ရှိတယ်လို့ အင်ဒိုနီးရှား ဗဟိုဘဏ်က ခန့်မှန်းထားတယ်။ ဒီနှုန်းအတိုင်း ဆိုရင် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဂျိုကိုဝီက ၂၀၁၈ ကျရင် စီးပွားရေးတိုးတက်မှု ၇ ရာခိုင်နှုန်း ရှိလာဖို့ ကတိပြုထားပါတယ်။

ကမ္ဘာဘဏ်ရဲ့ အဆိုအရ အင်ဒိုနီးရှားမှာ လူဦးရေရဲ့ ထက်ဝက်ဟာ တနေ့ ၂ ဒေါ်လာတောင် မပြည့်တဲ့ ၀င်ငွေနဲ့ ရပ်တည်နေရတုန်းပါပဲ။ ဒီအရေအတွက်အားဖြင့် လူဦးရေ သန်း ၁၀၀ ကျော်ပါတယ်။ လာဘ်ပေး လာဘ်ယူမှုမှာလည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံစာရင်းမှာ အလယ်အလတ်အဆင့်တောင် မရှိဘဲ အမှတ်စဉ် ၁၁၄ မှာပဲ ရှိပါတယ်။ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာလိုပဲ ဆင်းရဲ ချမ်းသာကွာဟမှုက မြင့်မားနေပါတယ်။

သမ္မတသစ်က ပြုပြင်ပြောင်းလဲရေးကို ကတိပြုထားပေမ့ယ် လက်တွေ့မှာ မလွယ်ပါဘူး။ လွှတ်တော်တွင်းမှာ ပရာဘိုဝို ခေါင်းဆောင်တဲ့ ၇ ပါတီ ညွန့်ပေါင်းက အများစု ဖြစ်နေတယ်။ စက်တင်ဘာလကပဲ ပရာဘိုဝိုတို့ရဲ့ ညွန့်ပေါင်းက အစွမ်းပြလိုက်ပါတယ်။ အင်ဒိုနီးရှားမှာ မြို့တော်ဝန်တွေ၊ အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အဆင့်အထိ ပြည်သူတွေက တိုက်ရိုက်မဲပေး ရွေးချယ်တဲ့ စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ တိုက်ရိုက်မဲပေးစနစ်ကနေ တက်လာတဲ့ ဂျိုကိုဝီကို လက်စားချေလိုက်သလိုပါပဲ။

ဒါကြောင့် တခြား ပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာလည်း နိုင်ငံရေးစားဖားတွေ ကြီးစိုးထားဆဲ လွှတ်တော်ထရံပေါက်က ခြေထောက်ကို ဆွဲတာ ခံရဖို့ များပါမယ်။ ဂျိုကိုဝီ ကိုယ်တိုင်ကလည်း မြို့တော်ဝန်ကောင်း တယောက်အဖြစ် အစွမ်းပြခဲ့ပေမယ့် နိုင်ငံအဆင့်၊ နိုင်ငံတကာ အတွေ့အကြုံ မရှိသေးတဲ့အတွက် ဟဲဗီးဝိတ် နိုင်ငံရေးသမားတွေ ဖြစ်တဲ့ ဆူကာနိုရဲ့ သမီး သမ္မတဟောင်း မေဃာဝတီနဲ့ ယူဒိုယိုနို ပထမ သက်တမ်းမှာ ဒုတိယသမ္မတ ဖြစ်ခဲ့ပြီး အခုလည်း ဒုတိယသမ္မတ ဖြစ်တဲ့ ဂျူးဆွဖ် ကဲလာ တို့ရဲ့ အရှိန်အ၀ါကို ကျော်လွှားပြီး လွတ်လွတ်လပ်လပ် နိုင်ငံကို ဦးဆောင်နိုင်မလားဆိုတာကို စောင့်ကြည့်နေကြတယ်။

ဂျိုကိုဝီဟာ ၂၀၀၅ ခုနှစ်မှာ ဆိုလို (ဆူရာကာတာ) မြို့တော်ဝန် အဖြစ် အရွေးခံဖို့ မေဃာဝါဒီတို့ ပါတီထဲကို ၀င်ခဲ့ပါတယ်။ အဲဒီအချိန်အထိ ဂျိုကိုဝီဟာ ပရိဘောဂလုပ်ငန်းမှာ အောင်မြင်တဲ့ စီးပွားရေးသမား တယောက်ဆိုပေမယ့် သူ့နာမည်ကို သာမန်ပြည်သူတွေကြားမှာ သူ့ကို သိသူ မရှိသလောက်ပါပဲ၊ ပရိဘောဂလုပ်ငန်းကလွဲလို့ တခြား စီးပွားရေးလောကမှာလည်း လူသိများသူ မဟုတ်သေးပါဘူး။

ဒါကြောင့် ဆိုလိုမြို့တော်ဝန်ဖြစ်ဖို့ ဂျိုကိုဝီအတွက် အမာခံနယ်မြေ (power base) လိုပါတယ်။ ဆိုလိုမြို့ဟာ မေဃာဝါဒီရဲ့ တိုက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ (PDI-P) ပါတီက အားကောင်းပါတယ်။ ဂျိုကိုဝီက ပါတီပေါင်းစုံကို ချဉ်းကပ်ရင်းနဲ့ နောက်ဆုံး ဆိုလိုမြို့မှာ PDI-P ရဲ့ ပါတီ ဥက္ကဌဖြစ်တဲ့ ရူဒီက စင်တင်ပေးရာကနေ မြို့တော်ဝန်အဖြစ် အရွေးချယ်ခံရဖို့ ဖြစ်လာတာပါ။ ခရစ်ယာန် ဘာသာဝင် ရူဒီက သူကိုယ်တိုင် မြို့တော်ဝန်လောင်းအဖြစ် ၀င်ပြိုင်ရင်လည်း အနိုင်ရဖို့ သေချာပေမ့ယ် ဂျိုကိုဝီကို စင်တင်ပေးခဲ့ပါတယ်။ PDI-P ရဲ့ သြဇာနဲ့ လူငယ်အသင်းအဖွဲ့တွေ၊ အားကစား အသင်းအဖွဲ့တွေမှာ ဥက္ကဌ တာဝန်ယူထားတဲ့ ရူဒီ ရဲ့ လူကြိုက်များမှုဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။

မြို့တော်ဝန်အဖြစ် အရွေးခံတဲ့ အခါမှာသာ ဂျိုကိုဝီဟာ သူ့ အရည်အချင်းတွေကို ပြသနိုင်တယ်။ ၂၀၀၅ မတိုင်ခင်အထိ လူဦးရေ လေးသိန်း ရှိတဲ့ ဆိုလိုမြို့ဟာ အင်ဒိုနီးရှားမှာ အဆင်းရဲဆုံး မြို့စာရင်းဝင်၊ ရာဇ၀တ်မှုတွေ၊ ၀ရုန်းသုန်းကားနဲ့ အဓိကရုဏ်းတွေ ထူပြောတဲ့၊ ဂျီဟတ် အကြမ်းဖက်သမားတွေ မွေးထုတ်တဲ့ မြို့တမြို့ အဖြစ်ပဲ နာမည်ကျော်ပါတယ်။ ဘာလီ နိုက်ကလပ် ဗုံးခွဲမှုနဲ့ ဂျာကာတာမြို့ ဇိမ်ခံဟိုတယ်တွေ ဗုံးခွဲမှုတွေကို စီစဉ်သူတွေဟာ ဆိုလိုမြို့မှာ ရှိတဲ့ Al-Mukmin ဘာသာရေး ကျောင်းထွက်တွေဖြစ်ပါတယ်။ ကျောင်းကို ထူထောင်သူ Abubakar ဟာ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့မှု၊ သင်တန်းပေးမှု စွပ်စွဲချက်နဲ့ အခုအထိလည်း ထောင် ၁၅ နှစ် ကျနေတုန်းပါပဲ။

ဂျိုကိုဝီရဲ့ နာမည်ကျော် ဘလူးစူကန်ဟာ ဆိုလိုမြို့ မဲဆွယ်တဲ့အချိန်က သုံးခဲ့တဲ့ နည်းလမ်းပါပဲ။ ရွေးကောက်ပွဲ အောင်နိုင်ရေး လူအင်အား ငွေအင်အား အများကြီးကို မသုံးနိုင်သေးတဲ့အတွက် အကောင်းဆုံးနည်းကို စဉ်းစားကြရင်း ဘလူးစူကန် ဆိုတာ ဖြစ်လာတာပါ၊ တအိမ်တက်ဆင်း စည်းရုံးရေးဆင်းတဲ့ နည်းပါပဲ၊ ပိုစတာတွေ၊ billboard တွေကို မသုံးဘဲ လူကိုယ်တိုင် တအိမ်တက်ဆင်း စည်းရုံးရေးဆင်းခဲ့ကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ခြောက်လအလိုမှာ ဆိုလိုမြို့မှာ ထုတ်တဲ့ သတင်းစာတစောင်မှာ စာမျက်နှာဝယ်ပြီး စီးပွားရေးအကြံပေးကဏ္ဍတခုဖွင့်ပြီး ဂျိုကိုဝီနဲ့ ပြည်သူတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဘလူးစူကန် စည်းရုံးရေးနည်းက ထိရောက်တာရယ်၊ PDI-P ပါတီရဲ့ကွန်ယက်တွေကြောင့် ရွေးကောက်ပွဲမှာ ၃၆ ဒသမ ၆၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပါတယ်။

ဂျိုကိုဝီရဲ့ ရိုးဂုဏ်၊ နှိမ့်ချတတ်တဲ့ စရိုက်၊ အောက်သက်ကျေပြီး အောက်ခြေပြည်သူတွေနဲ့ မကင်းကွာတာ၊ လာဘ်ပေးလာဘ်ယူကင်းပြီး အကျင့်စာရိတ္တ ကောင်းတာတွေအပြင် ဆိုလို အပြောင်းအလဲကြီး ပြောင်းလဲသွားအောင် စီမံအုပ်ချုပ်နိုင်တာတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ၉၀ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ခဲ့ပါတယ်။ မြို့တော် ရွေးကောက်ပွဲတွေမှာ ဒီလောက် အောင်မြင်မှုမျိုး မရှိလို့ ဂျိုကိုဝီရဲ့ အောင်ပွဲသတင်းဟာ တနိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားပါတယ်။

ဆိုလိုမြို့မှာ အစွမ်းပြနေတဲ့ ဂျိုကိုဝီကို ဂျာကာတာ မြို့တော်ဝန် ဖြစ်လာဖို့ စင်တင်ပေးခဲ့သူ နှစ်ယောက်ကတော့ မေဃာဝတီနဲ့ ဂျူးဆွဖ် ကဲလာ တို့ပါ။ ဒီအကြောင်းကို ဒုတိယသမ္မတဟောင်း ကဲလာက မနှစ်သြဂုတ်လမှာ ဂျာကာတာမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ပြောခဲ့ဖူးပါတယ်။ အကျဉ်းချုပ်ကတော့ ဂျိုကိုဝီကို ဂျာကာတာ မြို့တော်ဝန်လောင်းအဖြစ် ၀င်ပြိုင်ခိုင်းဖို့ ကဲလာက မေဃာဝါဒီကို အဆက်အသွယ်တွေက တဆင့် နားချခိုင်းခဲ့ပါတယ်။ ပရာဘိုဝိုရဲ့ Gerindra ပါတီကလည်း ကျောထောက်နောက်ခံပေးဖို့ ကဲလာကပဲ စည်းရုံးခဲ့ပါတယ်။ ဒီလိုနဲ့ ဂျိုကိုဝီဟာ ၂၀၁၂ အောက်တိုဘာမှ ကျင်းပတဲ့ ဂျာကာတာမြို့တော်ဝန်မှာ အနိုင်ရခဲ့ပြီး ဆိုလို မြို့တော်ဝန် ဒုတိယ သက်တမ်း မပြည့်ခင် သုံးနှစ်အလိုမှာ ဂျာကာတာ မြို့တော်ဝန်အဖြစ် ဖြစ်လာပြန်ပါတယ်။

ဒါကြောင့် မေဃာဝတီနဲ့ ဂျူးဆွဖ် ကဲလာ တို့ဟာ နိုင်ငံရေးအရာမှာ ဂျိုကိုဝီ့ ငယ်ဆရာတွေလို့ ပြောရင် ရပါတယ်။ ဒါပေမ့ယ် မေဃာဝါဒီဟာ သမ္မတ အဖြစ် တာဝန်ထမ်းခဲ့တဲ့ (၂၀၀၁ ကနေ ၂၀၀၄) ခုနှစ်အတွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ လူကြိုက်နည်းခဲ့ပါတယ်။ ဒါကြောင့် ယူနိုယိုနိုနဲ့ ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးမှာ ရှုံးခဲ့ပါတယ်။ ဂျိုကိုဝီကတော့ မေဃာဝါဒီနဲ့ ပြောင်းပြန် စီမံအုပ်ချုပ်မှုမှာ အသေးစိတ်ကအစ နိုင်သူအဖြစ် နာမည်ကျော်သူဖြစ်ပါတယ်။ ဂိုကာပါတီခေါင်းဆောင်ဟောင်း ဂျူးဆွဖ်ကဲလာဟာလည်း ယူနိုယိုနို လက်အောက်မှာ ဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းစဉ်ကတည်းက သမ္မတက ထိန်းရကြောင်းရ ခက်သူလို့ နာမည်ကြီးပါတယ်။ အခုလည်း ကက်ဘိနက်ကို ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့နဲ့ပတ်သက်ပြီး  ဂျူးဆွဖ် ကဲလာနဲ့ ဂျိုကိုဝီတို့ သဘောကွဲနေတယ်ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံရေးဝါစဉ်အရ၊ အသက်အရွယ်အရ ငယ်တဲ့ သမ္မတ ဂျိုကိုဝီအနေနဲ့ မေဃာဝါဒီနဲ့ ဂျူဆွဖ် ကဲလာတို့ကို မကျော်နိုင်ရင် ပင်ကိုယ်အစွမ်းအစတွေ ငုပ်သွားနိုင်ရုံသာမက နာမည်ဖျက်ဖို့ စောင့်နေသူတွေအတွက် အကွက်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒီကိစ္စဟာ ရွေးကောက်ပွဲ မဲဆွယ်တဲ့အချိန်ကတည်းက ပြိုင်ဖက်တွေရဲ့ ထိုးနှက်ချက်တခုဖြစ်ခဲ့ပါတယ်။ တဖက်မှာ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေကလည်း မသေးပါဘူး။ သူ့ ပခုံးပေါ်ရောက်လာတဲ့ ၀န်ထုပ် ၀န်ပိုးတွေကို သိနေတဲ့ ဂျိုကိုဝီက မကြာခင်ကပဲ Time မဂ္ဂဇင်း ကို ရင်ဖွင့်ခဲ့တယ်။

“လူတွေက မျှော်လင့်ချက် မြင့်မားလွန်းတယ်။ ကျနော်အတွက် အန္တရာယ်ပေါ့၊ သူတို့ လိုချင်တာ ကျနော် မလုပ်ပေးနိုင်ရင်၊ ပေးထားတဲ့ ကတိအတိုင်း မဖြစ်ခဲ့ရင် ပြဿနာက မသေးဘူးပဲ”တဲ့။

ဒီပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းဖို့ဆိုရင် ဂျိုကိုဝီအနေနဲ့ ယူဒိုယိုနိုနဲ့ မတူတဲ့ ခေါင်းဆောင်မှု စွမ်းရည်ရှိမှ ဖြစ်မယ်လို့ နာမည်ကျော် The Economist မဂ္ဂဇင်းက အကြံပြုပါတယ်။ ယူဒိုယိုနိုဟာ မဖြစ်ဖြစ်အောင်ညှိနှိုင်းတဲ့ နေရာမှာ အားသန်သူဖြစ်ပြီး ဂျိုကိုဝီအနေနဲ့ ခေါင်းဆောင်နိုင်မှု စွမ်းရည်ကို ပြရမယ်။ ပထမဆုံး စမ်းသပ်မှုကတော့ အစိုးရအဖွဲ့ကို ဖွဲ့စည်းတဲ့ အခါမှာ အမှန်တကယ် အရည်အချင်းပြီး၊ အကျင့်ကောင်းတဲ့လူတွေနဲ့ ဖွဲ့စည်းရမယ်။ တခြား ပါတီတွေ အလိုကျ အုတ်ရောရော ကျောက်ရောရောမဖြစ်စေနဲ့ လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဂျိုကိုဝီရဲ့ အစွမ်းအစကို မှတ်ကျောက်တင်မယ့် နေ့ရက်တွေကတော့ စတင်လိုက်ပါပြီ။

Irrawaddy's Blog

အစ္စလာမ္မစ်တိုက်ပွဲ နိုင်ငံခြားမြေပြင်တပ်အကူ မလိုဟု အီရတ်ပြော

အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) သူပုန်တွေနဲ့ တိုက်ပွဲအတွက် နိုင်ငံခြားမြေပြင်တပ်ကူတွေ မလိုဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။

အီရတ်ခေါင်းဆောင် အယာတိုလာ အလီ အယ်လ် စစ်စတာနီနဲ့ ဆွေးနွေးအပြီး နာဂျက်မြို့မှာ သတင်းထောက်တွေကို ခုလို ပြောပါတယ်။
“အထောက်အပံ့နဲ့ အကူအညီတွေက အသုံးဝင်မှာ ဖြစ်ပမယ့် အကြီးဆုံး အားထုတ်မှုတွေ ကိုတော့ ကိုယ့်နိုင်ငံထဲက ကိုယ့်တပ်ဆီကပဲ လာဖို့ လိုတယ်အပြင် ကျနော်တို့ဟာ ကိုယ့်မြေ ကိုယ်လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိတယ်။ နိုင်ငံတကာ လေကြောင်းတပ်ကူတွေ ရှိပေမယ့် အဲဒီအပေါ်ချည်း အားကိုးမနေဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်လေတပ်ကိုယ် ပိုပြီး မှီခိုတယ်။ တချို့စနစ်တွေ မရှိလို့ နိုင်ငံတကာ အားထုတ်မှုတွေက အကူအညီရတယ်။”

အီရတ်စစ်တပ်ဟာ ဇွန်လက အိုင်အက်စ်တွေနဲ့ တိုက်ပွဲအတွင်း စစ်လက်နက် ကိရိယာ အများအပြားကို ချန်ခဲ့ပြီး သူတို့ ခြေကုပ်တွေကနေ ထွက်ပြေး စွန့်ခွာခဲ့ရတာပါ။

အမေရိကန်နဲ့ မဟာမိတ်တွေက လေကြောင်းပစ်ကူတွေကို ပြီးခဲ့တဲ့ သြဂုတ်လက စပြီး အီရတ်အစိုးရကို ပေးနေခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ အီဂျစ်တို့က သူတို့ရဲ့ မြေပြင်တပ်တွေကို အီရတ်နိုင်ငံကို ပို့မှာ မဟုတ်ဘူးလို့ ထပ်ခါတလဲ ပြောခဲ့ကြပါတယ်။

DVB

အီရတ်နှင့် ဆီးရီးယားနယ်စပ်ရှိ IS အုပ်စုကို ချေမှုန်းနေသည့် ကာ့ဒ်တပ်ဖွဲ့အတွက် စစ်လက်နက်များ အမေရိကန်လေယာဉ်များ ဝေဟင်မှကြဲချ


ဆီးရီးယားနိုင်ငံ၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည့် ကိုဘာနီတွင် တပ်စွဲထားသော အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်များကို ထိုးစစ်ဆင် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးစု တပ်ဖွဲ့ဝင်များအတွက် အမေရိကန် စစ်လေယာဉ်များက လက်နက်များ၊ ခဲယမ်းများနှင့် ဆေးဝါးပစ္စည်းများ ကြဲချပေးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်စစ်ဘက် ဗဟိုကွပ်ကဲရေးဌာန၏ အဆိုအရ အဆိုပါ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့အတွက် လက်နက်များ အပါအဝင် ထောက်ပံ့ပစ္စည်းများကို စီ-၁၃၀ လေယာဉ်ဖြင့် ကြဲချပေးခဲ့ခြင်း ဖြစ်သည်။
တူရကီနှင့် ဆီးရီးယား နယ်စပ်ဒေသရှိ အဆိုပါမြို့ အနီးတစ်ဝိုက်တွင် ခြေကုပ်ယူ လှုပ်ရှားနေသော IS အုပ်စုများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။
“ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများ ကြဲချပေးခြင်းသည် ကိုဘာနီမြို့ကို ရယူရန် ကြိုးပမ်းနေသည့် IS အုပ်စုများကို ကာ့ဒ်တပ်ဖွဲ့များ ဆက်လက်ချေမှုန်း သွားနိုင်ရန် ဦးတည်သည်” ဟု အမေရိကန်စစ်ဘက်က ကြေညာချက် ထုတ်ပြန်သည်။
ထောက်ပံ့ပစ္စည်းများ ကြဲချပေးခဲ့သည့် လေယာဉ်များအားလုံး ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ရောက်ရှိလာကြသည်ဟု ဆိုသည်။
အခြားသော စစ်ဘက် သတင်းရင်းမြစ်များ အဆိုအရ အမေရိကန်စစ်တပ်သည် ကိုဘာနီမြို့ရှိ အစွန်းရောက်အုပ်စုများကို လေကြောင်းမှ ၁၃၅ ကြိမ်ကျော် ထိုးစစ်ဆင်ခဲ့ကြသည်။
သို့သော်လည်း IS အုပ်စုများသည် ကာ့ဒ်တပ်ဖွဲ့ဝင်များအပေါ် ယနေ့အချိန်အထိ အန္တရာယ်ပေး တိုက်ခိုက်လျက် ရှိကြောင်း၊ ကိုဘာနီမြို့သည် ယင်းအုပ်စုများ၏ လက်ဝယ်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်သည့် အနေအထားတွင် ရှိနေဆဲပင် ဖြစ်ကြောင်း အမေရိကန် စစ်ဘက်အရာရှိကြီးများက ပြောကြားသည်။
ယခုကဲ့သို နယ်စပ်ဒေသရှိ ကာ့ဒ်တပ်ဖွဲ့များကို အထောက်အပံ့များ ပေးပို့မှုနှင့် ပတ်သက်၍ အိမ်နီးချင်း တူရကီအစိုးရက မကျေမနပ် ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။
အကြောင်းမှာ တူရကီအစိုးရက ကာ့ဒ်လက်နက်ကိုင်များကို သူပုန်သို့မဟုတ် အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
တူရကီသမ္မတ ဆီဆစပ်တေယက် အာဒိုဂန် ကိုယ်တိုင်ကလည်း ကာ့ဒ်တပ်ဖွဲ့များအတွက် အမေရိကန်လက်နက်များ ထောက်ပံ့ပေးမည့် ကိစ္စတွင် ပါဝင်ကူညီမည် မဟုတ်ကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
IS စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသမှ နယ်မြေအတော်များများကို ထိန်းချုပ်ထားပြီး ယခုအခါ စစ်မဟာဗျူဟာအတွက် အချက်အချာကျသော ကိုဘာနီမြို့ကို သိမ်းယူရန် ကြိုးပမ်းလျက်ရှိသည်။
၎င်းတို့၏ ထိုးစစ်များကြောင့် ကိုဘာနီမြို့ရှိ အရပ်သားထောင်ပေါင်း များစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

The Voice Weekly

ဂျပန်ဝန်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့်နုတ်ထွက် အမျိုးသမီးဝန်ကြီးများနုတ်ထွက်ခြင်းက ရှင်ဇိုအာဘေးကိုအကျပ်ရိုက်စေမည်ဟုဆို


ဂျပန်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ယိုကိုအိုဘူဂျီ ရာထူးမှနုတ်ထွက်သွားပြီး နောက် နာရီပိုင်းအတွင်း ဂျပန်တရားရေး ဝန်ကြီးမီတိုရီမက်ဆုရှီမ ရာထူးမှနုတ်ထွက် သွားကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ အတည်ပြုသည်။
တရားရေးဝန်ကြီး မက်ဆုရှီမသည် ရွေး ကောက်ပွဲဥပဒေများကို ချိုးဖောက်သည်ဟု အတိုက်ခံနိုင်ငံရေးသမားများ၏ စွပ်စွဲခြင်းကို ခံခဲ့ရပြီး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး အိုပူဂျီသည်၎င်းထောက်ခံထားသောနိုင်ငံရေး အင်အားစုများက နိုင်ငံတော်ရန်ပုံငွေကို အလွှဲသုံးစားလုပ်သည်ဟု စွပ်စွဲခြင်းခံခဲ့ရ သည်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အဆိုပါဝန်ကြီးချုပ်နှစ်ဦးကို ခန့်ထားခြင်းနှင့် ပတ်သက်၍ တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးကို ရက်ပိုင်းအတွင်း ရာထူး ပြန်လည်အပ်နှင်းမည်ဖြစ်ကြောင်းပြောထား သည်။
ဂျပန်အစိုးရအဖွဲ့နှင့်နီးစပ်သူများက အမျိုး သမီးဝန်ကြီးနှစ်ဦး ရာထူးမှနုတ်ထွက်ခြင်း သည် အမျိုးသမီးများကို အစိုးရအဖွဲ့အတွင်း အဆင့်မြင့်ရာထူးများပေးအပ်ခဲ့သည့် ရှင်ဇို အာဘေးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်နေ သည်ဟု ဝေဖန်နေကြကြောင်း ဘီဘီစီက ဖော်ပြထားသည်။ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီး အိုဘူချီသည် အစိုးရဝန်ကြီးအဖွဲ့ အတွင်း ရှင်ဇိုအာဘေးခန့်အပ်ခဲ့သည့် အမျိုး သမီးဝန်ကြီးငါးဦးအနက်တစ်ဦးဖြစ်ပြီး ၄င်း သည် ဂျပန်နိုင်ငံ၏ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာမည့်သူအဖြစ် ခန့်မှန်းခြင်း ခံထားရသူဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ် တွင် အိုဘူချီ၏နောက်လိုက်များ အစိုးရအဖွဲ့ ရန်ပုံငွေများကို အလွဲသုံးစားလုပ်သည့် သီတင်းများထွက်ပေါ်လာခဲ့ပြီးနောက်အိုဘူချီက ရာထူးမှအနားယူ၍ တာဝန်ယူမှုကိုပြသရန် ကြိုးစားခဲ့သည်။
''ကျွန်မအနေနဲ့ ကိုယ်တိုင်အမှားလုပ်ခဲ့ တာမဟုတ်ပေမယ့် ကျွန်မရဲ့ပြဿနာကြောင့် နိုင်ငံရဲ့စီးပွားရေးပေါ်လစီနဲ့ စွမ်းအင်ပေါ်လစီ တွေရပ်တန့်နေတာကိုတော့ ခွင့်မပြုနိုင်ပါ ဘူး။ နောက်ပြီး ဝန်ကြီးချုပ်ရဲ့ ဝန်ကြီးများ အဖွဲ့မှာမပါဝင်နိုင်တော့တာ၊ နိုင်ငံရဲ့စီးပွားရေး
ပြန်လည်ဦးမော့လာဖို့ကြိုးစားမှုမှာ မပါဝင် နိုင်တော့တာနဲ့ အမျိုးသမီးများအစွမ်းပြနိုင်တဲ့ အခန်းကဏ္ဍတွေမှာ မပါဝင်နိုင်တော့တာတွေ အတွက် တောင်းပန်ပါတယ်''ဟု ယိုကို အိုဘူဂျီက ယနေ့ပြုလုပ်ခဲ့သည့် ရုပ်မြင် သံကြားသတင်းစာရှင်းလင်းပွဲတွင် ပြောသွား ခဲ့သည်။

(Ref: Reuters)

ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး


ထိုင်းနိုင်ငံရောက်  မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ တင်ပေးကြဖို့  ထိုင်းအလုပ် သမား ရှာဖွေခန့် ထားရေး ဦးင်္စီးဌာန ဒုညွှန်မှူး နိုင်းဆင်တေချ ချူ့အမ်းနတ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နေထိုင်ခွင့်မှတ်ပုံတင်ထားပြီးတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့လည်း သူတို့အထောက်အထားတွေ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်လက်ပေးပို့နိုင်ဖို့ သက်ဆိုင်ရာ အလုပ်သမားရှာဖွေရေးရုံးကို သွားရောက်ဆက်သွယ်ဖို့ လိုအပ်ကြောင်း သူကဆက်ပြောပါတယ်။

တနေရာတည်းအပြီး (၀မ်းစတော့ပ်ဆားဗစ်) နဲ့ မှတ်ပုံတင်ပေးနေတဲ့ အစီအစဉ်မှာ  ၂၀၁၄ ဇွန်လ ၂၆ ရက်ကနေ ၂၀၁၄ အောက်တိုဘာလ ၁၈ ရက်နေ့အထိ  စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမားပေါင်း  ၁ သန်း ၃ သိန်း ၆ သောင်းကျော်  လာရောက်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားက ၅၁၀၈၇၄ ဦး၊ ကမ္ဘေားဒီးယားက ၅၈၅၀၇၉ ဦး၊ လောနိုင်ငံသားက ၁၉၂၈၂၀ ဦး ရှိတယ်လို့  နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

DVB

နိုင်ဂျီးရီးယားကို အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာ

နိုင်ဂျီးရီးယားနိုင်ငံမှာ ၄၂ ရက်ကြာ ကာလအတွင်း နောက်ထပ် အီဘိုလာ ကူးစက်သူ မရှိတော့တာကြောင့် အီဘိုလာရောဂါ ကင်းစင်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နိုင်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်က လောလောဆယ် နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ထပ် အီဘိုလာရောဂါ ကူးစက်ခံရတာ မရှိတော့တာကြောင့် အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါဆိုတာ ကမ္ဘာကို သက်သေပြလိုက်တာလို့ ပြောဆိုပါတယ်။

ကြောက်ရွံ့စိုးရိမ်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားပြည်သူတွေကတော့ ပျော်ရွှင်ကြပေမယ့် သတိနဲ့ ပျော်ကြဖို့ နိုင်ဂျီးရီးယား ကျန်းမာရေးအာဏာပိုင်တွေက သတိပေးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ အနောက်အာဖရိကမှာ  စီးပွားရေးအချက်အချာ၊ ခရီးလမ်း အချက်အချာဖြစ်တာကြောင့် အချိန်မရွေး ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

နိုင်ဂျီးရီးယားဟာ အနောက်အာဖရိကမှာ အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒုတိယ ကြေညာခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ဆီနီဂေါနိုင်ငံမှာ ၄၂ ရက်အတွင်း အီဘိုလာရောဂါ ကူးစက်ခြင်းမရှိတော့တဲ့အတွက် အီဘိုလာကင်းစင်နိုင်ငံအဖြစ် ပထမဆုံးကြေညာခဲ့တာပါ။

အီဘိုလာရောဂါကို ကြိုးစားထိန်းချုပ်ခဲ့တာအတွက်လည်း ဆီနီဂေါနိုင်ငံကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ချီးကျူးခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လာဂိုစ့်မြို့နဲ့ ရေနံဆိပ်ကမ်းမြို့ ဖြစ်တဲ့ ဟာကော့မြို့တို့မှာ ဇူလိုင်လက အီဘိုလာရောဂါ ကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့ပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး အီဘိုလာရောဂါ ကူးစက်ခံရသူ ၁ သောင်းလောက်မှာ ၄၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ အနောက်အာဖရိကနိုင်ငံတွေမှာ ဖြစ်ပါတယ်။

DVB

နီပေါရေခဲတောင်ပြိုကျမှု သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့တပတ်က နီပေါနိုင်ငံ ဟိမ၀န္တာတောင်ပေါ်တနေရာမှာ ဆီးနှင်းမုန်တိုင်းမိပြီး ရေခဲတောင်ပြိုကျမှုနဲ့ သေဆုံးသူ နောက်ထပ် ၁၂ ဦး မနေ့က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် သေဆုံးသူအားလုံး အနည်းဆုံး ၄၀ ရှိပြီး ကနေဒါ၊ အိန္ဒိယ၊ အစ္စရေး၊ နီပေါ၊ ပိုလန်နဲ့ စလိုဗက်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

တောင်ပြိုကျမှုငယ်လေးတွေ ဆက်ဖြစ်နေခဲ့တာကြောင့် တောင်ပြိုကျပြီး ၆ ရက်ကြာတဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

အားလုံးကို ကယ်တင်ခဲ့ပြီးလည်းဖြစ်လို့ ကယ်ဆယ်ရေးလုပ်ငန်းအားလုံးပြီးဆုံးပြီလို့ ဆိုပါတယ်။

တောင်တက်ဖို့ စာရင်းပေးသူအယောက် ၁၂၀ ပဲရှိတာမှာ ကယ်တင်ခဲ့ရသူအယောက် ၆၀၀ လောက်ရှိခဲ့တာကြောင့် တောင်တက်သမားတွေကို အခုထက်ပိုပြီး ကြပ်မတ်တော့မယ်လို့ နီပေါအာဏာပိုင်တွေက ပြောဆိုပါတယ်။

အများစုဟာ တောင်တက်လေ့ကျင့်မှုနဲ့ တောင်တက်အတွေ့အကြုံ မရှိတဲ့သူတွေလည်း ပါဝင်တယ်လို့လည်း ပြောပါတယ်။

သေဆုံးသူတွေဟာ အေးခဲ လမ်းပျောက်နေချိန်မှာ တောင်အောက်ကို ဆက်ဆင်းသွားသူတွေလို့ တွေ့ကြုံခဲ့ရသူတွေက ပြောပါတယ်။

ဒါကြောင့် တောင်တက်လမ်းတလျှောက် ၃ ကီလိုမီတာတိုင်းမှာ နားခိုရန် အဆောက်အဦ အလုံး ၂၀၀ ကျော် ဆောက်လုပ်ဖို့လည်း နီပေါခရီးသွားလုပ်ငန်းက စီစဉ်နေပါတယ်။

နီပေါနိုင်ငံမှာ အခုလို တောင်တက်ရင်း ဘေးအန္တရာယ် ကြုံတွေ့တာဟာ တနှစ်အတွင်း ၂ ကြိမ်မြောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း ဧ၀ရတ်တောင်တက်လမ်းမှာ ဆီးနှင်းတောင်ပြိုကျခဲ့ပြီး နီပေါတောင်တက်လမ်းပြ ၁၆ ဦး သေဆုံးခဲ့ပါတယ်။

ကမ္ဘာ့အမြင့်ဆုံးတောင် တ၀က်ကျော်ကျော်ဟာ နီပေါနိုင်ငံမှာ ရှိတာဖြစ်ပြီး နိုင်ငံစီးပွားရေးရဲ့ ၄ ရာခိုင်နှုန်းဟာ တောင်တက်နဲ့ ခရီးသွားလုပ်ငန်းက ရရှိတာဖြစ်ပါတယ်။

DVB

ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၁၅၀၀ ကျော်ဖျက်သိမ်း

ဂျာမန်လေကြောင်းလိုင်း Lufthansa လေယာဉ်မှူးတွေ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ထပ်မံသပိတ်မှောက်တာကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းလိုက်ရပါတယ်။
ဒီတကြိမ်နဲ့ ဆိုရင် လေယာဉ်မှူးတွေ တနှစ်အတွင်း ၈ ကြိမ်မြောက် သပိတ်မှောက်ကြ တာ ဖြစ်ပါတယ်။

အစပိုင်းတော့ ဥရောပခရီးစဉ် အတိုတွေကိုပဲ သပိတ်မှောက်တာဖြစ်ပေမယ့် ဒီနေ့မှာ နိုင်ငံတကာခရီးဝေးတွေကိုပါ တိုးချဲ့သပိတ်မှောက်တာကြောင့် ခရီးသည် ၂ သိန်းကျော်ရဲ့ ခရီးစဉ်တွေကို ထိခိုက်မှာလည်း ဖြစ်ပါတယ်။

လေယာဉ်မှူးတွေက အငြိမ်းစား စယူနိုင်မယ့် အသက်အရွယ်ကို ၅၅ နှစ် သတ်မှတ်ပေးဖို့နဲ့ ပင်စင်လစာကိုလည်း ပုံမှန်လစာရဲ့ ၆၀ ရာခိုင်နှုန်းပေးဖို့ သပိတ်မှောက် တောင်းဆိုနေတာပါ။

ဒီသပိတ်တွေကြောင့် Lufthansa လေကြောင်းလိုင်းရဲ့ ၀င်ငွေနဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်မယ်လို့ Lufthansa လေကြောင်းလိုင်းက ဆိုပါတယ်။

လက်ရှိလေယာဉ်မှူးတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောနိုင်ပေမယ့် နောက်လေယာဉ်မှူးသစ်တွေအတွက် လိုက်လျောဖို့ကိုတော့ လေကြောင်းလိုင်းအာဏာပိုင်တွေက သဘောမတူပါဘူး။

ဒီသပိတ်မှောက်ချိန်အတွင်း လေကြောင်းခရီးစဉ် ၃ ပုံ ၁ ပုံကိုတော့ ပုံမှန်ပျံသန်းနိုင်ဖို့ လေကြောင်းလိုင်းက မျှော်လင့်ထားပါတယ်။

တခြား ဥရောပတန်ဖိုးနည်း လေကြောင်းလိုင်းတွေကို ယှဉ်ပြိုင်ဖို့ Lufthansa တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်တဲ့ Germanwings ကို တိုးချဲ့ဖို့လုပ်တာကနေ အခုလို လေယာဉ်မှူးတွေ သပိတ်စတင်ခဲ့တာဖြစ်ပါတယ်။

DVB

လေယာဉ် မတော်တဆမှုကြောင့် Total ရေနံကုမ္ပဏီ၏ အမှုဆောင်ချုပ် သေဆုံး


ပြင်သစ်ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင် အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျရီသည် ရုရှားနိုင်ငံတွင် ဖြစ်ပွားသည့် လေယာဉ် မတော်တဆမှု တစ်ခုအတွင်း သေဆုံးသွားကြောင်း သိရသည်။

မော်စကိုရှိ လေဆိပ်တာဝန်ရှိ အမျိုးသမီး အီလီနာ ခရိုင်လိုဗာက “အောက်တိုဘာ (၂၀)ရက် ညပိုင်းက လေယာဉ်တစ်စီးဟာ ဆီးနှင်းရှင်းလင်းတဲ့ ကိရိယာ တစ်ခုကို ဝင်တိုက်ခဲ့ပါတယ်။ လေယာဉ်အမှုထမ်း (၃)ဦးနဲ့ ခရီးသည်(၁)ဦး သေဆုံးပါတယ်။ သေဆုံးတဲ့ ခရီးသည်ဟု Totalရဲ့ အကြီးအကဲ ဒီမာဂျရီဖြစ်ကြောင်း ကျွန်မ အတည်ပြုပါတယ်”ဟု ပြောကြားခဲ့သည်။

ဒီမာဂျရီသည် ဥရောပ၏ တတိယ အကြီးဆုံး ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင်အရာရှိချုပ် တာဝန်ကို (၂၀၀၇)ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့သည်။ ဒီမာဂျရီ သေဆုံးမှု သတင်းကို Total ကလည်း သီးခြားထုတ်ပြန် ကြေညာခဲ့သည်။

ရုရှား၏ အရေးပေါ် အခြေအနေ ထိန်းသိမ်းစီမံရေး ဝန်ကြီးဌာနက Falcon-50 အမျိုးအစား လေယာဉ်တစ်စီးသည် မော်စကို စံတော်ချိန် ညသန်းခေါင် ဝန်းကျင်တွင် ပျက်ကျခဲ့ကြောင်း သိရသည်။ လေယာဉ်သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်သို့ ဦးတည်ပျံသန်းခဲ့ခြင်း ဖြစ်ပြီး လေယာဉ်အမှုထမ်း (၃)ဦးစလုံးသည်လည်း ပြင်သစ်နိုင်ငံသားများ ဖြစ်ကြသည်။

အသက်(၆၃)နှစ်ရှိ ဒီမာဂျရီသည် ရေနံနှင့် စွမ်းအင်လုပ်ငန်းတွင် ကမ္ဘာသိ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းသည် Total ကုမ္ပဏီတွင် ဝန်ထမ်းလုပ်သက် တစ်ဘဝလုံးစာ မြှုပ်နှံခဲ့သူ ဖြစ်ပြီး ၎င်းသေဆုံးခြင်းက Totalအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်လည်း ဖြစ်လာသည်။

Shell ရေနံကုမ္ပဏီ၏ ဥက္ကဋ္ဌဟောင်း ဂျွန်ဟော့ဖ်မိုင်စတာက “ပြောရမယ်ဆိုရင် ဒါဟာ ရေနံလုပ်ငန်း တစ်ခုလုံးနဲ့ ဒီလုပ်ငန်း နယ်ပယ်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေအတွက် ထိုးနှက်ချက် တစ်ရပ်ပါ။ Total အတွက် သူလုပ်ဆောင်ခဲ့သမျှဟာ အားလုံး လေးစား အားကျရတဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

ဒီမာဂျရီသည် ၎င်း၏ အမှုဆောင်ချုပ် တာဝန်ထမ်းဆောင်မှု ကာလအတွင်း Total ကုမ္ပဏီ အနေဖြင့် ကုလသမဂ္ဂက အီရတ်နိုင်ငံတွင် အကောင်အထည် ဖော်နေသည့် လောင်စာနှင့် စားနပ်ရိက္ခာ အစီအစဉ်တွင် အကျင့်ပျက် ခြစားမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများကို အောင်အောင်မြင်မြင် တွန်းလှန် ရပ်တည်နိုင်ခဲ့သည်။

_Ref: BBC