ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

31.10.15

ရွေးကောက်ပွဲအတွက် မဲလက်မှတ် သန်း ၁၃၀ ကျော် ပုံနှိပ်ပြီးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

 

  ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က စုစုပေါင်း အမှာစာ (၁၃) ကြိမ်ဖြင့် ဆန္ဒမဲ လက်မှတ်အစောင်ရေပေါင်း    သန်း ၁၃၀ ကျော် (၁၃၀,၈၁၁,၂၇၂) အပ်နှံခဲ့မှုအပေါ် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းက အစောင်ရေအားလုံးကို ပုံနှိပ်ပေး ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

ရန်ကုန်-ဒလ တံတားစီမံကိန်း ချေးငွေ သဘောတူစာချုပ် နိုဝင်ဘာ ၁၄ ရက် လက်မှတ်ထိုးမည်


ရန်ကုန်-ဒလ တံတားစီမံကိန်း ချေးငွေ သဘောတူစာချုပ် နိုဝင်ဘာ ၁၄ ရက် လက်မှတ်ထိုးမည် - Property News in Myanmar from iMyanmarHouse.com


ရန်ကုန်-ဒလ တံတား တည်ဆောက်ရေး စီမံကိန်းအ တွက် ကိုရီးယားနိုင်ငံမှ ချေးငွေ ပေးအပ်ရန် နိုဝင်ဘာ ၁၄ ရက် တွင် မြန်မာအစိုးရနှင့် စာချုပ်ချုပ် ဆိုမည်ဖြစ်ကြောင်း ဆောက်လုပ် ရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြောသည်။

လူမျိုးတုန်းသတ်ဖြတ်ခြင်းများမရှိဟု မြန်မာအစိုးရပြော


ရခိုင်ပြည်နယ်ရှိ မူဆလင်ရိုဟင်ဂျာဆိုသူများကို လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟူသော ခိုင်လုံသည့် သက်သေများဖြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်၏ ဖော်ထုတ်ချက်ကို မြန်မာအစိုးရ ငြင်းပယ်လိုက်သည်။

ပြည်ခိုင်ဖြိုး ရင်ထိုးဖြင့် သမ္မတကို ကြိုခဲ့သော သူနာပြုကျောင်းသူများ သတိပေးခံရ

   
   နိုင်ငံတော် သမ္မတ၏ ဧရာဝတီတိုင်း ဒေသကြီး ခရီးစဉ်တွင် ပြည်ခိုင်းဖြိုးပါတီ စတစ်ကာ ရင်ထိုးများ ကပ်ကာ ကြိုဆိုခဲ့သော သူနာပြု ကျောင်းသူများကို ပုသိမ် ဆေးရုံအုပ်ကြီးရုံးမှ တာဝန်ရှိသူများက သတိပေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် နေအိမ်တွင် စားသောက်ဆိုင် ဖွင့်လှစ်မှု စီအိုင်ဒီ ကန့် ကွက်ထားခြင်းမရှိ


 ငါးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့်နေအိမ်၌ Royal Legacy စားသောက်ဆိုင်ဖွင့်လှစ်ရန် စီစဉ်နေမှုကို စီအိုင်ဒီမှ ကန့်ကွက်ထားသည်ဆိုသောသတင်းသည် မဟုတ်မှန်ကြောင်းနှင့် ဆိုင်ဖွင့်ရန် အစီအစဉ်အား စီအိုင်ဒီမှ ကန့်ကွက်ခြင်းမရှိကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိအဓိကကျသည့် ငလျင်ကြောတစ်ခု ပေါ်၌ တည်ရှိနေပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်နေ

  မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြော (Earthquakes Belt) နှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက် (Alpide) ကြောပေါ်၌ တည်ရှိနေပြီး ငလျင် ပြင်းထန်ဇုန်တွင် ပါဝင်ကြောင်း ကယ်ဆယ်ရေး နှင့် ပြည်လည် နေရာချထားရေး ဦးစီးဌာနမှ သိရသည်။

မြိုင်မြို့နယ် NLD ပါတီ၏ လက်ယက်မ ကျေးရွာ စည်းရုံးရေး ဟောပြောပွဲ တက်ရောက်ခဲ့သည့် ကန်နီ ကျေးရွာသားများအား အပြန်တွင် ကျေးရွာအတွင်း မ၀င်ရောက်ရန် လူ ၄၀ ခန့်က တားမြစ်


မြိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အောက်တိုဘာ ၂၉ ရက်က လက်ယက်မ ကျေးရွာတွင် ပြုလုပ်သည့် စည်းရုံးရေး ဟောပြောပွဲသို့ တက်ရောက်ခဲ့သော ကန်နီကျေးရွာသားများမှာ ဟောပြောပွဲ အပြီး  ကျေးရွာသို့ အပြန်တွင် ကျေးရွာအတွင်း မ၀င်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီ အမှတ်အသားများ ၀တ်ဆင်ထားသူ ၄၀ ခန့်က တားမြစ်ခဲ့ကြောင်း သိရသည်။

နယူကလီးယားစမ်းသပ်ရန် မြောက်ကိုရီးယား လှိုဏ်ခေါင်းတူးနေသည်ဟုဆို


 တောင်ကိုရီးယားသတင်းမီဒီယာတစ်ခု၏အဆိုအရ မြောက်ကိုရီးယားသည် အနာဂတ်ကာလတွင် အဏုမြူပစ္စည်းများ စမ်းသပ်ရာတွင် အသုံးပြုနိုင်ရန် ၄င်းတို့၏ နယူးကလီးယားစမ်းသပ်ရာ နေရာများတွင် လှိုဏ်ခေါင်းများ တူးနေသည်ဟု ဖော်ပြခဲ့သည်။

ငှက်သိုက်လုပ်ငန်း ထိခိုက်ဟုဆိုကာ အသည်းပုံရေအိုင်ကျွန်း အလည်အပတ်ခရီးစဉ် ကန့်ကွက်ခံရ


 မြန်မာပြည်တောင်စွန်း ကော့သောင်း မြို့နယ် ကြက်မောက်ကျွန်းပေါ်ရှိ အသည်းပုံရေအိုင်ကျွန်းပေါ်သို့ ခရီးသွားဧည့်သည် သွားရောက်လည်ပတ်ခွင့်ကို ငှက်သိုက်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက ငှက်သိုက်လုပ်ငန်း ထိခိုက်သည်ဟုဆိုကာ အောက်တိုဘာ ၁၃ရက်နေ့က ကန့်ကွက်ခဲ့ ကြောင်း သူဌေးကျွန်းဟိုတယ် ခရီးသွားလုပ်ငန်းထံမှ သိရသည်။

29.10.15

မြန်မာ့ကျောက်စိမ်း ကုမ္ပဏီလုပ်ငန်းစု တစ်ခုအား မူးယစ်ရာဇာ ဝေဆူးကျန်က ထိန်းချုပ်ထားဟု Global Witness အစီရင်ခံစာတွင် ဖော်ပြ

အမေရိကန် အစိုးရက ဆုငွေထုတ်ခြင်း ခံထားရသည့် မူးယစ်ရာဇာ ဝေဆူးကျန်သည် လက်ရှိ မြန်မာ့ကျောက်စိမ်း လုပ်ငန်းတွင် လွှမ်းမိုးထားသည့် ဖားကန့် ကျောက်စိမ်း ကုမ္ပဏီ လုပ်ငန်းစု တစ်ခုကို ထိန်းချုပ်ထားသူ ဖြစ်သည်ဟု ခိုင်လုံသည့်အထောက် အထားများရှိကြောင်း Global Witness အဖွဲ့၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။

ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ကုပေးနိုင်မယ့် လေဆာကုထုံး

ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ကုသလို့ရတဲ့ထိ တိုးတက်မှုတွေရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ်စရာလုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ့အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်နေကြပါတယ်။

Global Witness၏ ကျောက်စိမ်းကဏ္ဍ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် သတ္တုတွင်း ၀န်ကြီးဌာနမှ တွင်းထွက်ကဏ္ဍ ထုတ်လုပ်မှုနှင့် ၀င်ငွေများကို နိုင်ငံပိုင် မီဒီယာတွင် ပြန်လည်ဖော်ပြ

မြန်မာနိုင်ငံတွင် တစ်နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ထွက်ရှိလာသော Global Witness အဖွဲ့၏ ကျောက်စိမ်း (သို့မဟုတ်) နိုင်ငံတော် လျှို့ဝှက်ချက် အစီရင်ခံစာ ထွက်ပေါ်ခဲ့ပြီးနောက် အစိုးရ၏ သတ္တုတွင်း ၀န်ကြီးဌာနမှ တွင်းထွက်ကဏ္ဍ ထုတ်လုပ်မှုနှင့် ၀င်ငွေများကို နိုင်ငံပိုင် မီဒီယာတွင် ပြန်လည်ဖော်ပြခဲ့သည်။

ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံ အနီးရှိ မီးရထားပိုင်မြေ တစ်ဧကပေါ်တွင် ကားအစီးရေ ၃၅၀ အထက် ရပ်နားနိုင်သည့် အထပ်မြင့် ကားပါကင်များ၊ လူနေခန်းများ၊ ဆိုင်ခန်းများ ပါဝင်သော ၂၅ ထပ် အဆောက်အအုံ စီမံကိန်း ဖော်ဆောင်မည်


ရန်ကုန်မြို့လယ် သမ္မတရုပ်ရှင်ရုံအနီး ရထားသံလမ်း နံဘေးရှိ မီးရထားပိုင် မြေ တစ်ဧကပေါ်တွင် ယာဉ်အစီးရေ ၃၅၀ အထက် ရပ်နားနိုင်သော အထပ်မြင့် ကားပါကင်များ၊ ဆိုင်ခန်းများ ပါဝင်သည့် ၂၅ ထပ် အဆောက်အအုံ စီမံကိန်း ဖော်ဆောင်မည် ဖြစ်ကြောင်း မြန်မာ့မီးရထား စစ်ဆေးရေးမှ အထွေထွေ မန်နေဂျာနှင့် အဆိုပါစီမံကိန်း ဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

သန်လျင်တံတား အသုံးပြုခကောက်ခံခွင့် တင်ဒါ ၂၀၁၆ မတ်လကုန်တွင် ပြန်လည်ခေါ်ယူမည်

သန်လျင်တံတားအသုံး ပြုခ ကောက်ခံခွင့်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား ၂၀၁၆ မတ် လမှသာ တင်ဒါခေါ်ယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။
တင်ဒါခေါ်ယူခြင်းကို ပြီးခဲ့ သည့် စက်တင်ဘာ နောက်ဆုံး ပတ်က ခေါ်ယူခဲ့သော်လည်း ရပ် ဆိုင်းခဲ့ပြီး လာမည့်နှစ် မတ်လ ၃၁ ရက်မှသာ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်အား တင်ဒါခေါ်ယူ မည်ဟု တင်ဒါခေါ်ယူရေးကော်မ တီက ဆိုသည်။

အောက်တိုဘာလကုန်တွင် အပြီးချုပ်ရမည့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်အတွက် ရက်ထပ်မံတိုးဖွယ်မရှိဟုဆို

 အလုပ်ရှင်၊ အလုပ်သ မား အလုပ်ခန့်ထားမှုဆိုင်ရာ သ ဘောတူစာချုပ် ချုပ်ဆိုရန် အချိန် နောက်တစ်လ ထပ်တိုးပေးတော့ မည် မဟုတ်ကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

27.10.15

အစိုးရတပ် နှင့် ရှမ်းမြောက်တပ်မတော် (SSPP/SSA) တို့ စစ်ရေးတင်းမာ



 
 အစိုးရတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် -မြောက်ပိုင်း (SSPP/SSA) တို့အကြား စစ်ရေးတင်းမာလျက်ရှိပြီး အစိုးရဘက်က စစ်ကူများ တိုးမြှင့်မှု ရှိနေဆဲဖြစ်သည်ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။

ဆရာ၊ ဆရာမများ မဲရုံမှူးလုပ်ရမည်ဖြစ်၍ ပါတီနိုင်ငံရေးလှုပ်ရှားမှုတွင်မပါဝင်ရန် ဝန်ကြီးဌာနကြေညာချက်ထုတ်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ပညာရေးဝန်ထမ်းများ ပါတီနိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်မှုမရှိစေရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ဂြိုဟ်တုနည်းပညာအကြောင်းဆွေးနွေးပွဲနိုဝင်ဘာတွင်ကျင်းပမည်


 နိုင်ငံတကာနှင့် ပြည် တွင်းမှပညာရှင်များပါဝင်သည့် ဂြိုဟ်တုနည်းပညာအကြောင်း ဆွေးနွေးပွဲကို ဒုတိယအကြိမ် အဖြစ် နိုဝင်ဘာအတွင်းကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင် ဂြိုဟ်တု ဝန်ဆောင်မှုအသစ်များ ဖြန့်ဝေရန်အလားအလာကောင်းများရှိနေ ပြီး ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာဝန် ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့၏ ထောက်ခံမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းပွဲ စီစဉ်သည့် Bangkok Exhibition Services မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘဏ်တွင် ၁၀ ရာခိုင်နှုန်းကြိုတင်ငွေဖြင့် ကြိုရောင်း၊ ကြိုဝယ်စနစ် မန္တလေးကုန်စည်ဒိုင်၌ ကျင့်သုံးရန် စဉ်းစား

http://www.7daydaily.com/sites/default/files/story/2015/10/DSC02798.jpg
 မန္တလေးကုန်စည်ဒိုင် တွင် အသင်းသားများအတွက် အကျိုးရှိမည်ဆိုပါက ဘဏ်၌ ၁၀ ရာခိုင်နှုန်းကြိုတင်ငွေသွင်းကာ ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်သည့် စနစ် ဆောင်ရွက်ပေးမည်ဟု အသင်းတာဝန်ရှိသူများက ပြော သည်။

21.10.15

အစိုးရက ထောက်ပံ့သော တိုက်ခိုက်မှုများ (State-Sponsored attacks) နှင့် ပတ်သက်၍ အသုံးပြုသူများကို Facebook က သတိပေးမှု ပြုလုပ်မည်


Facebook သည် Google ၏ ခြေရာကို နင်းလျက် အစိုးရက ထောက်ပံ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများ၏ ပစ်မှတ်ထားခံရသည်ဟု ယူဆရသူများကို သတိပေးမှုများ စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။

20.10.15

တရုတ်စီးပွားရေး အားနည်းမှုကြောင့် ရေနံဈေးတွေ ကျဆင်းလာ အေအက်ဖ်ပီ


တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ခြောက်နှစ်အတွင်း အနိမ့်ဆုံးအခြေအနေကို
ရောက်ရှိလာတဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာပြီးနောက် တရုတ်စီးပွားရေးကို
စိုးရိမ်မှုတွေ ပြန်လည် မြင့်တက်လာခဲ့ပြီး ရေနံဈေးနှုန်းတွေ ကလည်း အောက်
တိုဘာ ၁၉ ရက်မှာ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

သူခိုးမဝင်နိုင်အောင် ဆိုင်ခန်းတံခါးကို လျှပ်စီးလွှတ်ထားသူများ ဖမ်းဆီးခံရ

သာကေတမြို့နယ်၊ ၄/မြောက် ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၁ နာရီခွဲ ခန့်က ဆွမ်းခံကြွလာသည့် သံဃာများကို ဓာတ်ပုံရိုက်သူ အသက် ၃၈ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး ယင်းလမ်းဘေးရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် တံခါးနှင့် ထိမိရာမှ ဓာတ်လိုက်သေဆုံးခဲ့သောကြောင့် လူသေဆုံး စေရန် ဆိုင်ခန်းတံခါးကို လျှပ်စီးလွှတ်ထားသည့် ဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် လျှပ်စစ်မီး သွယ်တန်းပေးသူ အမျိုးသားတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သာကေတမြို့မ ရဲစခန်းထံမှ သိရှိရသည်။

အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန် ရေတပ်တို့အကြား ခြောက်ရက်ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်


အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်တို့သည် ခြောက်ရက်ကြာ ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို အောက်တိုဘာ ၁၉ ရက်တွင် အဆုံးသတ်ခဲ့ပြီး ၎င်းတို့ နိုင်ငံများအကြား စစ်ရေး ပူးပေါင်းမှု နီးကပ်လာခြင်းသည် ဒေသတွင်း၌ တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်မားလာခြင်းအား တန်ပြန်မှု တစ်ခုဟု ရှုမြင်ခံရသည်။

တရုတ်နိုင်ငံသို့ သစ်မှောင်ခိုထုတ်ရန် ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း လုပ်ငန်း ပြင်ဆင်မှုများ ရှိနေ


ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း တရုတ်နိုင်ငံသို့ မှောင်ခိုသစ် ထုတ်လုပ်ရန် လုပ်ငန်း ပြင်ဆင်မှုများ ရှိလာကြောင်း ဒေသခံ သစ်မှောင်ခို ကားမောင်းသူများနှင့် ဗန်းမော်အောက်ချောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ပြင်ဆင်မှုများ လုပ်နေကြသူများမှာ သစ်မှောင်ခိုမှော်များတွင် ဈေးရောင်းချသူများ၊  သစ်တင်ကားသမားများ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ရွေးကောက်ပွဲ ကာလအတွင်း သစ်မှောင်ခိုထုတ်ရန်   အဓိက မျှော်မှန်းလုပ်ဆောင်ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်စစ်ကြောင်းများနှင့် SSA (၀မ်ဟိုင်း)တို့ (၃၇) ကြိမ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဘက် အသက် ဆုံးရှုံးမှုများ ရှိခဲ့ဟု သတင်းထုတ်ပြန်

တပ်မတော် စစ်ကြောင်းများနှင့် SSA(၀မ်ဟိုင်း) အဖွဲ့များသည် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် မိုင်းစံကျေးရွာ၏ အနောက်မြောက်ဘက်  ခြောက်မိုင်ကျော် အကွာ နန့်ပန်ချောင်း၏ အနောက်ဘက် နယ်မြေအတွင်း ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက် မြန်မာ့ရုပ်မြင်သံကြား သတင်း ထုတ်လွှင့်ချက်အရ သိရ သည်။

စည်းကမ်းမဲ့လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို တွေ့ရှိပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု မြို့တော်စည်ပင် ထုတ်ပြန်

ရန် ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆောက်လုပ် ရေးလုပ်ငန်းများတွင် စည်းကမ်းမဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုများကို တွေ့ရှိပါက သက်ဆိုင်ရာလိုင်စင် ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာများအား လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

16.10.15

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် မန့်ဝိန်းဂိတ်အကြား ယာဉ်သွားလမ်း မကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု တစ်ပတ်ခန့် ကြာမြင့်ခဲ့

မန္တ လေး-လားရှိုး-မူဆယ် အဝေးပြေးလမ်း မကြီးပေါ်ရှိ မူဆယ် ၁၀၅ မိုင်ဂိတ် နှင့် တရုတ်နယ်စပ် မန့်ဝိန်းဂိတ်အထိ လမ်းတစ်လျှောက်တွင် တစ်ပတ်ကြာ ခန့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွား ခဲ့ ကြောင်း သိရသည်။

15.10.15

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်မည်

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၆၄-၃) ဖာလုံအနီးတွင် စစ်ဆေးရေးဂိတ် တည်ဆောက်လျက်ရှိပြီး မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယာဉ်လိုင်းများ ကြီးကြပ်ရေး ကော်မတီ (အဝေးပြေး)ထံမှ သိရသည်။

14.10.15

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ အကျုံးမ၀င်ကြောင်း ထုတ်ပြန်

 တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီချက်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို   မတရားအသင်း အဖြစ်မှလည်း ကောင်း၊ အကြမ်းဖက်သူများအ ဖြစ်မှ လည်းကောင်း အကျုံးဝင် မှုမရှိတော့ကြောင်း နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာသည်။

တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ‘၀’ ဒေသရှိ မြို့နယ်များနှင့် မိုင်းလားမြို့နယ်တို့အား ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းကို နားမလည်ဟု SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ဝေဖန်

တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ‘၀’ ဒေသရှိ မြို့နယ်များနှင့် မိုင်းလားမြို့နယ်တို့ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းကို နားမလည်ဟု  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဝေဖန်ပြောကြားသည်။

ဖုန်းဆင်းမ်ကတ်များ တရားဝင်မှတ်ပုံမတင်ထားသဖြင့် ဆိုက်ဘာရာဇဝတ်မှုများအတွက် သက်သေခံအဖြစ် အသုံးပြုရန်ခက်နေ

ဆိုက်ဘာရာဇဝတ်မှုများ အတွက် အရေးယူမှုများ ပြုလုပ် ရန် သက်သေခံပစ္စည်းများအဖြစ် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအသုံး ပြုသူများ၏ အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီ မှတ်ပုံတင်ထားနိုင်သည့် အချက်အ လက်များ လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဆက်သွယ်ရေးနှင့် သတင်းအ ချက်အလက်နည်းပညာဌာန ဌာန မှူး ရဲမှူးကြီး ထွန်းနေဝင်းက ပြောသည်။

အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် စစ်ရေးဖြင့် ဖိအားပေးသည့်လုပ်ရပ်ကို ကန့်ကွက်ကြောင်း SSPP ပြော


အစိုးရတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အပေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ် မရေးထိုးသဖြင့် စစ်ရေးနည်းဖြင့် ဖိအားပေးသည့် လုပ်ရပ်ကို လုံးဝ ကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးအပြီး သဘောထားထုတ်ပြန်လိုက်သည်။

ရုရှားနှင့် အမေရိကန်အပေါ် ဂျီဟတ်ဒ် ဆင်နွဲရန် IS တိုက်တွန်း

1015171582
IS အဖွဲ့က ရုရှားနှင့် အမေရိကန်နိုင်ငံသားများအပေါ် ဂျီဟတ်ဒ် ပြုလုပ်ရန် တကမ္ဘာလုံးရှိ အစ္စလာမ်ဘာသာဝင် များကို တိုက်တွန်းလိုက်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

13.10.15

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံရေး ပါတီများကို ခေါ်ယူ ပြောကြား

နိုဝင်ဘာ ၈ ရက် နေ့တွင် ပြုလုပ်မည် ဖြစ်သော ရွေးကောက်ပွဲကို
အချိန် ရွေ့ဆိုင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက
ယနေ့ (အောက်တိုဘာ ၁၃ ရက်) နံနက်ပိုင်းတွင် နိုင်ငံရေးပါတီများအား
ခေါ်ယူ ဆွေးနွေးခဲ့ကြောင်း သိရသည်။

12.10.15

အရည်အသွေးနိမ့်မှုကြောင့် မြန်မာ့ရော်ဘာကုန်ကြမ်းများ ပြည်ပတင်ပို့ရာတွင် ပေါက်ဈေးထက် တစ်တန်လျှင် ဒေါ်လာ ၃၀၀ ကျော် ဈေးနှိမ်ဝယ်ယူခြင်း ခံနေရ


မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများ၏ အရည်အသွေး နိမ့်ကျမှုကြောင့် ပြည်ပသို့ တင်ပို့ရာတွင် ပေါက်ဈေးထက် တစ်တန်လျှင် ဒေါ်လာ ၃၀၀ ကျော်မှ ၃၅၀ ၀န်းကျင်အထိ ဈေးနှိမ်ဝယ်ယူခြင်း ခံနေရကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။

ရွေးကောက်ပွဲ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဝင်များ လာရောက်လေ့လာ

ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့ လာရေးအဖွဲ့ (Europen Union Election Observation Mission) မှ ရွေးကောက်ပွဲလေ့ လာသူ ၃၀ ကို အောက်တိုဘာ ၁၁ ရက်မှစတင်ကာ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မြို့ပြ၊ ကျေးလက် ဒေသများ သို့ စေလွှတ်လိုက်ပြီဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပ နေစဉ်ကာလ တစ်လျှောက်လုံး လေ့ လာသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

ထိုင်းဆန်စက်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လေ့လာ

 ရွေးကောက်ပွဲပြီးလျှင် မြန်မာ လုပ်ငန်းရှင်များနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံရန် ထိုင်းဆန် စက်လုပ်ငန်းရှင်များ မြန်မာနိုင်ငံ သို့ လာရောက် လေ့လာနေ ကြောင်း သတင်းရရှိသည်။

သင်္ဃန်းကျွန်း မြို့နယ်ရှိ ယူနိုက်တက် အမရဘဏ်တွင် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည် ထုတ်ယူသည့် ဖြစ်စဉ်မှ ပူးပေါင်း ပါဝင်သူ အကြီးတန်း ဘဏ်ဝန်ထမ်း တစ်ဦးအား ဖမ်းဆီးရမိ

သင်္ဃန်းကျွန်း မြို့နယ်ရှိ ယူနိုက်တက် အမရဘဏ်တွင် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည် ထုတ်ယူသည့် ဖြစ်စဉ်မှ ပူးပေါင်း ပါဝင်သည့် အကြီးတန်း ဘဏ်ဝန်ထမ်း စာရေးတစ်ဦးအား ဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရှိ ရဲအရာရှိ တစ်ဦးထံမှ စုံစမ်းသိရသည်။

မြန်မာ တစ်နိုင်ငံလုံး၌ စက်တင်ဘာလကုန်အထိ လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ၁၂၃၅ ခု ရှိလာ


စက်တင်ဘာလကုန်အထိ မြန်မာ တစ်နိုင်ငံလုံး၌ လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ပေါင်း ၁၂၃၅ ခုအထိ ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

"Money Express"


 ပြည်ပနိုင်ငံများသို့သွားရောက်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် May Bank, Kasikorn Bank (K Bank), IME, SingPost, Western Union, Krung Thai Bank တို့မှတဆင့် ပြည်တွင်းရှိမိသားစုထံသို့ CB Bank ၏ Money Express ဝန်ဆောင်မှုကိုအသုံးပြု၍ သက်သာသောနှုန်းထားများဖြင့် လုံခြုံစိတ်ချချောမွေ့စွာငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

9.10.15

ရည်မှန်းချက်က အကြမ်းဖက်ဝါဒကိုတိုက်ပြီး အိုင်အက်စ်တွေကို အနိုင်တိုက်ရေးပါ


ဒီတစ်ပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံ ပြုလုပ်စဉ် မှာ ဆီးရီးယားအရေးဟာ အဓိက အကြောင်းအရာဖြစ်လာပြီး အမေရိကန်သမ္မတအိုဘားမားကလည်း ဆီးရီးယားစစ်ပွဲကို ဖြေရှင်းဖို့အတွက် ရုရှား၊ အီရန်အပါအဝင် မည်သည့်နိုင်ငံနဲ့ မဆိုဖြေရှင်း ဖို့ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သွေးထွက်သံယိုအများကြီးဖြစ်ပြီး ဖြေရှင်းပြီးခဲ့ရင် စစ်မတိုင်မီကာလအခြေအနေကိုတော့ ပြန်မရောက်ချင်ဘူးလို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားမှ ဆမ်ဆောင်းပိုင်ရှင် လီမိသားစုက အာရှ၏ အချမ်းသာဆုံး မိသားစုဖြစ်ကြောင်း ဖို့ဘ်က ဖော်ပြ


ဆမ်ဆောင်း လုပ်ငန်းစုကြီးကို ထိန်းချုပ်ထားသော တောင်ကိုရီးယား၏ လီမိသားစုသည် အာရှတွင် အချမ်းသာဆုံး မိသားစု ဖြစ်ကြောင်း ဖို့ဘ်အာရှမဂ္ဂဇင်းက အောက်တိုဘာ ၈ ရက်တွင် ပထမဆုံး ထုတ်ပြန်သော အာရှ၏ အချမ်းသာဆုံး မိသားစု ၅၀ စာရင်း၌ ဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးမည့် တိုင်းရင်းသား အဖွဲ့များအား မတရားအသင်း အဖြစ်မှ အောက်တိုဘာ ၁၂ ရက်တွင် ပယ်ဖျက်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား မတရားအသင်း အဖြစ်မှ အောက်တိုဘာ ၁၂ ရက်တွင် ပယ်ဖျက်ပေးရန် အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပခဲ့သော အစိုးရနှင့် NCA တွင် ပါဝင်လက်မှတ်ထိုးမည်ဟု အကြောင်းပြန်ကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၏ NCA လက်မှတ်ရေးထိုးပွဲ ကြိုတင်ပြင်ဆင်မှု အခမ်းအနားတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားသား လုပ်ငန်းရှင်များက အပြောင်းအလဲမရှိသော စည်းမျဉ်းများ ပွင့်လင်းမြင်သာစွာ သိရှိလိုကြဟု ကမ္ဘာ့ဘဏ် တာဝန်ရှိသူပြောကြား

 မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြားသားလုပ်ငန်း ရှင်များသည် အခွန်သက်သာခွင့် များထက် စီးပွားရေးနှင့်ပတ် သက်ပြီး အပြောင်းအလဲမရှိသော စည်းမျဉ်းစည်းကမ်းကို ပွင့်လင်း မြင်သာမှုရှိစွာ သိရှိနိုင်ခြင်းကိုသာ အဓိကလိုချင်နေကြသည်ဟု ကမ္ဘာ့ဘဏ်မှ စီမံခန့်ခွဲမှုအကြီး တန်းအရာရှိ မစ္စတာ Charles Schneider က ပြောသည်။

NCA လက်မှတ်မထိုးသဖြင့် အစိုးရ၏စစ်ရေးအရ ဖိအားပေးခြင်းခံနေရဟု SSPP/SSA ကြေညာချက်ထုတ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်မရေးထိုးသေးခြင်းကြောင့်  အစိုးရတပ်မတော်၏ထိုးစစ်ဆင်ကာ စစ်ရေးအရ ဖိအားပေးမှုခံနေရကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် (SS PP/SSA) က အောက်တိုဘာ ၈ ရက်တွင်  ကြေညာချက်ထုတ်ပြန်ခဲ့သည်။

8.10.15

ပထမဆုံးဆင်နွှဲခဲ့သော ကမ္ဘာ့တိရစ္ဆာန်များနေ့


ရန်ကုန်မြို့၏ အထင်ကရ နေရာဖြစ်သည့် ကန်တော်ကြီး မျှော်စင်ကျွန်းထဲ၌ ဆင်တူအင်္ကျီများ ၀တ်ဆင်ထားသော တိရစ္ဆာန်ချစ်သူများက တောရိုင်းတိရစ္ဆာန်လေးများကို သတ်ဖြတ်ခြင်းမပြုရန် တိုက်တွန်းထားသည့် အသိပညာပေးဆိုင်းဘုတ်များအနီးတွင် စုဝေးနေကြသည်။

ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် နိုင်ခြေ ရာခိုင်နှုန်း ၉၀ ရှိကြောင်း UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ပြောကြား

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရခိုင်ပြည်နယ် အတွင်းရှိ  မြို့နယ်အချို့မှ ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ ပါတီအောင်နိုင်ရေး စည်းရုံး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် နိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိကြောင်း ပြောကြားသည်။

ယခင် ဘဏ္ဍာနှစ်များတွင် ပျမ်းမျှအားဖြင့် ငါးရာခိုင်နှုန်းနှင့် ခြောက်ရာခိုင်နှုန်းကြားတွင် ရှိခဲ့သော မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာမည်

ယခင် ဘဏ္ဍာနှစ်များတွင် ပျမ်းမျှအားဖြင့် ငါးရာခိုင်နှုန်းနှင့် ခြောက်ရာခိုင်နှုန်းကြားတွင် ရှိခဲ့သော မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor အရ သိရသည်။

ပြည်တွင်းလုပ်ငန်းရှင်များအတွက် မြန်မာကျပ်ငွေဖြင့်ရောင်းချမည့် ကျောက်မျက်ပြပွဲကျင်းပမည်


 ပြည်တွင်းကျောက်မျက် ရတနာလုပ်ငန်းရှင်များအတွက် ကျောက်မျက်ရိုင်းနှင့်ကျောက် စိမ်းအသားကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာကျောက် စိမ်းခန်းမတွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်ဖြစ် ကြောင်း သတ္တုတွင်းဝန်ကြီး ဌာန၊ မြန်မာ့ကျောက်မျက်ရတ နာပြပွဲဗဟိုကော်မတီမှ သတင်း ရရှိသည်။

7.10.15

မြန်မာ့ စီးပွားရေး ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

စီးပွားရေး, ကမ္ဘာ့ဘဏ်, IMF
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန် ပြောဆို လိုက်သည်။

တူရကီ လေပိုင်နက်ကို ကျူးကျော်မိခြင်းသည် ရာသီဥတု မကောင်း၍ဟု ရုရှားဖြေရှင်း


တူရကီ လေပိုင်နက်ထဲ တိုက်လေယာဉ်တစ်စီး နယ်ကျွံ ဝင်ရောက်သွားခြင်းသည် ရာသီဥတု ဆိုးရွားမှုကြောင့်ဟု ရုရှားက အကြောင်းပြ ဖြေရှင်းခဲ့သည်။

ပြည်ထောင်စုအဆင့် ဘဏ္ဍာရေး ကော်မရှင်က ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ဘတ်ဂျက်ခွဲဝေရာတွင် ပွင့်လင်းမြင်သာမှု မရှိရုံသာမက ဓမ္မဓိဋ္ဌာန်ကျသော စံချိန်စံညွှန်းများ အသုံးပြုထားခြင်း မရှိဟု ဆို


ပြည်ထောင်စုအဆင့် ဘဏ္ဍာရေး ကော်မရှင်မှ ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ဘတ်ဂျက် ခွဲဝေရာတွင် ပွင့်လင်း မြင်သာမှု မရှိရုံသာမက ဓမ္မဓိဋ္ဌာန်ကျသော စံချိန်စံညွှန်းများကို အသုံးပြုထားခြင်းလည်း မရှိဟု Australian Department of Foreign  Affairs and Trade မှ ရန်ပုံငွေ ပံ့ပိုးမှုဖြင့် အာရှ ဖောင်ဒေးရှင်း၊ VNG Internationalနှင့် မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့တို့မှ ဆောင်ရွက်ခဲ့သော သင်တန်း လိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် ကနဦး သင်တန်းပေးခြင်း တို့မှ လေ့လာ တွေ့ရှိချက်များအရ သိရသည်။

နာဂတောင်တန်းပေါ်က ဒေါင်းနှင့် ခြင်္သေ့ ပထမဆုံးစီးချင်းထိုးပွဲ


ရွေးကောက်ပွဲဆိုသည့် စကားလုံးကို သင်မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုပါသနည်း။
မြန်မာနိုင်ငံ အနောက်မြောက်ဘက်တောင်တန်းများပေါ်မှ နာဂတိုင်းရင်းသားတစ်ဦးကတော့ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ဖူးသည်။
‘‘ဘယ်သူ့မှ မယုံဘူး။ ကိုယ်လုပ်စားရမယ့် တောင်ယာရယ်၊ တောင်ယာခုတ်မယ့်ဓားရယ်၊ ပြီးရင် ကျွန်တော့်မိန်းမရယ်ရှိနေရင် ရပြီ’’

NCA လက်မှတ် ရေးထိုးမည့် ABSDF အဖွဲ့၏ တပ်စခန်းများ ပြောင်းရွှေ့မည် မဟုတ်

တိုင်းရင်းသား, NCA, ABSDF
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို ပါဝင် လက်မှတ်ထိုးရန် ဆုံးဖြတ်ထားသည့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ၄င်းတို့၏ တပ်စခန်းများကို နဂို အခြေစိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများတွင် ဆက် လက်ထားရှိသွားမည် ဖြစ်ကြောင်း  ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။

ရွှေကြွေးကျန်ရှိသည့် ကုမ္ပဏီများ တရားရင်ဆိုင်မည်ဟုဆို

 ရွှေကြွေးကျန်ပေးသွင်း ရန် ပျက်ကွက်သည်ဟုဆိုကာ  တရားစွဲဆိုခံရမည့် ကုမ္ပဏီများ သည် ၎င်းတို့ဘက်မှ မှန်ကန်သဖြင့်တရားဥပဒေအရ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များက ပြောသည်။

6.10.15

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးသည် လက်ရှိဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ၌ ဖော်ပြ


၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးသည် လက်ရှိဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၅-၂၀၁၆ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းလာနိုင်ကြောင်း အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သော ကမ္ဘာ့ဘဏ်၏ အရှေ့ အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်ရေး အစီရင်ခံစာနှင့် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

5.10.15

မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတွင် ရေရရှိရေးအတွက် ဂျပန်က ဒေါ်လာ ၁၄ ဘီလီယံ ပေးမည်

မြန်မာနိုင်ငံတွင်း နယ်မြေသုံးခုတွင် ရေရရှိရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကို ဂျပန်အစိုးရက ပေးမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန သတင်းရင်းမြစ်က အောက်တိုဘာ ၃ ရက်က ပြောကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

အမြန်ဘတ်စ်ကားလိုင်း စီမံကိန်းအတွက် လမ်း၏ ညာဘက်ယာဉ်ကြောအား အသုံးပြုရန် ခွင့်ပြုချက် ရရှိခဲ့ပြီး အဆင့်မြင့် SRT ယာဉ်လိုင်း၏ ယာဉ်စီးခအောက် ဈေးလျှော့သွားရန် စီစဉ်ထားကာ ကိုယ်ပိုင်ယာဉ်ထက်ပင် သာလွန်သည့် အခြေအနေနှင့် ပြေးဆွဲပေးမည်

နှစ်ကုန်ပိုင်းတွင် ရောက်ရှိမည့် ဘတ်စ်ကားသစ် ၆၅ စီးဖြင့် စတင်ပြေးဆွဲမည့် အမြန်ဘတ်စ်ကားလိုင်း စီမံကိန်းအတွက် လမ်း၏ ညာဘက်ယာဉ်ကြောအား အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပြီး လက်ရှိပြေးဆွဲနေသည့် အဆင့်မြင့် SRT ယာဉ်လိုင်း၏ ယာဉ်စီးနင်းခအောက် လိုအပ်ပါက ဈေးလျှော့သွားရန် စီစဉ်ထားကာ ကိုယ်ပိုင်ယာဉ်များထက်ပင် သာလွန်သည့် အခြေအနေနှင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောကြားသည်။

တရုတ်က ရှမ်းမြောက်ဒေသမှာ မြေဧက ၂သိန်းကျော် ငှားရမ်းဖို့ ကမ်းလှမ်းခဲ့

တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ သူထောက်ပံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေထားဖို့ မြေဧက ၂သိန်းကျော်ကို နှစ် ၉၀ စာချုပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ ငှားရမ်းဖို့ ကြိုးစားခဲ့တယ်လို့ ခိုင်လုံတဲ့ ကချင်သတင်းရပ်ကွက် ကဆိုပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်စဲခြင်းသည် ထာဝရအဖြစ် သေချာစေရန် အလိုရှိကြောင်း မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့် သဘောထား ထုတ်ပြန်ချက် ဒေသခံများနှင့် ကချင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများ ထုတ်ပြန်


မြစ်ဆုံရေကာတာ စီမံကိန်းရပ်စဲခြင်းသည် ထာဝရအဖြစ် သေချာစေရန် အလိုရှိကြောင်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့် သဘောထား ထုတ်ပြန်ချက်ကို ဒေသခံပြည်သူများနှင့် ကချင်ပြည်နယ် အရပ်ဘက် လူ့အဖွဲ့အစည်းများက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆၀ ခန့်နှင့် ကချင်ပြည်နယ် ဒေသခံများ၊ မြစ်ဆုံစီမံကိန်း တည်ရှိရာ ရွှေ့ပြောင်းခံ ဒေသခံများ စုပေါင်း၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လူမျိုးရေးနှင့် ဘာသာရေးကို အသုံးပြုကာ ၀ါဒဖြန့် ပြောဆိုတိုက်ခိုက်မှု ပိုများလာခြင်းသည် ရွေးကောက်ပွဲ တည်ငြိမ်မှုအား ထိခိုက်စေနိုင်ပြီး နိုင်ငံ့ဂုဏ်သိက္ခာပါ ကျဆင်းစေ၍ အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ ပြောကြား

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများနှင့် ပါတီခေါင်းဆောင်များ အပါအ၀င် ပုဂ္ဂိုလ်အချို့အား လူမျိုးရေးနှင့် ဘာသာရေး အသုံးပြုပြီး ၀ါဒဖြန့် ပြောဆိုတိုက်ခိုက်မှု ပိုများလာခြင်း သည် ရွေးကောက်ပွဲ တည်ငြိမ်မှု ထိခိုက်နိုင်သည့်အပြင် နိုင်ငံ၏ ဂုဏ်သိက္ခာပါ ကျဆင်းစေ၍ သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်အချို့က ပြောကြားသည်။

ထိုင်ဝမ်ပို့ကုန်ကဏ္ဍ စက်တင်ဘာလအတွင်း ကျဆင်း ချန်နယ်နယူးစ်အေးရှ


ထိုင်ဝမ်ပို့ကုန်ကဏ္ဍစဟာ က်တင်ဘာလအတွင်းကျဆင်းခဲ့တယ်လို့ ဘဏ္ဍာ
ရေးဝန်ကြီး Chang Sheng-ford က ဆိုပြီး စက်တင်ဘာလမှာ ကာလရှည်
ကြာကျင်းပတက်တဲ့ ဆောင်းဦးရာသီပွဲတော်နဲ့ မုန်တိုင်း သူကျန်တို့ တိုက်ခိုက်ခဲ့
လို့ ပို့ကုန်ကျဆင်းခဲ့ရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဘုရင်သမီးတော် မဟာချက်ကရီသီရိဒုံ မြိတ်မြို့သို့သွားရောက်လေ့လာ


 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံသည် ယနေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့မှ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက် ကြသည်။

1.10.15

"အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီးဖြစ်တဲ့ Ooredoo"

၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုကို ပေးအပ်ခဲ့သည့် Ooredoo Myanmar သည် ယနေ့အချိန်အထိ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန် ပြောဆိုလိုက်သည်။

နေပြည်တော်တွင် အုပ်စုဖွဲ့ လူသတ်၊ မုဒိန်းမှု ဖြစ်

မုဒိန်းမှု, လူသတ်မှု, နေပြည်တော်
နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်၊ ဂျန်းရှင်း ဈေးဝယ်စင်တာအနီး သံတမန်အိမ်ရာ စီမံကိန်း နယ်မြေအတွင်း သမီးရည်းစားစုံတွဲကို လူ ၄ ယောက်က မုဒိန်းပြုကျင့်၊ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။

အပစ်ရပ် လက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်သည့် KNU ၏ သဘောထား

KNU အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (EAOs) တွင် အင်အားကြီး လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင် ၇ ဖွဲ့က အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးကြရန် ယခုလ ၂၉ ရက်နေ့ အစည်းအဝေး ဒုတိယမြောက်နေ့တွင် ဆုံးဖြတ်ချက် ပေးလိုက်ကြသည်။

ကြေးစင်တောင် ကြေးနီမိုင်းမှ အက်စစ်ကန် ပေါက်ကျခဲ့သည့် ကိစ္စရပ်အပေါ် မြန်မာယမ်စီ ကုမ္ပဏီ အနေဖြင့် တာဝန်မယူသဖြင့် ဒေသခံများ သောက်သုံးရေ အခက်ကြုံ

ယခုနှစ် စက်တင်ဘာ ၂၆ ရက် ညပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကြေးစင်တောင် ကြေးနီသတ္ထု တူးဖော်ထုတ်လုပ်ခွင့်ရ မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေး လုပ်ငန်းခွင် အတွင်းမှ ကြေးနီသတ္ထု ထုတ်ယူရာတွင် အသုံးပြုနေသည့် အက်စစ်ကန်မှ ရေများ မြောက်ယမားချောင်း အတွင်းသို့ ပေါက်ကျခဲ့မှုအပေါ် တာဝန်မယူသဖြင့် ယမားချောင်း တစ်လျှောက်ရှိ ဒေသခံကျေးရွာများ အနေဖြင့် လူများသောက်သုံးရေမှ တိရစ္ဆာန်သောက်သုံးရေအဆုံး အခက်ကြုံနေရကြောင်း ရွှေပန်းခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ယမားချောင်းဘေးရှိ ဒေသခံများထံမှ သိရသည်။

နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး အတူတကွ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးဟု ထုတ်ပြန်

နိုင်ငံရေး၊ စစ်ရေး အခြေအနေ အမျိုးမျိုးကြောင့် လက်ရှိ အနေအထားတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံး အနေဖြင့် အတူတကွ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း စက်တင်ဘာ ၂၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များအစည်း အဝေးအပြီး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ကြေ ညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အီးယူနိုင်ငံများသို့ တရားဝင်သစ်များ တင်ပို့ ရောင်းချနိုင်ရေး FLEGT-VPA အစီအစဉ် စတင်နိုင်ရန် G to G ပူးပေါင်းဆောင်ရွက်နေ


မြန်မာနိုင်ငံ အနေဖြင့် အီးယူနိုင်ငံများသို့ တရားဝင်သစ်များ တင်ပို့ရောင်းချနိုင်ရေး၊ အီးယူဈေးကွက်သို့ တိုက်ရိုက်ထိုးဖောက် နိုင်ရေးအတွက် FLEGT-VPA အစီအစဉ် စတင်နိုင်ရန် G to G ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ရှိ IBC ၌ ကျင်းပသည့် သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

တရုတ်ပြည်မှာ စာအိတ်ဗုံးပေါက်ကွဲ ၇ဦးသေ

151001091723-china-liuzhou-blast-site-exlarge-169
တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စာအိတ် ဗုံး ၁၇ လုံး အတွဲလိုက် ပေါက်ကွဲတဲ့အတွက် လူ ၇ ဦးသေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိကြောင်း အစိုးရပိုင်တရုတ်ဆင်ဟွာသတင်းကို ကိုးကား၍ CNN သတင်းက ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ရုရှဝင်ရောက်လာ


၁၉၇၉ ခုနှစ် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှသည် ဆိုဗီယက်ပြည်ထောင်စုဟောင်း၏ ပြင်ပတွင် ပထမဆုံး စစ်ရေးစွက်ဖက်မှုအဖြစ် စက်တင်ဘာ ၃၀ရက်က လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခြင်းဖြင့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ၀င်ရောက်လာခဲ့သည်။