31.10.15

ရွေးကောက်ပွဲအတွက် မဲလက်မှတ် သန်း ၁၃၀ ကျော် ပုံနှိပ်ပြီးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

 

  ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က စုစုပေါင်း အမှာစာ (၁၃) ကြိမ်ဖြင့် ဆန္ဒမဲ လက်မှတ်အစောင်ရေပေါင်း    သန်း ၁၃၀ ကျော် (၁၃၀,၈၁၁,၂၇၂) အပ်နှံခဲ့မှုအပေါ် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းက အစောင်ရေအားလုံးကို ပုံနှိပ်ပေး ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။


စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၁၉ ရက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမှာစာကိုးကြိမ် ဖြင့်  ဆန္ဒမဲလက်မှတ်အစောင်ရေ သန်း ၁၃၀ (၁၃၀,၆၂၀,၂၇၂) နှင့် ပြည်ပသို့ ပို့ဆောင်နိုင်ရန် အမှာ စာလေးကြိမ်ဖြင့် ဆန္ဒမဲလက်မှတ် နှစ်သိန်းခန့် (၁၉၁,၀၀၀)၊ စုစု ပေါင်း အမှာစာ (၁၃) ကြိမ်ဖြင့် ဆန္ဒမဲလက်မှတ်ပေါင်း ၁၃၀,၈၁၁,၂၇၂ စောင် အပ်နှံခဲ့သည်ဟု ပြန်ကြား ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
 ထို့ပြင် ဆန္ဒမဲလက်မှတ် များ ထပ်မံအပ်နှံလာမည်ဆိုပါက အောက်တိုဘာ ၃၁ ရက်မတိုင်မီ အပ်နှံမှုများကိုသာ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းက အချိန်မီပုံနှိပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
‘‘ထပ်မှာဖို့ မရှိတော့ပါဘူး’’ ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးတင် ထွန်းက ပြောသည်။
ရွေးကောက်ပွဲတွင် မဲဆန္ဒ ရှင်တစ်ဦးလျှင် လွှတ်တော်သုံး ရပ်အတွက် မဲသုံးမဲပေးရမည်ဖြစ် ပြီး တိုင်းရင်းသား ကိုယ်စားလှယ် လောင်းရရှိပါက တစ်မဲထပ်ပေးရမည်ဖြစ်သည်။
ကော်မရှင်၏ ထုတ်ပြန်ချက် အရ မဲဆန္ဒရှင် ၃၄ သန်းကျော် ရှိကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆,၀၀၀ကျော်က မဲဆန္ဒနယ် ၁,၁၀၀ ကျော်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲလက်မှတ် အမျိုးအစား ၃၂၆ မျိုး၊ အမျိုးသားလွှတ်တော်အ တွက် ၁၆၈ မျိုး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်အတွက်  တိုင်းရင်းသားလူမျိုးစု ကိုယ်စား လှယ် ၂၉ မျိုး အပါအ၀င် ၆၆၅ မျိုး၊ စုစုပေါင်း ဆန္ဒမဲလက်မှတ် အမျိုးအစား ၁,၁၅၉ မျိုးအတွက် မဲလက်မှတ် သန်းတစ်ရာကျော် (၁၂၉,၇၉၃,၆၂၂) ကို စက်တင် ဘာလအတွင်း ကော်မရှင်က မှာ ကြားခဲ့သည်။
‘‘မဲဆန္ဒရှင်က ၃၃ သန်း ကျော်လောက်ရှိတယ်။ ပြည်သူ၊ အမျိုးသားနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အတွက်ဆို မဲလက်မှတ်က သန်းတစ်ရာလောက် ဖြစ်သွားမယ်။ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်က ၂၉ နေရာ ရှိသေးတယ်။ ပြီးတော့ အပိုဆောင်းမဲ လက်မှတ်က ထားရပါသေးတယ်’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။
အပိုဆောင်းမဲလက်မှတ် အ ရွက် ၅၀ ကို စာအုပ်တစ်အုပ် ချုပ် ပြီး မဲရုံတစ်ရုံလျှင် တစ်အုပ်နှုန်း ပေးအပ်မည်ဖြစ်ကြောင်း ကော်မ ရှင်မှ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မဲရုံ ပေါင်း လေးသောင်းကျော်ရှိရာ အ ပိုဆောင်းမဲလက်မှတ်မှာ နှစ်သန်း ကျော်ရှိနေသည်။

Credit To >>> 7Day News Journal

0 comments:

Post a Comment