3.11.15

ထိုင်းနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့် ရပ်တည်မှု မြန်မာကဲ့သို့ နိမ့်ကျနေဟုဆို


အစိုးမရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Freedom House ၏ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာတွင်အာရှရှိအင်တာနက်သုံးစွဲသူများအတွက်စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း ဖော်ပြခဲ့ သည်။အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာပေါ်ရှိ အင်တာနက်လွတ်လပ်ခွင့်ရရှိမှု အနည်းဆုံးအဖြစ် တရုတ်နိုင်ငံနှင့် စစ်တပ်အုပ်ချုပ်မှုအောက် ရောက်ရှိနေသည့် ထိုင်းနိုင်ငံတို့ကို ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာခြင်းကို တိုက်ဖျက်ရန် အာရှနိုင်ငံများအနေဖြင့် အလှမ်းမမီနိုင်သည့် အခြေအနေဖြစ်ပေါ်နေပြီး အာရှရှိ ဂျပန်နှင့် ဖိလစ်ပိုင် ၂ နိုင်ငံတည်းသာ အင်တာနက်လွတ်လပ်ခွင့် ရရှိသော နိုင်ငံများအဖြစ် သတ်မှတ်ခံရသည်။ တရုတ်နိုင်ငံမှာမူ အင်တာနက်အသုံးပြုခွင့် တင်းကျပ်မှုအရှိဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။
“တရုတ်အစိုးရအနေဖြင့် နိုင်ငံရပ်ခြား အင်တာနက်ကုမ္ပဏီများအပေါ်ရှိသော သဘောထားများတွင် အခြေခိုင်မာသည့် ထိန်းချုပ်မှု ဖြစ်ပေါ်ရန် ရည်ရွယ်သော သက်သေ အထောက်အထားများတွေ့ရသည်။ အစိုးရအနေဖြင့် ဒီဂျစ်တယ်လုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့် သုံးစွဲသူ လွတ်လပ်ခွင့်ထိပါးခြင်း အပါအဝင် ဥပဒေပ ထိန်းသိမ်းခြင်းနှင့် အွန်လိုင်းပြောစကားများ အတွက် ထောင်သွင်းအကျဉ်းကျခြင်းတွေ ပြုလုပ်လျက်ရှိပါသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် အွန်လိုင်းလွတ်လပ်ခွင့် ဆိုးဝါးစွာ နိမ့်ကျလျက်ရှိပြီး စစ်တပ်မှ အုပ်ချုပ်နေသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ အဆင့် ၆၃ တွင် ရပ်တည်လျက်ရှိကာ အင်တာနက် လွတ်လပ်ခွင့်မှာ ရုရှားနိုင်ငံထက် ပိုမိုဆိုးဝါးနေသည်။
“ထိုင်းနိုင်ငံရှိ အင်တာနက်သုံးစွဲသူများစွာသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု မတိုင်မီထက် သတင်းတင်ဆက်မှုများ ပြုလုပ်ရာတွင် အနှောက်အယှက်များနှင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများဖြင့် ကြုံတွေ့ခဲ့ရသည်” ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အရေးပါသော အကြောင်းကိစ္စများအနက် ထိုင်းနိုင်ငံ၏ အဆိုပြုတင်သွင်းထားသော gateway တစ်ခုအပြင် တော်ဝင်မျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုအတွက် ကာလရှည် ပြစ်ဒဏ်များချမှတ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းမှုများ မြင့်တက်မှုတို့ကြောင့် အင်တာနက်လွတ်လပ်ခွင့် သတ်မှတ်ချက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံအများစုသည် အင်တာနက်လွတ်လပ်ခွင့် အတိုင်းအတာတစ်ရပ်အထိသာ လွတ်လပ်ခွင့်ရရှိသော်လည်း ဖိလစ်ပိုင် တစ်နိုင်ငံတည်းသာ အင်တာနက်လွတ်လပ်ခွင့် အပြည့်အဝ ရရှိထားသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာတစ်ဝန်း၏ အင်တာနက်လွတ်လပ်ခွင့်မှာ ၅ နှစ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသို့ကျဆင်းလာရခြင်းမှာ အစိုးရက ပြည်သူအများ စိတ်ဝင်စားသည့် သတင်းများကို ဆင်ဆာပြုလုပ်သလို လေ့လာစောင့်ကြည့်မှုများ တိုးမြှင့်ခြင်းနှင့် privacy tool များ ကန့်သတ်ခြင်းတို့ ပြုလုပ်လျက်ရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

Credit To >>> Internet Journal 

0 comments:

Post a Comment