3.11.15

ပိုလီယိုထိုးဆေး ၂၀၁၆တွင် စတင်အသုံးပြုမည်



ပိုလီယိုဖြစ်ပွား မှုနှုန်းကို ပိုမိုထိရောက်စွာကာကွယ် နိုင်စေရန်အတွက် ၂၀၁၆ တွင် ပိုလီ ယိုထိုးဆေးကို စတင်အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ပိုလီယိုထိုးဆေးကို အသုံးပြုနိုင်ပါက ပိုလီယိုရောဂါဖြစ်ပွား မှုနှုန်းကို သိသာထိရောက်စွာကာကွယ် နိုင်မည်ဖြစ်သော်လည်း သတ်မှတ်ထား သည့် အသင့်လျော်ဆုံးအသက်အရွယ် ဖြစ်သော တစ်နှစ်အောက်အချိန်တွင် ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက် ခြင်းများကိုလုပ်ဆောင်မှသာ ရာနှုန်း ပြည့်ကာကွယ်နိုင်မည်ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် ကျေးလက်ကျန်းမာ ရေးဌာနခွဲမှ တာဝန်ရှိသူ ဒေါ်သီတာ ဆွေကပြောသည်။
''လက်ရှိမှာက အစက်ချတာကို သုံးတယ်။ လာမယ့်နှစ် မေလလောက် ဆိုရင်တော့ ထိုးဆေးအသုံးပြု ကာ ကွယ်ဖို့စီစဉ်ထားတယ်။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း စီမံချက်ကို ပြီး ခဲ့တဲ့လက ထုတ်လိုက်တာပါ။ ကျွန်မ တို့နိုင်ငံမှာတော့ ပိုလီယိုရောဂါဖြစ် တာနည်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကြို တင်ကာကွယ်ထားတာ အကောင်းဆုံး ပါ။ ကလေးတစ်ယောက်ကို သတ်မှတ် ထားတဲ့အရွယ်မှာ လုပ်ပေးရမယ်။ တစ်နှစ်ကျော်သွားတဲ့ ကလေးတွေကို ရာနှုန်းပြည့်ကာကွယ်နိုင်ဖို့ အာမမခံဘူး။ ထိုးဆေးက သုံးနှစ်ကျော်ရင် လုံးဝ ထိုးလို့မရတော့ဘူး''ဟု ယင်းက ဆက်လက်ပြောသည်။
အဆိုပါ ပိုလီယိုထိုးဆေး ကာကွယ်ဆေးမှာ အခြားသော ပြည်ပနိုင် ငံများ၌ လွန်ခဲ့သည့်နှစ်များအတွင်း ကပင် စတင်အသုံးပြုလျက်ရှိနေကာ မြန်မာ နိုင်ငံတွင် ၂၀၁၆ မှစတင်သုံး စွဲမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ကို ပိုလီယိုထိုးဆေး အသုံးပြုမည့်အ ပြင် ယခုဆောင်ရွက်နေသည့် ငါးမျိုး စပ်ကာကွယ်ဆေးနှင့် ပိုလီယို အစက် ချဆေးကိုပါ တွဲဖက် အသုံးပြုမည်ဖြစ် ကြောင်း သိရသည်။
ကလေးငယ်များကို ကာကွယ် ဆေးထိုးရန် အသင့်လျော်ဆုံးဖြစ် သည့် အသက်အရွယ်များမှာ ငါးမျိုး စပ်ကာကွယ်ဆေး ပထမအကြိမ် အ သက် နှစ်လ၊ ဒုတိယအကြိမ် အသက် လေးလ၊ တတိယအကြိမ် အသက် ခြောက်လ၊ ပိုလီယိုအစက်ချဆေး ပထမအကြိမ် အသက်နှစ်လ၊ ဒုတိယ အကြိမ် အသက်လေးလ၊ တတိယ အကြိမ် အသက်ခြောက်လ၊ ပိုလီယို ထိုးဆေး အသက်လေးလအချိန်တို့ တွင် ကာကွယ်ဆေးထိုးခြင်း၊ အစက် ချခြင်းများကို လုပ်ဆောင်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ချက်အရ သိရသည်။
၎င်းအသက်အရွယ်တွင် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများ မပြုလုပ် နိုင်ပါက ငါးမျိုးစပ်ကာကွယ်ဆေး ပထ မအကြိမ် အသက်လေးလမှ သုံးနှစ် အထိ၊ ဒုတိယအကြိမ် အသက်ခြောက် လမှ သုံးနှစ်အထိ၊ တတိယအကြိမ် ကို အသက်ကိုးလမှ သုံးနှစ်အထိ၊ ပိုလီယိုအစက်ချဆေး ပထမအကြိမ် အသက်လေးလမှ ငါးနှစ်အထိ၊ ဒုတိ ယအကြိမ် အသက်ခြောက်လမှ ငါးနှစ် အထိ၊ တတိယအကြိမ် အသက်ကိုး လမှ ငါးနှစ်အထိ၊ ပိုလီယိုထိုးဆေးကို မူ အသက်ခြောက်လအရွယ်မှ သုံးနှစ်အထိ ထိုးနှံနိုင်ကြောင်း သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment