ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.10.14

ပျောက်ဆုံး MH 370 လေယာဉ် ကို အိန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်တွင် ရှာဖွေ မှုများ ပြန်လည် လုပ်ဆောင်



ခြောက်လကျော်ကြာ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းမှ MH 370 လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်အောက်တွင် ရှာဖွေမှုများ ပြန်လည်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။
ရှာဖွေရေး သင်္ဘောသုံးစင်းအနက် တစ်စင်းဖြစ်သော The Go Phoenix သင်္ဘောသည် အဆိုပါ ပျောက်ဆုံးလေယာဉ် အပျက်အစီး များကို ၎င်းသမုဒ္ဒရာအောက်တွင် တစ်နှစ်ကြာ ရှာဖွေသွားမည်ဖြစ်ပြီး ၎င်းသင်္ဘောသည် အောက်တိုဘာ ၆ ရက်က သြစတြေးလျနိုင်ငံ အနောက်ဘက်မှ မိုင် ၁၁ဝဝ အကွာရှိ ရှာဖွေရေးဇုန်အတွင်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့ပြင် အခြားရှာဖွေရေး အမှုထမ်းများသည် ၎င်းရှာဖွေရေးဇုန်ရှိ ပင်လယ်ကြမ်းပြင် မြေပုံများကို လေးလကြာအချိန်ယူ ဆွဲခဲ့ကြောင်းနှင့် လေ့လာသူများကလည်း ၎င်း လေယာဉ်နှင့် ဂြိုဟ်တုတို့အကြား ထုတ်လွှင့်ခဲ့သည့် အချက်အလက်များ ကို လေ့လာဆန်းစစ် ခဲ့ကြောင်း သိရသည်။

မြ၀တီ

ပိုင်နက်အငြင်းပွားနေသည့် ရေပြင်တွင် တောင်နှင့်မြောက် ကိုရီးယား ရေယာဉ်များ အပြန်အလှန်ပစ်ခတ်


နှစ်နိုင်ငံ နယ်စပ်ရေပြင်တွင် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ၏ ရေတပ် ကင်းလှည့်သင်္ဘောများ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပိုင်နက် အငြင်းပွားမှုများ မကြာခဏ ကြုံရလေ့ရှိသည့် ပင်လယ်ဝါ ရေပြင်တွင် ယခင်ကလည်း အလားတူ ရေတပ်ချင်း ထိတွေ့မှုများ ရှိခဲ့ဖူးသည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ (၇)ရက် နံနက်ခင်းတွင် မိမိတို့၏ ရေတပ်နှင့် မြောက်ကိုရီးယား ရေတပ်တို့ကြား အပြန်အလှန် အားစမ်းသည့် အခြေအနေမျှ ပစ်ခတ်မှု ရှိခဲ့ကြောင်း ကြေညာသည်။

မြောက်ကိုရီးယား၏ ထိပ်တန်း အရာရှိကြီး (၃)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ အလည်အပတ် လာရောက်ပြီး (၃)ရက်မျှ အကြာတွင် ယခုကဲ့သို့ ရေတပ် အချင်းချင်း ပစ်ခတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် တစ်စီးက ရေပိုင်နက် မိုင်ဝက်မျှ ကျူးကျော်လာသည့်နောက် တောင်ကိုရီးယား ကင်းလှည့်ရေယာဉ်က ခြိမ်းခြောက်သည့်သဘော စတင် ပစ်ခတ်ခဲ့ခြင်းဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

ထိုအခြေအနေတွင် မြောက်ကိုရီးယား ရေယာဉ်အနေဖြင့် ပြန်လည် ဆုတ်ခွာသွားရမည့်အစား တုံ့ပြန် ပစ်ခတ်ခြင်းကြောင့် တောင်ကိုရီးယား စစ်သင်္ဘောကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားသည်။ အဆိုပါ ဖြစ်ရပ်တွင် တောင်ကိုရီးယား သင်္ဘော၌ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား သင်္ဘောကလည်း ပြန်လည် ပစ်ခတ်သည့်တိုင် တောင်ကိုရီးယား သင်္ဘောကို တိုက်ရိုက်ထိမှန်အောင် တိုက်ခိုက်သည့် ရည်ရွယ်ချက် ရှိဟန်မတူဘဲ အပြန်အလှန် ခြိမ်းခြောက်သည့် သဘောသာ ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။ ထို့နောက် (၁၀)မိနစ်မျှ အကြာတွင် မြောက်ကိုရီးယား ရေယာဉ်က ပြန်လည် ဆုတ်ခွာ ခုတ်မောင်းသွားခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် ပိုင်နက်အငြင်းပွားနေသည့် ရေပြင်တွင် အပြန်အလှန် ထိတွေ့ ပစ်ခတ်မှုများ ရှိခဲ့ရာ (၁၉၉၉)၊ (၂၀၀၂)နှင့် (၂၀၀၉)ခုနှစ်များတွင် အသေအပျောက် များပြားသည့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ဖူးသည်။ (၂၀၁၀)ပြည့်နှစ်ကလည်း မြောက်ကိုရီးယား၏ လက်နက်ကြီး ကျည်ဆန်များ တောင်ကိုရီးယားပိုင် ယွန်ပြောင်းကျွန်းပေါ် ကျရောက်ပေါက်ကွဲရာ တောင်ကိုရီးယား နိုင်ငံသား(၄)ဦး သေဆုံးသည့်နောက် နှစ်နိုင်ငံ ဆက်ဆံရေး အတင်းမာဆုံး အဆင့်ထိ ရောက်ရှိခဲ့ဖူးသည်။

_Ref: Channelnewsasia

အကြမ်းဖက်သမားများ၏ နောက်ဆုံးခံတပ် ဆိုမာလီနှင့်ညွန့်ပေါင်းတပ်ဖွဲ့များ သိမ်းပိုက်


အယ်လ်ရှာဘတ် (Al Shabaab) အကြမ်းဖက်တွေရဲ့ နောက်ဆုံးခံတပ်မြို့ဖြစ်တဲ့ ဘရာဝီ(Barawe)မြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ဆိုမာလီစစ်တပ်နဲ့ အာဖရိကညွန့်ပေါင်း တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ခဲ့ကြပြီး အောက်တိုဘာ ၆ ရက်နေ့မှာ ကင်းလှည့်ခဲ့ကြတယ်။
ဘရာဝီမြို့ဟာ အယ်လ်ရှာဘတ် အကြမ်းဖက်တွေရဲ့ လက်နက်နဲ့ ရိက္ခာ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဒီမြို့ကနေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဘရာဝီမြို့ဟာ ဆိုမာလီအစိုးရက ထိန်းချုပ်မှုလက်အောက်က လွတ်နေခဲ့တာ လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းက ဆိုပါတယ်။

ပြီးခဲ့တဲ့လက အယ်လ် ရှာဘတ် အကြမ်းဖက်ခေါင်းဆောင် အာမက် အဘ်ဒီ ဂိုဒိန်း (Ahmed Abdi Godane) အမေရိကန်လေကြောင်း ပစ်ခတ်မှုမှာ သေဆုံးသွားပြီးနောက်ပိုင်း မြို့ကို အခုအခံ သိပ်မရှိဘဲ  သိမ်းပိုက်နိုင်ခဲ့တာလို့ အာဖရိကတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကတည်းက အယ်လ် ရှာဘတ်အကြမ်းဖက်တွေ မြို့ကနေ ထွက်ခွာနေကြတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒါပေမယ့် အယ်လ်ရှာဘတ်အကြမ်းဖက်တွေဟာ တခြားနယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားကြပြီး ထိုးစစ်တွေကို အခုလို မဟာဗျူဟာအရ ဆုတ်ပေးလေ့ ရှိတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

မြို့ကျဆုံးမှုဟာ အကြမ်းဖက်တွေရဲ့ ကျဆုံးခန်းဆိုတဲ့ သုံးသပ်မှုတွေကို တချို့ နိုင်ငံရေးလေ့လာသူတွေက သံသယဖြစ်ကြတာလည်း ရှိပါတယ်။

အယ်လ် ရှာဘတ် အကြမ်းဖက်အဖွဲ့မှာ တပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀၀ ရှိပြီး ဘရာဝီမြို့ကို ၆ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့ပါတယ်။

DVB

ပျောက်ဆုံးနေသော မက္ကဆီကိုကျောင်းသား ၄၃ဦးထဲမှ ၁၇ဦးကို သတ်ခဲ့ကြောင်း လူသတ်သမားများဝန်ခံ


မက္ကဆီကို တောင်ပိုင်းတွင်ပျောက် ဆုံးသွားသောကျောင်းသား ၄၃ဦးထဲမှ တချို့၏ အလောင်းကို ကျင်းတစ် ခုတွင် ရှာဖွေတွေ့ရှိချိန် လူဆိုးဂိုဏ်း နှစ်ခုမှ လူသတ်သမားများက ၄င်း တို့သည် ကျောင်းသား ၁၇ဦးကိုသတ် ခဲ့ကြောင်း ဝန်ခံခဲ့သည်။
အကြမ်းဖက်မှုဖြစ်ပွားရာ ဂါ ရီရိုပြည်နယ်၏ ရှေ့နေချုပ်အီနာကီ ဘလန်ကို၏ ပြောကြားချက်အရလျို့ ဝှက်ကျင်းတစ်ခုတွင် တွေ့ရှိသော အလောင်း ၁၈လောင်းကို မည်သူ မည်ဝါဖြစ်ကြောင်း ခွဲခြားရန်၁၅ရက် ထက်မနည်း အချိန်ယူခဲ့ရကြောင်း၊ တချို့သောအလောင်းမှာ ဆိုးဆိုး ရွားရွား မီးလောင်ကျွမ်းနေကြောင်း သိရသည်။
အလောင်းများ မြှုပ်နှံထားသည့် ကျင်းကို စက်တင်ဘာ ၂၆ရက်ညက ကျောင်းသားများပျောက်ဆုံးသွား ရာနေရာတွင် ယမန်နေ့ကတွေ့ရှိခဲ့ ခြင်းဖြစ်သည်။
အီဂွါလာမြူနီစီပယ် ရဲများက ထိုကျောင်းသားများ စီးနင်းလာသော ဘတ်စ်ကားကို ပစ်ခတ်ခဲ့ပြီးနောက် ကျောင်းသားများပျောက်ဆုံးသွား ခြင်းဖြစ်သည်။
ဘလန်ကို၏ပြော ကြားချက်အရ ကျောင်းသား ၄၃ဦး ပျောက်ဆုံးပြီး ၂၅ဦးထိခိုက်ဒဏ်ရာ ရကာ ခြောက်ဦးသေဆုံးခဲ့သော အ ကြမ်းဖက်မှုတွင် Guerrers Unidos ဂိုဏ်းကပူးပေါင်းပါဝင်ကြောင်း သိ ရသည်။
ထိုအကြမ်းဖက်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေး နေကြောင်း ဘလန်ကိုကပြောသည်။
အဆိုပါ အဖြစ်အပျက်သည် ၂ဝဝ၆ ခုနှစ်ပြင်းထန်သော မူးယစ်ဆေးဝါး စစ်ပွဲဖြစ်ပွားချိန်ကတည်းက မက္ကဆီ ကိုတွင် အဆိုးရွားဆုံးဖြစ်ခဲ့သည်။

Ref: AFP

ဗြိတိန်စုံတွဲကို သတ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး အဖြစ်မှန် ထုတ်မပြောဟုဆို




ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ဦးထွန်းအေးက ပြောကြားသည်။

ဇော်လင်းနှင့် ဇော်လင်းထွန်း အမည်ရ အဆိုပါ မြန်မာနှစ်ဦးကို တစ်စုံတစ်ခု လွှမ်းမိုးထားသည့် သဘောတွေ့ရှိရပြီး ၎င်းတို့ကို ဆူရတ်ဌာနီခရိုင် Kohsamuai မြို့ရှိ အကျဉ်းထောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က မေးမြန်းရာတွင် ဇော်လင်းက တုံ့ဆိုင်းတွေဝေနေပြီး ဇော်လင်းထွန်းကမူ အေးအေးဆေးဆေး ပြန်လည်ဖြေကြားကြောင်း ဦးထွန်းအေးက ပြောဆိုသည်။

“ဇော်လင်းက ပုံမှန်အနေအထား မဟုတ်ဘူး။ သူ့ရဲ့အနေအထားက တစ်ခုခုကများ လွှမ်းမိုးနေသလား စဉ်းစားစရာ ဖြစ်နေတယ်။ တစ်စုံတစ်ယောက်ကများ သူ့ကို ပြောထားတာရှိလို့ မေးခွန်းမေးတာကို ဖြေသင့် မဖြေသင့် စဉ်းစားနေတာလားလို့ ကျွန်တော်တို့ စဉ်းစားမိတယ်” ဟု ၎င်းက ရှင်းပြသည်။

၎င်းတို့ နှစ်ဦး အပါအဝင် စုစုပေါင်း မြန်မာသုံးဦးသည် ဗြိတိန်စုံတွဲ အသတ်ခံရသည့် ညက အခင်းဖြစ်သည့်နေရာ အနီးတွင် ဂစ်တာတီးနေခဲ့ကြပြီး ဘီယာနှင့် ဝိုင် သောက်ထားသဖြင့် အမူးလွန်နေကြောင်း၊ ဗြိတိန်စုံတွဲ အသတ်ခံရသည့် ကိစ္စကို ၎င်းတို့ ကျူးလွန်ခဲ့ခြင်း ရှိမရှိ မမှတ်မိဟုသာ အဆိုပါ မြန်မာနှစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း ဦးထွန်းအေးက ဆက်လက်ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး ပြောဆိုချက်နှင့် ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်များမှာ ကွဲလွဲနေကြောင်း မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ (MAT) မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာတွင် တွေ့ရသည့် စီးကရက်အတို မျိုးရိုးဗီဇ (DNA) နှင့် မြန်မာများ၏ DNA တူညီနေကြောင်း ပြောဆိုထားသော်လည်း အလုပ်သမားများက ယင်းနေရာတွင် ဆေးလိပ်မသောက်ခဲ့ဟု ဖြေကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“မင်းတို့ ဆေးလိပ်သောက်လား မေးတော့ ဆေးလိပ်သောက်တယ်လို့ ပြန်ဖြေတယ်။ အခင်းဖြစ်တဲ့ နေရာမှာတော့ ဆေးလိပ်မသောက်ဘူးလို့ ပြောပါတယ်။ သူတို့ ဆေးလိပ်သောက်တာက အခင်းဖြစ်တာနဲ့ ၂၅ ကိုက်လောက် ဝေးတဲ့ နေရာမှာပါ” ဟု ဦးအောင်မျိုးသန့်က ရှင်းပြသည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ကျန်မြန်မာတစ်ဦး ဖြစ်သည့် မောင်မောင်ကို အခြားတစ်နေရာတွင် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ၎င်းကို တွေ့ခွင့်မပေးကြောင်း၊ မောင်မောင်သည် ယခုဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခြင်း မရှိသော်လည်း ဖြစ်စဉ်တစ်ခုလုံးကို သိနေသဖြင့် သက်သေအဖြစ် ထိန်းသိမ်းထားသည်ဟု Kohsamuai မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုကြောင်း ဦးထွန်းအေးက ပြောကြားသည်။

ထိုင်းဥပဒေအရ တရားရုံးတွင် သက်သေအဖြစ် တင်ရန် ထိန်းသိမ်းထားသူကို တွေ့ခွင့်မရဟုဆိုကာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခွင့် ငြင်းပယ်ခံထားရသော်လည်း မောင်မောင်နှင့် တွေ့ခွင့်ရစေရန် ဆက်လက်ကြိုးပမ်းနေကြောင်း ၎င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းရှေ့နေသုံးဦး၊ မြန်မာရှေ့နေတစ်ဦး အပါအဝင် အဖွဲ့ဝင် ကိုးဦး ပါဝင်သည်။

ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင်ရှိ လိပ်ကျွန်း (Koh Tao) တွင် ဗြိတိန်စုံတွဲ အသတ်ခံရသည့် အလောင်းကို စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရှိခဲ့သည်။

The Voice Weekly

ကရင် လက်နက်ကိုင်တို့၏ မူးယစ်ဆေးတိုက်ဖျက် ကော်မတီ လုပ်ငန်းများ ရပ်ဆိုင်းထားရ


ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ လုပ်ငန်းများရပ်ဆိုင်းသွားသည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

“ခုချိန်မှာ မူးယစ်ဆေးဝါးဖမ်းတာကို လုပ်လိုက်ရင် အချင်းချင်းပြန်ပစ်ကြလို့ဆုံးမှာ မဟုတ်တော့ဘူး။ အခြေ အနေတွေ ပြန်ငြိမ်တော့မှ စနိုင်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကော်မတီကို ဇူလိုင်လ ၁၅ ရက်က ဖွဲ့စည်းကာ နှစ်လကျော်အတွင်း နယ်မြေအလိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ခြင်း၊ အစီရင်ခံစာများရေးသား တင်သွင်းခြင်းတို့ ဆောင်ရွက်ထား ကြသည်။

သို့သော် လုပ်ငန်းဆောင်ရွက်ချိန်အတွင်း စစ်ဆေးမှုများသာ ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးရောင်းဝယ် သည့် အဖွဲ့အစည်းလိုက် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ ရောင်းချသူအနည်းငယ်ကိုသာ ဖမ်းဆီးနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ကော်မတီကို ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီဝင်များဖြစ်သော ကရင်အမျိုး သား အစည်းအရုံး (KNU)၊ နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA Peace Council)၊ KPF (ဟောင်သရော အထူးဒေသ) အဖွဲ့တို့မှ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံ အရှေ့တောင်ဘက်ဒေသများတွင် ၂၀၁၂ ခုနှစ် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ အပစ်အ ခတ်ရပ်စဲပြီးချိန်မှစ၍ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုနှုန်းများ မြင့်တတ်လာကာ ကရင်လက်နက်ကိုင် အဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ၂၀၁၄ ခုနှစ်၊ မေလက ထုတ် ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပြစ်မှုကျူးလွန်သူများအဖြစ် တပ်မတော်၊DKBA? KNU၊ ၊ ကရင် ငြိမ်းချမ်း ရေးကောင်စီ၊KPF (ဟောင်သရော အထူးဒေသ)တို့မှ နယ်ခြားစောင့် တပ်မှူးများနှင့် စစ်သားများကို ပါဝင်သည်ဟု ဖော်ပြသည်။

Mizzima

Ebola ကုသမှုခံယူဖို့ အမေရိကန်သတင်းထောက် ဌာနေပြန်ရောက်


အီဘိုလာရောဂါဖြစ်နေတဲ့ အမေရိကန် အလွတ် ဓာတ်ပုံသတင်းထောက်တဦး ဆေးဝါးကုသခံယူဖို့ အမေရိကန်ပြည်ထောင်စုကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

ဓာတ်ပုံသတင်းထောက် Ashoka Mukpo ဟာ အမေရိကန် အီဘိုလာဝေဒနာရှင် ငါးဦးမြောက်ဖြစ်ပါတယ်။ NBC သတင်းဌာနရဲ့ တာဝန်ပေးမှ

ကြောင့် လိုင်ဘေးရီးယားနိုင်ငံမှာ သွားရောက် သတင်းယူနေသူပါ။ အီဘိုလာရောဂါရှိနေတယ်လို့ သူ့ကို စမ်းသပ်တွေ့ရှိပြီးနောက် အထူးကျန်းမာရေး စောင့်ရှောက်မှုပစ္စည်းတွေ တပ်ဆင်ထားတဲ့လေယာဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို သူ့ကို တင်ဆောင်လာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုတ၀န်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ အပေးနိုင်ဆုံး ဌာနလေးခုထဲက Nebraska ကျန်းမာရေးဌာနမှာ သူ့ကို အထူးသီးသန့်ထားရှိပြီး ဆေးဝါးကုသပေးနေပါတယ်။

လိုင်ဘေးရီးယားမှာ ပထမဆုံးကူးစက်ခံခဲ့ရတဲ့ အမေရိကန် ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သူ Dr. Rick Sacra ကတော့ ရောဂါပျောက်ကင်း သက်သာသွားတာကြောင့် ပြီးခဲ့တဲ့လက Nebraska ကျန်းမာရေးဌာနဆေးရုံကနေ ဆင်းသွားခဲ့ပါတယ်။

VOA

ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်နဲ့ အစိုးရကြား ဆွေးနွေးဖို့သဘောတူ


သီတင်းတပတ်ကျော်ကြာ ဟောင်ကောင်ကျွန်းရဲ့ နေ့စဉ်လည်ပတ်မှုတွေကို ရပ်တန့်သွားစေခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေဟာ သူတို့လိုလားနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့ကိစ္စကို အစိုးရအရာရှိတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အခြေခံမူတွေ ချမှတ်ခဲ့ကြပါတယ်။

တင်းမာတဲ့ ဆန္ဒပြမှုတွေဟာ တနင်္လာနေ့မှာ လျော့ကျသွားခဲ့ပြီး အခုလိုဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်လာခဲ့တာပါ။ အစိုးရရုံးတွေကို ၀ိုင်းရံ ဆန္ဒပြသူတွေက အစိုးရအမှုထမ်းတွေကို ပြန်လည်ပြီး ရုံးတက်ခွင့် ပြုခဲ့ကြပါတယ်။

ဟောင်ကောင်ကျောင်းသားများအဖွဲ့က Lester Shum က တနင်္လာနေ့ကျင်းပတဲ့ အစည်းအဝေးမှာ အစိုးရအရာရှိတွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေကြား အနာဂတ်မှာ တွေ့ဆုံဖို့ စည်းကမ်း သတ်မှတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။

ချမှတ်ထားတဲ့ မူဘောင်သတ်မှတ်ချက်တွေထဲမှာ အစည်းအဝေး ကာလအတွင်း ရရှိထားတဲ့ သဘောတူညီမှုတွေကို ဟောင်ကောင်အစိုးရက အကောင်အထည်ဖေါ်ပေးရမယ်လို့ ဆိုပါတယ်။

နောက်တကြိမ် ပဏာမ တွေ့ဆုံမှုကို ဒီကနေ့ အင်္ဂါနေ့ ဟောင်ကောင်မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဟောင်ကောင်အစိုးရဟာ ဆန္ဒပြသူတွေနဲ့ အခြေခံဥပဒေရေးရာကိစ္စတွေကို ညှိနှိုင်းတဲ့နေရာမှာ အပြုသဘောနဲ့ ရိုးသားစွာ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying က ပြောပါတယ်။

VOA

ISIS အစွန်းရောက်အဖွဲ့ကို ကူဖို့ကြိုးပမ်းမှုနဲ့ ကန်လူငယ်တစ်ဦး ထိန်းသိမ်းခံရ


အသက် (၁၉) နှစ်အရွယ် အမေရိကန်နိုင်ငံသားတဦးကို ISIS အစ္စလာမ်စစ်သွေးကြွအုပ်စုနဲ့ ပူးပေါင်းဖို့ ပြည်ပကိုခရီးထွက်ဖို့ ကြိုးစားနေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ FBI အမေရိကန် ဗဟိုအစိုးရ ထောက်လှမ်းရေးအဖွဲ့က ချီကာဂိုလေဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။

တနင်္လာနေ့က အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ချီကာဂိုကနေ Istanbul ကို Vienna ကနေ တဆင့်သွားမယ့် Mohammed Hamzah Khan ကို စနေနေ့က O’Hare နိုင်ငံတကာလေဆိပ်မှာ FBI က ဖမ်းဆီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

Khan ဟာ အီရတ်နဲ့ ဆီးရီးယားမှာ လှုပ်ရှားနေတဲ့ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းကို ရုပ်ဝတ္ထုပစ္စည်း အထောက်အပံ့တွေ ပေးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇ၀တ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်အရ တနင်္လာနေ့က အမေရိကန် ခရိုင်တရားရုံးကနေ စွဲချက်တင်ထားတာပါ။ ဒီစွဲချက်အတွက် အမေရိကန် ခရိုင်တရားသူကြီးရှေ့မှောက်မှာ တနင်္လာနေ့ အစောပိုင်းက Khan ကို ရုံးထုတ်ခဲ့ ပါတယ်။ ကြာသာပတေးနေ့ တရားရုံးကြားနာစစ်ဆေးမှုမတိုင်ခင်ထိ Illinois ပြည်နယ်သား Khan ကို FBI က ထိမ်းသိမ်းထားမှာ ဖြစ်ပါတယ်။

အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းကို ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့ဖို့ ကြိုးပမ်းတဲ့ ပြစ်မှုအတွက် ထောင်ဒဏ်အများဆုံး (၁၅) နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာနှစ်သိန်းခွဲ ဆောင်ဖို့ ပြစ်ဒဏ်စီရင်နိုင်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ Khan ကိုပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိမယ်ဆိုရင် ဗဟိုအစိုးရဥပဒေတွေရဲ့ ပြစ်ဒဏ်စီရင်တဲ့ စည်းမျဉ်းတွေအရ တရားရုံးအနေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

VOA

မြန်မာလုပ်သားနှစ်ဦးအတွက် တရားမျှတသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ်ထံ သမ္မတဦးသိန်းစိန်တောင်းဆိုမည်


 နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မကြာမီရက်ပိုင်းအတွင်း မြန်မာသို့လာရောက်မည့် ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာ ဗြိတိန်စုံတွဲအားသတ်သူဟု စွပ်စွဲဖမ်းဆီးခံထားရသော မြန်မာ အလုပ်သမားနှစ်ဦးအတွက် တရားမျှတသော စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် တောင်းဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၉ ရက်တွင် ထိုင်းအာဏာသိမ်း စစ်ခေါင်း ဆောင်ဟောင်းဖြစ်သူ ထိုင်းဝန် ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဇနီးတို့မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် မြန်မာအလုပ်သမားနှစ်ဦးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်းသမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။

‘‘ဒီကိစ္စဟာ တရားမျှတမှုမရှိ တဲ့ စုံစမ်းစစ်ဆေးမှုဖြစ်နေမှာကို မြန်မာက စိုးရိမ်ပူပန်တယ်။ ဖြစ် စဉ်ကို တရားမျှမျှတတနဲ့ စုံစမ်း စစ်ဆေးပေးဖို့၊ တရားမျှတတဲ့ ဥပဒေအကြောင်းအရ စုံစမ်းမှုတွေလုပ်ဖို့ သမ္မတကြီးက သတင်း စကားပါးမှာဖြစ်ပါတယ်။ မြန်မာ သံရုံးကလည်း ဥပဒေလမ်းကြောင်းအရ ပံ့ပိုးကူညီမှုတွေ လုပ်နေပါတယ်’’ဟု ၎င်းက ပြောသည်။

ဖြစ်ပွားခဲ့သော မှုခင်းတွင် မိမိနိုင်ငံသားများအတွက် အမှန် တရားအတိုင်းဖြစ်စေရန် တောင်း ဆိုမှုများပြုလုပ်မည်ဖြစ်ပြီး ပြည်ပ နိုင်ငံ၏ တရားစီရင်ရေးကိုမူ ဝင် ရောက်စွက်ဖက်မည် မဟုတ် ကြောင်း ၎င်းက ပြောသည်။

‘‘သမ္မတက ထည့်ပြီးဆွေး နွေးမှာပါ။ ဒီအလုပ်သမားနှစ် ယောက်အပြင် ထိုင်းက အလုပ် သမားတွေရဲ့ အရေးကိုပါ ထည့် ပြီး ဆွေးနွေးဖို့ ရှိပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ဒီကိစ္စကို ဆွေးနွေးမယ် ဆိုတာကတော့ မသိပါဘူး’’ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

ထိုင်းဝန်ကြီးချုပ်၏ မြန်မာ ပြည်ခရီးစဉ်အတွင်း နေပြည် တော်နှင့် ရန်ကုန်မြို့တို့သို့ လာ ရောက်မည်ဖြစ်ပြီး ရန်ကုန်မြို့ ထိုင်းသံရုံးတွင် ထိုင်းနိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။

ယခုအခါ ဗြိတိန်စုံတွဲသတ်မှု တွင် မြန်မာအလုပ်သမားနှစ်ဦး ကျူးလွန်သည်ဟု ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကို လက်မခံသည့် မြန်မာနိုင်ငံသားအချို့က ဝန်ကြီး ချုပ်ပရာယွတ်ခရီးစဉ်အတွင်း ထိုင်းသံရုံးရှေ့၌ ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်မှုများရှိကြောင်း သတင်းရရှိသည်။

ဗြိတိန်စုံတွဲသတ်မှုတွင် မြန်မာအလုပ်သမား သုံးဦးအနက် DNA စစ်ဆေးချက်ကိုက်ညီသည် ဆိုသော မြန်မာနိုင်ငံသားနှစ်ဦးက ဝန်ခံထားပြီး ကျန်တစ်ဦးမှာ ငြင်း ဆန်လျက်ရှိသည်။ မြန်မာသံရုံး အထူးအဖွဲ့ကလည်း စွပ်စွဲခံရသူ မြန်မာ အလုပ်သမားများနှင့် အောက်တိုဘာ ၆ ရက်တွင် တွေ့ ဆုံခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ၎င်း၏ အာဆီယံ နိုင်ငံများသို့ အလည်အပတ်ခရီး စဉ် စတင်ထွက်ခွာရာ၌ မြန်မာ နိုင်ငံသို့ ပထမဆုံးလာရောက်မည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အနီးကပ် ဆုံး အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်သ လို အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေ သည့် တိုင်းပြည်ဖြစ်၍ဟု ဆို သည်။ ခရီးစဉ်အတွင်း သမ္မတဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးချိန် ၌ စီးပွားရေး၊ လူမှုရေးအဓိက ကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ တရားဝင်ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

7 Day Daily