ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

9.2.14

Adventure Myanmar Tours & Incentives ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းတွင် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၆၀၀၀ မြှုပ်နှံမည်

9-2-2014
Adventure Myanmar Tours & Incentives ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းနယ်မြေရှိ မြေ ၇ ဒသမ ၄၂၇ ဧကပေါ်တွင် လုပ်ကိုင်မည့် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၆၀၀၀ မြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

ဂွေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ



Healthသရက်သီးနဲ့ ယှဉ်ရင် ဂွေးသီးက ပိုပြီး အရည် ရွှမ်းသလို ကယ်လိုရီ ပါဝင်မှု ပို လျော့နည်းကာ အမျှင်ဓာတ်ပါဝင်မှု ပိုများပါတယ်။ ဂွေးသီးကို အလွယ်တကူ ဝယ်ယူလို့ ရသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိတာကိုလည်း တွေ့ရပါတယ်။ ဂွေးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာကြည့်ရအောင်.။

ကုန်ပစ္စည်းမျိုးစုံ ပါဝင်သော ဂျပန်ကုန်စည် ပြပွဲကျင်းပ



မြန်မာ-ဂျပန် သံတမန် ဆက်သွယ်ခြင်း နှစ်(၆ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂ဝ၁၄ ဂျပန် ကုန်စည်ပြပွဲ (Japan Festival 2014) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်း တပ်မတော် ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ JETRO (Yangon) မှ Executive Managing Director Mr. Masaki Takahara က ကြိုဆို နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

ဟောင်ကောင်မှာ အိမ်ဖေါ်လုပ်မယ့် မြန်မာများကို လာမယ့်အပတ်မှာ စေလွှတ်မည်


ဟောင်ကောင်မှာ အိမ်ဖေါ်အဖြစ် သွားရောက် အလုပ်လုပ်မယ့် မြန်မာနိုင်ငံက အမျိုးသမီး ၁၉ ယောက်ကို လာမယ့်သတင်းပတ်မှာ ပထမဆုံးစေလွှတ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

ဒါပေမယ့် အိမ်ဖေါ်လုပ်သားတွေကို ညှင်းပမ်းနှိပ်စက် တယ်လို့ သတင်းကြီးနေတဲ့ ဟောင်ကောင်ကို ပို့မယ့်ကိစ္စမှာ အလုပ်သမားတွေကို ကာကွယ်ပေးမှုနဲ့ ပတ်သက်လို့  မြန်မာအစိုးရက သတိကြီးကြီးထားနေတယ်လို့  ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာက ဒီနေ့ ရက်စွဲနဲ့ ရေးသားဖေါ်ပြလိုက်ပါတယ်။

အိမ်ဈေးက လက်လီဆိုင်များ ဖွံ့ဖြိုးရေးကို ခက်ခဲနေစေ


ဖွံ့ဖြိုးလာခါစ Convenience Store များသည် နိုင်ငံခြားမှ ပြိုင်ဖက်လုပ်ငန်းများ ၀င်ရောက်မလာမီ အခြေတကျဖြစ်ရန် ကြိုးစားနေကြသည်။ (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ)

အမြတ်အစွန်း ပြန်လည်ရရှိမှု နည်းပါးနေသေးသည့် အချိန်တွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် အခက်အခဲတွေ့နေရသည့် ရန်ကုန်မြို့မှ ပြည်တွင်း လုပ်ငန်းရှင်များ၏ ဖွံ့ဖြိုးလာခါစ Convenience Store (အချိန်မရွေး ဝယ်ယူနိုင်သော ကုန်မျိုးစုံ လက်လီဆိုင်) များသည် နိုင်ငံခြားမှ ပြိုင်ဖက်လုပ်ငန်းများ ၀င်ရောက်မလာမီ အခြေတကျဖြစ်ရန် ကြိုးစားနေကြသည်။

နေအိမ်များ အဖျက်ခံရသည့်အတွက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသော သမီးကလေးကျေးရွာမှ ရွာသူရွာသားမျာအား Eleven Media Group က သွားရောက်လှူဒါန်း


နေအိမ်များ အဖျက်ခံရသည့်အတွက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသော သမီးကလေးကျေးရွာမှ ရွာသူရွာသားများအား Eleven Media Group က ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် ဆန် ၃၀ အိတ်၊ ဆီပိဿာ ၁၀၀ အပါအ၀င် စောင်၊ ခြင်ထောင်၊ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ စုစုပေါင်းကျပ် ၁၅ သိန်းဖိုးအား သွားရောက် လှူဒါန်းခဲ့သည်။

အမှတ်ပေးဇယား အပြောင်းအလဲဖြစ်ခဲ့တဲ့ ပွဲစဉ်(၂၅)

စနေည ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်က မိနစ်(၂၀)အတွင်း (၄)ဂိုးပေးခဲ့ရပြီး ပွဲပြီးရလဒ် (၅-၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ကဆင်းပေးခဲ့ရုံသာမက နှစ်(၅၀)အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးကို အဆိုးရွားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆိုချီအိုလံပစ်ပွဲ အမေရိကန်အားကစားသမား ပွဲဦးထွက်ရွှေဆွတ်ခူး


Russia နိုင်ငံ Sochi မြို့မှာကျင်းပနေတဲ့ ဆောင်းရာသီ Olympic အားကစားပြိုင်ပွဲက ပထမဆုံး ရွှေတံဆိပ်ကို အမေရိကန်အားကစားသမားက ရရှိသွားပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း NLD ရေးဆွဲမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် တမျိုးသားလုံး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေမူကြမ်းတစ်ခုပြဌာန်းနိုင်အောင် ကြိုးပမ်းနေကြောင်း ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဘုန်းကြီးကျောင်းမှာ ခိုလှုံသူတွေကို ထွက်ခွာခိုင်း

မကြာသေးခင် ကလည်း သမီးလှ ရွာက ဘုန်းကြီး ကျောင်းကို ကျူးကျော် ဆိုပြီး ဖျက်ပစ်

ကျူးကျော် အိမ်တွေ ဆိုပြီး ဖျက်ပစ်ခံ ခဲ့ရတဲ့ လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာက ရွာသားတွေ ဟာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်း ဝင်း ထဲမှာ ခိုလှုံ နေတာကို ပဲခူးတိုင်း အာဏာ ပိုင်တွေက ထွက်ခွာ ခိုင်းနေပါတယ်။

“သမ္မတကြီး ပြောတဲ့ အတိုင်း လုပ်ဆောင်မှာပါ”


ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဌ ဦးပယ်ဆုံချိန်(ဓာတ်ပုံ – မေခ/ဧရာဝတီ)

၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို အုပ်ချုပ်နေသည့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဌ ဦးပယ်ဆုံချိန်အား လက်ရှိအချိန်တွင် ကိုးကန့်ဒေသ ရပ်တည်မှု၊ အကောင်အထည် ဖော်နေသည့် စီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေခ က စက်မှုဇုန် တည်ဆောက်နေသည့် ကိုးကန့်ဒေသ၏ မြို့တော် တခုဖြစ်သော လောက်ကိုင်မြို့သို့ သွားရောက်စဉ် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ရန်ကုန်တိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှု နှစ်လအတွင်း အပြီးကောက်ယူနိုင်မည်ဟု မျှော်မှန်း


၂၀၁၄ ဖေဖော်ဝါရီလမှစတင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့်ဗ AAPP တို့ပူးပေါင်းပြုလုပ်သည့် နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှုအား နှစ်လခန့်အတွင်း ရန်ကုန်တိုင်းမှာ ပြီးဆုံးလိမ့်မည်ဟု ခန့်မှန်းကြောင်း ရန်ကုန်တိုင်းအတွင်း တာဝန်ခံဆောင်ရွက်နေသည့် ဦးထွန်းကြည်က ပြောကြားသည်။

အိပ်ရာထချိန် ခါးနာနေလျှင်


မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊

ခုတင်နဲ့ အိပ်ရာတွေက ကိုယ်နဲ့ အဆင် မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့

1) ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ ...

iPhone ကြောင့် ထောင်(၂၅)နှစ် ကျခံရဖွယ်ရှိသည့် ဆင်ပဆန်

ကျူပီအာ နောက်ခံလူ ဆင်ပဆန်မှာ ၎င်း၏ iPhone ကို ခိုးယူခဲ့သည်ဟု ထင်မှတ်ရသူတစ်ဦးကို သံတုတ်ဖြင့် ရိုက်နှက်ခဲ့မှုကြောင့် မန်ချက်စတာ ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းခံထားရသည်။ ဆင်ပဆန်၏ဖုန်း ပျောက်ဆုံးခဲ့ပြီး
နောက်တစ်ရက်အကြာတွင် မန်ချက်စတာမြို့ရှိ အိမ်တစ်အိမ်တွင် ၎င်း၏ဖုန်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ခိုးယူထားသည်ဟု သံသယဖြစ်နေသူကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ဆင်ပဆန်၏ iPhone တွင် ခြေရာခံ GPS စနစ်ထည့်သွင်းထားသည်ဟု
ဒေးလီးမေးလ်မှ ထင်မြင်ချက်ပေးခဲ့ပြီး မန်ချက်စတာ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဆင်ပဆန် ရိုက်နှက်ခဲ့သူမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိကြောင်း သိရသည်။ သို့သော် ဆင်ပဆန်အနေဖြင့် ကိုယ်အင်္ဂါထိခိုက်စေမှုဖြင့် တရားစွဲခံရဖွယ်ရှိနေပြီး ပြစ်ဒဏ်ထင်ရှားပါက ထောင်ဒဏ် (၂၅)နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

http://yoyarlay.com/sport/football/39982-iphone
@z (ရိုးရာလေး)

ဆော်ဒီဟော်တယ်မီး လူ ၁၅ ဦးထက် မနည်း သေဆုံး

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ မူစလင်ဘာသာရေးခရီးသွား အများအပြား တည်းခိုနေတဲ့ ဟော်တယ်တစ်လုံး မီးလောင်တဲ့ အတွက် လူ ၁၅ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

၂၀၁၅-၂၀၁၆ တွင် မိုဘိုင်းဖုန်းကိုင်ဆောင်မှု ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ ထိ တိုးမြင့်လာနိုင်ပြီး အင်တာနက်သုံးစွဲမှု ရာခိုင်နှုန်း ၅၀ အထိ တိုးမြင့်အောင် ဆောင်ရွက်မည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့်၂၀၁၅- ၂၀၁၆ ခုနှစ်တွင် မိုဘိုင်းဖုန်းကိုင်ဆောင် အသုံးပြုသူဦးရေမှာ ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ အထိ တိုးမြင့်လာနိုင်မည်ဟု ခန့်မှန်းထားပြီး အင်တာနက်သုံးစွဲသူဦးရေမှာလည်း ရာခိုင်နှုန်း ၅၀ အထိ တိုးမြင့်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အမေရိကန် ရေပိုင်နက်အနီး အီရန် စစ်သင်္ဘောတွေ ချထား


ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန်ရေတပ်သင်္ဘောတွေ ချထားတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရေပြင်ပိုင်နယ် နယ်စပ်တွေဆီ ချဉ်းကပ်ကြဖို့ အီရန်စစ်သင်္ဘောအများအပြားကို အမိန့်ပေးထားတယ်လို့ အီရန်ရေတပ် တပ်မှူးတစ်ဦးက ပြောလိုက်ပါတယ်။

Chickenpox ရေကျောက်




ရေကျောက် ပေါက်တဲ့သမီးလေးအတွက် ရေကျောက်နဲ့ ပတ်သတ်ပြီး ဆောင်ရန် ရှောင်ရန် ရေးတင်ပေးပါအုံး။