9.2.14

ကုန်ပစ္စည်းမျိုးစုံ ပါဝင်သော ဂျပန်ကုန်စည် ပြပွဲကျင်းပ



မြန်မာ-ဂျပန် သံတမန် ဆက်သွယ်ခြင်း နှစ်(၆ဝ)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂ဝ၁၄ ဂျပန် ကုန်စည်ပြပွဲ (Japan Festival 2014) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်း တပ်မတော် ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ JETRO (Yangon) မှ Executive Managing Director Mr. Masaki Takahara က ကြိုဆို နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး (ရန်ကုန်မြို့တော်ဝန်)ဦးလှမြင့်၊ ဂျပန်နိုင်ငံ သံအမတ်ကြီးံ. H.E.Mr. Mikio Numata၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် JETRO(Yangon) Executive Managing Director Mr. Masaki Takahara တို့က ၂ဝ၁၄ ဂျပန် ကုန်စည်ပြပွဲ (Japan Festival 2014) အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသထားသော ပြခန်းများနှင့် မြို့မကွင်း (မိုင်ဒါကွင်း) အတွင်း ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ပြပွဲတွင် ဂျပန်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကား၊ အိမ်အလှဆင် ပစ္စည်း၊ အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန် ပစ္စည်းများကို ကုမ္ပဏီပေါင်း ၁၉၃ ခုမှ ပြခန်းပေါင်း ၂ဝဝ အား ဖေဖော်ဝါရီ ၁ဝ ရက်အထိ ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment