ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

27.11.14

အမေရိကန်တွင် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

အမေရိကန်နိုင်ငံအရှေ့ဘက်၊ ကမ်းရိုးတန်းပြည်နယ်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မိုးနှင်း ထူထူထပ်ထပ် ကျဆင်းခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက် လေယာဉ်ခရီးစဉ်တွေနဲ့ ကားလမ်းခရီးစဉ်တွေ အများအပြား ထိခိုက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံတ၀န်း ကျေးဇူးတော်နေ့ ခရီးသွားကာလဟာ တနှစ်တာအတွင်း ခရီးသွားလာမှု အများဆုံးကာလဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း အမေရိကန်နိုင်ငံတ၀န်း အမေရိကန်ခရီးသည် ၄၆ သန်း ခရီးသွားလာကြမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်း လောက်ကတော့ ကားတွေနဲ့ သွားလာကြမှာပါ။

အခုနှစ် ကျေးဇူးတော်နေ့ အားလပ်ရက်ခရီးသွားကာလဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ခရီးသွားလာမှု အများဆုံးဖြစ်တယ်လို့လည်း အမေရိကန်မော်တော်ယာဉ်အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အခုရက်တွေအတွင်း အရှေ့ဖက်ကမ်းပြည်နယ်တွေမှာ နှင်းထု ၅ လက်မကနေ ၁ ပေအထိ ကျဆင်းနိုင်တယ်လို့ အမေရိကန်အမျိုးသားမိုးလေ၀သက ကြေညာထားပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကတော့ နိုင်ငံတ၀န်းလေယာဉ်ခရီးစဉ် ၇၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၄၄၀၀ လောက်လည်း နောက်ကျခဲ့ပါတယ်။

မက်နီဆိုးတားပြည်နယ်၊ အရှေ့တောင်ပိုင်းမှာလည်း ဆီးနှင်းတွေကြောင့် အဝေးပြေးလမ်း မတော်တဆမှုတွေ၊ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

DVB

မော်ရိုကိုနိုင်ငံတွင် ရေကြီး ၃၆ ဦးသေဆုံး

မော်ရိုကိုနိုင်ငံမြောက်ပိုင်း၌ ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့ရာ ယခုနောက် ဆုံးနေ့တွင် လူ ၃၆ ဦးသေဆုံးခဲ့ကြောင်း၊ ရေကြီးမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ကြောင်း မော်ရိုကိုပြည်ထဲရေးဌာ နဝန်ကြီး မိုဟာမက် ဟက်ဆက်က ပါလီမန်ကြားနာရေးအစည်းအဝေး ၌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသ တင်းက ဖော်ပြခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူ ၄၃၂ ဦးရေထဲမျောပါ သွားခဲ့ရာမှ ကယ်ဆယ်ခဲ့ရကြောင်း၊ ၎င်းတို့မှာ အလွန်စိုးရိမ်ရသော အ ခြေအနေရှိကြောင်း၊ ထိုအထဲမှ ၉၄ ဦးမှာ စစ်ရဟတ်ယာဉ်ဖြင့် ကယ်ဆယ် ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

မော်ရိုကို အရှေ့တောင်ပိုင်း မိုးရွာသွန်းမှု ပမာဏမှာ အလွန်ထူး ခြားစွာ များပြားကြောင်း၊ ဤမျှကြီး မားသောမိုးမှာ သဲကန္တာရနယ်မြေ ဒေသ၌ အလွန်ရှားပါးကြောင်း ၎င်း က ဆိုသည်။

မော်ရိုကို၏ အဝေးပြေးလမ်း မကြီးသုံးခုမှာလည်း ပျက်စီးသွားခဲ့ပြီး ပြည်လည် ဖွင့်လှစ်နိုင်ရန် သုံးလေး ရက်ခန့်ကြာဦးမည်ဖြစ်ကြောင်း၊ ယခု အချိန်ထိ အိမ်ထောင်စုနှစ်သောင်း ကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ် တောက်သွား ခဲ့ကြောင်း ဝန်ကြီးက ပြောခဲ့သည်။

Ref : Xinhua

မလေးရှားဝန်ကြီးချုပ် စစ်သွေးကြွ ခြိမ်းခြောက်မှု စက္ကူဖြူစာတမ်း တင်သွင်း

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေရဲ့  ခြိမ်းခြောက်မှုနဲ့ ပတ်သက်တဲ့ စက္ကူဖြူစာတမ်းကို နိုဝင်ဘာ ၂၆ ရက်နေ့က လွှတ်တော်မှာ အဆိုပြု တင်သွင်းခဲ့ပါတယ်။

အိုင်အက်စ်တွေရဲ့ အတွေးအခေါ် ဖြန့်ဖြူးမှုကို ထိန်းချုပ်ဖို့ အစိုးရရဲ့လှုပ်ရှားမှုကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

မူဝါဒကို မူကြမ်းရေးဆွဲပြီး အတည်ပြုတဲ့နည်းနဲ့ အစိုးရကို ထောက်ခံပါလို့ နာဂျစ်က ပြောပါတယ်။

အသေခံတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အိုင်အက်စ်တွေနဲ့ ဆက်သွယ်ခဲ့တဲ့ မလေးရှား နိုင်ငံသားတယောက်ပါတဲ့ လတ်တလော မတော်တဆမှုကိုလည်း နာဂျစ်က ထောက်ပြပါတယ်။

မလေးရှားနိုင်ငံသား အာမက် တာမီမီ မာလိခိဟာ အီရတ်နိုင်ငံ အမ်ဘာခရိုင်တွင်းက အီရတ်လုံခြုံရေးတပ်ရဲ့ ဗဟိုဌာနချုပ်ကို ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားတဲ့ အက်စ်ယူဗွီကားနဲ့ ဝင်တိုက်ခဲ့တယ်။ ဒါဟာ ပထမဆုံး မလေးရှားရဲ့ ပါဝင်မှုပဲလို့ သူက ဆက်ပြောပါတယ်။

နိုင်ငံခြားက အကြမ်းဖက်အုပ်စုတွေနဲ့ စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုမှာ ပါဝင် ပတ်သက်နေတဲ့ မလေးရှားနိုင်ငံသားတွေကို အရေးယူ နှိမ်နင်းဖို့ ဥပဒေအသစ် ပြဋ္ဌာန်းဖို့ကိုလည်း ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြခဲ့ပါတယ်။

DVB

MH 17 လေယာဉ် ပစ်ချခံရမှု စုံစမ်း စစ်ဆေးရေး တစ်နှစ်ခန့် ကြာနိုင် ဖွယ်ရှိ

မလေးရှား လေကြောင်း လိုင်းခရီးစဉ် MH 17 ပစ်ချခံ ရမှုတွင် တရားဥပဒေ အရ ဆောင်ရွက် ရန်နှင့် လိုအပ်သော သက်သေ အထောက်အထားများ ရှာဖွေရန်  နိုင်ငံတကာစုံစမ်း စစ်ဆေးရေးအဖွဲ့အနေဖြင့် တစ်နှစ်ခန့် အချိန်ယူရ နိုင်ဖွယ်ရှိသည်ဟု မလေးရှား လွှတ်တော်အမတ် ဒေ ၀မ်ရာကရက်က နိုဝင်ဘာလ ၂၅ရက်နေ့တွင် ပြောကြားခဲ့သည်။

လွှတ်တော်တွင် ဆွေးနွေး အပြီးတွင် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဟာမက် ဇိုင်နူဒင်က မိမိ တို့အနေဖြင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ရှင်းလင်းသော သက်သေ အထောက်အထားများ ရရှိရန် တစ်နှစ်ခန့် အချိန်ပေး ရနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

MH 17 လေယာဉ်ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးနေသည့် တိုးတက်မှု အခြေအနေကို ပြောကြားရာတွင် ပျက်ကျ သွားသော လေယာဉ်၏ အပိုင်း အစ များကိုပျက် ကျသည့် နေရာမှ မကြာသေးမီက ဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း တာဝန်ရှိသူများကို ထုတ်ဖော် ပြောကြားရန် စောလွန်းနေသေးသည်ဟု ၎င်းက ပြောကြား သည်။

MH 17 လေယာဉ် သည် အမ်စတာ ဒမ်မြို့မှ ကွာလာ လမ်ပူသို့ ပျံသန်း လာစဉ်တွင် ဇူလိုင်လ ၁၇ ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချခံခဲ့ ရခြင်းဖြစ် သည်။ ယင်းလေယာဉ်ပေါ်တွင် ခရီးသည် ၂၈၃ ဦးနှင့် လေယာဉ် လုပ်သား ၁၅ ဦး ပါဝင်သွား ခဲ့သည်ဟုဆိုသည်။ ၄င်းလေယာဉ်ပေါ်တွင် မလေးရှား လူမျိုးများ သာမက နယ်သာလန်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ ဂျာမဏီ၊ ဘယ်ဂျီယံ၊ ဖိလစ်ပိုင်၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံမှ ခရီးသည်များ ပါဝင်သွားခဲ့သည်။

Ref: AFP

၂၀၁၅-၂၀၁၆ ခုနှစ်အတွက် နျူကလီးယားလောင်စာရောင်းချရေး ရုရှားနှင့် ယူကရိန်းတို့သဘောတူ

ယခင်ဓာတ်ပေါင်းဖိုအဟောင်း များအတွက် နျူကလီးယားလောင် စာ ရောင်းချပေးရေး ကိစ္စနှင့်ပတ် သက်၍ ယူကရိန်း၏ ရှင်းရှင်းလင်း လင်းမရှိသော နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီအီနာဂိုအ်တွမ်နှင့် ရုရှား အစိုးရပိုင် လောင်စာကုမ္ပဏီTVEL တို့ သဘောတူညီချက်ရကြသည်ဟု အရာရှိတစ်ဦးက နိုဝင်ဘာ ၂၅ရက် ၌ ဆိုသည်။

ထိုနျူကလီးယားလောင်စာ ရောင်းချပေးရေးမှာ နောက်နှစ်နှစ် အတွင်း ရောင်း ချပေးရေးဖြစ်သည်။

''ကျွန်တော်တို့ရဲ့ ကန်ထရိုက် လုပ်ငန်းနောက်ဆက်တွဲ သဘော တူညီချက်ကို ၂၀၁၅-၂၀၁၆ ခုနှစ်အ တွင်း လောင်စာရောင်းချပေးရေး အာမခံချက်ရှိစေရန် လက်မှတ်ရေး ထိုးကြခြင်းဖြစ်သည်''ဟု အီနာဂိုအ် တွမ်ကုမ္ပဏီ၏ စစ်ဆေးရေးမှူးချုပ် လည်းဖြစ်၊ လုံခြုံရေးညွှန်ကြားရေး မှူးလည်းဖြစ်သူ ဒန်ကိုဘိုင်လီကဆို သည်။

သို့ပင်ဖြစ်သော်လည်း နျူက လီးယားလောင်စာပမာဏမည်မျှကို မည်သည့်ဈေးနှုန်းဖြင့် ရောင်းချမည် နည်းဆိုသည်ကိုမူ ဘိုင်လီက ဖော်ပြ ထားခြင်းမရှိပေ။

ထို့ပြင်TVEL နှင့် ယူကရိန်း တို့သည် ယင်း၏နျူကလီးယားဓာတ် ပေါင်းဖိုများ အတွက်လည်း နျူကလီး ယားလောင်စာကို အမေရိကန်အ ခြေစိုက် Westing house Electric Company မှဝယ်မည်ဟု ဘိုင်လီက ဆိုသည်။

နျူကလီးယားလောင်စာကို ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်၊ စက် တင်ဘာလ တိုင်အောင် ရောင်းချ ပေးရန် အီနာဂိုအ်တွမ်နှင့်TVEL တို့ ၂၀၁၀ ပြည့်နှစ်၌ သဘောတူ ညီခဲ့ကြသေးသည်။

ယူကရိန်းသည် နျူကလီးယားလောင်စာ အမေရိ ကန် ဒေါ်လာ ၆၀၁ သန်းဝန်းကျင် ဖိုး ၂၀၁၃ ခုနှစ်၌ ရုရှားထံမှဝယ်ယူ ခဲ့သေးသည်။

Ref : Xinhua

ကလေးငယ်များကို လိင်အလွဲသုံးမှုဖြင့် ဗြိတန်နိုင်ငံသားကို ထိုင်းရဲ ဖမ်းဆီး


ဗြိတိန်အစိုးရက အလိုရှိနေပြီး ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းအလွဲသုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ရောဘတ် ဒေးဗစ် ဟတ်စ်တင်းစ်ကို ဖမ်းမိပြီလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပြီး သူ့ကိုတော့ ထိုင်းလဝကရဲတွေက အရှေ့မြောက်ပိုင်း ဥဒုံဌာနီခရိုင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းမိခဲ့တာပါ။

ထိုင်းအရှေ့မြောက်ပိုင်းကို ထိန်းချုပ်ရတဲ့ အမှတ် ၄ လူဝင်မှုစစ်တိုင်းရဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ချာ့ချိုင် လင်မ်ဆန်ဂ်က အဆိုပါ ဖမ်းမိတဲ့ ဗြိတိန်နိုင်ငံသားဟာ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် လိင်ပိုင်းအလွဲသုံးမှု ၁၂ မှုနဲ့ ဆိုးဆိုးရွားရွား ညစ်ညမ်းမှု ၅ မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရကြောင်း ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ဟတ်စ်တင်းစ်က သူဟာ ထိုင်းကို ၂၀၀၅ ခုနှစ်မှာ လာခဲ့ပြီး ခုတော့ ထိုင်းဇနီးသည်နဲ့ အတူ နေထိုင်တယ်လို့ ပြောပါတယ်။

သူကို စွပ်စွဲထားတာတွေကိုလည်း ငြင်းဆိုပြီး သူ့နာမည်ကို ပြန်သန့်စင်ဖို့ သူ့နိုင်ငံ ပြန်ဖို့ လိုလားကြောင်း ပြောပါတယ်။

ရဲတွေကတော့ ဟတ်စ်တင်းဟာ ဥဒုံဌာနီက ဒေသခံကျောင်းတခုမှာ အင်္ဂလိပ်ဆရာအဖြစ် လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

သူ့ကို ရက်ပိုင်းအတွင်း ဗြိတိန်ကို ပြန်ပို့ဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းရဲတွေက ပြောခဲ့ပါတယ်။

DVB

အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်

 အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေ အများအပြား သိမ်းပိုက် ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံ များကို မျက်စောင်း ထိုးလာ သည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော် အကျယ်အ၀န်း ရည်မှန်း ချက်မှာ မြောက်အာ ဖရိကမှ အရှေ့တောင် အာရှ အထိ ကျယ်ဝန်း သည်။

အထူးသဖြင့် စိမ့်ဝင် ထိုးဖောက်ရန် လွယ်ကူသည့် နိုင်ငံ တစ်ခုမှာ ပါကစ္စတန် နိုင်ငံဖြစ်သည်။ အိုင်အက်စ်တွင် ပျောက်ကြား စစ်ဆင်ရေး လက်နက်များ အပြင်   ခေတ်မီ လေယာဉ်ပစ် လက်နက်များ၊ တင့်ကားများ အပြင် ဂျက်တိုက် လေယာဉ် များပင် ရှိသည်ဟု ယူဆ ရသည်။

“သူတို့ဘာမှ လုပ်နိုင်မယ် မထင်ပါဘူး။ ပါကစ္စတန်ဟာ သူ့ရဲ့ပြည်သူတွေ၊ သူ့ရဲ့ စစ်တပ်၊ တခြားအ ချက်တွေကြောင့် အလွန် အင်အား တောင့်တင်း ပါတယ်။ ဒါ့ကြောင့် သူတို့ ပါကစ္စတန်ကို ဘာမှ လုပ်နိုင်မယ် မထင် ပါဘူး"ဟု ထောက်လှမ်းရေး အရာ ရှိဟောင်း တစ်ဦးဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် ရှေဇက်ဂျမ်ရှက်အေ ယက်ဇ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့ ယုံကြည်မှု လွန်ကဲခြင်းက ရလဒ်ပြောင်းပြန် ဖြစ်စေ နိုင်ကြောင်း အခြား သူများက ထောက်ပြ ကြသည်။ပါကစ္စတန် သည်နိုင်ငံတွင်း သို့ တာလီဘန်တို့ စီးဝင်မှုနှင့် ပတ်သက် ၍လည်း အလားတူ ကြေညာ ချက်များ ထုတ်ပြန် ဖူးသည်။

ထို့နောက် စစ်သွေးကြွ များသည် နိုင်ငံတွင်း ၀င်ကာ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ကြသည်။ သို့သော်လည်း ပါကစ္စတန် သည် အကြမ်းဖက် လှုပ်ရှား မှုများ အမြစ် တွယ်ရန် ဖြစ်နိုင်ကြောင်း လုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် လေတပ် အငြိမ်းစားဒု - မာရှယ် ရှေဇက်ချောက် ဒရီက ပြောကြားခဲ့သည်။

အိုင်အက်စ် အဖွဲ့သည် ပါကစ္စတန် ဒေသတွင်းရှိ အစွန်းရောက် အဖွဲ့အစည်း များနှင့် အဆက် အသွယ် ရနေပြီ ဖြစ်ကြောင်း ပါကစ္စတန်တွင် ပြုလုပ်သည့် အိုင်အက်စ် တပ်မှူး များ၏ အစည်း အဝေးမှ စီအင်အေက သတင်း ရရှိ ခဲ့သည်။ ၎င်းအဖွဲ့ များတွင် ပါကစ္စတန်၏ အကြီး မားဆုံး ဘာသာရေး၊ နိုင်ငံရေး ပါတီ တစ်ခုလည်း ပါဝင် သည်ဟု ဆိုသည်။

Ref: CNA

ဥရောပတွင် စီးပွားရေး ကျဆင်းမှုနှင့် စပ်လျဉ်း၍ ဂျာမနီ ဝန်ကြီးချုပ် မာကယ် သတိပေး ပြောကြား

ဥရောပနိုင်ငံများ အတွင်း၌ စီးပွားရေး အခြေအနေမှာ ပြန်လည် ကျဆင်းလာနိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က သတိပေး ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများ အနေဖြင့် တိုးတက် ဖွံ့ဖြိုးနေသော ကမ္ဘာ့ ဈေးကွက်များ၏ နောက်တွင် ကျန်ရစ်ခဲ့ခြင်း မရှိစေရန်အတွက် စီးပွားရေးဆိုင်ရာ မူဝါဒများ ပြန်လည် သုံးသပ်ခြင်းကို အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဥရောပစီးပွားရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲ တစ်ခု တွင်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့ဖြင့် ချုပ်ဆိုရန် လုပ်ဆောင်လျက်ရှိသော ကုန်သွယ်ရေးစာချုပ် ဆိုင် ရာ စေ့စပ်ဆွေးနွေး မှုများကိုလည်း အမြန်ဆုံး အပြီးသတ် လုပ်ဆောင်ရန် ဥရောပနိုင်ငံများအား သူမက တောင်း ဆိုခဲ့သည်။

မြ၀တီ

Ferguson ဆန္ဒပြမှု တတိယနေ့ဆက်ဖြစ်ပွား

Missouri ပြည်နယ် Ferguson မြို့မှာ အာဖရိကန်-အမေရိကန် လူငယ်တယောက် သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့  လူဖြူရဲအရာရှိကို စွဲချက်တင်မှာ မဟုတ်ဘူးလို့ ဂျူရီအဖွဲ့ဝင်တွေက ဆုံးဖြတ်ခဲ့ပြီးနောက် ၃ ရက်မြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြနေကြပါတယ်။

ဗုဒ္ဓဟူးနေ့က St. Louis မြို့တော်ခန်းမရှေ့မှာ ရာပေါင်းများစွာ စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ လူစုခွဲဖို့ ငြင်းဆန်ခဲ့သူ ၃ ဦးကို ရဲတွေက ထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ၁ ဦးကို  ခုခံတိုက်ခိုက်မှုနဲ့ စွဲချက်တင်ထားပါတယ်။

ရဲအရာရှိ Darren Wilson က အသက် ၁၈ နှစ်အရွယ် Michael Brown ကို သြဂုတ်လအတွင်းက ပစ်ခတ်ခဲ့တာကြောင့် Michael Brown သေဆုံးသွားပြီးနောက် Ferguson မြို့မှာ အခြေအနေတွေ တင်းမာခဲ့ပါတယ်။

လူမည်းအများစု နေထိုင်တဲ့ St. Louis မြို့ကြီးရဲ့ ဆင်ခြေဖုံးမှာ ရဲအရာရှိတွေရဲ့ အကြမ်းဖက် ကိုင်တွယ်မှုနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သတ်လို့လည်း  စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဗုဒ္ဓဟူးနေ့ညဘက်ထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၅၈ ဦးအထိ  တိုးမြင့်လာပြီး အဲဒီထဲက ၁၃ ဦးဟာ အင်္ဂါနေ့ညက ဆန္ဒပြခဲ့သူတွေ ဖြစ်ပါတယ်။

Ferguson မြို့မှာ အရံတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကို စေလွှတ်ထားတဲ့အတွက် အရင်နေ့ကလို တင်းမာမှုတွေ မဖြစ်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတ၀ှမ်း New York, Boston, Los Angeles, Portland နဲ့ Dallas မြို့တွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပြီးနောက် အခြေအနေတွေ အေးဆေးတည်ငြိမ်လာပါတယ်။

VOA

ကုလလူသားချင်းစာနာမှု အကြီးအကဲ ရာထူးမှနှုတ်ထွက်မည်

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valeria Amos ဟာ နောက်နှစ် မတ်လအကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ဆီးရီးယားပဋိပက္ခမဖြစ်ပွားမီ လအနည်းငယ်အလိုဖြစ်တဲ့ ၂၀၁၀ စက်တင်ဘာလက Amos က ရာထူးတာဝန် စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ လူဦးရေတဝက်ဟာ အခု အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ဘဝရောက်နေကြပြီး ကနေ့ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှု ပဋိပက္ခတွေအနက် အခြေအနေ အဆိုးရွားဆုံးတခု ဖြစ်လာခဲ့ပြီး Amos နဲ့ သူ့ ကုလသမဂ္ဂ အမှုထမ်းတွေအတွက် အဓိက ဦးစားပေးရမယ့် ကိစ္စရပ် ဖြစ်ခဲ့ပါတယ်။

တောင်ဆူဒန်နဲ့ အလယ်အာဖရိက သမ္မတနိုင်ငံ အပါအဝင် အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပြင် ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ Haiyan တိုက်ဖွန်းမုန်တိုင်း တိုက်ခိုက်ခဲ့မှုကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Amos အနေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူ လိုအပ်တဲ့ အရေးပေါ် ကိစ္စရပ်အားလုံးကို ကြီးကြပ်ကွပ်ကဲတဲ့ တာဝန်ရှိသူ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေအကြား အဓိက ဆက်သွယ်ရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Amos ဟာ ၂၀၁၂ ဒီဇင်ဘာလက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြေပုံ၊ ပေါက်တော၊ မောင်းတောနဲ့ စစ်တွေ တို့ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ Amos ကို သူ့ရဲ့ထူးချွန်တဲ့ တာဝန်ထမ်းဆောင်မှုအတွက် ချီးကျုးထားပြီး ကမ္ဘာတဝှမ်း ဘေးဒုက္ခနဲ့ ပဋိပက္ခ ရင်ဆိုင်နေကြသူတွေအတွက် မနားမနေ လုပ်ဆောင်ပေးခဲ့တယ်လို့ ထောက်ပြထားပါတယ်။

Amos ရာထူးက နှုတ်ထွက်ရတဲ့ အကြောင်းအရင်းကို ဖော်ပြထားခြင်း မရှိတဲ့အပြင် နောက်သူ ဘာဆက်လုပ်မလဲ ဆိုတာကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ လက်ရှိရာထူးမှာ ထမ်းဆောင်ခဲ့တာ ၄ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

VOA

အမေရိကန်ဒေါ်လာအတု ၁.၅ သန်းခန့် ပီးရူးရဲ ဖမ်းမိ

ပီရူးရဲတွေက လီမာမြို့မှာ အမေရိကန်ဒေါ်လာ ၁.၅ သန်းနီးပါး တန်ဖိုးရှိတဲ့  ငွေစက္ကူအတုတွေကို နိုဝင်ဘာ ၂၆ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

ဒီငွေစက္ကူအတုတွေကို အမေရိကန်ကိုပို့ဖို့ လုပ်ထားတာလို့ ယုံကြည်ကြောင်း ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

ပီရူးဗဟိုဘဏ်ရဲ့ ငွေစက္ကူအတုဌာနက လုပ်ဆောင်တဲ့ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ခုလို စီးနင်းဖမ်းဆီးတာပါ။

ပီရူးငွေနဲ့ ဘိုလီးဗီးယားငွေ စက္ကူအတုတွေကိုလည်း ငွေစက္ကူ အတုထုတ်တဲ့ ပုံနှိပ်စက်တွေနဲ့အတူ သိမ်းဆည်းရမိပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းထားတယ်။ အမေရိကန်ဒေါ်လာ ၁.၃ သန်း၊ ပီရူးငွေ ၁ သိန်း ၃ သောင်းကျော်နဲ့ ဘိုလီးဗီးယားငွေ ၃ သိန်းဖိုးနီးပါးကို အာဏာပိုင်တွေက ရှာတွေ့ခဲ့တယ်လို့ အကြီးတန်းရဲအရာရှိ ပေါ်ဖီရီယို ဒိယက်စ်က ပြောပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ ငွေစက္ကူအတုထုတ်လုပ်မှုနောက်ကွယ်မှာ ဘိုလီးဗီးယား ဂိုဏ်းတခုရှိနေပါတယ်။

မနှစ်ကတော့ ပီရူးဟာ အမေရိကတိုက်က နိုင်ငံတွေအတွင်း အမေရိကန်ဒေါ်လာအတု ထုတ်လုပ်တဲ့ ထိပ်တန်းရင်းမြစ်အဖြစ် ကိုလံဘီယာနိုင်ငံကို ကျော်တက်ခဲ့တယ်လို့ အမေရိကန် လျှို့ဝှက်ဝန်ဆောင်မှု အဖွဲ့က အစီရင်ခံထားပါတယ်။

DVB

ယီမင်ဓားစာခံကယ်တင်မှု အမေရိကန် အထူးတပ်တွေပါဝင်

အမေရိကန် အထူးတပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံအတွင်း အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေ ဓားစာခံအဖြစ် ဖမ်းထားတဲ့ လူ ၈ ဦးကို ကယ်တင်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာက ပထမဦးဆုံး ဖော်ပြခဲ့ရာမှာ အင်္ဂါနေ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး ကယ်တင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အမေရိကန် ကွန်မန်ဒို ၂ ဒါဇင်ခန့်ဟာ အမေရိကန်က လေ့ကျင့်ပေးထားတဲ့ ယီမင်နိုင်ငံက အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေး တပ်ဖွဲ့ဝင်တွေနဲ့ တွဲပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုစီးနင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ ဆော်ဒီအာရေးဘီးယား နယ်စပ်မှာရှိတဲ့ ဒေသခံလူမျိုးစုတွေ နေထိုင်ရာအရပ်မှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ထုတ်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက အဲဒီသတင်းမှန်ကန်ကြောင်း AP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အယ်လ်ကိုင်းဒါး စစ်သွေးကြွ ၇ ယောက်သေဆုံးပြီး ယီမင် စစ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

VOA

အိုဘားမားကျေးဇူးတော်နေ့ ကြက်ဆင်ဘေးမဲ့လွှတ်

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားဟာ Thanksgiving ကျေးဇူးတော်နေ့အတွက် ညစာချက်စားခံရမယ့်  ကြက်ဆင်နှစ်ကောင်ထဲက တစ်ကောင်ကို အသက်ချမ်းသာခွင့် ပေးလိုက်ပြီး မြောက်ပိုင်း ဗာဂျီးနီးယား ကြက်ဆင်ခြံထဲကို ပို့ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့သမီးတွေဖြစ်တဲ့ Sasha နဲ့ Malia တို့ တက်ရောက်ခဲ့တဲ့ အိမ်ဖြူတော် ဗုဒ္ဓဟူးနေ့က အခမ်းအနားမှာ Cheese လို့ အမည်ပေးထားတဲ့ ကြက်ဆင်ကို မစ္စတာ အိုဘားမားက အသက်ချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဓလေ့ကို နှစ်စဉ် ကျေးဇူးတော်နေ့ မကျရောက်မီ တရက်အလိုမှာ ကျင်းပတာဖြစ်ပါတယ်။ Cheese ဒါမှမဟုတ်၊ နောက်ကြက်ဆင်တစ်ကောင်ဖြစ်တဲ့ Mac ဘယ်ကြက်ဆင်ကို အသက်ချမ်းသာခွင့် ပေးသင့်သလဲဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်ကနေ အွန်လိုင်းပေါ်က မဲပေးခိုင်းခဲ့တာ ဖြစ်ပါတယ်။

Cheese အမည်ရှိတဲ့ ကြက်ဆင်ကို အသက်ချမ်းသာခွင့်ပေးဖို့ မဲပေးခဲ့ကြပေမဲ့ ၂၃ ကီလိုဂရမ်စီ အလေးချိန်ရှိတဲ့ နှစ်ကောင်လုံး အသက်ချမ်းသာခွင့် ရခဲ့ကြပါတယ်။ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံသားတွေကို ကျေးဇူးတော်နေ့ ပျော်ရွှင်စွာ ဆင်နွှဲကြဖို့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒီကျေးဇူးတော်နေ့ကို နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့မှာ ဆင်နွှဲတာဖြစ်ပါတယ်။

VOA