27.11.14

မော်ရိုကိုနိုင်ငံတွင် ရေကြီး ၃၆ ဦးသေဆုံး

မော်ရိုကိုနိုင်ငံမြောက်ပိုင်း၌ ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့ရာ ယခုနောက် ဆုံးနေ့တွင် လူ ၃၆ ဦးသေဆုံးခဲ့ကြောင်း၊ ရေကြီးမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ကြောင်း မော်ရိုကိုပြည်ထဲရေးဌာ နဝန်ကြီး မိုဟာမက် ဟက်ဆက်က ပါလီမန်ကြားနာရေးအစည်းအဝေး ၌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသ တင်းက ဖော်ပြခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူ ၄၃၂ ဦးရေထဲမျောပါ သွားခဲ့ရာမှ ကယ်ဆယ်ခဲ့ရကြောင်း၊ ၎င်းတို့မှာ အလွန်စိုးရိမ်ရသော အ ခြေအနေရှိကြောင်း၊ ထိုအထဲမှ ၉၄ ဦးမှာ စစ်ရဟတ်ယာဉ်ဖြင့် ကယ်ဆယ် ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

မော်ရိုကို အရှေ့တောင်ပိုင်း မိုးရွာသွန်းမှု ပမာဏမှာ အလွန်ထူး ခြားစွာ များပြားကြောင်း၊ ဤမျှကြီး မားသောမိုးမှာ သဲကန္တာရနယ်မြေ ဒေသ၌ အလွန်ရှားပါးကြောင်း ၎င်း က ဆိုသည်။

မော်ရိုကို၏ အဝေးပြေးလမ်း မကြီးသုံးခုမှာလည်း ပျက်စီးသွားခဲ့ပြီး ပြည်လည် ဖွင့်လှစ်နိုင်ရန် သုံးလေး ရက်ခန့်ကြာဦးမည်ဖြစ်ကြောင်း၊ ယခု အချိန်ထိ အိမ်ထောင်စုနှစ်သောင်း ကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ် တောက်သွား ခဲ့ကြောင်း ဝန်ကြီးက ပြောခဲ့သည်။

Ref : Xinhua

0 comments:

Post a Comment