ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.12.14

ဗော်ဒ်ဂါအရက်ဈေး ချရန် ရုရှားသမ္မတပူတင် အမိန့်ထုတ်

ဗော်ဒ်ဂါဈေးနူန်း တက်နေခြင်းကို ကန့်သတ်ရမည်ဟု ရုရှားသမ္မတ ဗလာတီမာပူတင်က ၎င်း၏ အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စီးပွားရေး အကျပ်အတည်း ရုရှားတွင် ဖြစ်လျက်ရှိစဉ် မစ္စတာပူတင်က အရက်များ ဈေးကြီးနေပါက ပြည်သူများကို တရားမဝင် ချက်ထားသော အန္တရာယ် မကင်းသည့် အရက်များကို သောက်ရန် တိုက်တွန်းသကဲ့ ဖြစ်နေမည်ဟု ဆိုထားသေးသည်။
ရေနံဈေးကျခြင်းနှင့် အနောက်အုပ်စုက ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုတို့ကြောင့် ရုရှား ရူဘယ်ငွေကြေးဈေး ကျဆင်းသွားခဲ့ရသည်။
လာမည့်နှစ်အတွင်း ရုရှားသည် စီးပွားပျက်ကပ်အတွင်း ကျရောက်လိမ့်မည်ဟု ရုရှား၏ ဘဏ္ဍာရေး ဝန်ကြီးဟောင်းကလည်း သတိပေးထားသည်။
ကျန်းမာရေး လိုက်စားလေ့ရှိသော ရုရှားသမ္မတပူတင်က ဗော်ဒ်ဂါဈေးနှင့် ပတ်သက်ပြီး ၎င်း၏ ပြောဆိုမှုကို သက်ဆိုင်ရာ အေဂျင်စီများက စဉ်းစားပေးကြပါရန် တိုက်တွန်းလိုက်ကာ အရက်မှောင်ခို ရောင်းဝယ်မှုကို ၎င်း၏အစိုးရက ဦးဆောင် တိုက်ဖျက်မည်ဟုလည်း ပြောကြားခဲ့သည်။
၂၅ ရာခိုင်နူန်းသော ရုရှားအမျိုးသားများသည် အသက် ၅၀ တန်းသို့ မရောက်ခင် သေဆုံးကြရသည်ဟု ရုရှားထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုက ပြုလုပ်ထားသော စစ်တမ်းအရ သိရှိရသည်။ ယင်းသို့ လူလတ်ပိုင်းတွင် ကွယ်လွန်ခဲ့ရခြင်းများနှင့် အရက်သောက်သုံးမှု ဆက်စပ်ကြောင်းလည်း ယင်းစစ်တမ်းက ထောက်ပြထားသည်။
ပြီးခဲ့သည့် နှစ်အတွင်းက အစိုးရက ဗော်ဒ်ကာဈေးကို အနိမ့်ဆုံး သတ်မှတ်ထားမှုထက် ယခုအခါ ၃၀ ရာခိုင်နှုန်း ပိုတက်သွားခဲ့ကာ ၂၂၀ ရူဘယ်ငွေ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၁) အဆင့်အထိ ရှိသွားကြောင်း Reuters က ရေးသားထားခဲ့သည်။ ဗော်ဒ်ကာ တစ်မျိုးတည်းသာ မဟုတ်ဘဲ အခြားအရက်များလည်း ဈေးတက်ခဲ့သည်။
ရုရှား၏ နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းသည် ၉ ဒသမ ၄ ရာခိုင်နူန်းအထိ တက်သွားခဲ့သည်။

The Voice Weekly 

ရုရှားစတိုးဆိုင်တခုတွင် ခြေသုတ်ဖုံဖြစ်သွားသည့် အမေရိကန် အလံ

ရုရှားနိုင်ငံ မော်စကိုမြို့တော်က စတိုးဆိုင်ကြီးတခုမှာ အမေရိကန်အလံကို ခြေသုတ်ဖုံအဖြစ် ခင်းပြီး အမေရိကန်ဆန့်ကျင်ရေး ပြသခဲ့ပါတယ်။

ခရစ်စမတ်နဲ့ နှစ်သစ်ကူး ဈေးရောင်းကာလအတွင်း အခုလို အမေရိကန်အလံကို ခြေသုတ်ဖုံအဖြစ် ချထားတာ ဖြစ်ပေမယ့် ဈေးဝယ်တွေအနေနဲ့ ထူးထူးခြားခြား မဖြစ်ကြပါဘူး။

ဈေးဝယ်တဦးကတော့ ယူကရိန်းနိုင်ငံမှာ ရုရှားအလံကို မီးရှို့၊ မြေချနင်းတဲ့အတွက် သူတို့ကလည်း ပြန်လုပ်ခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဈေးဝယ်နောက်တဦးကလည်း အမေရိကန်တွေဟာ ရုရှားပြည်သူတွေရဲ့ ဘ၀တွေကို ခက်ခဲအောင်၊ ဆိုးဝါးအောင်၊ အဲဒီကနေ ရုရှားအစိုးရကို ဖြုတ်ချအောင် လုပ်နေတာ။ အစိုးရကို ဘယ်တော့မှ မဖြုတ်ချဘူးလို့ ပြောဆိုခဲ့ပါတယ်။

တခြားတယောက်ကတော့ အခုလို ခင်းထားတာကို မနှစ်မြို့ပါဘူး။ သူမြင်တာကတော့ အခုလိုလုပ်တဲ့လူတွေကတော့ အဓိပ္ပာယ်မရှိတဲ့လူတွေလို့ ပြောဆိုပါတယ်။

ကုန်တိုက်ဝန်ထမ်းတွေကတော့ ရုရှားနိုင်ငံကို ထိခိုက်တဲ့ အမေရိကန်မူဝါဒတွေနဲ့ ခေါင်းဆောင်တွေကို ဆန့်ကျင်ဆန္ဒပြတာလို့ ပြောဆိုပါတယ်။

ယူကရိန်းပိုင် ကရိုင်းမီယားကို ရုရှားက သိမ်းပိုက်ခဲ့တာနဲ့ ယူကရိန်းအရှေ့ပိုင်းက ပြည်တွင်းစစ်မှာ ရုရှားနိုင်ငံက အားပေးအားမြှောက်လုပ်ဆောင်မှုတွေကြောင့် အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ စစ်အေးစစ်ပွဲအပြီး အဆိုးဆုံးကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

DVB

ဆူနာမီ ၁၀ နှစ်ပြည့် အခမ်းအနားများ ကျင်းပ

အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ထိခိုက်ခံရတဲ့ အင်ဒိုနီးရှား အပါအ၀င် ထိုင်း သိရီလင်္ကာနဲ့ တခြား နိုင်ငံတွေမှာ ၁၀ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေ ကျင်းပ နေကြပါတယ်။

ဆူနာမီကြောင့် သေဆုံးသွားတဲ့သူတွေအတွက် ဆုတောင်းပေးခဲ့ကြသလို ထိုင်းနိုင်ငံက ဘမ်နမ့်ခမ်းရွာမှာတော့ အမှတ်တရ နံရံမှာ သေဆုံးသူတွေအတွက် အမှတ်တရပန်းတွေ လာရောက်ထိုးပေးခဲ့ကြပါတယ်။

ဆူနာမီဒဏ်ကို အင်ဒိုနီးရှား အာချေးခရိုင်ကတော့ အဆိုးဆုံး ထိခိုက်ခံစားခဲ့ရသလို အင်ဒိုနီးရှား၊ သီရီလင်္ကာ၊ အိန္ဒိယ၊ ထိုင်းနဲ့ တခြား ၉ နိုင်ငံက လူ ၂ သိန်းကျော် သေဆုံးခဲ့ပါတယ်။

အင်ဒိုနီးရှားက မွတ်စလင် ဘာသာရေးခေါင်းဆောင်ကတော့ ဆူနာမီက နှစ် ၃၀ ကြာ လက်နက်ကိုင် ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ အားချေးကို အဖိုးတန်တဲ့ သင်ခန်းစာကို သင်ကြားပေးခဲ့တယ်လို့ ပြောပါတယ်။

ဆူနာမီဖြစ်ပြီးတဲ့နောက်မှာ လူတွေက ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က သမုဒ္ဒရာကြမ်းပြင်မှာ ပြင်းအား ၉.၁ ရှိတဲ့ ငလျင် လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကြီးမားတဲ့ရေလှိုင်းတွေ ပေါ်ပေါက်လာပြီး ကမ်းခြေက သိန်းချီလူတွေ အသက်ဆုံးရှုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ လူ ၅ ထောင်ကျော်၊ သိရီလကာင်္မှာ ၁၇၀၀ သေဆုံးခဲ့ပါတယ်။  မြန်မာ စစ်အစိုးရကတော့ ၆၁ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ပေမယ့် လူမှုရေးအဖွဲ့အစည်းတွေကတော့ ၆၀၀ လောက်ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံက သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံကနေ တရားမ၀င် လာရောက် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ ထောင်ကျော်လောက် သေဆုံးသွားတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

လက်ရှိ အချိန်အထိ သေဆုံးသွားတဲ့ မြန်မာ အလုပ်သမား ၂၆ ဦးရဲ့ ရုပ်ကြွင်းကို တကွာပါခရိုင်က သုသာန်တခုမှာ မြှုပ်နှံထားသလို လာရောက် ယူဆောင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

DVB

စာသင်ကျောင်း တိုက်ခိုက်ခံခဲ့ရသည့် ပီရှာဝါမြို့သို့ အေမာခန်း သွားရောက်

ဗြိတိန်လက်ဝှေ့ အကျော်အမော်တစ်ဦး ဖြစ်သည့် အေမာခန်းသည် တာလီဘန် အကြမ်းဖက်သမားများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် ပါကစ္စတန်နိုင်ငံ ပီရှာဝါမြို့ရှိ စာသင်ကျောင်းရှိရာသို့ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးနိုင်ရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်ကာ အဆိုပါခရီးစဉ်ကို အေမာခန်းနှင့်အတူ ၎င်း၏အစ်ကို ဖြစ်သည့် ဟာရွန်းလည်း လိုက်ပါသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

တာလီဘန် အကြမ်းဖက်သမား ခုနစ်ဦးတို့သည် ပီရှာဝါမြို့ရှိ စာသင်ကျောင်းကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့၌ အကြမ်းဖက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကာ အဆိုပါဖြစ်စဉ်တွင် အပြစ်မဲ့စာသင်သား ကလေးငယ်ပေါင်း ၁၃၂ ဦးနှင့်အတူ စုစုပေါင်း လူအရေအတွက် ၁၄၅ ဦးခန့် အသက်ဆုံးရှုံးခဲ့ကြရသည်။

အေမာခန်းသည် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ၎င်း၏ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကာ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အစပြုခဲ့သည့် ယင်းခရီးစဉ်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ထိတိုင် ကြာမြင့်လိမ့်မည် ဖြစ်ကြောင်း အေမာခန်းက အသိပေးထားသည်။

အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်သော အေမာခန်းသည် အမေရိကန် လက်ဝှေ့ကစားသမား ဒေဗွန်အလက်ဇန္ဒားကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သော ရွှေ ၂၄ ကာရက် ပါရှိသည့် ကမ္ဘာ့တန်ကြေး အမြင့်ဆုံး အားကစား ဘောင်းဘီတိုကိုလည်း ယခု တိုက်ခိုက်ခံလိုက်ရသည့် စာသင်ကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် လှူဒါန်းထားပြီး ဖြစ်ကာ ပါကစ္စတန်သို့ ရောက်ရှိအပြီးတွင် မြို့တော် အစ္စလာမ်မာဘတ်သို့ ခေတ္တဝင်ရောက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်း၏ ခရီးစဉ်ကို အေမာခန်းက ရှင်းပြထားသည်။

ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိလာသည့် အေမာခန်းကို အထူးလုံခြုံရေး အစီအစဉ်တစ်ရပ်နှင့် ကြိုဆိုခဲ့ကာ တာလီဘန် များ၏ အဖျက်အမှောင့် လုပ်ငန်းများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ဝိုင်းဝန်း ပံ့ပိုးပေးကြသူများမှာ ၎င်းတို့၏ ပစ်မှတ်သစ်များ ဖြစ်သွားတတ်ကြလေ့ ရှိသည့်အတွက် စိုးရိမ်ထိတ်လန့်မိပါကြောင်းများ မကြာမီကပင် အေမာခန်းက ထုတ်ဖော် ပြောဆိုထားခြင်းကြောင့် အစစအရာရာ စိတ်ချစွာ ဆောင်ရွက်နိုင်စေရန်အတွက် ယခုကဲ့သို့ လုံခြုံရေးပေးလိုက်ခြင်း ဖြစ်သည်ဟု ပါကစ္စတန် အစိုးရအာဏာပိုင်များက ဆိုသည်။

အေမာခန်း မတိုင်မီတွင် ပီရှာဝါရှိ အကြမ်းဖက်ခံရသော စာသင်ကျောင်းထံသို့ လာရောက်၍ ကျောင်းသားမိဘများနှင့် ကျောင်းဝန်ထမ်းများကို နှစ်သိမ့်မှု ပေးသွားခဲ့သည့် အခြားအားကစား အကျော်အမော်တစ်ဦးမှာ ပါကစ္စတန် ခရစ်ကက် လက်ရွေးစင်ဟောင်း အင်မရမ်ခန်းဖြစ်သည်။

The Voice Weekly

ငြိမ်းချမ်းရေး ဆုတောင်းသံလွှမ်းတဲ့ ၂၀၁၄ ခရစ်စမတ်

ဒီလို ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ မွေးဖွားလာတဲ့ သခင်ယေရှုခရစ်တော်ကို ကြိုဆိုတဲ့အနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကနေ ခရစ္စမတ်ပွဲတော်ကို ကမ္ဘာတ၀ှမ်းမှာ ဆင်နွှဲခဲ့ကြပါတယ်။ ဒီနှစ်ခရစ္စမတ်ရဲ့ ထူးခြားချက် ကတော့ နေရာ တော်တော်များများမှာ ငြိမ်းချမ်းရေး ဆုတောင်းသံတွေ လွှမ်းမိုးနေတာပါ။ Vatican City က St. Peter ရင်ပြင်မှာ စုဝေးရောက် ရှိနေကြတဲ့ ထောင်ပေါင်းများစွာသောသူတွေနဲ့ ကမ္ဘာတ၀ှမ်း ရုပ်မြင်သံကြားတွေ ကနေ ကြည့်ရှုနေကြသူတွေအားလုံးကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Francis) က ကောင်းချီးမေတ္တာ ပို့ခဲ့သလို၊ အကျင့်ပျက်ခြစားမှု ဒုစရိုက်တွေထက် ငြိမ်းချမ်းရေးက ပိုပြီး အားကောင်းတယ်ဆိုတဲ့ ဘုရားသခင်ရဲ့ ဟောကြားချက်ကို မမေ့ကြဖို့ ကမ္ဘာတ၀ှမ်းက ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေကို တိုက်တွန်း ဟောကြားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိကြပြီး - ယေရှုခရစ်တော် မွေးဖွားရာနေရာလို့ ခရစ်ယာန်တွေ ယုံကြည်ထား ကြတဲ့ အရှေ့အလယ်ပိုင်း - ဂါဇာကမ်းမြှောင်ဒေသက Bethlehem မှာလည်း ခရစ္စမတ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ Bethlehem မြို့တော်ဝန် Vera Baboun ကတော့ - ဒီနှစ် ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အနေနဲ့ အဓိက လိုချင်တာက - တရားမျှတမှုဖြစ်ပြီး၊ တရားမျှတမှု ရှိမယ်ဆိုရင် ငြိမ်းချမ်းရေးလည်း ရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ခရစ္စမတ်ကို အားလပ်ရက်အဖြစ် သတ်မှတ်ပြီး နေရာအနှံ့မှာ ခရစ္စမတ်ပွဲ ဆင်နွှဲနေကြတာပါ။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ - ခရစ္စမတ်ပွဲ ဆင်နွှဲနေကြတဲ့ နိုင်ငံတ၀ှမ်းက သန်းပေါင်းများစွာသော ပြည်သူတွေနဲ့အတူ သူ့မိသားစုလည်း ဆင်နွှဲနေတယ်လို့ ပြောကြားခဲ့ပါတယ်။

 “ခရစ်တော် ဖွားမြင်မှုဟာ သာမာန် ကလေးတယောက်အဖြစ် မဟုတ်ပဲနဲ့ နေထိုင်မကောင်း ဖြစ်နေသူတွေ၊ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ အထူးသဖြင့် ကိုယ့်ကိုယ်ကို ချစ်သလို တခြားသူကို ချစ်တတ်တဲ့ စိတ် မွေးတတ်ဖို့လို ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ဖို့ သတင်းစကားပါးခဲ့သူတဦး မွေးဖွားခဲ့တဲ့ အခါသမယ အဖြစ် ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။ ပျော်စရာ ခရစ္စမတ် အခါသမယအဖြစ် ဘုရားသခင် ကောင်းချီးပေးပါစေ။ ကျန်းမာပျော်ရွှင်တဲ့ ၂၀၁၅ ခုနှစ် ဖြစ်စေဖို့လည်း ဆုတောင်းပါတယ်။”

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကို အကြောင်းအမျိုးမျိုး နဲ့ ရောက်ရှိနေကြတဲ့ မြန်မာ တိုင်းရင်းသားတွေကလည်း - ခရစ္စမတ်ပွဲတော်အဖြစ် ဘုရားကျောင်းတွေမှာ ဆုတောင်းပွဲတွေကျင်းပ၊ မိသားစုတွေ၊ မိတ်ဆွေတွေ ဆုံဆည်းကြပြီး ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲနေခဲ့ကြတာပါ။

ဒီနှစ် ခရစ္စမတ်မှာတော့ ၀ါရှင်တန်ဒီစီ အပါအ၀င် အမေရိကန် အရှေ့ဘက်ခြမ်း ပြည်နယ်တွေဖြစ်တဲ့ ဖလော်ရေဒါ၊ အိုဟိုင်းရိုး၊ ကော်လိုရာဒို၊ ဗာဂျီးနီးယား၊ မယ်ရီလန်း ပြည်နယ်တွေက မြန်မာတိုင်းရင်းသား ၃၀၀ နီးပါးလောက်ဟာ မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့မှာ စုဝေးကြပြီး ခရစ္စမတ်ပွဲတော်ကို ထူးထူးခြားခြား ဆင်နွှဲခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာခရစ်ယာန် ကက်သလစ်အဖွဲ့ချုပ်ကို တည်ထောင်သူ ဆရာ ဂျွန်စိုင်းလုံ ကတော့ - ခရစ်တော်မွေးဖွားခြင်းနဲ့ ငြိမ်းချမ်းရေး ဆက်စပ်မှုနဲ့ မြန်မာနိုင်ငံမှာလည်း တဦးနဲ့တဦး မေတ္တာထားပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ကို အခုလို ပြောကြားခဲ့ပါတယ်။

" သူမွေးတဲ့အချိန်မှာ သိကြားမင်းက သိုးကျောင်းသားတွေကို နှုတ်ဆက်တဲ့ စကားသံနဲ့ ပြောရမယ်ဆိုရင် ဒီကမ္ဘာတခွင်မှာ ရှိနေတဲ့ လူသားတွေ အားလုံး စိတ်ကောင်းနှလုံးကောင်း ရှိတဲ့သူတွေ အားလုံးအပေါ်မှာ ငြိမ်းချမ်းခြင်း ရှိပါစေဆိုတဲ့ မတ်ဆေ့ပဲ ဖြစ်ပါတယ်။ ဒီခရစ်စမတ်နေ့မှာ ဒါကြောင့် နှစ်ဦးနှစ်ဘက် နားလည်သဘောပေါက်ပြီးတော့မှ ကမ္ဘာတခုလုံး ငြိမ်းချမ်းသာယာဖို့အတွက် ငြိမ်းချမ်းရေး ရှိဖို့က အားလုံးက လျှော့ပေါ့ပြီးတော့မှ လက်တွေ့ကျင့်သုံးသွားစေချင်တယ်။"

အလားတူ မြန်မာတိုင်းရင်းသားတွေ အများစုနေထိုင်ရာ အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာလည်း ခရစ္စမတ်ဆုတောင်းပွဲတွေ၊ ကလေးတွေကို အပြန်အလှန် လက်ဆောင်ပေးတာတွေ၊ ခရစ္စမတ်သီချင်း သီဆိုဖျော်ဖြေမှုတွေနဲ့ ဆင်နွှဲခဲ့ကြပြီး၊ ခရစ္စမတ်ရဲ့ ငြိမ်းချမ်းရေး အနှစ်သာရနဲ့ ပတ်သက်လို့ Burmese-Christian Fellowship အသင်းတော်က သင်းထောက် ကိုအက်ဒီစင် က -

" အယောက်စီတိုင်းရဲ့ အသက်တာမှာ ခရစ်တော် ယူဆောင်လာတဲ့ ငြိမ်သက်ခြင်းနဲ့ ခရစ်တော်ရဲ့ မေတ္တာကို ရလို့ရှိရင် ကျနော်တို့ ငြိမ်းချမ်းရေးဆိုတာ ရှိတာပေါ့နော်။ အယောက်စီတိုင်းရဲ့ အသက်တာမှာ ခရစ်တော်ယူဆောင်လာတဲ့ ငြိမ်သက်ခြင်း တကယ်ပဲရလို့ရှိရင် ခရစ်တော်က ဘာပြောလဲဆိုတော့ သူက မေတ္တာဖြစ်တယ်။ အဲ့ဒီ့တော့ ကျနော်တို့ အယောက်စီတိုင်း မေတ္တာကိုယ်စီနဲ့ နှိမ့်ချခြင်းနဲ့ လုပ်မယ်ဆိုရင် ဒါလူမျိုးတမျိုးနဲ့ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ တကယ်ပဲ ခရစ်တော်ရဲ့ မေတ္တာရမယ်ဆိုရင် တကယ်ပဲ ငြိမ်းချမ်းခြင်းရမယ်ပေါ့နော်။"

တခါ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ အဆိုတော် ရတနာဦးကလည်း မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အခုလို ဆုတောင်းပေးခဲ့ပါတယ်။

" ကျမအနေနဲ့ ကိုယ်အမြဲတမ်း ထမင်းတလုပ်စားလိုက်တိုင်းမှာ ကမ္ဘာအရပ်ရပ်မှာ မစားရသူများစွာရှိတယ်ဆိုတာ အမြဲတမ်း သတိရတယ်။ ပြီးတော့ ကိုယ်ကျန်းကျန်းမာမာနေနေရတဲ့အချိန်မှာ သူများတွေ ဘယ်လို မလုံခြုံစွာနဲ့ ခဲယဉ်းစွာ ဆုံးရှုံးခြင်းတွေနဲ့ မိသားစုတွေမှာ စစ်ဘေးဒဏ်တွေနဲ့ ရာသီဥတု ကပ်ဆိုးဘေး အဲ့လိုမျိုး အရာတွေနဲ့ အမြဲတမ်းလည်း တွေ့နေရတဲ့အခါမှာ ကိုယ်တယောက်တည်း ပျော်ရွှင်နေတာထက် ဒီလိုလူတွေအတွက်ကို အမြဲတမ်း စိတ်ထဲမှာ ဝန်တာထားပြီးတော့ ဆုတောင်းပေးတယ်။ ပြီးတော့ အခုလာမယ့် ၂၀၁၅ ခရစ်စမတ်အထူးဆုတောင်းအနေနဲ့ကတော့ မြန်မာပြည်သာယာငြိမ်းချမ်းစေချင်တယ်။ တကယ်ပဲ ခရစ်တော်အားဖြင့် လူတွေကို လွတ်မြောက်စေချင်တယ်။

VOA

ကုလအရာရှိ ၂ ဦး ထွက်ခွာရန် ဆူဒန်အစိုးရ အမိန့်ထုတ်



ကုလသမဂ္ဂ အဆင့်မြင့်အရာရှိ ၂ ဦးကို ထွက်ခွာဖို့ ဆူဒန်သမ္မတနိုင်ငံက အမိန့်ထုတ်လိုက်တယ်လို ကုလသမဂ္ဂက ပြောပါတယ်။

ဒါဖာမှာ ငြိမ်းချမ်းရေးမစ်ရှင်နဲ့ ဆူဒန်တပ်ဖွဲ့တွေအကြား တင်းမာမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အခုလို အမိန့်ထုတ်လိုက်တာလို့ အေအက်ဖ်ပီ သင်းမှာရေးပါတယ်။

ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အလီဇာတာရီနဲ့ ဆူဒန်နိုင်ငံ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး ညွန်ကြားရေးမှူး အီဝေါင်ဟယ်လင် တို့ကို ထွက်ခွာဖို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပြီး ကုလသမဂ္ဂကအတွင်းရေးမှူးချုပ်က ဒီလုပ်ဆောင်ချက်ကို ဆန့်ကျင်သလို ပြန်လည်စဉ်းစားဖို့ တိုက်တွန်းတယ်လို့ ပြောပါတယ်။

ထွက်ခွာခိုင်းတဲ့အကြောင်းအရင်းနဲ့ ထွက်ခွာရမယ့် အချိန်အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိပါဘူး။

အောက်တိုဘာ ၃၁ ရက်က စစ်ဘေးသင့်ဒေသမှာ အစိုးရတပ်ဖွဲ့တွေက အမျိုးသမီးနဲ့ မိန်းကလေး ၂၀၀ ကို အဓမ္မပြုကျင့်တာ စုံစမ်းစစ်ဆေးဖို့ ကုလရဲ့ကြိုးပမ်းမှုကြောင့် ဆူဒန်က ဒေါသထွက်ခဲ့ပါတယ်။

ဧပြီလမှာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့အကြီးအကဲကိုလည်း ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်တဲ့အတွက် တိုင်းပြည်က ထွက်ခွာဖို့ ဆူဒန် အစိုးရက ပြောဆိုခဲ့ပါတယ်။

DVB

ဟောင်ကောင်တွင် လုံခြုံရေးကုမ္ပဏီကားထဲက အမေရိကန်ဒေါ်လာ ၂ သန်းခန့် လွင့်စဉ်

ဟောင်ကောင်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က လုံခြုံရေးကုမ္ပဏီကြီးတခုရဲ့ ဗင်ကားတစီးထဲက အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး လွင့်စဉ်ကျကုန်လို့ ဟောင်ကောင်ရဲတွေဟာ ပတ်ဝန်းကျင်ကို အပြင်လူမဝင်နိုင်အောင် အမြန်ကန့်သတ်ခဲ့ရပါတယ်။

အခင်းဖြစ်ရာကို ရောက်လာတဲ့ ရဲတွေက ဝမ်ချိုင်းခရိုင်ထဲက လမ်းပိုင်းကို ပိတ်ခဲ့ပြီး လူတွေ ဘဏ်ငွေစက္ကူတွေကို ပြန်အပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဖြတ်သွားဖြတ်လာတယောက်က သက်ကြီးအမျိုးသမီးတဦးက ကောက်ထားတဲ့ ငွေစက္ကူတွေကို ရဲက ပြန်ပေးခိုင်းခဲ့တယ်လို့ အေတီဗီ ရုပ်သံကို ပြောပါတယ်။

ဝမ်ချိုင်းခရိုင်ရဲမှူး ဝမ်စူးဟောင်က ပလတ်စတစ်သေတ္တာ ၃ ခုထဲက ၂ ခုက အပိတ်တွေ ကျိုးနေပြီး မြေပေါ်ကျချိန်မှာ ကွဲသွားတာလို့ ဆိုပါတယ်။

သတ္တာထဲက ငွေ အမေရိကန်ဒေါ်လာ ၁.၉၆ သန်းနဲ့ ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ ၁၅.၂၃ သန်း ဆုံးရှုံးခဲ့ပြီး ငွေတွေက ဟောင်ကောင်ဒေါ်လာ ၅၀၀ တန်တွေလို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ လူ ၁၃ ဦးက အမေရိကန်ဒေါ်လာ ၄ သိန်း ၆ သောင်းနဲ့ ညီမျှတဲ့ ဟောင်ကောင် ဒေါ်လာ ၃. ၆ သန်းကို ရဲဆီ ပြန်အပ်ခဲ့ကြောင်း အစိုးရပိုင်ဒေသခံရေဒီယို RTHK က အစီရင်ခံပါတယ်။

ငွေစက္ကူတွေ သယ်ပို့မှုအတွက် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကုမ္ပဏီ G4S ကတာဝန်ရှိပြီး လုပ်ငန်းတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ RTHK က အစီရင်ခံပါတယ်။

DVB

အီဘိုလာ ရောဂါပိုး ဓါတ်ခွဲခန်းကနေ မပြန့်ဖို့လိုအပ်

အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတခုရဲ့ ၀န်ထမ်းတယောက်ဟာ အီဘိုလာရောဂါပိုးမွှားတွေကို မတော်တဆ အဖုံးအကာအကွယ်မပါပဲ တနေရာကနေ တနေရာကို သယ်ဆောင်မှု လုပ်ခဲ့မိတယ်လို့ အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက CDC က ပြောပါတယ်။

အေဂျင်စီရဲ့ Atlanta, Georgia ဌာနချုပ်မှာ အခုသတင်းပတ် စောစောပိုင်း က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပမာဏသိပ်မများတဲ့ အီဘိုလာ ဗိုင်းရတ်စ် ပိုးမွှားတွေကို မှားယွင်းပြီး ဓါတ်ခွဲခန်း တခုကနေ တခြားဓါတ်ခွဲခန်း တခုကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့ တယ်လို့ CDC အဖွဲ့ရဲ့ ပြောဆိုခွင့်ရှိသူ က ပြောပါတယ်။

ပြောင်းရွှေ့ပေးပို့လိုက်တဲ့ ဓါတ်ခွဲခန်းမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကို ကိုင်တွယ်ဖို့ အတွက် ပစ္စည်းကရိယာ တန်ဆာပလာ တွေ တတ်ဆင်မထားဘူးလို့ပြောပါတယ်။
ဒီဓါတ်ခွဲခန်းဝန်ထမ်းကို အီဘိုလာရောဂါပိုး ကူးစက်နိုင်တဲ့ကာလဖြစ်တဲ့ ၂၁ ရက် စောင့်ကြည့်ကာလ သတ်မှတ် အကဲခတ်နေကြောင်း၊ ဒီဓါတ်ခွဲခန်းကို အ၀င်အထွက် လုပ်ခဲ့ကြတဲ့ တခြားဝန်ထမ်းအချို့ အနေနဲ့ကော ဗုင်းရပ်ပိုးမွှားကို သယ်ဆောင် သွားတာမျိုးရှိမရှိ CDC က လေ့လာနေတယ်လို့ ဆိုပါတယ်။

VOA

စိန့်လူးဝဇ် ပစ်ခတ်မှုသည် ဖာဂူဆန် ပြဿနာနှင့် မတူကြောင်း မြို့တော်ဝန် ပြောကြား

အမေရိကန်နိုင်ငံ အရှေ့ပိုင်း မစ်ဆူရီပြည်နယ် စိန့်လူးဝဇ်မြို့စွန် ဘာကလေမြို့တွင် ဒီဇင်ဘာ ၂၃ ရက်ညက ရဲတစ်ဦး ၏ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ် အရွယ် လူမည်းလူငယ် တစ်ဦး သေဆုံးသွားခဲ့ရာ ယခု ဖြစ်စဉ်သည် ပဋိပက္ခများ ဖြစ်ပွား စေခဲ့သည့် ဖာဂူဆန်ဖြစ်စဉ်နှင့် မတူညီကြောင်း မြို့တော်ဝန်က ပြောကြားလိုက်သည်။
မစ်ဆူရီ ပြည်နယ် အတွင်း၌ပင် တည်ရှိသည့် ဖာဂူဆန် မြို့တွင် လက်နက်မဲ့ လူမည်းလူငယ် မိုက်ကယ်ဘရောင်းကို ရဲများက ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးသွား ခဲ့သောကြောင့် အသားအရောင် ခွဲခြားမှုအဖြစ် ရှုမြင်ကာ ပဋိပက္ခနှင့် ဆန္ဒပြပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သေး သည်။ ယင်းအပြင် အဆိုပါ ဖြစ်ရပ်ကို လက်စားချေမှုဟု ယူဆရသည့် မှုခင်း တစ်ခုလည်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း နယူးယော့ခ် မြို့ပေါ်တွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်တွက် ရဲနှစ်ဦးမှာ မြို့လယ်ကောင်၌ အသေပစ်သတ်ခြင်း ခံခဲ့ရသည်။ သို့သော် ယခုဖြစ်ရပ်တွင် သေဆုံး သွားသူ လူငယ်သည် သေနတ်ဖြင့် ရဲများကို ရန်ပြုရန် အားထုတ်ခဲ့ သောကြောင့် ပစ်ခတ်ရခြင်းဟု ဆိုသည်။

ထောက်လှမ်းရေး ကင်မရာ မှတ်တမ်းများ အရ အသက် ၁၈ နှစ်အရွယ် အန်တိုနီယို မာတင်သည် အသင့် ပါလာသော သေနတ်တစ်လက်ကို ဆွဲထုတ် လိုက်ကြောင်း တွေ့ရှိခဲ့ရ သည်ဟု ဘာကလေ မြို့ဝန် သီရိုဒိုဟော့စ်ကင်က ပြောကြားသည်။ ဖာဂူဆန်မြို့ ဖြစ်ရပ်တွင် အပစ်ခံရ သူသည် လက်နက်မပါပေ။ ယခု ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရဲများနှင့် လူအုပ်စုတို့ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွား ခဲ့သည်။ အဆိုပါ လူငယ်ပစ်ခတ် ခံခဲ့ရသည့် နေရာရှိ ဓာတ်ဆီဆိုင်တွင် လူအနည်းငယ်စုဝေးခဲ့ကြသည်။

မြို့တော်ဝန် ဟော့စ်ကင်းက "အခုဖြစ်စဉ်ဟာ နယူးယောက်က ဖြစ်စဉ်၊ ဖာဂူဆန်က ဖြစ်စဉ်တွေနဲ့ မတူပါဘူး။ သေသွားတဲ့ အခုလူငယ်က ရဲအရာရှိကို သေနတ်နဲ့ ထုတ်ချိန်ခဲ့ပါတယ်" ဟု ပြောကြား သည်။ ဘာကလေမြို့ရှိ ရဲများစုသည် လူမည်းများဖြစ်သောကြောင့် လူဖြူရဲများ ရှိပြီး လူမည်း ပြည်သူများသော ဖာဂူဆန်နှင့်မတူညီကြောင်း မြို့တော်ဝန်က ပြောကြားသည်။

"မြို့တော်ဝန် ကျွန်တော်ကလည်း လူမည်း၊ မြို့အုပ်ချုပ်ရေးမှူးကလည်း လူမည်း၊ ဘဏ္ဍာရေးအရာရှိကလည်း လူမည်း၊ ရဲချုပ်ကလည်း လူမည်းဖြစ်တဲ့အတွက် ကျွန်တော်တို့က သတိအများကြီးထားပါတယ်" ဟု ဟော့စ်ကင်းက ပြောကြားသည်။ ယခုဖြစ်စဉ်အား မြို့တော် အုပ်ချုပ်ရေး အဖွဲ့နှင့် စိန့်လူးဝဇ်စီရင်စု တာဝန်ရှိသူများက လွတ်လပ်သော စုံစမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Ref: BBC

အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ထားဟု ရုရှားသမ္မတ ပြော

ရုရှားသမ္မတ ပူတင်က အလယ်အာရှဒေသဟာ အစ္စလာမစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားသင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းက သတိပေးလိုက်ပါတယ်။

အာဖဂန် နစ္စတန်ရဲ့အခြေအနေကို စိုးရိမ်ပြီး ရုရှား၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်နို်င်ငံတွေ ပါတဲ့ လုံခြုံရေးသဘောတူညီမှု CSTO အဖွဲ့ဝင်နိုင်ငံတွေဟာ တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်လို့ ပူတင်က မော်စကိုမှာ ကျင်းပတဲ့ CSTO အဖွဲ့ဝင်နိုင်ငံများ ဒီဇင်ဘာ ၂၃ ရက်နေ့ ထိပ်သီးညီလာခံမှာ ပြောပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ CSTO အဖွဲ့ဝင်နိုင်ငံတွေက အာရုံစိုက်ထားသင့်ကြောင်း၊ နိုင်ငံတကာတပ်တွေဆုတ်ခွာပြီးရင် ဒေသတခုလုံးအတွက် အစွန်းရောက်အန္တရာယ်နဲ့ မူးယစ်ကုန်ကူးမှုတွေ တိုးလာနိုင်ချေအတွက် အဆင်သင့် ဖြစ်သင့်တယ်လို့ ရုရှားနဲ့ မဟာမိတ်တွေကို ပူတင်က သတိပေးပါတယ်။

အာဖဂန်နစ္စတန်နဲ့ တာဂျစ်ကစ္စတန်ကြား နယ်စပ်လုံခြုံရေးကို အာရုံစိုက်သင့်ပြီး တာဂျစ်အစိုးရကို လက်နက်ကိုင်တပ်တွေ ခေတ်မီရေးအတွက် ဘဏ္ဍာရေး ထောက်ပံ့ရမယ်လို့လည်း ပူတင်က ဆိုပါတယ်။

တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီ ရာမွန်ကလည်း CSTO မဟာမိတ်တွေအနေနဲ့ အာဖဂန်စစ်သွေးကြွတွေနဲ့ မူးယစ်ကုန်ကူးသူတွေဆီက ခြိမ်းခြောက်မှုတွေကို ခုခံကာကွယ်ဖို့ သူ့နိုင်ငံကို ကူညီမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

DVB

24.12.14

Christmas Wishing


Is it just me or Christmas is one of the most tiring holidays ever?! You have to prepare and decorate the tree, create the right Christmas atmosphere by decorating the house (inside and out!), buy, wrap and place all the presents under the tree. It's too much work! Thank goodness it's also all worth it being able to spend with special day with you :)
~~ မြန်မာ့လင်းရောင်ခြည်

19.12.14

ရုရှား သမ္မတ ပူတင် က ရူဘယ် ငွေကြေး တန်ဖိုးကျဆင်းမှု ဖြေရှင်းနိုင်လိမ့်မည် ဟု အာမခံ

ရုရှား သမ္မတ ဗလာဒီမာ ပူတင် က ယခု သီတင်းပါတ်အတွင်းတွင် ရုရှား ရူဘယ် (Rouble) ငွေတန်ဖိုး အလွန်အမင်း ထိုးကျသွားမှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံ စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေမှုကို စိတ်အေးအေးထားကြရန် နှစ်ပတ်လည် သတင်းစာရှင်းလင်းပဲါတွင် အာမာခံ ပြောကြားသွားခဲ့သည်။

ရုရှား ဗဟိုဘဏ်အနေနှင့် ရူဘယ်ငွေ တန်ဖိုးကျမှုကို ကြိုတင်ကိုင်တွယ် သင့်ခဲ့သော်လည်း ယခု လုပ်ဆောင်နေမှုများအနေဖြင့်လည်း ဖြေရှင်းသွားနိုင်စွမ်း ရှိလာလိမ့်မည်ဟု မစ္စတာ ပူတင် က ပြောသည်။

Ref : BBC

ဆင်ဂျာတောင်ကို ဝန်းရံပိတ်ဆို့ထားသည့် IS တပ်ဖွဲ့များကို ဖြိုခွဲနိုင်ခဲ့ကြောင်း ကာ့ဒ်ပြောက်ကျားများ ကြေညာ

အီရတ်မြောက်ပိုင်း ဒေသတွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ကာ့ဒ်ပြောက်ကျားများက မိမိတို့သည် အကြီးမားဆုံး အောင်ပွဲတစ်ရပ်အဖြစ် ဆင်ဂျာတောင်တွင် တပ်စွဲထားသည့် IS အဖွဲ့များကို ဖယ်ရှားနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။


ဆင်ဂျာတောင်တွင် ယာဇီဒီ အနွယ် ထောင်ဂဏန်းမျှနှင့် စစ်ဘေးရှောင် အီရတ်နိုင်ငံသားများကို IS တပ်ဖွဲ့များက ဩဂုတ်လကတည်းက ဝန်းရံပိတ်ဆို့ထားခဲ့သည်။ IS တပ်ဖွဲ့များသည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို သိမ်းယူကာ နိုင်ငံတကာက အသိအမှတ် မပြုသည့် အစ္စလာမ်မစ် နိုင်ငံတော်တစ်ရပ်ကို ထူထောင်ထားသည်။

ကာ့ဒ်တပ်ဖွဲ့များသည် အီရတ်စစ်တပ်ကို အကူအညီပေးကာ IS စစ်သွေးကြွများအား ထိုးဖောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၇ ရက်တွင် ဆင်ဂျာတောင်ကို ထိုးစစ်စတင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အမေရိကန်နှင့် ပူးပေါင်း မဟာမိတ် တပ်ဖွဲ့ကလည်း ကာ့ဒ်တို့ကို လေကြောင်းပစ်ကူပေးပြီး ဆင်ဂျာတောင် တဝိုက်ရှိ IS ပစ်မှတ်များကို (၄၅)ကြိမ် ဗုံးကြဲခဲ့သည်။

မြေပြင်ထိုးစစ်တွင် ကာ့ဒ်တပ်ဖွဲ့ဝင် (၈၀၀၀)က စစ်မျက်နှာ နှစ်ဖက်ဖွင့်ကာ တိုက်ခိုက်ခဲ့ပြီး IS တပ်ဖွဲ့များ၏  ဝန်းရံပိတ်ဆို့ခြင်း ခံရသည့် ယာဇီဒီ အနွယ်ဝင်များနှင့် အခြားသော စစ်ပြေးဒုက္ခသည်များကို စတင် ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

“တကယ့်ကို ကြီးကျယ်တဲ့ စစ်ဆင်ရေး တစ်ရပ်ပဲ။ ကံအားလျော်စွာနဲ့ပဲ ကျွန်တော်တို့ အများကြီး အောင်မြင်မှု ရခဲ့တယ်”ဟု ကာဒစ်စတန်ဒေသ လုံခြုံရေးကောင်စီ အဓိကတိ မက်စ်ရာ ဘာဇာနီက ပြောကြားခဲ့သည်။ ကာ့ဒ်တပ်ဖွဲ့များသည် IS လက်အောက်မှ ဇူမာဒေသကို အောက်တိုဘာလတွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ထို့နောက်တွင်မူ ဆင်ဂျာတောင်ကို ထိုးဖောက်တိုက်ခိုက်ရန် လမ်းပွင့်သွားခဲ့သည်။

ကာ့ဒ်တပ်ဖွဲ့များ၏ စစ်ဦးစီးဌာနက စစ်ဆင်ရေးအတွက် IS စစ်သွေးကြွ အမြောက်အမြားသည် အနောက်ဘက်သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာ ထွက်ပြေးသွားပြီး ဆီးရီးယား နိုင်ငံအတွင်း၊ သို့မဟုတ် ဇွန်လအတွင်းက IS တပ်ဖွဲ့များ သိမ်းပိုက်ထားရာ မိုဆူးလ်မြို့ဘက်သို့ ဦးတည်နေကြောင်း ကြေညာသည်။

IS တပ်ဖွဲ့များသည် ဆင်ဂျာမြို့ကို ဩဂုတ်လအတွင်း သိမ်းပိုက်လိုက်သည့်နောက် မြို့ခံ ယာဇီဒီ အနွယ်ဝင် အများအပြားသည် ဘေးလွတ်ရာ တိမ်းရှောင်ရင်း ဆင်ဂျာတောင် အနီးတဝိုက်တွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

_Ref: BBC

ဩစတြေးလျရှိ နေအိမ်တစ်လုံးတွင် ကလေး(၈)ဦး သေဆုံးနေခြင်းကို ရဲတပ်ဖွဲ့ စုံစမ်းနေ

ဩစတြေးလျနိုင်ငံ၊ ကွင်းစ်လန်း မြောက်ပိုင်းဒေသရှိ ကဲန်စ်မြို့မှ နေအိမ်တစ်လုံးတွင် ကလေးငယ်(၈)ဦး သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ရဲများက အဆိုပါ နေအိမ်ထဲတွင် ဓားဒဏ်ရာဖြင့် လဲကျနေသည့် အသက်(၃၄)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို တွေ့ရှိသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း ကြေညာသည်။ သို့သော်လည်း အသက်(၁၈)လမှ (၁၅)နှစ် အရွယ်ကြား ကလေးငယ်များနှင့် အဆိုပါ အမျိုးသမီးတို့ကြား ဆက်စပ်မှုကို အတိအကျ မပြောနိုင်သေးချေ။ အမျိုးသမီးမှာ ယခုအခါ အခြေအနေ တည်ငြိမ်နေကြောင်း သိရသည်။

ဩစတြေးလျ မီဒီယာများက ကလေးများသည် ဓားဒဏ်ရာကြောင့် သေဆုံးနေကြခြင်းဖြစ်ကြောင်း ဖော်ပြကြသော်လည်း ရဲတပ်ဖွဲ့က ယင်းအချက်ကို အတည်ပြုချက် ပေးမထားချေ။

ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က အဆိုပါ ဖြစ်ရပ်သည် စကားလုံး ရှာမရအောင် ဆိုးရွားသည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီလို ဖြစ်ရပ်မျိုး ကြုံရရင် ဘယ်မိဘမဆို အူလှိုက်သည်းလှိုက် ဝမ်းနည်း ကြေကွဲကြမှာပါ”ဟု ၎င်းက ဆိုသည်။

မာနူရာ ဆင်ခြေဖုံး ရပ်ကွက်ရှိ နေအိမ်ထဲတွင် ဒီဇင်ဘာ ၁၈ ရက်က အလောင်းများ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အနီးတဝိုက်တွင် စုံထောက်များက ဖြန့်ကျက် စုံစမ်းနေဆဲ ဖြစ်သည်။ လတ်တလောတွင် ရဲတပ်ဖွဲ့ အနေဖြင့် မည်သည့် မသင်္ကာသူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိသေးကြောင်း သတင်းထောက်များက ပြောကြားခဲ့သည်။

ဩစတြေးလျ သတင်းအချို့က ဒဏ်ရာရသူ အမျိုးသမီး၏ ညီအစ်မဝမ်းကွဲ တော်စပ်သူ တစ်ဦး၏ အဆိုကို ကိုးကားပြီး သေဆုံးသူ ကလေးငယ်များသည် ညီအစ်ကိုမောင်နှမ အရင်းများ ဖြစ်ကြကြောင်း ဖော်ပြခဲ့သည်။

ကဲန်စ်မြို့မှ စုံထောက်အရာရှိ ဘရူနို အက်စ်နီကာကမူ ကလေးအားလုံးသည် မိသားစု တစ်ခုတည်းမှ ဖြစ်သည်ဆိုခြင်းကို မိမိ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။ “ဒီဖြစ်ရပ်ကတော့ လူတိုင်းအတွက် အရမ်းကို တုန်လှုပ်ကြေကွဲစရာပါ။ ရဲအရာရှိတွေတောင် ဒီလိုအခြေအနေမျိုးမှာ စိတ်ခိုင်ခိုင်ထားဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့လည်း လူသားတွေပဲလေ”ဟု ၎င်းက ပြောကြားခဲ့သည်။

ကွင်းစ်လန်း ဝန်ကြီးချုပ် ကမ့်ဘဲလ်နယူးမန်းကလည်း ယခုဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းမိကြောင်း ဖွင့်ဟခဲ့သည်။ “ဒီဖြစ်ရပ်ဟာ ကဲန်စ်လူ့အဖွဲ့အစည်းသာမကဘဲ ကွင်းစ်လန်းတစ်ခုလုံးက လူတိုင်းကို သက်ရောက်စေမယ့် ကြေကွဲစရာ ကိစ္စကြီး ဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။

_Ref: BBC

ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ပါဠိညီလာခံ ရှမ်းပြည်နယ်တွင် ကျင်းပ

နိုင်ငံတကာ ပါဠိဘာသာကျွမ်းကျင် ပညာရှင်တွေပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ပါဠိညီလာခံတခုကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာလ ၁၈ ကနေ ၁၉ ရက်ထိ ၂ ရက်တာ ကျင်းပနေပါတယ်။

ထိုင်း၊ အိန္ဒိယ၊ လာအို၊ အင်္ဂလန်၊ သီရိလင်္ကာ၊ စင်ကာပူ၊ မြန်မာ အစရှိတဲ့ နိုင်ငံတွေက  ပါဠိပညာရှင်တွေနဲ့ လေ့လာသူ ရဟန်းသံဃာတွေရော လူပုဂ္ဂိုလ်တွေပါ ဗုဒ္ဓဘုရား ရှင်ဟောကြားတော်မူတဲ့ ပိဋကတ် ၃ ပုံ၊ နိကာယ် ၅ ရပ် အစရှိတဲ့ တရားတော်ထဲက လေ့လာတွေ့ရှိချက်တွေကို ဟောပြောဖလှယ်နေတာလို့  ညီလာခံကျင်းပရေးအဖွဲ့ ပြောခွင့်ရ  အရှင် ပညာဘောဂက ဒီဗွီဘီကို မိန့်ပါတယ်။
“အရင်တုန်းက ပါဠိဘာသာ သင်ကြားပြီးရင် အသုံးချလို့မရဘူး ဆိုတဲ့အမြင်မျိုးတွေ ရှိခဲ့တယ်။ အခုနောက်ပိုင်းတော့ ပါဠိကို ရဟန်းသံဃာတင်သာမက လူပုဂ္ဂိုလ်တွေပါ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်သူအဖြစ် လေ့လာသင်ယူလာကြပါတယ်။ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေဟာ ပါဠိလို ရေးထားတာလေ၊ ပါဠိအက္ခရာ တင်ထားတာပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆိုအမိန့်၊ ဆုံးမစကား တရားတော်တွေကို အနှစ်သာရရှိရှိ ကောင်းကောင်း နားလည်ချင်ရင် ပါဠိဘာသာကို ကောင်းကောင်းမွန်မွန် တတ်မှ ဖြစ်ပါမယ်။ အထူးသဖြင့် ပြည်တွင်းပြည်ပ သာသနာပြုနေတဲ့ ပုဂ္ဂိုလ်တွေဟာ ပိုပြီး အရေးကြီးပါတယ်။ ပါဠိမတတ်ဘဲနဲ့ ထပ်ဆင့်ရေးသားတဲ့ အတွေးအမြင်တွေကို ဖတ်မိရင် မူရင်းအဓိပ္ပာယ်နဲ့ လွှဲမှားနိုင်တယ်။”

ပါဠိစာတမ်းဖတ်ပွဲမှာ တရားဒေသနာ ဖွင့်ဆိုချက်တွေအပြင် ၁၉ ရာစုနဲ့ ၂၀ ရာစုအတွင်း လောကီအကျိုးရော၊ လောကုတရာအကျိုးပါ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ ထူးချွန်သူ သံဃာတော်တွေရဲ့ အတ္ထုပ္ပတ္တိတွေပါ ဖတ်ကြားခဲ့ပါတယ်။

ဒီညီလာခံကို  ရှမ်းပြည်နယ်ဖွား အင်္ဂလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဒသာသနာပြု အောက်စ်ဖို့တက္ကသိုလ်ပါမောက္ခ ဆရာတော် ဒေါက်တာခမ်းမိုင် ဓမ္မသာမိရဲ့ ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ်လည်း ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာများအဖွဲ့က ဦးစီးကျင်းပနေတာပါ။

ဆရာတော် ဒေါက်တာ ခမ်းမိုင်ဓမ္မသာမိဟာ ရှမ်းပြည်တောင်ပိုင်း လဲချားမြို့ နောင်ပန်ကျေးရွာမှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက သာသနာ့ဘောင်ဝင်ခဲ့ကာ မြန်မာ၊ ထိုင်း ၊ သီရိလကာင်္ာနဲ့ အင်္ဂလန်နိုင်ငံတွေမှာ ပညာသင်ကြား ပါရဂူဘွဲ့ရရှိခဲ့ပါတယ်။

ဆရာတော်ဟာ ရှမ်းပြည်နယ်မှာ ပညာရေးဖောင်ဒေးရှင်း၊ ဓမ္မစာသင်ကျောင်းတွေ တည်ထောင်ခဲ့သလို လက်ရှိ တောင်ကြီးမြို့မှာ နိုင်ငံတကာ ဗုဒ္ဒတက္ကသိုလ်ဖွင့်လှစ်ဖို့ ကြိုး ပမ်းနေသူဖြစ်တဲ့အတွက် ရဟန်းရှင်လူပြည်သူတွေ ပူးပေါင်းပြီး ဆရာတော်ရဲ့ နှစ် ၅၀ ပြည့်မွေးနေ့ပွဲကို  ဇာတိလဲချားမှာ ဒီဇင်ဘာ ၂၀ မှ ၂၇ ရက်နေ့ထိ  ၁ ပတ်ကြာ ဂုဏ်ပြုကျင်းပဖို့ရှိနေပါတယ်။

အဲဒီပွဲတော်မှာ ဗုဒ္ဓ၀င်ပြခန်း၊ ရှမ်းပုရပိုဋ် ညီလာခံ၊ စေတီထီးတင်ပွဲ၊ သံဃဆေးရုံသစ်ဖွင့်ပွဲ၊ မျက်စိနဲ့သွားဘက်ဆိုင်ရာ ဆရာဝန်တွေရဲ့ အခမဲ့ဆေးကုသပေးတာတွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားဖို့ အစီစဉ်ရှိပါတယ်။

DVB

အမိန့်ဖီဆန်မှုဖြင့် နိုင်ဂျီးရီးယားစစ်သား ၅၄ဦးကို သေဒဏ်ချမှတ်

နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ ဘိုကိုဟာရမ်စစ်သွေးကြွများကို တိုက် ခိုက်မည့် စစ်ဆင်ရေးအတွက် တပ် ဖြန့်ကြက်ရန် ငြင်းဆိုခဲ့ပြီး နောက် စစ်သား ၅၄ဦးအား အမိန့်ဖီဆန်မှု ဖြင့် နိုင်ဂျီးရီးယားစစ်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း AFP သတင်းများအရ သိရသည်။

''စစ်သား ၅၄ဦးကို သေဒဏ် ချခဲ့ပြီး ငါးဦးကိုတော့ တရားသေ လွှတ်လိုက်တယ်''ဟု ထင်ရှားသော လူ့အခွင့်အရေးရှေ့နေ ဖီမီဖာလာ နာကပြောသည်။ စစ်တပ်အရာရှိ များသည် အဆိုပါစီရင်ချက်နှင့်ပတ် သက်ပြီး မှတ်ချက်မပေးခဲ့ကြပေ။ စက်တင်ဘာလက ဖြစ်ပွားခဲ့သော အလားတူ အဖြစ်အပျက်တစ်ခုတွင် လည်း စစ်သား ၁၂ဦးသည် ဘိုကို ဟာရမ်အဖွဲ့နှင့် စစ်တိုက်နေသော စစ်သားများရှိရာ မီဒူဂူရီမြို့ရှိ တပ် ရင်းမှူးတစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက် အမိန့်ဖီဆန်မှုဖြင့် သေဒဏ်ချမှတ် ခြင်းခံခဲ့ရသည်။

ဘိုကိုဟာရမ်စစ်သွေးကြွများ ကို ရင်ဆိုင်ရန် လက်နက်များနှင့် တခြားအထောက်အပံ့များ မရှိသ ဖြင့် တပ်ဖြန့်ကြက်ရန် ငြင်းဆန်ခဲ့ ခြင်းဖြစ်ကြောင်း ရှေ့တန်းစစ်သား များက ပြောသည်။

စစ်သွေးကြွများ တွင် တင့်ကားများ၊ ဒုံးကျည်များနှင့် တခြားသော လက်နက်ကြီးများရှိ ကြောင်းသိရသည်။ ယခုနှစ်အစော ပိုင်းက ဘိုကိုဟာရမ်အဖွဲ့သည် နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့များကိုသိမ်း ပိုက်ခဲ့သည်။
စစ်တပ်က ထိုမြို့များ ကို ဘိုကိုဟာရမ်တို့၏လက်မှပြန် လည်ရယူမည်ဟု ကတိပြုခဲ့သည်။

စစ်သားများအား လက်နက် အပြည့်အစုံမရှိဘဲ ပဋိပက္ခဖြစ်ပွား ရာနေရာသို့ မစေလွှတ်ရန် စစ်သား များ၏ဇနီးများက ဆန္ဒပြခဲ့ကြသည်။ စစ်သားများကလည်း အလားတူ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့ကြ သည်။

သေဒဏ်ချမှတ်ခံရသောအ မျိုးသားများသည် ဘော်နိပြည်နယ် ရှိ ဆုံးရှုံးသွားသောမြို့သုံးမြို့ကို ပြန် လည်သိမ်းပိုက်ရန် သြဂုတ်လက အမိန့်ပေးစေခိုင်းခံရသော အထူး တပ်ဖွဲ့မှဖြစ်ကြောင်းသိရသည်။

Ref: AFP  (Democracytoday)

ဘင်္ဂလားစစ်သွေးကြွအဖွဲ့မှ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန်ကြံစည်ထားမှုအား ဖော်ထုတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလား စစ်သွေးကြွအဖွဲ့ ( Ansarullah Bangla Team - ABT ) မှ နိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ အရေးပါသူများနှင့် အဆောက်အဦးများကို မောင်းသူမဲ့လေယာဉ် (drone) ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန်ကြံစည်ထားမှု တစ်ရပ်အား ဖော်ထုတ်နိုင်ခဲ့ကြောင်း ဒက္ကား မြို့တော် ရဲတပ်ဖွဲ့ ပူးတွဲ ကော်မရှင်နာ မိုနီရူ အစ္စလာမ်က မီဒီယာများသို့ ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်အရွယ် တန်ဂျီ ဟူစိန် ဘာဘူနှင့် အသက် ၂၅ နှစ်အရွယ် ဂိုလမ်မော်လမိုဟန် တို့အား မောင်းသူမဲ့လေယာဉ်နှင့် အတူ ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

Ref : AP

အစ္စရေးနှင့် အပြီးသတ် ငြိမ်းချမ်းရေး သဘော တူညီချက် တစ်နှစ် အတွင်း ရရှိနိုင်ရေး ပါလက်စတိုင်း ကြိုးပမ်း

အစ္စရေး နှင့် အပြီးသတ် ငြိမ်းချမ်းရေး သဘော တူညီချက် တစ်ရပ် ရရှိရေး အတွက် ကုလသမဂ္ဂ ဆုံးဖြတ် ချက်မူကြမ်း တစ်ရပ်ကို ပါလက်စတိုင်း တို့က ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၁၇ ရက်နေ့) က တင်သွင်း ခဲ့သည်။

သို့သော်လည်း အမေရိကန် ပြည်ထောင်စုနှင့် သဘောထား ကွဲလွဲမှုကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းသည့် အနေဖြင့်  ဆုံးဖြတ်ချက် မူကြမ်းပါ စာသား များနှင့်ပတ် သတ်၍ ဆွေးနွေးရန် လမ်းဖွင့်ထား ကြောင်းလည်း ပြောကြား ထားသည်။

အေအက်ဖ်ပီ သတင်းဌာန က ရရှိခဲ့သော ဆုံးဖြတ်ချက် မူကြမ်း ထဲတွင် အပြီးသတ် ငြိမ်းချမ်းရေး သဘော တူညီချက် အတွက် ဆွေးနွေး ညှိနှိုင်းမှု များအား ၁၂ လအတွင်း အပြီး လုပ်ဆောင်ရန် သတ်မှတ်ထားပြီး ပါလက်စတိုင်း နယ်မြေများ အတွင်းမှ အစ္စရေး တပ်ဖွဲ့များ ၂၀၁၇ ခုနှစ်အကုန် နောက်ဆုံး ထား၍ ရုပ်သိမ်း   ပေးရမည် ဟုလည်း အဆိုပြု ထားသည်။

ထိုဆုံး ဖြတ်ချက်မူ ကြမ်းအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ပါလက်စတိုင်း တို့ကိုယ်စား အာရပ်နိုင်ငံ ဂျော်ဒန်က တင်သွင်း ပေးခဲ့ခြင်း ဖြစ်ကြောင်းကုလ သမဂ္ဂ ဆိုင်ရာ ပါလက်စတိုင်း သံတမန် ရိယဒ်မန် ဆာဝါး က သတင်းထောက် များအား ပြောကြား ခဲ့ပြီး၊ အကူအညီ များအတွက် အာရပ်နိုင်ငံများ နှင့် ဥရောပ   နိုင်ငံများကို ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့သည်။

ထို့ပြင် ထိုဆုံးဖြတ်ချက်မူကြမ်းအား အလျင်အမြန် မဲခွဲဆုံးဖြတ်ရေးကို တွန်းအားပေးမည် မဟုတ်ကြောင်းနှင့် ထိုမူကြမ်းနှင့် ပတ်သတ်၍ ဆွေးနွေးမှုများ ပိုမိုပြု လုပ်နိုင်စေရန်အတွက် ဖြစ်ကြောင်း မန်ဆာက ဆိုခဲ့ရာ၊ ထိုခြေလှမ်းနှင့် ပတ်သတ်၍ ကုလသမဂ္ဂတွင် အမေရိကန် နှင့် ညှိနှိုင်း ဆွေးနွေးနိုင်ရန် တံခါးဖွင့်ပေး ထားခြင်းဖြစ်ကြောင်း အများက ယူဆကြသည်။

အမေရိကန်သည် ၄င်း၏ မဟာမိတ် အစ္စရေးအား ထိခိုက်စေမည်ဟု ယူဆသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းများကို ဗီတိုအာဏာသုံး၍ အကြိမ်ကြိမ် ပယ်ချခဲ့သည်။

Ref: AFP

နိုင်ဂျီးရီးယား ကျေးရွာတစ်ခုတွင် ဘိုကိုဟာရမ် စစ်သွေးကြွများက လူ ၃၂ ဦး ကိုသတ်ဖြတ်၍ အများအပြားကို ပြန်ပေးဆွဲ

 နိုင်ဂျီးရီးယား နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ဂမ်ဆူရီ ကျေးရွာတွင် ဘိုကိုဟာရမ် စစ်သွေး ကြွများက လူ ပေါင်း ၃၂ ဦးကို ၀င်ရောက် သတ်ဖြတ် ခဲ့ပြီး အများ အပြားကို ပြန်ပေး ဆွဲသွား ခဲ့သည်ဟု ဒေသခံနှစ် ဦးနှင့် မျက်မြင် တွေ့ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။
နိုင်ငံ၏ ဝေးလံခေါင်းပါးသော အဆိုပါ ဒေသတွင် ဒီဇင်ဘာလ ၁၄ ရက်က ယင်းဖြစ်စဉ် ဖြစ်ပွား ခဲ့ပြီး စစ်သွေးကြွများ၏ ပြန်ပေးဆွဲခံရသူ ဦးရေ အတိအကျ ကို ဒေသခံများက ရေတွက် နေဆဲ ဖြစ်သည်ဟု တာဝန်ရှိသူ များက ပြောကြားသည်။ ကျေးရွာမှ အမျိုးသမီးများ၊ ကလေးများ အပါ အ၀င် လူ ၁၀၀ ကျော်ပြန်   ပေးဆွဲ ခံရနိုင်သည်ဟု သိရသည်။

“သူပုန်တွေက လူငယ်တွေကို သတ်ပြီးတော့ ကျွန်တော်တို့ရဲ့ ဇနီးသည်တွေနဲ့ သမီးတွေကို ခေါ်သွားကြ ပါတယ်” ဟု ဂမ်ဆူရီ ရွာမှ မေဒူဂူရီ မြို့သို့ထွက်ပြေး လွတ်မြောက်ခဲ့သည့် ရွာသား တစ်ဦး ဖြစ်သော မက်ခါ ဘူဘာက ပြောသည်

Ref: AFP

တရားမ၀င် ပြည်ပ ငါးဖမ်းသင်္ဘော ၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဆိုမာလီလန်း တာဝန်ရှိသူများ ကြေငြာ

ဆိုမာလီယာ နိုင်ငံထံမှ တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်း ဒေသ အာဏာပိုင်များက ၎င်းတို့ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ယီမင် ငါးဖမ်းလှေ ၅၁ စီးနှင့် အီဂျစ် ငါးဖမ်းသင်္ဘော တစ်စီးကို ဖမ်းဆီးထား သည်ဟု ပြောကြားသည်။
ဒေသမှ ကမ်းခြေစောင့် တပ်ဖွဲ့များသည် အဆိုပါ ရေယာဉ်များပေါ်ရှိ အမှုထမ်း ၂၅၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု  အဆိုပါဒေသ မှ ရေတပ်ဗိုလ်ချုပ်ကြီး အာရှ်မက် အော်စမန် ကပြောကြားသည်။ ယခုကိစ္စသည် ဆိုမာလီလန် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ အကြီးမားဆုံး ဖမ်းဆီးမှုပင်ဖြစ်သည်။ ယင်း၏ ကမ်းရိုးတန်းပြင်ပတွင် တရားမ၀င်ငါးဖမ်းမှုများနှင့် ပင်လယ်ဓားပြတိုက်မှုများမှ ကာကွယ်ရန် အနောက်နိုင်ငံ များက အဆိုပါ ဒေသ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကို လေ့ကျင့်မှုများပြုလုပ်ပေးထားသည်။

တရားမ၀င် ငါးဖမ်းမှုများသည်  ဆိုမာလီကမ်းရိုးတန်းတစ်လျောက်ရှိ ရေထွက် သယံဇာတများကို လျော့နည်းစေပြီး ပြည်ပမှ လှေ၊ သင်္ဘောများ၏ တရားမ၀င် ၀င်ရောက်ငါးဖမ်းမှုများကြောင့် ဒေသတွင်နေထိုင်သူ လူပေါင်းများစွာ၏ စားဝတ်နေရေးကို ထိခိုက်စေခဲ့သည်။ ယင်းတို့ထဲမှ အချို့သည် နောက်ပိုင်းတွင် ပင်လယ်ဓားပြများဖြစ်လာကြပြီးနောက် သင်္ဘောများကို တိုက်ခိုက်လုယက်ခဲ့ကြသည်။

အဆိုပါ ဒေသတွင် နိုင်ငံပေါင်းစုံပါဝင်သော ရေတပ်တစ်ခု တပ်ချထားခဲ့ပြီးနောက်ပိုင်း ပင်လယ်ဓားပြတိုက်မှုများမှာ လည်း လျော့နည်းလာ ခဲ့သည်။ ပြီးခဲ့သည့်လက အီးယူ ရေတပ် သည် ဆိုမာလီလန်း ကမ်းခြေစောင့်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးမှုများနှင့် လေ့ကျင့်မှုများ ပြု လုပ်ခဲ့သည်။

ဆိုမာလီလန်းဒေသသည် ၁၉၉၁ ခုနှစ်က ဆိုမာလီယာ နိုင်ငံထံမှ လွတ်လပ်ရေးကို တစ်ဘက်သက် ကြေညာခဲ့သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ယင်းကို နိုင်ငံအဖြစ် အသိအမှတ်မပြုခဲ့ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားသည်။

Ref: BBC

အိန္ဒိယနိုင်ငံက အကြီးဆုံးဒုံးပျံနှင့် လူထိန်းချုပ်စရာ မလိုသည့် အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်

အိန္ဒိယနိုင်ငံသည် အာကာသ ယာဉ်မှူးများ လိုက်ပါနိုင်သည့် လူထိန်းချုပ်စရာ မလိုသော အာကာသယာဉ် တစ်စင်းနှင့် ယင်း၏ အကြီးဆုံးသော ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ သောကြောင့် အာကာသ လေ့လာမှု နယ်ပယ်တွင် ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
၆၃၀ တန်ရှိ အဆိုပါ GSLV MK III ဂြိုဟ်တုလွှတ်တင်ယာဉ်ကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက တောင်ပိုင်းပြည်နယ် အန်ဒရာ ပရာဒက်ရှ် ပြည်နယ် ဆရီဟာရီကိုတာ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခု ဒုံးပျံသစ်သည် ပိုမိုလေးလံသော ဂြိုလ်တုများကို အာကာသ ထဲသို့ သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။

အိန္ဒိယသည် ပြီးခဲ့သည့်နှစ်များက ပေါ့ပါးသော ဂြိုလ်တုများကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော်လည်း ဂြိုလ်တု တွင် ပါရှိသော ပိုမိုလေးလံ သည့် ပစ္စည်းကိရိယာများကို သယ်ယူရာတွင် အခက်အခဲများရှိခဲ့သည်။ယခု ဒုံးပျံသစ်သည် ကီလိုဂရမ် ၄,၀၀၀ ရှိ ဆက်သွယ်ရေး ဂြိုလ်တုများ ကို သယ်ဆောင်နိုင်မည်ဖြစ်သည်ဟု သတင်းများကဖော်ပြသည်။

“GSLV MK III ဒုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်မှုဟာ ကျွန်တော်တို့ သိပံ္မ ပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်” ဟု ဒုံးပျံ လွှတ်တင်ပြီးနောက် အိန္ဒိယ ၀န်ကြီးချုပ်နာရင်ဒရာမိုဒီက တွစ်တာမှတဆင့် ချီးကျူးပြောကြားသွားသည်။ အိန္ဒိယ အာကာသ နှင့် သုသေတန အဖွဲ့အစည်း Isro ၏ ဥက္ကဌ ကေ ရက်ဟာခရစ်နန်ကလည်း ယခု ဒုံးပျံသစ် လွှတ်တင်နိုင်မှုသည် နိုင်ငံ၏ အာကာသ သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်သည်ဟု ပြောကြားသွားသည်။

ယခု ဒုံးပျံတွင် အာကာသယာဉ်မှူး နှစ်ဦး သို့မဟုတ် သုံးဦး ကို အာကာသတွင်းသို့ သယ်ဆောင်သွားနိုင်မည့် အိန္ဒိယနိုင်ငံလုပ် အာကာသ ယာဉ် တစ်ခု လည်း ပါဝင်သည်။ အဆိုပါ အာကာသာယာဉ် သည် အက်ဒမန် ပင်လယ်ပြင် အပြင်ဘက်ရှိ ဘင်္ဂလား ပင်လယ်အော် တွင်းသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး စမ်းသပ်မှုအောင်မြင်ခဲ့သည်ဟု Isro က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိသော အာကာသ ဈေးကွက်တွင် အဓိက ပါဝင်နေပြီး ဒုံးပျံ လွှတ်တင်မှုများစွာ ပြုလုပ်ထား သည်။ ပြီးခဲ့သည့် စက်တင်ဘာလက မားစ်ဂြိုလ် ပတ်လမ်းကြောင်းတွင်းသို့ ဂြိုဟ်တုတစ်ခုကို အောင်မြင်စွာ လွှတ်တင်ထားနိုင်ခဲ့သည်။

Ref: BBC

ထိုင်းနိုင်ငံသည် အာဆီယံ မူးယစ်ကုန်သွယ်မှု၏ အချက်အခြာဒေသ ဖြစ်လာဟု တရားရေး ၀န်ကြီးပြော

ထိုင်းနိုင်ငံသည် အာဆီယံဒေသ မူးယစ်ကုန်သွယ်မှုတွင် အဓိကအချက်အချာ ဒေသဖြစ်လာပြီး နိုင်ငံတွင် တရားမ၀င် မူးယစ်ကုန်သွယ်မှု တိုးပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန် ခွန်ချာယာက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။

နိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ ရုံး ONSB နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရို NSB တို့၏ ထုတ်ပြန်ချက်များ အရ နိုင်ငံသား ၁ ဒသမ ၃ သန်း သို့မဟုတ် လူဦးရေ၏ ၂ ရာခိုင်နှုန်းသည် မူးယစ်ဆေးစွဲနေသူများဖြစ်ကြသည်ဟု ၎င်းကပြောသည်။ ၎င်းတို့ထဲမှ ၂၅၀,၀၀၀ ကို စွဲချက်တင်ပြီး ထောင်ဒဏ်ချမှတ်ထား ခဲ့သော်လည်း အခြားဆေးစွဲသူ တစ်သန်းခန့်သည် ဆေးကုသမှု ခံယူမှု သို့မဟုတ် ပြန်လည်ထူထောင်မှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိဟု သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သူ အချို့သည်လည်း နောက်ပိုင်းတွင် ပြန်လည်၍ ဆေးဝါး သုံးစွဲနေမြဲပင်ဖြစ်သည်။

ထိုင်း၊ စင်ကာပူနှင့် မလေးရှား နိုင်ငံများတွင် မူးယစ်ဆေးစွဲမှုများကို ငယ်ရွယ်သည့် လူငယ်ပိုင်းတွင်သာ အများဆုံး တွေ့နေရသည်ဟု ၎င်းကပြောသည်။ တရုတ် နိုင်ငံတွင်လည်း အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်များသည်ပင် မူးယစ်ဆေးစွဲ နေသည်ကို တွေ့ရှိနေရသည်။

မူးယစ်ဆေးစွဲမှုများမှ ပြုပြင်မရသူ ဦးရေ များပြားလာခြင်းကြောင့် ဆေးစွဲသူများအတွက် ကုသမှု နည်းလမ်းများကို ပြန်လည် ပြောင်းလဲရန် ပိုင်ဘွန်က ONBC နှင့် တရားရေးဝန်ကြီးဌာနကို ညွှန်ကြားထားသည်။ ထို့ပြင် လက်ရှိ အသုံးပြုနေသည့် မူးယစ်နှင့် သက်ဆိုင်သည့် စည်းမျဉ်းဥပဒေများကိုလည်း ပြန်လည် စစ်ဆေးရန် ၎င်းက ညွှန်ကြားထားသည်။

“ခုချိန်ကစပြီးတော့ မူးယစ်မှုတွေနဲ့ တစ်နေ့ တစ်နေ့ လူတွေ ဘယ်လောက် အဖမ်းခံနေရလဲဆိုတဲ့ ထုတ်ပြန်ချက်တွေကို ကျွန်တော် အလေးထား စောင့်ကြည့်သွားပါတော့မယ်၊ အဓိကကျတဲ့ မူးယစ် ကုန်သည်တွေ တစ်နှစ်ကို ဘယ်နှစ်ဦးတောင် အဖမ်းခံနေရတယ်ဆိုတာနဲ့ အဲဒီလို ဖမ်းဆီးမှုတွေက မူးယစ်ကုန်သွယ်မှုတွေကို ဘယ်အတိုင်းအတာထိ ကျဆင်းစေမလဲဆိုတာကို ကျွန်တော် အလေးထား စောင့်ကြည့် သွားမှာပါ” ဟု ပိုင်ဘွန်ကပြောကြားသည်။

Mizzima

ရုရှား ဒဏ်ခတ်ရေး ဥပဒေသစ် အိုဘားမား အတည်ပြု

ယူကရိန်းနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ရုရှားရဲ့ ဝင်ရောက် ပတ်သက်မှုကြောင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Barack Obama က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။

“ယူကရိန်း လွတ်မြောက်ရေး အားပေးမှု ဥပဒေ ၂၀၁၄” ကို လက်မှတ်ရေးထိုး လိုက်တဲ့ သမ္မတ အိုဘားမားက အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒမှာ အပြောင်းအလဲ တစုံတရာ မရှိပါဘူးလို့ ကြာသပတေးနေ့ မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အခုအချိန်မှာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အစီအစဉ်မရှိသေးပေမယ့် ဒီဥပဒေအရလိုအပ်ရင် အရေးယူ ပိတ်ဆို့မှုတွေ ထပ်တိုး လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

ဒီဥပဒေအရ ယူကရိန်းကို ခရိုင်းမီးယား ကျွန်းဆွယ်ဒေသကို ရုရှားသိမ်းပိုက်ခဲ့တာနဲ့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ပံ့ပိုးပေးနေတာနဲ့ ပါတ်သက်ပြီး အမေရိကန်အစိုးရ အနေနဲ့ ဒဏ်ခတ် အရေးယူမှုတွေ ထပ်တိုးလုပ်နိုင်မှာ လည်းဖြစ်ပါတယ်။ဒါ့အပြင် သံချပ်ကာ ကား ပစ်တဲ့လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ထောက်လှန်းရေး drone တွေ အပါအဝင် လူသေစေနိုင်တဲ့ စစ်ရေးအထောက်အပံ့တွေနဲ့ တခြား စစ်ရေး အထောက်အပံ့တွေ အတွက်ပါ ဒေါ်လာသန်း ၃၅၀ ဖိုး ယူကရိန်း အစိုးရကို ထောက်ပံ့ဖို့လည်း ပါဝင်ပါတယ်။

ယူကရိန်းနဲ့ သက်ဆိုင်တဲ့ ရုရှားရဲ့လုပ်ရပ်နဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ နဲ့ သေချာ ဆွေးနွေး တိုင်ပင်ပြီး လက်ရှိ ယူကရိန်းရဲ့ အနေထားနဲ့ ကိုက်ညီအောင် သေသေချာချာ ချမှတ်ရေးဆွဲထားတာ လို့လည်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

VOA

နိုင်ဂျီးရီးယားက လူတရာကျော် Boko Haram ပြန်ပေးဆွဲ

နိုက်ဂျီးရီးယား ဒေသခံနဲ့ အရာရှိတွေက နိုင်ငံ အရှေ.မြောက်ပိုင်းမှာ Boko Haram အဖွဲ့ဝင်လို့ သံသယရှိထားသူတွေလက်ချက်ကြောင့် လူပေါင်း ၃၂ ဦး သေဆုံးပြီး၊ နောက်ထပ် ၁၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

Gumsuri ရွာမှာဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့မှာ ဖြစ်ခဲ့တာလို့ Maiduguri မြို.ကို ထွက်ပြေးလာတဲ့ ဒီရွာသားတွေက ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီရွာနားတဝိုက်မှာ အစောပိုင်း တိုက်ခိုက်မှုတခုကြောင့် လက်ကိုင်ဖုန်း ဆက်သွယ် ကွန်ယက် ပျက်စီးသွားခဲ့တာမို့ ဒီသတင်းမထွက်နိုင်ပဲ ရက်အတန်ကြာမှ အခုလိုထွက်လာတာပါ။

တကယ်တော့ ခုလိုဖြစ်ခဲ့တဲ့ Gumsuri ရွာဟာ Boko Haram အဖွဲ့က ဒီနှစ်ဧပြီလတုံးက ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့တဲ့ Chibok ရွာအနားမှာ တည်ရှိတာပါ။ CNNရုပ်မြင်သံကြားမှာ ဒီ Gumsuri ဒေသခံတဦးကို ကိုကားပြီး သေနတ်သမားတွေဟာ ဒီရွာကို နှစ်ဖက်ညှပ်ပိတ်ဝင်လာပြီး လက်နက်ကြီးတွေပစ်ထည့်တာနဲ့ အိမ်တွေကို ရေနံဆီနဲ့မီးရှို့တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Abuja မြို့မှာတော့ နိုက်ဂျီးရီးယား စစ်ခုံရုံးတခုက နိုင်ငံအရှေ.မြောက်ပိုင်းမှာ BokoံHaram ကို တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့တဲ့ စစ်သား ၄၅ ဦးကို သေဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

VOA

18.12.14

ပုဂံ - ကျောက်ပန်းတောင်း - ပုပ္ပားလမ်းပိုင်း ရေနွေးငွေ့ စက်ခေါင်းရထား ပြေးဆွဲပြီ


ပုဂံ၊ မြန်မာ့မီးရထားနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့ အကျိုး တူပူးပေါင်းကာ ပုဂံဒေသသို့ လာရောက်လည်ပတ်ကြ သည့် ကမ္ဘာလှည့်ခရီးသည်များအား ပိုမိုဆွဲဆောင်နိုင် ရန် ပုဂံ-ကျောက်ပန်းတောင်း-ပုပ္ပားလမ်းပိုင်း၌ ပထမ ဆုံးအကြိမ် ရေနွေးငွေ့စက်ခေါင်းရထား ပြန်လည်ပြေး ဆွဲနေပြီဖြစ်ကြောင်း သိရသည်။
''နိုင်ငံတကာမှာ ရေနွေးငွေ့စက်ခေါင်းရထား က ရှားနေပါပြီ။ ဒါကို ကျွန်တော်တို့ ပြန်လည်အသက် သွင်းပြီးတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ဖို့အတွက် အထောက်အကူ တစ်ရပ်အဖြစ် ပြန်ပြီး ဆောင်ရွက်ပေးခြင်းဖြစ် ပါတယ်'' ဟု ရထားပို့ဆောင်ရေး ဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။
အဆိုပါလုပ်ငန်းတွင် မြန်မာ့မီးရထားလုပ်ငန်းဘက်မှ ရေနွေးငွေ့စက်ခေါင်း တစ်ခေါင်း၊ ထိုင်ခုံတွဲသုံးတွဲ၊ ဘရိတ်တစ်တွဲနှင့် ရထားကိုင်တွယ်မည့်သူ တစ်ဦး ထည့်ဝင်ပေးထားပြီး ကျန်ဝန်ဆောင်မှုပိုင်းများကို ကုမ္ပဏီဘက်မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
ရေနွေးငွေ့စက်ခေါင်းရထားအား အပတ်စဉ် အင်္ဂါနေ့တိုင်း တစ်ခေါက်စီ ပြေးဆွဲသွားမည်ဖြစ်ပြီး လက် ရှိတွင် ရထားစီးနင်းခနှုန်းထားများကို လူကြီးတစ်ဦး လျှင် ၁၉၉ဒေါ်လာ၊ ကလေးတစ်ဦး ၁၄၉ဒေါ်လာ သတ် မှတ်ထားကြောင်းနှင့် ဈေးကွက်အနေအထားနှင့် ခရီး သည် ရရှိမှုကိုမူတည်၍ ရက်တိုးချဲ့ပြေးဆွဲနိုင် ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
''ကမ္ဘာမှာ မြန်မာနိုင်ငံဟာ သွား ရောက်ကြည့်ရှုလည်ပတ်ဖို့ အကောင်း
ဆုံး သုံးနိုင်ငံထဲမှာပါဝင်ပြီး ဖြစ်ပါတယ်။ ပြီးတော့ မြန်မာရောက်ပြီး ပုဂံကိုမရောက်ရင် မြန်မာနိုင်ငံကိုရောက်တယ်လို့ ပြော လို့မရဘူးဆိုတဲ့ အနေအထားလေးတွေက လာရောက် လည်ပတ်သူတွေစိတ်ထဲမှာ ရှိနေကြတဲ့ အတွက် ကမ္ဘာ တစ်ဝန်းက အသိအမှတ်ပြုတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေစုဝေးတဲ့နေရာမှာ ရေနွေးငွေ့စက်ခေါင်း ရထားကို ပြေးဆွဲခြင်းအားဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ ကို ပိုမိုတိုးတက်ဝင်ရောက်အောင် လုပ်ဆောင်ခြင်းဖြစ် တယ်''ဟု Bright View မှ CEO ဦးတင်မောင်ရွှေက ပြောသည်။
ယခုပြေးဆွဲသော ရေနွေးငွေ့စက်ခေါင်းရထား မှာ ၁၉၄၈ခုနှစ်ကတည်းက အင်္ဂလန်နိုင်ငံမှ ထုတ်လုပ် ထားခြင်းဖြစ်ပြီး မြန်မာ့မီးရထားတွင် နှစ်ပေါင်း၅ဝကျော် အသုံးပြုထားသော YD 967 စက်ခေါင်းဖြစ်သည်။
ထို့ ကြောင့် စက်ခေါင်းများအား ပြန်လည်ပြုပြင်ပြီး ခရီးတို လမ်းပိုင်းများကို စမ်းသပ်ပြေးဆွဲကာ စိတ်ချရသည့် အနေအထားရောက်သောအခါ ပုဂ္ဂလိကနှင့် အကျိုး တူဆောင်ရွက်ရန် စတင်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်မြင့်နိုင် (မြန်မာ့မီးရထားအထွေထွေမန်နေဂျာ၊ စီးပွား ရေး)က ရှင်းလင်းပြောသည်။
နိုင်ငံခြားခရီးသည်များ၏ ရထားစီးနင်းမှုနှုန်း မှာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း ဦးရေ ၁၅၇၂ဝ၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၁၉၂၆၉ဦး၊ ၂ဝ၁၁-၂ဝ၁၂တွင် ၂၉၃၁၄ဦး၊ ၂ဝ၁၂-၂ဝ၁၃တွင် ၅၉၆၈၉ဦး စသည်ဖြင့် တစ်နှစ်ထက်တစ်နှစ် မြင့်တက်ခဲ့ပြီး ယခု ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်၏ ပထမခုနစ်လတာကာလ အတွင်း ခရီးသည်စုစုပေါင်း သုံးသောင်းကျော် ရထား စီးပြီးဖြစ်ကာ တစ်နှစ်ပတ်လုံးအတွက် ခုနစ်သောင်း ကျော်အထိရှိနိုင်မည်ဟု သုံးသပ်ထားကြောင်းသိရသည်။
အထက်ပါ ပုဂံ-ကျောက်ပန်းတောင်း လမ်းပိုင်း အတွက် ရေနွေးငွေ့ စက်ခေါင်း ရထားပြေးဆွဲရန် မြန်မာ့ မီးရထားနှင့် ကုမ္ပဏီတို့၏ အကျိုးတူ ပူးပေါင်းမှုစာချုပ် သက်တမ်းမှာ သုံးနှစ်အထိဖြစ်သည်။

TheYangonTimes‬

ခရိုနီစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးကို ပေကျင်းတရားရုံးက ထောင်အနှစ် ၂ဝချ

ပေကျင်းတရားရုံးသည် လူသိများ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တစ်ဦးကို အကျင့်ပျက် ခြစားမှု အတွက် အင်္ဂါနေ့တွင် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်လိုက်သည်ဟု သိရသည်။

ယခင် မီးရထားဝန်ကြီးဟောင်းနှင့် ပတ်သက်ဆက်နွှယ်မှုရှိခဲ့သော Ding Yuxin အမည်ရှိ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးသည် မီးရထားဝန်ကြီးဟောင်းLiu Zhijun နှင့် ပူးပေါင်းကာ မီးရထား လမ်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင် ခွင့် ၂၃ ခုကို ရရှိခဲ့ပြီး အမေရိကန်ဒေါ် လာ ရှစ်သန်းခန့် အကျိုးအမြတ် ရရှိစေ ခဲ့ကြောင်း ပြည်တွင်းမီဒီယာက ကနဦး ဖော်ပြခဲ့ပြီး ဖြစ်သည်။

China Daily ၏ လွန်ခဲ့သော နှစ် ရေးသားဖော်ပြချက်အရ Mrs. Yuxin သည် ဝန်ကြီးဟောင်း Liu ထံမှ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက် Mr. Liu ထံသို့ အမျိုးသမီးများစွာကို လိင် ပိုင်းဆိုင်ရာ ခံစားခွင့်ရရှိစေရန် စီစဉ်ပေး ခဲ့သည်ဟု သိရသည်။

ပေကျင်းတရားရုံးက Mrs. Yuxin ၏အမှုတွင် ပြစ်မှုထင်ရှားကြောင်း စစ် ဆေးတွေ့ရှိခဲ့ပြီး ဒဏ်ငွေ ယွမ် ၂ ဒသမ ၅ ဘီလီယံ ပေးဆောင်ရန်လည်း ပြစ် ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။

ထို့အ ပြင် ယွမ်သန်း ၂ဝ တန်ဖိုးရှိ Mrs. Yuxin ၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းယူခဲ့သည် ဟုသိရသည်။

Mrs. Yuxin သည် ကြက်ဥ ဘဲဥ ရောင်းချသူတစ်ဦးဖြစ်သော်လည်း ဆယ် စုနှစ် သုံးစုအတွင်း ကျောက်မီးသွေးလုပ် ငန်းတွင် စီးပွားရေး အင်ပါယာတစ်ခုကို ထူထောင်နိုင်သကဲ့သို့ တရုတ်နိုင်ငံ၏အမြန်ရထားလမ်း ဆောက်လုပ်ရေးလုပ် ငန်းများကိုလည်း ဆောင်ရွက်ခွင့် ရရှိလာ ခဲ့သည်။

တရုတ်အစိုးရအာဏာပိုင်များသည် အစိုးရ လုပ်ငန်းတစ်ခုမှ Mrs. Yuxin ကုမ္ပဏီသို့ ယွမ်သန်း ၁ဝဝ ခန့် ပေးချေ ခဲ့သည်ကို စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် Mrs. Yuxin ကို စုံစမ်းစစ်ဆေးမှုများ စ တင်ပြုလုပ်ခဲ့ကြသည်။

Mrs. Yuxin နှင့်စည်းဝါးရိုက်ကာ စီးပွားရေးပြုလုပ်ခဲ့သော မီးရထားဝန်ကြီး Mr.Liu သည် လွန်ခဲ့သောနှစ် တရားရုံး တွင် သေဒဏ်ဆိုင်းငံ့မှုနှင့်အတူ တစ်သက် တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

Ref : Reuters

ရှမ်းမြောက်ပိုင်းဒေသစစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ဟု တအာင်း တပ်မတော် ပြောဆို

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်၊ မန် တုံနှင့် တာမိုးညဲ မြို့နယ်များတွင် ယခုလထဲ ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ငြိမ်သက်လာသော် လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည် ဟု TNLA (တအာင်းလွတ်မြောက်ရေး တပ်မ တော်)မှ သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဦးမိုင် အိုက်ကျော်က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ဖြစ် သော ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်ဆန်မြို့များတွင် ဒီဇင်ဘာ ၁ဝ ရက် နှင့် ၁၃ ရက်က မြန်မာအ စိုးရ တပ်မတော်နှင့် TNLA တပ်မတော်တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင် ဘာ ၁၅ ရက်၌ မန်တုံနှင့် တာမိုးညဲမြို့တို့တွင် ထပ်မံဖြစ်ပွားခဲ့ကြပြီး ယနေ့ ဒီဇင်ဘာ ၁၆ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးဘဲ ငြိမ်သက်နေကြောင်း သိရသည်။
''ကျွန်တော်တို့ဘက်ကတော့ အထိနာ တာမရှိဘူး။ အစိုးရဘက်ကတော့ အထိနာ တယ်လို့ သိရတယ်။ ဒီဇင်ဘာ ၁ဝ ရက်နဲ့ ၁၃ ရက်တွေကတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြ တယ်။ ဒီနေ့တော့ ပုံမှန်အတိုင်းပဲ ငြိမ်သက် နေတယ်။ ဘယ်အချိန် ထပ်ဖြစ်မလဲဆိုတာကို တော့ မပြောတတ်သေးဘူး။ အချိန်မရွေး ပြန် ဖြစ်ပွားနိုင်တဲ့ အခြေအနေတော့ ရှိနေတယ်'' ဟု TNLA တပ်မတော်မှ သတင်းနှင့် ပြန်ကြား ရေးဌာနမှူး ဦးမိုင်အိုက်ကျော်က ပြောသည်။
အဆိုပါတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တွင် ဒီဇင်ဘာ ၁ဝ ရက်က ကွမ်းလုံ မြို့နယ် အနောက်မြောက်ဘက် ၁ဝ မိုင်အကွာ ရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသ၊ မုံးစီ၊ မုံးပေါ်လေး ဒေသအတွင်းတွင် တာဝန်ထမ်းဆောင်နေ သော တပ်မတော်စခန်းနှင့် စစ်ကြောင်းများ ကို ကိုးကန့် လက်နက်ကိုင်အဖွဲ့မှ လက်နက် ကြီးသုံးပြီး အင်အားအလုံးအရင်းဖြင့် အလစ် အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော် စစ်ကြောင်းဘက်မှ တပ်မတော်သား ခုနစ်ဦး ကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြ ထားသည်။
မြန်မာအစိုးရဘက်မှ အထက်ပါအတိုင်း ထုတ်ပြန်ထားသော်လည်း အစိုးရတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တာမိုးညဲ မြို့နယ်၌ ဖြစ်ပွားခဲ့သာ တိုက်ပွဲတွင် အစိုးရ တပ်မတော်ဘက်မှ ၁၂ ဦးကျဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့သလို မန်တုံမြို့နယ်တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲမှာတော့ အစိုးရတပ်မတော် ဘက်မှ ကိုးဦး ကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိ ခဲ့ရာ TNLA တပ်မတော်ဘက်မှ တစ်စုံတစ် ဦးမှ ထိခိုက်မှုမရှိခဲ့ကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးဌာန၏ ပြောကြားချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ သော်လည်း တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးဆွေးနွေးပွဲအား ပြန်လည်စတင်နိုင်ရန် အတွက် မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးရရှိ အောင် ကြိုးပမ်းနေသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသလို အစိုးရဘက်မှ ဖွဲ့စည်းထားသော ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီကလည်း ခရစ္စမတ်ရက်မတိုင်မီ ဆွေးနွေး ပွဲ စတင်နိုင်ရန်အတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကို ကမ်းလှမ်းမှုများ ပြုထား ကြောင်း သိရသည်။

Yangon Media Group

လှိုင်သာယာ ပဋိပက္ခအတွင်း တဲမီးရှို့သူကို အမှုဖွင့်ထား

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁) အတွင်းရှိ မြစိမ်းရောင်ကုမ္ပဏီပိုင် မြေပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော်တဲလေးလုံး ကို ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည် ပဋိက္ခအတွင်း မီးရှို့ခဲ့သူကို လှိုင်သာယာမြို့နယ်မှ ရဲက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားသည်ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက မဇ္ဈိမကို ပြောသည်။
"မီးရှို့တဲ့သူကို စုံစမ်းတုန်းပါ။ ခုတောင်ကြီးနယ်မြေရဲစခန်းက နယ်ထိန်းခေါင်းဆောင်က တရားလိုလုပ်ထားတယ်။ မနေ့က အမှုဖွင့်ပြီး စုံစမ်းအရေးယူသွားမယ်"ဟု ၎င်းကဆိုသည်။

ပဋိပက္ခအတွင်း ကျူးကျော်တဲလေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သူအား တောင်ကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲမှူး ဝင်းလွင်ထွန်းက တရားလို လုပ်ကာ ဒီဇင်ဘာ ၁၇ရက်တွင်  ပ ၉၇၈/၂၀၁၄ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၅ရက်က ကျူးကျော်တဲများကို မြစိမ်းရောင် ကုမ္ပဏီနှင့် ဝါဝါဝင်းကုမ္ပဏီတို့ ပူးပေါင်းကာ ဖျက်ဆီးခဲ့ပြီး ၁၆ရက်တွင် ထပ်မံဖျက်ရန် လာရောက်စဉ် ကျူးကျော်နေထိုင်သူများနှင့် နှစ်ဖက်စလုံးက တုတ်၊ ဓားများ အသုံးပြုကာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အယောက် ၃၀ကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့ ပဋိပက္ခ ဖြစ်ပွားစဉ် ကျူးကျော်တဲ လေးလုံး မီးရှို့ခံခဲ့ရသော်လည်း မည်သည့်အဖွဲ့က၊ မည်သူရှို့သည်ကို မသိရှိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းနေသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁) အတွင်းရှိ ဝါဝါဝင်းကုမ္ပဏီပိုင်မြေကို မြစိမ်းရောင် ကုမ္ပဏီသို့ ရောင်းချခဲ့ပြီး မြစိမ်းရောင်ကုမ္ပဏီက အိမ်ရာစီမံကိန်းလုပ်မည်ဖြစ်၍ ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော် တဲအိမ်များကို ကုမ္ပဏီ နှစ်ခုပူးပေါင်း၍ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းမြေပေါ်တွင် ကျူးကျော်တဲ တစ်ထောင်ကျော်၊ လူဦးရေ တစ်သောင်းဝန်းကျင် နေထိုင်နေပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ဖျက်ဆီးခံ တဲများထဲမှ ထက်ဝက်ခန့်က ပြန်လည်ဆောက်လုပ်နေသည်ဟုလည်း ကျူးကျော်သူအချို့က မဇ္ဈိမကို ပြောသည်။

Mizzima

ဗိုလ်ချုပ်ရာပြည့်ပွဲကိုအကြောင်းပြပြီး NLD မှ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်မည်ကို ပါတီတချို့ စိုးရိမ်နေ

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့်အခမ်းအနားဗန်းပြ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ပြည်သူလူထုအား ၂ဝ၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်မှုများဖြစ်ပေါ်လာနိုင်ဟု နိုင်ငံရေးပါတီတချို့က ဝေဖန်ပြောကြားလျက်ရှိသည်။

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''ဗိုလ်ချုပ်မွေးနေ့ကတော့ လုပ် သင့်ပါတယ်။ ကျန်တဲ့နေ့တွေပေါ့ဗျာ။ အဲဒီလိုရက်တွေ ဆက်လုပ်နေမယ်ဆို ရင်တော့ မဲဆွယ်တဲ့ဘက်ကိုရောက်သွားနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆို တာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့သူပါ။ အဲဒီလိုပဲ ဗိုလ်ချုပ်မွေးနေ့ကိုအကြောင်းပြ ပြီး မဲယူမယ့် ကိစ္စကတော့ မဖြစ်သင့်ပါဘူး''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဖေဖော်ဝါရီ ၁၃ရက်တွင်ကျ ရောက်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ)ပြည့် အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သည်။

အလားတူ လက်ရှိအချိန်တွင် စာပေဟောပြောပွဲများ၊ တီးဝိုင်းများနှင့် အနုပညာ သမားများဖိတ်ခေါ်၍ ကျင်းပမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ''အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ် (၁ဝဝ)ပြည့်ကတော့ ကျင်းပသင့်ပါတယ်။ တကယ်လို့ ပါတီဥက္ကဋ္ဌက သူ့ဖခင် အနေနဲ့ကျင်းပရင်တော့ ပုဂ္ဂိုလ်ရေးပိုဆန်သွားနိုင်ပါတယ်။ ပါတီအနေနဲ့ လှုပ် ရှားရင် သူ့အပိုင်းနဲ့သူပေါ့''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ၁၄ရက် တွင်ကျင်းပပြီးစီးခဲ့သော စတုတ္ထအကြိမ် ဗဟိုညီလာခံအစည်းအဝေးထုတ် ပြန်ချက်တွင် ''၂ဝ၁၅ ခုနှစ်ကို စည်းရုံးရေးနှစ်အဖြစ်ပြဋ္ဌာန်းကြောင်း ဆုံးဖြတ် သည်''ဟု ထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးဝင်း မြင့်က ''ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားလုပ်တာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အတွက်လုပ်တာ။ အဲဒီလိုလုပ်တဲ့အခါ ဗိုလ်ချုပ် ရဲ့လမ်းညွှန်ချက်တွေ၊ ဗိုလ်ချုပ်ရဲ့မူဝါဒတွေ၊ ဘယ်လိုနိုင်ငံတော်တည်ဆောက် ချင်တယ်ဆိုတာတွေ၊ ဘယ်လိုဖြစ်စေချင်တဲ့တပ်မတော် အဲဒါတွေက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေမှာပါပြီးဖြစ်ပါတယ်။ အဲဒါတွေကို နောင်လူငယ်တွေသိရှိစေဖို့ တရားဝင်နည်းအမျိုးမျိုးနဲ့ ဖော်ထုတ်တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးဖို့ဆိုတာ ပြောလို့မရပါဘူး။ မဲဆွယ်ဖို့ဆိုတာ ရွေးကောက်ပွဲကာလကြေညာပြီးမှ ပြုလုပ် ရတာပါ''ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများကို အပြတ်အသတ်လူထုတောက်ခံမှုရရှိထားသောပါတီဖြစ် သည့်နည်းတူ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အာဏာရပါတီ ကို ထပ်မံအနိုင်ရရှိသောပါတီလည်းဖြစ်သည်။

Yangon Media Group

ရုရှားအား ပိတ်ဆို့ အရေးယူရေး ဥပဒေကြမ်းကို အိုဘားမား လက်မှတ် ရေးထိုးမည်ဟု အိမ်ဖြူတော် ထုတ်ပြန်




ယူကရိန်းအကျပ်အတည်းနှင့် ပတ်သတ်၍ ရုရှား၏ လုပ်ရပ်များအပေါ် ဆန့်ကျင်တုံ့ပြန်သည့် အနေဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်ရေး အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် အတည်ပြုခဲ့သော ဥပဒေကြမ်းတစ်ရပ်အား ဥပဒေအဖြစ် အတည်ပြုပြဌာန်းနိုင်ရန် အမေရိကန် သမ္မတ အိုဘားမား က လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ပြောကြားခဲ့သည်။ ရုရှား ရူဘယ်ငွေ တန်ဖိုး ထိုးကျနေစဉ်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ရုရှားထောက်ပံထားသည့် ယူကရိန်း ခွဲထွက်ရေး သူပုန်များကို တွေ့ရစဉ်။ အမေရိကန်၏ ပိတ်ဆို့မှုတွင် ယူကရိန်း သူပုန်များကို ထောက်ပံ့ပေး နေခြင်းက အဓိက အချက်တစ်ချက် အဖြစ် ပါဝင်နေသည်။

“သမ္မတဟာ ဥပဒေကြမ်းကို လက်မှတ်ထိုးဖို့ တကယ်ကို ရည်ရွယ်ထားပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျော့ရှ်အန်းနက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ယူကရိန်းလွတ်လပ်ခွင့်အထောက်အကူပေးရေး အက်ဥပဒေ ကို စနေနေ့က အမေရိကန် လွှတ်တော်နှစ်ရပ်လုံးတွင် အားလုံးက တညီတညွတ်တည်း ထောက်ခံ အတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ထိုဥပဒေကြမ်းထဲတွင် ရုရှားအား ပိတ်ဆို့ အရေးယူမှု အသစ်များ ချမှတ်ထားကာ ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားလိုလားသူ သူပုန်များအား ရုရှားက အားပေး ကူညီနေသည့် အတွက် အရေးယူဒဏ်ခတ်ခြင်း ဖြစ်သည်။

ပိတ်ဆို့အရေးယူမှု အသစ်များမှာ ရန်လိုမှု ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ က တနင်္လာနေ့က ပြောဆိုဝေဖန် ခဲ့သည်။ ထိုဥပဒေသည် ရုရှား၏ ကာကွယ်ရေး ကဏ္ဍ နှင့် စွမ်းအင် ကဏ္ဍတို့ကို ထိခိုက်ဖွယ်ရှိကာ၊ ယူကရိန်းနယ်မြေအတွင်း သာမက ဂျော်ဂျီ ယာ၊ မော်လ်ဒိုဗာ နှင့် ဆီးရီးယား နိုင်ငံများသို့ စစ်လက်နက် ပစ္စည်းများ လွှဲပြောင်းပေးပို့ခြင်း သို့မဟုတ် ရောင်းချခြင်းများ ပြုလုပ်သော ကုမ္ပဏီ များကို ပိတ်ဆို့ဒဏ်ခတ်မည် ဖြစ်ကာ၊ နယ်စပ်ဒေသများကို ဖြတ်သန်း၍ ခွဲထွက်ရေးသမားများထံသို့ စစ်လက်နက် ပစ္စည်းများ ရောက်ရှိ သွားမည့် အရေးကို တားဆီးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

ရေနံဈေးနှုန်းများ ထိုးကျမှု၏ ရလဒ်တစ်ခုအဖြစ် စီးပွါးရေးပြဿနာကို ရုရှားနိုင်ငံ ရင်ဆိုင်နေရချိန်တွင် ပိတ်ဆို့အရေးယူရေး အစီအစဉ် သစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အင်္ဂါနေ့တွင် ရူဘယ်ငွေတန်ဖိုးမှာ မကြုံစဖူး ထိုးကျသွားခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင် ရူဘယ် ၈၀ နှုန်းဖြင့် ငွေလဲလှယ်နေကြသည်။ အမေရိကန်၏ ဥရောပသမဂ္ဂ မဟာမိတ်များနှင့် ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ အမေရိကန် တစ်နိုင်ငံ တည်းကသာ တစ်ဖက်သတ် လှုပ်ရှားဆောင်ရွက်နေမည် ဆိုပါက အမှားအယွင်းတစ်ခု ဖြစ်သွားနိုင်ကြောင်းလည်း အိုဘားမားက ထပ်လောင်းပြော ဆိုနေခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျန်ဆာကီ (Jen Psaki) ကလည်း ထိုကဲ့သို့သော စိုးရိမ်မှုများ အကြောင်းကိုပင် ထုတ်ဖော်ပြောဆိုခဲ့ကာ၊ ထိုဥပဒေကြမ်းထဲတွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများအား သမ္မတ အိုဘားမားက အခြေအနေနှင့် လျော်ညီစွာ လျှော့ချပေးခွင့်ကိုလည်း ခွင့်ပြုထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ “ရုရှားအနေနဲ့ ရွေးချယ်ခွင့်ရစေမယ့် အခွင့်အလမ်းမျိုးကိုလည်း ပေးထားပါတယ်” ဟု သူမက ဆိုခဲ့သည်။ “သူတို့မှာ တခြားရွေးချယ်စရာလမ်း တစ်ခု ရှိပါတယ်။ တကယ်တော့ သူတို့မှာ တခြားရွေးစရာလမ်း အရင်ကတည်းက ရှိနေခဲ့တာပါ” ဟု သူမ က ပြောသည်။

“တကယ်လို့ သူတို့အနေနဲ့ မင့်စ်က် (Minsk) မြို့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် ကျွန်မတို့ ပြဌာန်းဖို့ စီစဉ်နေတဲ့ ပိတ်ဆို့အရေးယူရေး လမ်းကြောင်းကို ပြောင်းလဲသွားစေမယ့် အခွင့်အလမ်းတစ်ရပ် တကယ်ကို ရှိနေပါတယ်” ဟု သူမက ဆိုခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့က ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရည်ညွှန်း၍ ပြောဆို ခဲ့ခြင်း ဖြစ် သည်။ သို့ရာတွင် ထို မင့်စ်က် သဘောတူညီချက်မှာ တိုက်ခိုက်မှုများ ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ထိုဒေသတွင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အကြမ်းဖက် စစ်ပဋိပက္ခများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သတင်းများကိုမူ အမေရိကန်နိုင်ငံက ကြိုဆိုကြောင်း မစ္စ ဆာကီ က ဆိုခဲ့ပြီး ထိုအခြေအနေမှာ “အပေါင်းလက္ခဏာ” တစ်ရပ်ဖြစ်ကြောင်း ပြောခဲ့သည်

Ref: AFP

အမေရိကန်နှင့် သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်ခြင်းကို ကျူးဘားသမ္မတ ကြိုဆို

ရာစုနှစ် တစ်ဝက်မျှ ကြာမြင့်သည်အထိ စစ်အေးတိုက်ပွဲအသွင် ဆောင်နေသည့် နှစ်နိုင်ငံဆက်ဆံရေး အေးခဲမှုကို ပယ်ဖျက်ရန် ကြိုးပမ်းခဲ့သည့် အမေရိကန် သမ္မတ ဘားရတ်အိုဘားမား၏ အားထုတ်မှုကို လက်ကမ်းကြိုဆိုကြောင်း ကျူးဘားသမ္မတ ရောလ်ကက်စ်ထရိုက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်တွင် သမိုင်းဝင် ခြေလှမ်းတစ်ခုအဖြစ် ကျူးဘားနှင့် သံတမန် ဆက်သွယ်ရေး ပြန်လည် အစပြုမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့သည်။ အိုဘားမားက “ကန့်သတ် ဖယ်ရှားထားခြင်းဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)လောက်က သိသာမြင်သာလာစေပါတယ်။ လက်ရှိ အချိန်ဟာ ချဉ်းကပ်မှု အသစ်တစ်ခုအတွက် အသင့်တော်ဆုံးပါပဲ။ မူဝါဒအပိုင်းအရ ညှိနှိုင်းလုပ်ဆောင်မှုတွေ ရှိလာခြင်းအားဖြင့် ကျူးဘားပြည်သူတွေကို ကျွန်တော်တို့အနေနဲ့ ပိုပြီး ထိထိရောက်ရောက် ကူညီလာနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီမှုကို တည်ဆောက်ရန်အတွက် နှစ်နိုင်ငံ ထိပ်တန်းအရာရှိများကြား (၁၈)လမျှကြာအောင် လျှို့ဝှက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကျူးဘားသမ္မတ ကက်စ်ထရိုက “ကျွန်တော်တို့ အနေနဲ့ သံတမန်ရေးရာ ဆက်ဆံရေးကို ပြန်ပြီးထူထောင်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချက်က အဓိက အကြောင်းကိစ္စ တစ်ခုဖြစ်တဲ့ စီးပွားရေး ပိတ်ပင်ခံရမှုကို ဖြေရှင်းလိုက်တဲ့ သဘောမျိုးတော့ မဟုတ်သေးပါဘူး”ဟု ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ကျူးဘားအပေါ် ကုန်သွယ်မှုများအား ၁၉၆၀ ပြည့်နှစ် ကတည်းက ပိတ်ဆို့ထားခဲ့သည်။

ကက်စ်ထရိုက အိုဘားမား၏ ရဲရင့်သော ခြေလှမ်းအတွက်လည်း ချီးကျူးဂုဏ်ပြုကြောင်း ဆိုသည်။ “သမ္မတ အိုဘားမား ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ ပြည်သူတွေက သူ့အပေါ် လေးစား အသိအမှတ်ပြုဖို့ ထိုက်တန်ပါတယ်”ဟု ဆိုသည်။

၎င်းက နှစ်နိုင်ငံ ပြန်လည် ပေါင်းကူးရေးအတွက် ကြားဝင်ညှိနှိုင်း တိုက်တွန်းပေးခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ “ဗာတီကန် နန်းတော်ရဲ့ ထောက်ပံ့ကူညီမှုတွေအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီးကိုပေါ့”ဟု ၎င်းက ကြေညာခဲ့သည်။

အမေရိကန်နှင့် ကျူးဘားတို့သည် အကျဉ်းသား လဲလှယ်မှု သဘောတူညီချက် တစ်ရပ်ကိုလည်း ဆွေးနွေး အတည်ပြုခဲ့ပြီး ကျူးဘားဘက်က အမေရိကန် ကန်ထရိုက်တာ အလန်ဂရော့စ်ကို ပြန်လွှတ်ပေးခဲ့သလို အမေရိကန်ကလည်း သူလျှိုမှုဖြင့် စွဲချက်တင်ထားသည့် ကျူးဘားနိုင်ငံသား (၃)ဦးဖြစ်သည့် ဂီရာဒို ဟာနန်ဒက်ဇ်၊ ရာမွန်လာဘာနီနိုနှင့် အန်တိုနီယို ဂွာရာရိုတို့အား ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

- Ref: Channelnewsasia

ကျူးဘားဆိုင်ရာ အမေရိကန်မူဝါဒပြောင်းလဲ

အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ စစ်အေးစစ်ကာလကစတင်ပြီး ရာစုနှစ် တ၀က်ကျော်ကြာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ဖြတ်တောက် ထားခဲ့တာကို အဆုံးသတ်ပြီး ပုံမှန်ဆက်ဆံရေးဆီကို သွားနေကြပြီ ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ပြောဆိုလိုက်ကြပါတယ်။

အမေရိကန်သမ္မတ Barak Obama နဲ့ ကျူးဘားနိုင်ငံသမ္မတ Raul Castro တို့ဟာ နှစ်နိုင်ငံ မြို့တော်တွေဖြစ်ကြတဲ့ ၀ါရှင်တန်နဲ့ ဟာဗားနားတို့ကနေ တပြိုင်နက်ထဲ ပြောဆိုခဲ့ကြတဲ့ မိန့်ခွန်းမှာ သူတို့ဟာ နှစ်အတန်ကြာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့တဲ့ အကျဉ်းသားတွေကို လဲလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ခရီးသွားလာမှုတွေ တိုးမြှင့်ပြုလုပ်ကြဖို့ လမ်းဖွင့်ပေးလိုက်ပြီလို့ ပြောဆို ခဲ့ပါတယ်။

ကျူးဘားနိုင်ငံအတွင်းကို ပိတ်ပင်ထားတဲ့ နည်းပညာတင်သွင်းမှုနဲ့ ၅ နှစ်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ ကန်ထရိုက်တာ Alan Gross ကို ဗုဒ္ဓဟူးနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ Gross နဲ့အတူ အလွန်အရေးပါတဲ့ အမေရိကန် ထောက်လှမ်းရေး အေးဂျင့်တွေထဲက တယောက်တို့ကို ကျူးဘားက ပြန်လွှတ်ပေးခဲ့ပြီး အလဲအလှယ်အနေနဲ့ အမေရိကန် အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်တခုကျော်ကြာ အကျဉ်းချထားခံခဲ့ရတဲ့ ကျူးဘား ထောက်လှမ်းရေး ၃ ယောက်ကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

အမေရိကန်ရဲ့ တောင်ဘက်ကမ်းခြေကနေ မိုင် ၉၀ ခန့် အကွာအဝေးမှာတည်ရှိတဲ့ ကွန်မြူနစ်ကျွန်းနိုင်ငံအပေါ် နှစ်ပေါင်း ၅၀ ကြာ သံတမန်ဖြတ်တောက်ထားခဲ့တာဟာ အလုပ်မဖြစ်ကြောင်းနဲ့ အခုအချိန်မှာ ချဉ်းကပ်မှုအသစ် လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ မစ္စတာ အိုဘားမားက ပြောဆိုပါတယ်။ မစ္စတာ Castro ကလည်း မစ္စတာအိုဘားမားဟာ ကျနော်တို့ ပြည်သူတွေရဲ့ လေးစားမှုနဲ့ အသိအမှတ်ပြုမှု ခံထိုက်သူဖြစ်တယ်လို့ ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ အင်္ဂါနေ့က ၄၅ မိနစ်ကျော်ကြာ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ကြပါတယ်။ ဒါဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတိုကြား ပထမဦးဆုံးအကြိမ် သမ္မတအဆင့် ဆက်သွယ် စကားပြောဆိုတာလည်း ဖြစ်ပါတယ်။

VOA

USAID အကြီးအကဲ နှုတ်ထွက်

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID အကြီးအကဲ နှုတ်ထွက်သွားပါတယ်။ DR. RaJiv Shah ဟာ ၁၆ ယောက်မြောက် USAID အကြီးအကဲအဖြစ် ၂၀၀၉ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို နှုတ်ထွက်လိုက်တာနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားပေမဲ့ ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ဖေဖေါ်ဝါရီလမှာ သူ့တာဝန်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကျူးဘားအကျဉ်းထောင်ထဲမှာ ၅ နှစ်ကြာ အကျဉ်းကျခဲ့တဲ့ USAID အမှုထမ်း ကန်ထရိုက်တာ Alan Gross လွတ်မြောက်လာပြီး မကြာခင်မှာပဲ အခုလို ကြေညာချက် ထွက်လာတာပါ။ မစ္စတာ Gross ဟာ ကျူးဘားနိုင်ငံထဲကို တားမြစ်ထားတဲ့ နည်းပညာတွေကို ရောက်အောင်လုပ်ပေးခဲ့တာကြောင့် ၂၀၀၉ ခုနှစ်မှာ အဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ သူ အခုလို အဖမ်းခံခဲ့ရတာကြောင့် USAID ရဲ့ အစီအစဉ်တွေအပေါ် အမေရိကန် လွှတ်တော်အမတ်တွေက ဝေဖန်ခဲ့ကြတာပါ။

AP သတင်းဌာနရဲ့ သီးခြားစုံစမ်းမှုအရ ကျူးဘားအစိုးရအဖွဲ့အတွင်း မတည်မငြိမ်ဖြစ်အောင် အချက်အလက်တွေ ဖလှယ်နိုင်တဲ့ Twitter လိုမျိုး လူမှုကွန်ယက်တခု တည်ဆောက်ဖို့နဲ့ ကျူးဘားအရေး တက်ကြွလှုပ်ရှားသူတွေကို စုစည်းဖို့ ရည်ရွယ်ချက်နဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ဆိုတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ USAID က အစီအစဉ်တွေ ချမှတ်ခဲ့တာပါ။

ဒါပေမဲ့လည်း Dr. Shah ဟာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှုလုပ်ငန်းတွေ၊ ကမ္ဘာတလွှား ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေတဲ့ တချိန်တည်းမှာ သူဟာ ဒီအဖွဲ့ကို ပိုပြီး ခေတ်မီဆန်းသစ်အောင် လုပ်နိုင်သူအဖြစ် အမေရိကန် နိုင်ငံခြားရေး John Kerry က ချီးကျူး ပြောဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း မစ္စတာ Shah ဟာ အမေရိကန်ရဲ့ အကောင်းဆုံး တန်ဖိုးထားမှုတွေကို ပုံဖော်နိုင်သူတဦးအဖြစ်နဲ့ ချီးကျူးပြောဆိုခဲ့ပါတယ်။ Dr. Shah ဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းနဲ့ အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ USAID ကနေ ပံ့ပိုးကူညီမယ်လို့ ပြောခဲ့သလို ဒီနှစ်ဆန်းက ရောက်ခဲ့ချိန်မှာလည်း ကျေးလက်နေ လူထုတိုးတက်ရေးအတွက် အဓိက ကူညီထောက်ပံ့ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

VOA

ဘော်စတွန် မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်ဆုံး စစ်ဆေးစီရင်မှု ပြုလုပ်မည်

ဘော်စတွန် မာရသွန် ပြိုင်ပွဲအား ဗုံးခွဲတိုက်ခိုက်ခဲ့သူဟု စွပ်စွဲခြင်း ခံထားရသူ ဒဇိုခါ ဇာနာယက်ဗ်သည် လာမည့် ဇန်နဝါရီလတွင် စတင်မည့် စစ်ဆေး စီရင်မှု အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရမည် ဖြစ်ရာ ၁၇ လကြာ ကာလ အတွင်းတွင် ပထမဆုံး အကြိမ် အဖြစ် အများပြည်သူ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်သည်။
အမှုရင်ဆိုင်ရမည့် တရားရုံး ဖြစ်သော ဘော်စတွန်ရှိ ဖက်ဒရယ် တရားရုံးနှင့် ကီလိုမီတာ ၇၀ ခန့် အကွာရှိ ဖို့ဒီဗင်(စ်) အကျဉ်းထောင် ဆေးရုံ တွင် အသက် ၂၁ နှစ် အရွယ် Tsarnaev အား ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဇာနာယက်ဗ်က သူ့တွင် အပြစ်မရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လက ထုချေ လျှောက်လဲခဲ့ပြီး၊ ထို့နောက်ပိုင်းတွင် သူ့အား အများပြည်သူ ရှေ့မှောက်၌ တစ်ခါမျှ မတွေ့ရ တော့ခြင်း ဖြစ်သည်။ အယ်လ်ခိုင်းဒါးတို့ ကျူးလွန် ခဲ့သော ၉/၁၁ လေယာဉ် အပိုင်စီး တိုက်ခိုက်မှု နောက်ပိုင်းတွင် အမေရိကန်အား အပြင်းထန်ဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ ဘော်စတွန် မာရသွန် ပြိုင်ပွဲ ဗုံးခွဲတိုက်ခိုက်မှု စွဲချက်များဖြင့် သေဒဏ်ပေး ခံရမည့် အရေးကို ဇာနာယက်ဗ် ရင်ဆိုင်နေရသည်။

ပေါင်းအိုးထဲတွင် ထည့်ထား ခဲ့သော ဗုံးနှစ်လုံးအား မာရသွန် ပန်းတိုင် အနီးတွင် ထားရှိခဲ့ခြင်း ဖြစ်ရာ ဗုံးပေါက်ကွဲ မှုကြောင့် လူသုံးဦး သေဆုံး ခဲ့ရပြီး လူ ၂၆၄ ဦး ဒဏ်ရာ ရရှိခဲ့ရာ၊ ကမ္ဘာကျော် အားကစားပြိုင်ပွဲမှာ ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့ပြီး အကြမ်းဖက်မှုကို စိုးရိမ် ထိတ်လန့်မှုများ ပြန်လည်မြင့်တက် လာခဲ့သည်။ သူ့အား စစ်ဆေးစီရင်မှုမှာ ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်မည်ဖြစ်ကာ ကြာသပတေးနေ့ တရားခွင်မှာ နောက်ဆုံးအသေးစိတ် ပြင်ဆင်မှုများကို အပြီးသတ် ပြုလုပ်ရန် ဖြစ်သည်။

Chechen သွေး တစ်ဝက်နှောသော မွတ်စလင်တစ်ဦးဖြစ်သည့် ဇာနာယက်ဗ်သည် ၂၀၀၂ ခုနှစ်တွင် သူ၏ မိသားစုနှင့်အတူ အမေရိကန်သို့ ပြောင်းရွှေ့အခြေချလာခဲ့ခြင်းဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့ခြင်း ဖြစ်သည်။ သူ နှင့် သူ၏ အစ်ကိုဖြစ်သူ တာမာလန် တို့သည် မာရသွန်ပန်းတိုင် အနီးတွင် ဗုံးထည့်ထားသော ပေါင်းအိုးများပါရှိသည့် ကျောပိုးအိတ်များဖြင့် ဗုံးထောင်ထားခဲ့ကြခြင်း ဖြစ်ကြောင်း စွပ်စွဲခံထားရသည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် ညီအစ်ကို နှစ်ဦးသည် ဘော်စတွန်ဧရိယာမှ လွတ်မြောက်အောင် ကြိုးပမ်းနေစဉ်တွင် အစ်ကိုဖြစ်သူ Tamerlan သည် ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီး သေဆုံးသွားခဲ့သည်။ ဒဏ်ရာရရှိသွားခဲ့သော ညီဖြစ်သူ Dzhokhar Tsarnaev ကိုမူ ဆင်ခြေဖုံးဒေသ တစ်ခု၏ မြေကွက်လပ် တစ်ခုတွင် ရှိနေခဲ့သော လှေတစ်စီးပေါ်တွင် သူပုန်းအောင်းနေစဉ် ဖမ်းဆီးနိုင် ခဲ့သည်။

Ref: AFP

16.12.14

အမေရိကန် ရင်သားကင်ဆာရောဂါသည် အမျိုးသမီးများမှာ လွဲမှားသော ဓာတ်ရောင်ခြည် ကုသမှုကိုသာ ခံယူနေရဟုလေ့လာတွေ့ရှိ

အမေရိကန်ပြည်ထောင်စုတွင် ရင်သားကင်ဆာအစပိုင်းရှိအ မျိုးသမီး သုံးပုံနှစ်ပုံတို့သည် ဓာတ် ရောင်ခြည်ကုသမှုနှစ်ကြိမ်ခံယူပြီး ဖြစ်ကြောင်း၊ အချို့ဆိုလျှင် ဆရာ ဝန်၏ ညွှန်ကြားချက်အရထိုထက်ပို ၍ ဓာတ်ရောင်ခြည် ကုသမှုခံယူ သည်လည်းရှိကြောင်း သုတေသီများ ကဒီဇင်ဘာ ၁ဝရက်၌ ဆိုသည်။

ရင်သားကင်ဆာဖြစ်နေသည့် အမျိုးသမီးအများစုသည် ဓာတ် ရောင်ခြည်ကုသမှုကို ရက်သတ္တ ခြောက်ပတ်မှ ခုနစ်ပတ်အထိခံယူ သည် ဆိုသည်ကို အမေရိကန်ဆ ရာဝန်အသင်း(AMA)ကထုတ်ဝေ သည့် ဂျာနယ်တွင်ဖော်ပြထားသည်။

အချို့သော ရင်သားကင်ဆာရော ဂါသည် အမျိုးသမီးများသည် ပို၍ ပြင်းသော ဓာတ်ရောင်ခြည်ကုသမှု ကို ရက်သတ္တသုံးပတ်အထိ ခံယူ သည်ဆိုသည့် စုံစမ်းစစ်ဆေးတွေ့ရှိ ရပြီးနောက် လမ်းညွှန်မှုအသစ်ကို တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ သို့တိုင်အောင် ဓာတ်ရောင်ခြည် ကုသမှုခံယူခြင်းကို အလွန်အကျွံ ပြုလုပ်နေကြဆဲဖြစ်သည်။

ပို၍ပြင်း သော ဓာတ်ရောင်ခြည်ကုသမှုသည် ရင်သားတစ်ခုလုံးကို ဓာတ်ကင်ခြင်း ဖြစ်သည်။ ထိုပြင်းသော ဓာတ်ရောင် ခြည်ကုသမှုသည် ခွဲစိတ်ကုသသည် ထက် ကုန်ကျစရိတ်သက်သာသည်။

ရင်သားကင်ဆာရောဂါသည် များသည် ပြင်းထန်မှုမရှိသောဓာတ် ရောင်ခြည်ကုသမှုကို ရက်သတ္တခြောက် ပတ်မှ ခုနစ်ပတ်အထိ ခံယူမည့်အ စား ပြင်းသောဓာတ်ရောင်ခြည်ကု သမှုကို ရက်သတ္တသုံးပတ်-လေးပတ် မျှသာ ခံယူခြင်းဖြစ်သည်။

အပြင်းစားဓာတ်ရောင်ခြည် ကုသမှုသည် ဓာတ်ရောင်ခြည်ပေး မှု ပိုများသော အပြင်းစားကုထုံး ဖြစ်သည့်ပြင် ကုန်ကျစရိတ်လည်း သက်သာသော ကုထုံးဖြစ်သည်ဟု ဆေးဘက် ကျင့်ဝတ်နီတိဆိုင်ရာ Perrs ဌာနနှင့် ကျန်းမာရေးမူဝါဒ ဆိုင်ရာဌာန ဥက္ကဋ္ဌလည်းဖြစ်၊ ရင် သားကင်ဆာ ပညာရှင်လည်းဖြစ် သူ အီဇေးကီအယ်လ် အီမန်နျူ အယ်လ်က ဆိုသည်။

အဆိုပါအပြင်းစား ဓာတ်ရောင် ခြည်ကုသမှုကို ခံယူသူဦးရေမှာ အ မေရိကန်ပြည်ထောင်စုတွင် သုံးပုံ တစ်ပုံမျှသာရှိကြောင်း၊ အပြင်းစား ဓာတ်ရောင်ခြည်ကုသမှုမှာ ထိရောက် မှုလည်းရှိ၊ အချိန်ကုန်ငွေကုန်လည်း သက်သာသော ကုထုံးလည်းဖြစ် ကြောင်း၊ သို့ပါလျက် ဤကုထုံးဖြင့် ကုသခံယူသူအရေအတွက်နည်းပြီး ထိရောက်မှုလည်းနည်း၊ အချိန်ကုန် ငွေကုန်လည်းများသော ဓာတ်ရောင် ခြည်ကုထုံးဖြင့် ကုသမှုကိုခံယူသူများ နေသည်မှာ လွဲမှားနေကြောင်း အီ ဇေးကီအယ်လ်အီမန်နျူအယ်လ်က ဆိုသည်။

တခြားနိုင်ငံများတွင် အပြင်းစား ဓာတ်ရောင်ခြည်ကုသမှုခံယူမှုသည် ရင်သားကင်ဆာရောဂါသည် အမျိုး သမီးဦးရေမှာ ၇ဝရာခိုင်နှုန်းရှိသည် ဆိုသည်ကို လေးကြိမ်လေ့လာတွေ့ ရှိချက်က ဖော်ပြကြောင်း သိရသည်။
အပြင်းစား ဓာတ်ရောင်ခြည် ဖြင့် ကုသသည့် ရင်သားကင်ဆာ ရောဂါသည် အမျိုးသမီးဦးရေတွင် အမေရိကန်သည် ကနေဒါနှင့်ဗြိတိန် နိုင်ငံတို့၏ နောက်တွင်ရှိသည်ဟု အီမန်နျူအယ်လ်က ဆိုသည်။

သို့ ဖြစ်၍ အမေရိကန် ရင်သားကင် ဆာဝေဒနာသည်များသည် ထိရောက် မှုနည်းပြီး အချိန်ကုန်ငွေကုန်များ သော ဓာတ်ရောင်ခြည်ကုသမှုခံယူ ခြင်းကို လျှော့ချသင့်ပြီဟု သူက ဆို သည်။

CNA

ပြည်တွင်းဝယ်ယူမှုများကြောင့် ရုရှားလက်နက်ကုမ္ပဏီများ၏ ရောင်းအားသိသိသာသာ မြင့်တက်လာ

တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် ကာကွယ်ရေးအသုံးစရိတ်ကျ ဆင်းနေသော်လည်း ရုရှားအစိုးရ ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် ရုရှား လက်နက်ကုမ္ပဏီများ၏ လက်နက် ရောင်းချရမှုပမာဏမှာ ဆက်လက် မြင့်တက်လာသည်ဟု စတော့ဟုမ်း အခြေစိုက်ပညာရှင် အဖွဲ့အစည်း တစ်ခု၏ ပြောကြားမှုကို AFP သတင်းတွင် ဖော်ပြထားသည်။

၂ဝဝဝ ပြည့်နှစ်များအတွင်း ရုရှားအစိုးရ၏ မပြောင်းလဲသော စစ်ဘက်ဆိုင်ရာ ကြီးမားသည့် ရင်း နှီးမြှုပ်နှံမှုများကြောင့် ရုရှားလက် နက် ထုတ်လုပ်ရေး ကုမ္ပဏီများ၏ ရောင်းချရမှုမှာ ၂ဝ၁၂ နှင့် ၂ဝ၁၃ ခုနှစ်တို့တွင် သိသိသာသာမြင့်တက် လာသည်ဟု စတော့ဟုမ်းနိုင်ငံ တကာ ငြိမ်းချမ်းရေးလေ့လာမှုအဖွဲ့ (SIPRI) မှ ထိပ်တန်းအရာရှိတစ် ဦးဖြစ်သူ ဆီမွန်ဝီဇီမန်းကဆိုသည်။

SIPRI ၏ ထုတ်ပြန်ချက်အရရုရှား အခြေစိုက်လက်နက် ကုမ္ပဏီများ၏ ရောင်းအားသည် ၂ဝ၁၃ ခုနှစ်တွင် ၂ဝ ရာခိုင်နှုန်းမြင့်တက်လာသည် ဟု သိရသည်။

သို့သော် တရုတ် အပါအဝင် ကမ္ဘာပေါ်ထိပ်တန်း လက်နက်ကုမ္ပဏီ ၁ဝဝ ၏ ရောင်း ချရမှုတန်ဖိုးမှာ သုံးနှစ်ဆက်တိုက် ကျဆင်းလာသည်။ ၂ဝ၁၃ ခုနှစ် တွင် ရောင်းအားအကောင်းဆုံး ရုရှားလက်နက်ကုမ္ပဏီမှာ Tactical Missile Corporation ဖြစ်ပြီး ၁၁၈ ရာခိုင်နှုန်းမြင့်တက်လာကာ ယင်း ၏နောက်တွင် ရောင်းချမှု ၃၄ ရာ ခိုင်နှုန်းမြင့်တက်လာသော Almaz- Antey က ရပ်တည်နေသည်။

ကမ္ဘာ့ ထိပ်တန်း အမေရိကန်ကုမ္ပဏီများ သည်လည်း ၄ဒသမ၅ရာခိုင်နှုန်း ရောင်းအားကျဆင်းလာကာ ယင်း သို့ဖြစ်ရခြင်း၏ အဓိကအကြောင်း အရင်းများမှ တစ်ခုမှာ အာဖဂန် နစ္စတန်နှင့် အီရတ်တို့မှ တပ်ဖွဲ့များ ဆုတ်ခွာနေခြင်းကြောင့်ဖြစ်သည် ဟု SIPRI က ကောက်ချက်ချသည်။

ထိုသို့ရောင်းအားကျဆင်းလာ သော်လည်း ကမ္ဘာ့ထိပ်တန်းလက် နက်ကုမ္ပဏီ ၁ဝ ခုတွင် အမေရိကန် တို့ကသာ ကြီးစိုးထားဆဲဖြစ်ပြီး ကုမ္ပဏီခြောက်ခုအထိ ပါဝင်သည်။

ရုရှားတို့၏ Almaz- Antey လက် နက်ကုမ္ပဏီမှာ လက်ရှိအချိန်တွင် ကမ္ဘာ့အဆင့် ၁၂ ၌ ရပ်တည်နေပြီး ယင်းက မကြာမီအချိန်တွင်း ထိပ် တန်းကုမ္ပဏီ ၁ဝ ခုအတွင်းသို့ ရောက်ရှိလာဖွယ်ရှိသည်။

ထို့အပြင် ရုရှားနိုင်ငံသည် အမေရိကန်နှင့် တရုတ်တို့ပြီးနောက် ကမ္ဘာပေါ်တွင် တတိယအများဆုံး ကာကွယ်ရေး စရိတ်သုံးစွဲသော နိုင်ငံဖြစ်ပြီး ၂ဝဝ၄ ခုနှစ်မှစတင်ကာ ၄င်း၏ ကာကွယ် ရေးအသုံးစရိတ်သည် နှစ်ဆမြင့် တက်လာသည်ဟု SIPRI က ပြော သည်။

Ref: AFP

ရိုမေးနီးယား အရေးပေါ်ကယ်ဆယ်ရေး ရဟတ်ယာဉ် ရေအိုင်ထဲ ပျက်ကျ၊ ၃ ဦး ပျောက်ဆုံး

ရိုမေးနီးယားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ SMURD ကပိုင်တဲ့ ရဟတ်ယာဉ်တစီးဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က လူ ၄ ယောက်ကို တင်ဆောင်ပျံသန်းနေတုံး နိုင်ငံအရှေ့ပိုင်း ကွန်စတန်တာမြို့နယ်ထဲက စယူခီရော ရေအိုင်ထဲကို ပျက်ကျခဲ့ပါတယ်။

လူတယောက်ကို ကယ်နိုင်ခဲ့ပြီး ၃ ယောက် ပျောက်ဆုံးနေဆဲလို့ အာဏာပိုင် တွေက ပြောပါတယ်။ ရေခဲမှတ် အပူချိန်နဲ့ မှောင်မဲနေမှုကြောင့် အခြေအနေခက်ခဲနေပေမယ့် ရေငုပ်သမား တွေနဲ့ အရေးပေါ်လုပ်သားတွေက ပျောက်ဆုံးနေသူကို ရှာဖွေ ကယ်ဆယ်မှုတွေ ဆက်လုပ်နေပါတယ်။

ကွန်စတန်တာမြို့နယ်ဆေးရုံကို လူနာပို့ပြီး ဆီဖြည့်ဖို့ ပြန်လာတုံး ဆေးဘက်သုံးရဟတ်ယာဉ် ပျက်ကျတာ လို့ ရိုမေးနီးယား အရာရှိတွေက ပြောပါတယ်။ ရဟတ်ယာဉ်ပေါ် ပါသူတွေက ရဟတ်ယာဉ်မှူး ပူးတွဲရဟတ်ယာဉ်မှူး ဆရာဝန်တယောက်နဲ့ သူနာပြုတယောက်ပါ။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆရာဝန်ကို ကယ်နိုင်ခဲ့ပြီး အသည်းအသန်အခြေအနေနဲ့ ဆေးရုံကို တင်ပို့ထားရပါတယ်။ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

DVB

ဒီအာရ်ကွန်ဂိုနိုင်ငံ ရေအိုင်ဖယ်ရီသဘောင်္နစ်မြုပ်မှုတွင် လူပေါင်းရာကျော် သေဆုံး

ဒီမိုကရက်တစ်ရီပတ်ဘလစ် ကွန်ဂိုနိုင်ငံတွင် တန်ဂန်ရီကာ (Tanganyika) ရေအိုင်၌ နစ်မြုပ်သွားသော ဖယ်ရီသင်္ဘောမှ သေဆုံးသူ အနည်းဆုံး ၁၂၉ဦး ရုပ်အလောင်းများကို ပြန်လည်ရရှိခဲ့သည်။

ကွန်ဂိုသယ်ယူပို့ဆောင်ရေး ၀န်ကြီးလောရင့်ဆွမ်ဘာခါဟိုဇီ (Laurent Sumba Kha) အသက်ရှင်သန်နေဆဲရှိသူများကို ဆက်လက်ရှာဖွေမှု ပြုလုပ်နေကြောင်းပြောသည်။

ကယ်ဆယ်ရေးလုပ်သားများသည် ရေပြင်ဓာတ်ဆီတိုင်ကီနှင့် အခြားပစ္စည်းများကို ဖက်တွယ်မျောပါနေသော ခရီးသည်များကို တွေ့ရှိခဲ့သည်။

Ref: AP

ဆစ်ဒနီကော်ဖီဆိုင် ပစ်ခတ်မှုအတွင်း သေဆုံးသူ ဓားစာခံနှစ်ဦးကို သူရဲကောင်းများသဖွယ် ဂုဏ်ပြု

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် အကြမ်းဖက်သမား တစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှင်းလင်းမှု၌ သေဆုံးခဲ့သူ ဓားစာခံ နှစ်ဦးသည် သူရဲကောင်းများသဖွယ် ချီးကျူး ဂုဏ်ပြုခံခဲ့ရကြောင်း သိရသည်။

ဆစ်ဒနီရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် အသက်(၃၄)နှစ်အရွယ် ဆိုင်မန်နေဂျာ တိုရီဂျွန်ဆင်နှင့် အသက်(၃၈)နှစ်အရွယ် ရှေ့နေအမျိုးသမီး ကက်ထရီနာဒေါ်ဆင်တို့အတွက် အမှတ်တရ ဝတ်ပြုဆုတောင်းပွဲ တစ်ခုကို ကျင်းပပေးခဲ့သည်။

အခင်းဖြစ်ရာ Lindt Chocolate ကော်ဖီဆိုင်မှ မီတာ(၅၀၀)မျှ အကွာရှိ ဘုရားကျောင်းတွင် ပြုလုပ်သော အခမ်းအနား၌ သင်းအုပ် ဘုန်းတော်ကြီး အန်သိုနီ ဖစ်ရှာက “အပြစ်မဲ့သူနှစ်ယောက် သေဆုံးခဲ့ရတဲ့ အခြေအနေအတွက် တစ်မြို့လုံး ကြေကွဲ ဝမ်းနည်းရပါတယ်။ သတင်းတွေရဲ့ အဆိုအရ သေဆုံးသူ နှစ်ဦးဟာ ရဲရင့်တဲ့ လုပ်ဆောင်မှုတွေနဲ့ အသက်ပေးသွားရတာပါ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “သတင်းတွေရဲ့ အဆိုအရ ဂျွန်ဆင်ဟာ သူရဲကောင်းဆန်ဆန် ပြုမူသွားခဲ့တယ်။ သူက အခွင့်အရေးရတဲ့အခြေအနေမှာ သေနတ်သမားဆီက လက်နက်ကို ဝင်လုဖို့ ကြိုးစားခဲ့တယ်။ ဝမ်းနည်းဖို့ ကောင်းတာက သူ့ကို ကျည်ဆန်မှန်ပြီး သေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အားထုတ်မှုကြောင့် ရဲတွေက အခွင့်အရေး ရသွားခဲ့သလို ဓားစာခံ အများစုရဲ့ လွတ်မြောက်ရေးအတွက် အထောက်အကူ ဖြစ်လာပါတယ်။ ပြီးတော့ ဒေါ်ဆင်ဟာ ကိုယ်ဝန်ဆောင် သူငယ်ချင်းကို အကာအကွယ်ပေးရင်း ကျည်ထိမှန်ခဲ့တာလို့ ကြားသိရပါတယ်။ ဒီသူရဲကောင်းတွေဟာ သူတစ်ပါး ရှင်သန်လွတ်မြောက်ဖို့ ကိုယ့်အသက်ကို ပေးအပ်သွားကြတာပါ”ဟုလည်း ဂုဏ်ပြု ပြောဆိုခဲ့သည်။ ဒေါ်ဆင်သည် ကလေး(၃)ဦး၏ မိခင်ဖြစ်သည်။

ဂျွန်ဆင်၏ မိဘများက မိမိတို့ သားအတွက် ဂုဏ်ယူကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ငြိမ်းချမ်းမှုအတွက် ဆုတောင်းပေးကြပါရန် ပန်ကြားခဲ့သည်။ “ကျွန်ုပ်တို့ရဲ့ သားကောင်းရတာနအတွက် ဂုဏ်ယူပါတယ်။ သူဟာ ကမ္ဘာကြီးကနေ ထွက်ခွာသွားပါပြီ။ ဒါပေမဲ့ သူနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေက ထာဝရ ရှင်သန်နေမှာပါ”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် “ကက်ထရီနာ ဒေါ်ဆင်ရဲ့ မိသားစုအတွက်လည်း ဝမ်းနည်းမိပါတယ်။ ကျွန်ုပ်တို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ အားလုံးသာ မကဘဲ ဆစ်ဒနီ တစ်မြို့လုံး၊ ဩစတြေးလျ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးက သူတို့အတွက် ကူညီရပ်တည်ပြီး ဆုတောင်းပေးကြဖို့လည်း ပန်ကြားအပ်ပါတယ်”ဟု ကြေညာချက်တွင် ပါရှိသည်။

ဒေါ်ဆင်သည် ဥပဒေရေးရာ နယ်ပယ်တွင် အရည်အချင်းရှိသည့် တက်သစ်စ ရှေ့နေတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ဆစ်ဒနီ ကော်ဖီဆိုင် စီးနင်းမှုတွင် သေနတ်သမားဖြစ်သည့် အီရန်နွယ်ဖွား မန်ဟိုရန်မိုနစ်နှင့်အတူ ဓားစာခံနှစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် လူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

_Ref: Channelnewsasia

ဘရာဇီး နိုင်ငံတွင် တင်းကြပ်သော ကာကွယ်ရေး ဥပဒေများ ပြဋ္ဌာန်းပေးရန် ရဲများ ဆန္ဒပြ

 ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့တော်တွင် ရဲအဖွဲ့အပေါ် ရာဇ၀တ်မှု ကျူးလွန်ခြင်းများအပေါ် တင်းကြပ်သော ကာကွယ်ရေး ဥပဒေများပြဋ္ဌာန်းပေးရန် ရာဂဏန်းချီသော ရဲအရာရှိများနှင့် ၄င်းတို့၏ ဆွေမျိုးသားချင်းများက ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။
ဆန္ဒပြသူများက ရဲအရာရှိများ သတ်ဖြတ်ခံခဲ့ရမှုများကို ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများ အဖြစ် သတ်မှတ်၍ ပုဒ်မ စီရင်ထုံးများပြောင်းလည်းပေးရန် တောင်းဆိုသွားခဲ့ကြသည်။
ရီယိုမြို့တွင် ယခုနှစ်တစ်နှစ်တည်း၌ တာဝန်ထမ်းဆောင်နေသော ရဲအရာရှိပေါင်း ၈၀ သတ်ဖြတ်ခံခဲ့ရသည်။

Ref: AFP


ကွပ်မျက်ခံရသော တရုတ်ဆယ်ကျော်သက် ၁၈နှစ်ကြာမှ အပြစ်မရှိကြောင်း တွေ့ရှိ

တရုတ်ဆယ်ကျော်သက်တစ် ဦးမှာ လူသတ်မှု၊ မုဒိမ်းမှုဖြင့် စွဲချက် တင်ခံရကာ လွန်ခဲ့သော ၁၈နှစ်က ကွပ်မျက်ခံခဲ့ရသည်။

တနင်္လာနေ့၌ ၄င်းတွင် အပြစ်မရှိကြောင်း တရားရုံး တစ်ခုက ကြေညာခဲ့သည်။

မှားယွင်း ဆုံးဖြတ်သည့် စီရင်ချက်များကို ပြန် လည်သုံးသပ်သည့် ရှားရှားပါးပါး ကိစ္စရပ်ဟုဆိုကြောင်း AFP သတင်း က ရေးသားခဲ့သည်။

အသက် ၁၈ နှစ် ဟတ်ဂျီတူ ခေါ် ချိုဆီလက်တူအား အပြစ်ရှိ သည်ဟုဆိုကာ ၁၉၉၆ခုနှစ်အတွင်း မွန်ဂိုလီးယား၌ သေဒဏ်ပေးခဲ့ သည်။ သို့ရာတွင် ၂ဝဝ၅ခုနှစ်က အခြားတရားခံတစ်ဦးအား ဖမ်းဆီး ရမိခဲ့ရာ အပြစ်ကို ဝန်ခံခဲ့သဖြင့် အဆိုပါ စီရင်ချက်အပေါ် သံသယ ဝင်ခဲ့ကြသည်။

အတွင်းမွန်ဂိုလီးယားပြည်သူ့ တရားရုံးက ဟတ်ဂျီတူ၏ မူလအပြစ် ရှိကြောင်း စီရင်ချက်မှာ အချက်အ လက်များနှင့် မကိုက်ညီကြောင်း၊ သက် သေများလည်း လုံလောက်မှုမရှိ ကြောင်း၊ ဟိုဟုတ်မြို့တရားရုံး၏ ကြေညာချက်၌ ဖော်ပြခဲ့သည်။
ဟတ် ဂျီတူ၌ အပြစ်မရှိကြောင်းလည်း ဆုံး ဖြတ်ခဲ့သည်။

ဤအမှုအား တရားဥပဒေစိုး မိုးရေးအတွက် အာဏာရကွန်မြူနစ် ပါတီခေါင်းဆောင်များက တရုတ် ထုံးတမ်းစဉ်လာနှင့်အညီ ကတိပေး ခဲ့ပြီးနောက် ကျွမ်းကျင်သူများက တရားရုံးကို ဗဟိုချုပ်ကိုင်မှုကို သတိ ပေးခဲ့ကြသည်။ တရားစီရင်ရေးလွတ် လပ်မှုမရှိဟုပြောကြားခဲ့ကြသည်။

တရားရုံး၏ ဒုတိယဥက္ကဋ္ဌက ဟတ်ဂျီတူ၏ အမှုနှင့်ပတ်သက်၍ သူ၏မိဘများအား ဝန်ချတောင်းပန် ကြောင်းပြောကြားချက်ကို ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထို့အပြင် လျော်ကြေးယွမ် ၃ဝဝဝဝ (ဒေါ်လာ ၄၈၅ဝ) ပေးမည်ဟုလည်း ဖော်ပြခဲ့သည်။ ဤကိစ္စအား အာ ဏာပိုင်များက ချက်ချင်းအတည်မ ပြုခဲ့ဟု ဆိုသည်။

တရားရုံးက ဟတ်ဂျီတူ၏ ဝန် ခံချက်နှင့် ရင်ခွဲစစ်ဆေးမှုများ ကွာ ဟနေသည့်အပြင် အခြားသက်သေ အထောက်အထားများနှင့်လည်း ကွာ ခြားနေကြောင်း၊ DNA တင်ပြချက် မှာလည်း ရာဇဝတ်မှုနှင့် တိကျစွာ မရှိဟု ဆိုသည်။

Ref: AFP (Democracytoday)