ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.3.13

ကလေး သူငယ်များ ကာကွယ်ရေး တပ်စုများ ဖွဲ့စည်းမည်

အရွယ်မရောက်သေးသော ကလေး သူငယ်များအား အကြမ်းဖက်ခြင်း၊ မတော် မတရား ပြုမူခြင်း၊ လျစ်လျူရှုခြင်းနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ရန် ဧပြီလ ၁ ရက်မှ စတင်၍ ကာကွယ်ရေး တပ်စုများ ဖွဲ့စည်းသွားမည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

“အရွယ် မရောက်သေးတဲ့ ကလေး သူငယ်တွေကို အကာအကွယ်ပေးဖို့ အခုနှစ် ဇန်န၀ါရီ ၂၄ ရက် စတင်ပြီး နိုင်ငံတော်က ဖွဲ့စည်း ခွင့်ပြုခဲ့တာပါ” ဟု လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (အဖွဲ့မှူး) ဒုတိယ ရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။

ကလေးသူငယ် ကာကွယ်ရေး တပ်ဖွဲ့တွင် တပ်စု သုံးခု ပါဝင်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များ၌ ထားရှိသွားမည် ဖြစ်သည်။ မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း စွန့်ပစ်ခံရသူ ကလေးသူငယ် ၆၈ ဦးရှိပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ လူကုန်ကူး ခံရသူ ကလေးငယ် ၅၅ ဦးအထိရှိခဲ့သည်။

“သက်သေ အထောက်အထား မရှိဘဲ လူကုန်ကူး ခံနေရတဲ့ ကလေးသူငယ်တွေ အများကြီး ရှိနေပါသေးတယ်။ အခုလို ကလေးတွေ အတွက် သီးသန့် တပ်ဖွဲ့ ဖွဲ့စည်းပေးထားရင်တော့ ပြင်ပ အဖွဲ့ အစည်းတွေ အနေနဲ့ ရဲတပ်ဖွဲ့နဲ့ ပိုပြီး ပူးပေါင်း နိုင်မှာပါ” ဟု မြို့နယ် အခြေပြု ကလေး သူငယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ (လှိုင်သာယာ) တွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ ကိုကျော်စွာလင်းက ပြောသည်။

ကလေး သူငယ်များ အပေါ် ကျူးလွန်သည့် မှုခင်းဆိုင်ရာများကို လေ့လာရန်နှင့် ကာကွယ်ရေး တပ်စုများ ဖွဲ့စည်းရန် ယခုလ ၁၉ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသော ကလေး သူငယ်များ အပေါ် ကျူးလွန်သည့် မှုခင်းများ ဆိုင်ရာ အရှေ့တောင် အာရှအင်တာပို ကျွမ်းကျင်သူများ လုပ်ငန်း အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ် နှစ်ဦး တက်ရောက်ခဲ့သည်။

ကလေး သူငယ်ဆိုသည်မှာ အသက် ၁၈ နှစ် မပြည့်သေးသည့် မည်သူ့ကိုမဆို ကလေးအဖြစ် သတ်မှတ်ထားသည်ဟု ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်တွင် ပါရှိသည်။ မြန်မာနိုင်ငံ ကလေး သူငယ် ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံ ကလေး သူငယ် ဥပဒေ၊ နည်းဥပဒေများကို ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်ရန် ဆက်လက် ထုတ်ပြန်ခဲ့သည်။

ဇီးကုန်းနှင့် နတ်တလင်းမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

အကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေသော ပဲခူး တိုင်းဒေသကြီး (အနောက်ပိုင်း) ဇီးကုန်းနှင့် နတ်တလင်း မြို့များတွင် တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိစေရန် ယနေ ညနေပိုင်းမှ စတင်ကာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးများထံမှသိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီ ခရိုင်၊ နတ်တလင်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀ဦးခန့်လုံခြုံရေး ယူထားသော်လည်း မတ်လ ၂၆ ရက် ည ၁၁နာရီမှ နံနက်(မတ် ၂၇) ၃နာရီအထိ အင်အား နှစ်ရာမှ ငါးရာဝန်းကျင် အထိ ရှိသော လူအုပ်သည် မြို့ပေါ်ရှိ နေအိမ် ၁၄လုံး၊ ဈေးဆိုင် ၁၁လုံး၊ ဆန်စက် ရုံးခန်း တစ်ခန်း၊ ဓာတ်ဆီဆိုင် တစ်ဆိုင်၊ ဆိုင်ကယ် လေးစီး၊ ထော်လာဂျီ တစ်စီး၊ ဗလီ တစ်လုံးနှင့် ကားလက်မှတ် ရောင်းသည့်ဂိတ် တစ်ခုတို့ကို ဖြိုချ ဖျက်ဆီးခဲ့ကြောင်း နတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှုး၏ ပြောကြားချက်အရသိရသည်။

အလားတူ အဆိုပါခရိုင် ဇီးကုန်းမြို့နယ်တွင်လည်း မတ်လ ၂၆ရက် ည ၁၂နာရီမှ နံနက်(မတ် ၂၇) ငါးနာရီထိ အကြမ်းဖက် ဖျက်ဆီးမှုများကြောင့် ဗလီ တစ်လုံး၊ အိမ် ၁၆လုံးကို လူအင်အား ၄၀၀ခန့်က ရိုက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဇီးကုန်းမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှုးရုံးမှ စုံစမ်းသိရသည်။

“အခု ဇီးကုန်းမှာ မနေ့ညက ဖျက်ဆီးခဲ့တာကို မဝလို့ ဆိုပြီး ဒီနေ့ နေလယ် နှစ်နာရီခွဲကနေ အခုထိ ထပ်လာ ဖျက်ဆီးနေကြတယ်၊ လုံခြုံရေးတွေ ပစ်လို့ လူနှစ်ယောက် သေနတ်မှန်တယ် ကြားတယ်၊ တစ်ယောက်ကိုတော့ ပြည်ဆေးရုံကြီးကို အခုပို့နေပြီ’’ ဟု ဇီးကုန်းဒေသခံ ဒေါ်ခင်ဝိုင်းက မတ်လ ၂၇ရက်နေ့ ညနေ ငါးနာရီခန့်က ဖုန်းဖြင့် ဖြေဆိုသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အုတ်ဖို၊ မင်းလှနှင့် ကြို့ပင်ကောက် မြို့များတွင် မတ်လ ၂၆ ရက်နေ့ ညနေ လေးနာရီမှ စတင်ကာ ပုဒ်မ၁၄၄ကို ထုတ်ပြန်ထားသော်လည်း ယနေညနေပိုင်း အချိန်ထိ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အစိုးရ၏ အရန်ဆန် ဝယ်ယူမှု တောင်သူ အကျိုးသက်ရောက်မှု မရှိဟု တောင်သူ လယ်သမားအသင်း ဆို ဧပြီလအတွင်း အရန်ဆန်ဝယ် ယူပေးရန် နိုင်ငံတော်၏ စီစဉ်မှုမှာ တောင်သူများအတွက် ဈေးနှုန်းရ လာနိုင်မည် မဟုတ်၍ အကျိုးမရှိဟု မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက ထုတ်ပြန် ပြောဆိုသည်။
နယ်စပ်မှ တရုတ်၏ ဆန်အ ဝယ်ရပ်မှု၊ နေရာအနှံ့ နွေစပါးများ ပေါ်ထွက်လာနေမှုကြောင့် အတက် ဘက်သို့ ဦးတည်သွားနေသည့် စပါးဈေးမှာ ကျဆင်းနေသည်။

အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ''ဒီဧပြီမှာ အရန်ဆန်က တန်ချိန် ငါးသောင်းကနေ တစ်သိန်းအထိ ဝယ်ပေးမယ်လို့ အရန်ဆန် ဝယ်ယူရေးအဖွဲ့က ပြောတယ်။ ဒီပမာဏက ဈေးမတက်လာနိုင်ဘူး၊ နောက်ပြီး ထိရောက်မှုလည်း မရှိ ဘူး''ဟု ပြောသည်။

ထို့အပြင် ကော်မတီ၏ ဝယ် ယူမှု၌လည်း တောင်သူများထံမှ တိုက်ရိုက် မဟုတ်ဘဲ ဈေးအနည်း ဆုံးဖြင့် တင်သွင်းနိုင်သည့် သူ ထံမှ တင်ဒါစနစ်ဖြင့်သာ ဆိုသည့် အတွက် တောင်သူများကို အဆင် ပြေစေ ရန် ဆောင်ရွက်ပေးနိုင်မှု မရှိ ဖြစ်နေသည်ဟု ၄င်းက ဆက်ပြောသည်။ ''အခြေခံစပါးဈေးနှုန်းရ ရှိရေး ဆောင်ရွက်နိုင်ဖို့ အစိုးရ၊ လွှတ် တော်၊ ဆန်စပါးအသင်းချုပ်၊ တောင်သူလယ်သမားအသင်းတို့ ပူးပေါင်းပြီး ဆွေးနွေးပွဲတစ်ခု လုပ် မှပဲ ရတော့မယ်''ဟု ဒေါက်တာ စိုးထွန်းက ထပ်ပြောသည်။

ဝါးတန်းကီလီဒိုင်မှ ဆန်ကုန် သည်တစ်ဦးက ဈေးနှုန်းမှာ နေ့စဉ်ကျဆင်းမှု အနည်းငယ်ရှိနေပြီး အရောင်းအဝယ် နှေးနေကြောင်း ပြောသည်။
လက်ရှိတွင် တင်းတစ်ရာလျှင် ကျပ် ၃ သိန်းခွဲကျော်မှ တဖြည်း ဖြည်း ကျဆင်းလာနေကြောင်း စပါးဈေးကွက်မှ သိရသည်။

တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီးယားနိုင်ငံ က တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေးတဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။

စစ်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်ခြေရှိတာမို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ မလိုအပ်တော့ ဘူးလို့ မြောက်ကိုရီးယား တာဝန်ရှိသူတွေက တောင်ကိုရီးယား နိုင်ငံဆီ အကြောင်းကြား လိုက်ပြီ ဖြစ်ကြောင်း အစိုးရအာဘော် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ KCNA က ဗုဒ္ဓဟူးနေ့ မှာပြောပြီး၊ နိုင်ငံပိုင် ရုပ်သံကနေလည်း ကြေညာ ခဲ့ပါတယ်။

နှစ်နိုင်ငံအကြား စစ်မဲ့ဇုံရဲ့ မြောက်ဘက် Kaesong ပူးတွဲ စက်မှုဇုံမှာရှိတဲ့ အရေးပေါ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်က ဖြတ်တောက်လိုက်ပြီ ဆိုတာကို တောင်ကိုရီးယား ပြန် လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ဗွီအိုအေ ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

အရင်တုန်းကလည်း ဒီစစ်ဘက်အရေးပေါ် ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်က ဖြတ်ခဲ့ဖူး တာကြောင့် တောင်ကို ရီးယားအလုပ်သမားတွေ စက်မှုဇုံထဲမှာ ပိတ်မိနေခဲ့ဖူးပါတယ်။ အခု နောက်ဆုံးလုပ်တဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှုကြောင့်
စက်မှုဇုံပေါ် ဘယ်လို သက်ရောက်မယ်ဆိုတာကတော့ မသိရသေးပါဘူး။

မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် နေ့စဉ်လို စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်နေချိန်မှာပဲ အခု အဆက်အသွယ် ဖြတ်တဲ့ကိစ္စ ဖြစ်လာတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်တာနဲ့ နောက်ဆုံး လုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့ တာတွေအပေါ် မြောက်ကိုရီးယားက မကျေမနပ် ဖြစ်နေတာပါ။

တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ

တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓဟူးနေ့က အားကောင်း တဲ့ ငလျင်တခု လှုပ်သွား တာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ငလျင်ကြောင့် နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ ဒေသဆိုင်ရာ ကယ်ဆယ်ရေး ဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။

ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၀ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပြီး ငလျင်လှုပ်တာကို တကျွန်းလုံးမှာ ခံစားလိုက်ကြရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်ပေမြို့တော်မှာ အဆောက်အဦးတွေ ယိမ်းယိုင်လှုပ်ခါသွားပြီး အပျက်အစီးကို တိုင်းတာ စစ်ဆေးဖို့အတွက် မြန်နှုန်းမြင့် ရထားလိုင်းတချို့ကို ရပ်ဆိုင်းထား လိုက်ပါတယ်။

Nantou အရပ်က ငလျင်ဗဟိုချက်နားမှာ အစိုးရရုံးတရုံးက နံရံတပိုင်း ပြိုကျတာကြောင့် အလုပ်သမားတဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Secret Service အကြီးအကဲ ပထမဆုံး အမျိုးသမီးခန့်အပ်

အမေရိကန်အစိုးရ Secret Service ထောက်လှမ်းဌာနရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲ အဖြစ် ဂျူလီယာ ပီယာစန် (Julia Pierson) ကို ခန့်အပ်မှာ ဖြစ်တဲ့အကြောင်း သမ္မတ အိုဘားမား က ကြေညာ လိုက်ပါတယ်။

အဆိုပါ ထောက်လှမ်းရေးဌာနဟာ သမ္မတနဲ့ သူရဲ့မိသားစုကို အကာအကွယ်ပေးတဲ့ ဌာနလည်း ဖြစ်ပါတယ်။

မစ် ပီယာစန် ဟာ Secret Service ထောက်လှမ်းရေး အကြီးအကဲ ရာထူးကို ခန့်အပ်ထိုက် သူအဖြစ် ထင်ရှားပြီး အဆိုပါ ထောက် လှမ်းရေးဌာနမှာ နှစ် ၃၀ လုပ်ကိုင်ခဲ့တဲ့ စံပြတဦး ဖြစ် တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ပီယာစန် ဟာ လက်တလောမှာတော့ သမ္မတအိမ်တော် လုံခြုံရေးအကြီးအကဲတဦး ဖြစ် ပါတယ်။ သူဟာ Florida ပြည်နယ် Orlando မြို့မှာ ရဲအရာရှိတဦးအဖြစ် တာဝန် စထမ်းဆာင်ခဲ့ပါတယ်။

ပီယာစန် ကို အခုလို ခန့်အပ်တာဟာ အမေရိကန် အထက်လွှတ်တော်ရဲ့ အတည်ပြုချက် မလိုအပ်ပါဘူး။ သမ္မတကို အကာအကွယ်ပေးတဲ့ တာဝန်မှာ ငွေစက္ကူအတု ပြုလုပ်မှု၊ အကြွေးဝယ်ကဒ် လိမ်လည်မှုနဲ့ တခြား ဘဏ္ဍာရေး လိမ်လည်မှုတွေကို စုံစမ်းတဲ့ တာဝန်တွေလည်း ပါဝင်ပါတယ်။

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်က လူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီးနေထိုင်ခွင့်ပေးမယ်လို့ ဆော်ဒီ မင်းသား Khaled Al-Faisal က ပြောကြား လိုက်ပါ တယ်။

“ဒါက ကျနော့်ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲက တခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာကျင်းပတဲ့ အခမ်း အ နား တခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေနဲ့ အာ ရပ် သတင်းဌာန တခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူးတာဝန်ရလာပြီးတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို ကျနော်တင်ပြခဲ့တဲ့ ပထမ ဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြောပါတယ်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေ အပါအ၀င် ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင် အတွင်းနေထိုင်နေသူ မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ ဆိုင်တဲ့ ကော်မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့ လည်း မင်းသား Khaled က ပြောပါ တယ်။

“ဒါဟာ ကမ္ဘာမှာ ပထမဆုံးအတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ် ယာသစ်များ တည်ဆောက် ရုံသာမကအလားတူ အဲဒီမှာနေထိုင်နေကြတဲ့လူပေါင်း ၄ သိန်းက ၅ သိန်းထိ ကိုလည်း ပြန်လည် ပြုစု ပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေရဖို့ လေ့ကျင့်သင်ကြားပေးမှုတွေလည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။
မြန်မာ ၄ ဦး အလုပ်ခန့်ထားမှုကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူ ထား ရှိတယ်လို့ အလုပ်သမားဝန်ကြီး ဌာနရဲ့ အစီအစဉ်မှာထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာမွတ်ဆလင် ၃ သိန်းခွဲလောက် နေထိုင်နေကြ တယ် လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြတာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ် နဲ့ နေထိုင်ခွင့် ရကြတော့မှာပါ။

မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်း ပေါ်ထွက် လာတာပါ။

iPhone ကို ငါးနှစ်ဒိတ်အောက်သည်ဟု Blackberry ဘော့စ်က ဆို

တရားဝင်ပြောဆိုလိုက်တာပါ။ သြစတေးလျ နိုင်ငံမှ ကျင်းပတဲ့ Blackberry စမတ်ဖုန်း အသစ် မိတ်ဆက် ပွဲမှာ Blackberry အမှုဆောင်ဥက္ကဌ Thorsten Heins က ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

"Apple က Innovation မှာ ကောင်းတယ်ဆိုတာ ၂၀၀၇ ခုနှစ်တုန်းကပါ။ ခုက Innovation လုပ်နိုင် သူတွေ များသထက်များလာတယ်ဗျ။ Speed ဘက်ပိုင်းက Apple မှာ ထူးထူးခြားခြား ဖြစ်မလာဘူး။ လူ တိုင်း စောင့်နေပေ မယ့် နောက်ထွက်သမျှ iPhone တိုင်းမှာ အားနည်းချက် ကိုယ်စီပါပါ လာတယ်" လို့ Telegraph ကိုပြောဆိုပါတယ်။

"ခု Blackberry မှာ multi tasking ပါတယ်။ Laptop မှာ သုံးနေရသလိုပေါ့ App တွေအများကြီးကို တစ်ပြိုင် နက်တည်း Run နိုင်ပါတယ်။ Apple မှာတော့ Power consumption သက်သာဖို့အတွက် apps run ထားနဲ့ စနစ်က တော်တော်လေး နောက်ကျနေပါပြီ။" လို့ ဆက်ပြောခဲ့ပါတယ်။

Blackberry သူဌေးရဲ့  အထက်ပါပြောဆိုချက်များကို Apple ပရိတ်တို့ မနှစ်သက်ပါဘူး။ ဈေးကွက် ရရှိုဖို့ အတွက် လက်ရှိကာလအတွင်း Blackberry က ငွေအများအပြား သုံးစွဲနေပါတယ်။ App Developer အ သစ်ေ ပါင်း များစွာ ငှားရမ်းခေါ်ယူပြီး Blacberry OS နဲ့ သင့်တော်တဲ့ App များကို ခပ်များများ ဖန်တီးနေပြီ ဖြစ်ပါတယ်။

Blackberry အနေနဲ့ ၂၀၁၃ မှာ ကမ္ဘာ့ ရောင်းအားကောင်း စမတ်ဖုန်း ကုမ္မဏီတစ်ခုအဖြစ် ပြန်လာ ပါဝင် လာနိုင်ဖို့ ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။

တရုတ်ပြည်၏ အမြင့်ဆုံး တာဝါတည်ဆောက်မှု ယာယီရပ်နား

တရုတ်ပြည်မှာဆိုရင်အမြင့်ဆုံး၊ ကမ္ဘာပေါ်မှာဆိုရင် ဒုတိယ အမြင့်ဆုံး ဖြစ် လာမယ့် မီတာ ၆၆၀ ကျော်မြင့် Ping’an International Finance Center တာဝါ တည်ဆောက်မှုကို ယာယီရပ်နားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ အနည်းဆုံး တစ်နှစ်လောက်ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။ အကြောင်းအရင်းကတော့ အရည်အသွေးမပြည့်ဝတဲ့ ကွန်ကရစ်တွေကြောင့် ပဲ ဖြစ်ပါတယ်။ ယင်းတာဝါဆောက်ဖို့အတွက် အသုံးပြုတဲ့ သဲဟာ မြစ်သဲ မဟုတ်ပဲ ပင်လယ်သဲ ဖြစ်ပြိး အရည်အသွေးလည်း အင်မတန် နိမ့်ကျနေ ပါတယ်။

သူတင် မကပါဘူး။ အခြားသော ဆောက်လုပ်ရန် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ပေါ်မှာ အဆောက်အအုံပေါင်း မြောက်များစွာကို ယာယီ ရပ်နားရမှာ ဖြစ် ပါတယ်။ အကြောင်းကတော့ ကုမ္မဏီ ၃၅ ခုကျော်လုံးက အရည်အသွေး မပြည့်ဝတဲ့ ကွန်ကရစ်ကို အသုံးပြုနေခြင်းကြောင့် ဖြစ်ပါတယ်။

ယင်းကုမ္မဏီအားလုံး တစ်နှစ်လုပ်ကိုင်ခွင့် ရပ်နားခံရမှာ ဖြစ်ပါတယ်။ ပင်လယ်သဲနဲ့ ပြုလုပ်နဲ့ ကွန်ကရစ်ဟာ စတီးအူတိုင်ကို တိုက်စားမှု မြန်ဆန်ပြီး တိုက်ပြိုဖို့ အမြန်ဆုံး ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တည်ဆောက်နေမှုကို ရပ်နားပြီး ကွန်ကရစ်အတွက် ပြန်လည်ဖြေရှင်း ရမည် ဖြစ်သောကြောင့် ကုန်ကျစရိတ်ပိုများနိုင်ကြောင်း သိရပါတယ်။

ကိုရီးယားသွားခွင့် စာမေးပွဲ ကွန်ပြူတာဖြင့်သာ ဖြေဆိုရတော့မည်

ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင် ခွင့်ရရန် ကွန်ပြူတာ အခြေပြု စစ်ဆေးသည့် ပုံစံဖြင့် ပြောင်းလဲ စစ်ဆေး တော့မည်ဟု သိရသည်။ သမာရိုးကျ အဖြေလွှာ စာရွက်ဖြင့် ဖြေဆိုသည့် စနစ်မှ ပြောင်းလဲ စစ်ဆေး နိုင်ရန်အတွက် ကွန်ပြူတာ အခြေပြု စာစစ် ဌာနကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် အလုပ်သမား အလုပ်ကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနမှ ၀န်ကြီး ဦးမောင်မြင့်၊ ၀န်ကြီးဌာန ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အစည်း (HRD Service of Korea)မှ ဒုတိယ ဥက္ကဌ Mr. Lee Choon Book နှင့် သက်ဆိုင်ရာ ဌာနမှ ညွှန်ကြား ရေးမှူး ချုပ်များ ၀န်ထမ်းများ တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ ကိုရီးယား နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် ဘာသာစကား အားနည်းမှုများ မရှိစေရန် အရည်ချင်းစစ် စာမေးပွဲများကို သေချာစွာ စိစစ်ကြပ်မတ်၍ အလုပ်သမား စေလွှတ်နိုင်မည်ဖြစ်ပြီး အလုပ်သမား ခေါ်ယူမှုကိုလည်း လျှင်မြန်စွာ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ ကိုရီးယား နိုင်ငံသို့ ၂၀၀၈ မှ တရားဝင်လုပ်သားများကို စာမေးပွဲ ဖြေဆို ရွေးချယ်၍ စေလွှတ်ခဲ့ရာ ယခုနှစ် အထိ လုပ်သား ၇၀၀၀ ကျော် စေလွှတ်ပြီးကြောင်း သိရသည်။

ဂျပန်၊ ပြင်သစ်လိဂ်ကလပ်အသင်းများနှင့် ခြေစမ်းမည့် ဗီယက်နမ် ယူ-၂၃ အသင်း

ဗီယက်နမ် လက်ရွေးစင် အမျိုးသား ယူ-၂၃ အသင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ဂျပန်၊ ပြင်သစ် ကလပ်အသင်းများနှင့် ခြေစမ်းကစားမည် ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ် ယူ-၂၃ အသင်းသည် လာမည့် မေ ၃၀ ရက်တွင် ပြင်သစ်ဒုတိယတန်းကလပ် Guingamp FC အသင်းနှင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းတွင် ခြေစမ်း ကစားမည် ဖြစ်သလို လာမည့် ဇွန် ၄ ရက်တွင် ဂျပန်၊ ဂျေလိဂ်ကလပ် ကာရှီမာအသင်းနှင့် ဆက်လက် ခြေစမ်းကစားမည် ဖြစ်သည်။ ဗီယက်နမ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်း တတိယနေရာလုပွဲတွင် မြန်မာ ယူ-၂၃ အသင်းအား ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ စတုတ္ထဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ၂၀၁၃ နေပြည်တော်ဆီးဂိမ်းတွင် ရလဒ်ကောင်းများ ရရှိစေရန် အတွက် ယခုကဲ့သို့ ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

MNL-2 ဇယားထိပ်ဆုံးတွင် ချင်းယူနိုက်တက်အသင်း ဆက်လက်ဦးဆောင်

MNL-2 ပြိုင်ပွဲ ပွဲစဉ် ၆ ပွဲစဉ်များကို ပြီးခဲ့သည့် မတ် ၂၂၊ ၂၃၊ ၂၄ ရက်များက ပဒုမ္မာ၊ အောင်ဆန်းကွင်းများ၌ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်များအပြီးတွင် ချင်းယူနိုက်တက် အသင်းသည် ရှုံးပွဲမရှိ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဆက်လက် ဦးဆောင်နေသည်။ မတ် ၂၂ ပဒုမ္မာကွင်း၌ ကစားခဲ့သည့် Best Unitde အသင်းနှင့် Michelia အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။ Best Unitde အသင်းအတွက် ဦးဆောင်ဂိုးကို ချမ်းမြေ့သူက သွင်းယူပေးခဲ့ပြီး Michelia အသင်းအတွက် ချေပဂိုးကို ဗညားဦးက သွင်းယူပေးခဲ့သည်။ အောင်ဆန်းကွင်း၌ ကစားခဲ့သည့် ချင်းပြည်နယ်ကိုယ်စားပြု အသင်းနှစ် သင်းဖြစ်သည့် ချင်းယူနိုက်တက်အသင်းနှင့် GFA အသင်းတို့ပွဲတွင် ချင်းယူနိုက်တက်အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 
ချင်းယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးများကို ၁၅ မိနစ်တွင် ဆန်နီဂျက်ဆင်၊ ၃၅၊ ၅၂ မိနစ်များတွင် ကိတ်က သွင်းယူပေးခဲ့သည်။ မတ် ၂၃ ရက် ပဒုမ္မာကွင်း၌ ကစားခဲ့သည့် ဒဂုံအက်ဖ်စီအသင်းနှင့် မောရ၀တီအသင်းတို့ပွဲတွင် မောရ၀တီအသင်းက ၁-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး မောရ၀တီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၆၈ မိနစ်တွင် နောင်နောင်ကျော်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မတ် ၂၄ ရက် ပဒုမ္မာကွင်း၌ ကစားခဲ့သည့် မြ၀တီအသင်းနှင့် Horizon အသင်းတို့ပွဲတွင် မြ၀တီအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြ၀တီအသင်းအတွက် အနိုင်ဂိုးများကို ၂၂ မိနစ်တွင် Horizon နောက်ခံလူ လွင်မင်းထက် ကိုယ့်ကိုကိုယ်သွင်း၊ ၂၆ မိနစ်တွင် အောင်စိုးမိုးကျော်၊ ၄၆ နှင့် ၄၉ မိနစ်များတွင် တိုးမြင့်လှိုင်က သွင်းယူပေးခဲ့ပြီး Horizon အသင်းအတွက် ဂိုး တစ်ဂိုးကို ၂၀ မိနစ်တွင် အောင်လွင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ပွဲစဉ် ၆ ပွဲစဉ်များအပြီးတွင် ချင်းယူနိုက်တက်အသင်းက ရမှတ် ၁၃ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး မောရ၀တီအသင်းက ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ တတိယနေရာတွင် မြ၀တီအသင်းက ရမှတ် ၉ မှတ်ဖြင့် လည်းကောင်း၊ စတုထ္ထနေရာတွင် GFA အသင်းက ရမှတ် ၈ မှတ်ဖြင့် ဦးဆောင်နေသည်။
ပွဲစဉ် ၆ ရလဒ်များ
Best Unitde ၁ - ၁ Michelia
ချင်း ၃ - ၀ GFA
ဒဂုံ ၀ - ၁ မောရ၀တီ
မြ၀တီ ၄ - ၁ Horizon
ပွဲစဉ် ၇ ပွဲစဉ်များ
၂၉-၃-၂၀၁၃ ချင်း - Horizon (ပဒုမ္မာ)
၃၀-၃-၂၀၁၃ ယူ-၁၉ - မောရ၀တီ (ပဒုမ္မာ)
၃၁-၃-၂၀၁၃ Best United - ဒဂုံ (ပဒုမ္မာ)
၁-၄-၂၀၁၃ မြ၀တီ - Michelia (အောင်ဆန်း) SKY NET Live

ဘေးလ်အား စွန့်စား အသုံးပြုမှာ မဟုတ်သည့် ဝေးလ်အသင်း

ဝေးလ်အသင်း နည်းပြ ခရစ်ကိုးမန်းသည် လာမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ခရိုအေးရှား အသင်းနှင့် ပွဲစဉ်မှာ ဒဏ်ရာ ရရှိနေသည့် အဓိက ကစားသမား ဂါရတ်ဘေးလ်အား ကြံ့ခိုင်မှု မပြည့်ဝပါက စွန့်စား အသုံးပြုသွားမှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အသက်(၂၃)နှစ် အရွယ်ရှိ ဝေးလ်ကစားသမား ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့် စကော့တလန် အသင်းနှင့် ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး ပထမပိုင်းမှာ လူစားလဲ ခံခဲ့ရသည်။ သူသည် လက်ရှိ အချိန်မှာ လေ့ကျင့်မှုများလည်း ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ သူ၏ အခြေအနေကို စောင့်ကြည့်လျက် ရှိနေသည်။ သူ၏ အခြေအနေမှာ တိုးတက်မှု မရှိပါက အသုံးမပြုရန် ဆုံးဖြတ်ရခြင်းသည် ကစားသမား အတွက်သာ မကပဲ စပါး အသင်းအတွက်ပါ မျှတမှု ရှိစေရန်အတွက် ဖြစ်ကြောင်း သိရသည်။

ကျွန်တော့်အတွက် မမျှတတဲ့ပြစ်ဒဏ်ပါ

ပြင်သစ်ကွင်းလယ်လူပေါ့ဘာက စပိန်နှင့်ပွဲတွင် ၎င်းကိုထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင် ကက်ဆိုင်၏ဆုံးဖြတ်ချက်မှာ ပြင်းထန်ပြီး ယင်းပြစ်ဒဏ်မှာ မျှတမှုမရှိဟု ဝေဖန်သွားခဲ့သည်။ ပေါ့ဘာမှာ တစ်မိနစ်အတွင်း နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်ပြီး အလွန်ဆို၊ ဇာဗီတို့ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့၍ ယင်းကဲ့သို့ ထုတ်ပယ်ခံရခြင်းဖြစ်သည်။

သို့သော် ပေါ့ဘာက “ ဒိုင် ဒုတိယအ၀ါကတ်ထုတ်မှ ဇာဗီကအော်ဟစ်လူး လှိမ့်ပြခဲ့တာပါ။ ဒီပြစ်ဒဏ် က ပြင်းထန်လွန်းသလို မျှတမှုလည်း မရှိပါဘူး။ ဒါပေမဲ့အသင်းက နောက်ကလိုက် ကစားနေရချိန်မှာ ကျွန်တော်ထုတ်ခံခဲ့ရလို့ ပိုအားနည်းခဲ့ရပြီး အဲဒီအတွက် ကျွန်တော် စိတ်မကောင်းပါဘူး”ဟု ဖွင့်ဟသွားခဲ့သည်။ စပိန်ကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပြင်သစ်အနေဖြင့် တိုက်ရိုက်ခြေစစ် ပွဲအောင်မြင်ရေးအတွက် လက်ကျန်ပွဲစဉ်များတွင် ပြိုင်ဘက် ခြေချော်ရန် ဆုတောင်းရတော့မည်ဖြစ်သည်။

စံချိန်တင်ရမှတ်ဖြင့် ချန်ပီယံဖြစ်ရန် ဖာဂူဆန် မျှော်မှန်း

မန်ယူနည်းပြ ဖာဂူဆန်က ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင်ရမှတ်ဖြင့် ယခုရာသီတွင် ချန်ပီယံဖြစ်လိုသည်ဟု ဆိုခဲ့သည်။ မန်ယူမှာ လက်ကျန် ၉ပွဲ ကျန်ရှိနေချိန်တွင် ၇၄မှတ်ဖြင့် ပရီးမီယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်ပြီး ရမှတ် ၁၀၀ဖြင့် ချန်ပီယံဖြစ်ခွင့် မျှော်မှန်းနိုင်သည်။

သို့သော် ဖာဂူဆန်က ပရီးမီးယားလိဂ် ၏ပြိုင်ဆိုင်မှု ပြင်း ထန်ခြင်းကြောင့် လက်ကျန်ပွဲများတွင် အမှတ်လျော့နိုင်သည်ဟု ၀န်ခံသွားခဲ့သည်။ ၂၀၀၅ခုနှစ်တွင် ၉၅မှတ်ဖြင့် ဗိုလ်စွဲခဲ့သည့် ချဲလ်ဆီးမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင်ရမှတ်ဖြစ်ပြီး ဖာဂူဆန်အနေဖြင့် ချဲလ်ဆီးကို စံချိန်ကိုကျော်ဖြတ်ရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။

ကျွန်တော့်နှလုံးသားထဲမှာ ချဲလ်ဆီးရှိနေပါတယ်---မော်ရင်ဟို

ရီးရဲလ်နည်းပြ မော်ရင်ဟိုက မိမိ၏ နှလုံးသားထဲတွင် ချဲလ်ဆီးရှိနေဆဲ ဖြစ်သည်ဟု ၀န်ခံသွားခဲ့သည်။ ယခုရာသီအကုန်၌ ချဲလ်ဆီးတွင် မော်ရင်ဟို ပြန်လည်နည်းပြရန် သဘောတူညီမှု ရခဲ့သည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖွင့်ဟလာခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော သတင်းများအရ မော်ရင်ဟို၏အေးဂျင့် ဂျော့စ်မန်ဒက်မှာချဲလ်ဆီး၊ ပီအက်စ်ဂျီတို့နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ၎င်းအနေဖြင့် ရာသီအကုန်တွင် အဆိုပါ ၂သင်းအနက် ၁သင်းကို နည်းပြမည်ဟု သိရှိရသည်။

မော်ရင်ဟိုက “လန်ဒန်မှာ ကျွန်တော့်အိမ်ရှိသလို ချဲလ်ဆီးနဲ့ပတ်သက်တဲ့ ကျွန်တော့်ခံစားချက် ကလည်း ပြင်းထန်ပါတယ်။ အဲ့ဒီအတွက် တနေ့နေ့မှာ ပရီးမီးယားလိဂ်ကို နည်းပြလုပ်ဖို့ရှိပြီး ချဲလ်ဆီး မဟုတ်ရင်တော့ တစ်သင်းသင်းမှာ နည်းပြမှာပါ။ ချဲလ်ဆီးက ကျွန်တော့်နှလုံးသားထဲမှာ ရှိနေလို့ တခြားကလပ်တွေထက်တော့ ပိုပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့် ၃နှစ်ခွဲ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ မော်ရင်ဟိုက လန်ဒန်တွင် လမ်းလျောက်ရခြင်းမှာ ၎င်းအတွက် မွေးရပ်မြေတွင် လမ်းလျောက်ရသကဲ့သို့ ခံစားရပြီး ၎င်းအတွက် နောက်တစ်ကြိမ် ပြန်လာချိန်တွင်လည်း ယခင်အခြေအနေမျိုးကဲ့သို့ ခံစားရမည်ဖြစ်ကြောင်း ၎င်း၏လန်ဒန်လူနေမှုဘ၀အပေါ် ကောက်ချက်ချသွားခဲ့သည်။

အသက်ရှည်စေနိုင်သော ဆေးဝါးကောင်း

အသက် အရွယ် အိုမင်းမှုကို အောင်နိုင်ပြီး ၁၅၀ နှစ် အထိ အသက် ရှည်နိုင်တဲ့ ဆေးဝါးဟာ ငါးနှစ် အတွင်း ပေါ်ပေါက် လာတော့ မယ်လို့ Landmark မှ သုတေသီတွေက ဆိုပါတယ်။ အနီရောင်ဝိုင် မှာ တွေ့ရှိရတတ်တဲ့ Resveratrol သူ ကို ပြုပြင်ထားတဲ့ ဆေးဝါး အသစ်ဖြစ်ပြီး SIRT 1 ခေါ်တဲ့ ပရိုတင်းရဲ့ လုပ်ဆောင်မှုကို မြင့်မား စေကာ အရွယ် နုပျိုနိုင် မယ့် အကျိုး သက်ရောက် မှုကို ရရှိ စေတယ်လို့ ဆိုပါတယ်။ ဒီဆေး ဝါးကို ကင်ဆာ ရောဂါ၊ ဆီးချို ရောဂါနဲ့ နှလုံး ရောဂါ အပါအဝင် ရောဂါ ခံစားရတဲ့ လူနာတွေ အပေါ်မှာ Glaxo Smith Klineဆေးကုမ္ပဏီက စမ်းသပ်မှုပြုလုပ်ပြီးပြီလို့ သိရပါတယ်။ အယ်လ်ဇိုင်း မားရောဂါ၊ ပါကင်ဆန်ရောဂါ၊ အသည်း အဆီဖုံး ရောဂါ၊ အတွင်း တိမ်ရောဂါ၊ အရိုးပါး ရောဂါ၊ ကြွက်သား သိမ်တာ၊ အိပ်ရေး ပျက်ခြင်း တာနဲ့ ဂျွတ်၊ အဆစ် ရောင် ရောဂါနဲ့ အူမကြီး ရောင်ရမ်းတဲ့ ရောဂါ လိုမျိုး ရောင် ရမ်းမှု ရောဂါတွေ အတွက်လည်း စမ်းသပ် နေပြီလို့ သိရပါ တယ်။ အခုပေါ်တဲ့ ဆေးဝါး အသစ်ဟာ ဝိုင်အနီ တစ်ခွက် သောက် တာထက် အဆ ၁၀ဝ ခန့် အကျိုး သက်ရောက်မှု ပို ကောင်းတယ်လို့ ဆိုပါတယ်။ ဒီဆေးကို သောက်ဆေး အဖြစ် အသုံးပြု နိုင်သလို လိမ်းဆေး အနေနဲ့လည်း အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။ နှလုံးသွေး ကြောရောဂါကို ကာကွယ်ဖို့ အတွက် Statin ဆေးဝါးကို အသုံးပြု သလိုမျိုး ဒီဆေးဝါးကို အသက် ရှည်ဖို့ အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။

ကြက်သွန်ဖြူက အူမကြီးကို အကာအကွယ်ပေးနိုင်

အင်တီအောက် ဆီးဒင့် အများ အပြား ပါဝင်တဲ့ ကြက်သွန်ဖြူလို အစာတွေက အရသာ ရှိရုံသာမက အူမကြီးအ ကျိတ်ဖြစ် နိုင်ခြေကို လျော့ကျစေ နိုင်ပါတယ်။ ကြက်သွန်ဖြူကို လှီးဖြတ်ပြီး အသုပ်တွေထဲမှာ ထည့်စားပါ။

မျက်လုံးဖောင်းအစ်မှု သက်သာစေမည့် နည်းငါးမျိုး

မျက်စိ ယားယံမှုနဲ့ ဓာတ်မတည့်မှု တို့ကြောင့် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်သပ် မိရာက မျက်လုံး ဖောင်းအစ် မှုတို့ ဖြစ်တတ် ပါတယ်။ အဲဒီလိုမဖြစ်စေ ဖို့ အောက်ပါ နည်းငါးမျိုးကို လိုက်နာသင့် ပါတယ်။

(၁) မျက်စိကို မထိတွေ့ခင် လက်ဆေးပါ

မျက်စိထဲကို ဝင်တဲ့ ဓာတ်မထည့်မှု ပိုးမွှား တွေက အဓိက အားဖြင့် လက်ကနေ ဝင်လာတာပါ။ လက်ကို မကြာ ခဏ ဆေးကြော ပေးပါ။ အထူးသဖြင့် လက်ကို ဆေးကြော သန့်စင်ပြီးမှ မျက်လုံး ကို ထိတွေ့ကိုင်တွယ်သင့် ပါတယ်။

(၂) မျက်စိယားလျှင် မျက်စဉ်းဆေး ခတ်ပါ

ဆားရည်နဲ့ မျက်ရည်တု တွေက မျက်စိတွင်း ဓာတ်မတည့် မှုတွေ သန့်စင်အောင် ဖယ်ရှားပေး နိုင်ပါတယ်။ မျက်စိ ခြောက်သွေ့မှု အတွက် သုံးတဲ့ မျက်ရည် တုတွေက မျက်စိ ယားယံမှုနဲ့ ခြောက် သွေ့မှုကို သက်သာစေ ပါတယ်။

(၃) အေးမြသော ပိတ်စတစ်စကပ်ပါ

မျက်စိ ယားယံမှု ဖြစ်လွန်းရင် အေးမြ သန့်ရှင်းတဲ့ ပိတ်စကို မျက်စိပေါ်ကို အုပ်ပေးပါ။ ဒါဆိုရင် မျက်လုံးဖောင်းအစ် မှုကို သက်သာစေပြီး မျက်စိ ရောင်ရမ်းမှု လျော့ကျကာ ယားယံတာကို သက်သာ စေပါတယ်။

(၄) ပြတင်းပေါက်ကို ပိတ်ထားပါ

အရာတွေကို အမြဲရှောင်လွှဲ ဖို့ဆိုတာ မ ဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မျက်စိထဲကို ဖုန် မှုန့်တွေ မဝင်ဖို့ဆိုရင် အိမ်ထဲမှာနေရင် တောင် ပြတင်းပေါက်ကို ပိတ်ထားဖို့ လို ပါတယ်။ အထူးသဖြင့် ဖုန်မှုန့် ထူထပ်တဲ့ နေရာတွေမှာ ပြတင်းပေါက် ပိတ်ပြီး အဲ ကွန်းဖွင့်ထားပေးရပါမယ်။ လေအပြင်း အထန်တိုက်တဲ့ အချိန်တွေမှာ ပြတင်း ပေါက်ကို ပိတ်ပြီး အိမ်ထဲမှာနေပါ။

(၅) နေကာမျက်မှန် တပ်ပါ

နေကာ မျက်မှန်နဲ့ ပုံမှန် မျက်မှန်တပ် ရင် မျက်စိထဲကို ဖုန်မှုန့်တွေ၊ ပန်းဝတ် မှုန်တွေ မဝင်အောင် ကာကွယ် ပေးနိုင်ပါတယ်။ နေကာမျက်မှန်ဟာ ခရမ်းလွန် ရောင်ခြည် ဒဏ်ကြောင့် မျက်စိ ထိခိုက်မှု မရှိအောင် ကာကွယ် နိုင်ပါတယ်။

ပဲကကိုယ်တွင်းစနစ်ကို သန့်စင်စေနိုင်

ပဲအမျိုး မျိုးဟာ ကျန်းမာ ရေးနဲ့ ညီ ညွတ်တဲ့ ပရိုတင်းဓာတ် ပါဝင်တဲ့ အပြင် နှလုံး ကျန်းမာ စေတဲ့ အမျှင် ဓာတ်လည်း ပါဝင် တာကြောင့် ကိုယ်တွင်း စနစ်ကို အလုပ် ကောင်းကောင်း လုပ်ဆောင်နိုင် စေ ပါတယ်။ ပဲမှာ ဗီတာမင် ဘီအုပ်စု အပြည့်အဝ ပါဝင်တာကြောင့် နှလုံးကို ကာကွယ် ပေးနိုင်ပြီး စိတ်ဖိ စီးမှုကို လျော့ ကျ စေပါတယ်။

အသက်ရှင်ရန် အိပ်ပါ

အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။ အစာ အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန် တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။

အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ

ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေးဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။

နွားနို့သောက်ပါ

Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း အိပ်စက်မှု ကောင်းစေ တဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။

ငှက်ပျောသီး စားပါ

ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့
အစား အစာတွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။

သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ

အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် လည်ချောင်းတွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း သွားပါတယ်။ သမ်းဝေတာ ရပ်အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။

ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ

အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။

ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ

ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက နိုးလာတတ် ပါတယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်ဝတ်အိပ်ပါ။

အအိပ်ကို ဦးစားပေးပါ

အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ ဘဝရဖို့ အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။

လှပစေရန် အိပ်ပါ

သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေ အသစ် ပြန်လည် ဖြစ်ပေါ် လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် လာစေ နိုင်ပါတယ်။

အိပ်ရာမဝင်ခင် ရေချိုးပါ

အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax ရရှိစေ ပြီး အိပ်ပျော်စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှစပြီး ကဖင်းကို ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေးကို ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း ကဖင်း ပါဝင်တာကြောင့် ချော ကလက်ကို ညအချိန်မှာ မစားပါနဲ့။

ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ် ပါစေနဲ့

သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀ မိနစ်လောက် အချိန် ယူရတယ်။