28.3.13

ကိုရီးယားသွားခွင့် စာမေးပွဲ ကွန်ပြူတာဖြင့်သာ ဖြေဆိုရတော့မည်

ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင် ခွင့်ရရန် ကွန်ပြူတာ အခြေပြု စစ်ဆေးသည့် ပုံစံဖြင့် ပြောင်းလဲ စစ်ဆေး တော့မည်ဟု သိရသည်။ သမာရိုးကျ အဖြေလွှာ စာရွက်ဖြင့် ဖြေဆိုသည့် စနစ်မှ ပြောင်းလဲ စစ်ဆေး နိုင်ရန်အတွက် ကွန်ပြူတာ အခြေပြု စာစစ် ဌာနကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် အလုပ်သမား အလုပ်ကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနမှ ၀န်ကြီး ဦးမောင်မြင့်၊ ၀န်ကြီးဌာန ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အစည်း (HRD Service of Korea)မှ ဒုတိယ ဥက္ကဌ Mr. Lee Choon Book နှင့် သက်ဆိုင်ရာ ဌာနမှ ညွှန်ကြား ရေးမှူး ချုပ်များ ၀န်ထမ်းများ တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ ကိုရီးယား နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် ဘာသာစကား အားနည်းမှုများ မရှိစေရန် အရည်ချင်းစစ် စာမေးပွဲများကို သေချာစွာ စိစစ်ကြပ်မတ်၍ အလုပ်သမား စေလွှတ်နိုင်မည်ဖြစ်ပြီး အလုပ်သမား ခေါ်ယူမှုကိုလည်း လျှင်မြန်စွာ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ ကိုရီးယား နိုင်ငံသို့ ၂၀၀၈ မှ တရားဝင်လုပ်သားများကို စာမေးပွဲ ဖြေဆို ရွေးချယ်၍ စေလွှတ်ခဲ့ရာ ယခုနှစ် အထိ လုပ်သား ၇၀၀၀ ကျော် စေလွှတ်ပြီးကြောင်း သိရသည်။

0 comments:

Post a Comment