28.3.13

ဘေးလ်အား စွန့်စား အသုံးပြုမှာ မဟုတ်သည့် ဝေးလ်အသင်း

ဝေးလ်အသင်း နည်းပြ ခရစ်ကိုးမန်းသည် လာမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ခရိုအေးရှား အသင်းနှင့် ပွဲစဉ်မှာ ဒဏ်ရာ ရရှိနေသည့် အဓိက ကစားသမား ဂါရတ်ဘေးလ်အား ကြံ့ခိုင်မှု မပြည့်ဝပါက စွန့်စား အသုံးပြုသွားမှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အသက်(၂၃)နှစ် အရွယ်ရှိ ဝေးလ်ကစားသမား ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့် စကော့တလန် အသင်းနှင့် ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး ပထမပိုင်းမှာ လူစားလဲ ခံခဲ့ရသည်။ သူသည် လက်ရှိ အချိန်မှာ လေ့ကျင့်မှုများလည်း ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ သူ၏ အခြေအနေကို စောင့်ကြည့်လျက် ရှိနေသည်။ သူ၏ အခြေအနေမှာ တိုးတက်မှု မရှိပါက အသုံးမပြုရန် ဆုံးဖြတ်ရခြင်းသည် ကစားသမား အတွက်သာ မကပဲ စပါး အသင်းအတွက်ပါ မျှတမှု ရှိစေရန်အတွက် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment