28.3.13

ကျွန်တော့်အတွက် မမျှတတဲ့ပြစ်ဒဏ်ပါ

ပြင်သစ်ကွင်းလယ်လူပေါ့ဘာက စပိန်နှင့်ပွဲတွင် ၎င်းကိုထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင် ကက်ဆိုင်၏ဆုံးဖြတ်ချက်မှာ ပြင်းထန်ပြီး ယင်းပြစ်ဒဏ်မှာ မျှတမှုမရှိဟု ဝေဖန်သွားခဲ့သည်။ ပေါ့ဘာမှာ တစ်မိနစ်အတွင်း နှစ်ဝါ၊ တစ်နီဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်ပြီး အလွန်ဆို၊ ဇာဗီတို့ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့၍ ယင်းကဲ့သို့ ထုတ်ပယ်ခံရခြင်းဖြစ်သည်။

သို့သော် ပေါ့ဘာက “ ဒိုင် ဒုတိယအ၀ါကတ်ထုတ်မှ ဇာဗီကအော်ဟစ်လူး လှိမ့်ပြခဲ့တာပါ။ ဒီပြစ်ဒဏ် က ပြင်းထန်လွန်းသလို မျှတမှုလည်း မရှိပါဘူး။ ဒါပေမဲ့အသင်းက နောက်ကလိုက် ကစားနေရချိန်မှာ ကျွန်တော်ထုတ်ခံခဲ့ရလို့ ပိုအားနည်းခဲ့ရပြီး အဲဒီအတွက် ကျွန်တော် စိတ်မကောင်းပါဘူး”ဟု ဖွင့်ဟသွားခဲ့သည်။ စပိန်ကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပြင်သစ်အနေဖြင့် တိုက်ရိုက်ခြေစစ် ပွဲအောင်မြင်ရေးအတွက် လက်ကျန်ပွဲစဉ်များတွင် ပြိုင်ဘက် ခြေချော်ရန် ဆုတောင်းရတော့မည်ဖြစ်သည်။

0 comments:

Post a Comment