28.3.13

ဂျပန်၊ ပြင်သစ်လိဂ်ကလပ်အသင်းများနှင့် ခြေစမ်းမည့် ဗီယက်နမ် ယူ-၂၃ အသင်း

ဗီယက်နမ် လက်ရွေးစင် အမျိုးသား ယူ-၂၃ အသင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ဂျပန်၊ ပြင်သစ် ကလပ်အသင်းများနှင့် ခြေစမ်းကစားမည် ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ် ယူ-၂၃ အသင်းသည် လာမည့် မေ ၃၀ ရက်တွင် ပြင်သစ်ဒုတိယတန်းကလပ် Guingamp FC အသင်းနှင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းတွင် ခြေစမ်း ကစားမည် ဖြစ်သလို လာမည့် ဇွန် ၄ ရက်တွင် ဂျပန်၊ ဂျေလိဂ်ကလပ် ကာရှီမာအသင်းနှင့် ဆက်လက် ခြေစမ်းကစားမည် ဖြစ်သည်။ ဗီယက်နမ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်း တတိယနေရာလုပွဲတွင် မြန်မာ ယူ-၂၃ အသင်းအား ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ စတုတ္ထဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ၂၀၁၃ နေပြည်တော်ဆီးဂိမ်းတွင် ရလဒ်ကောင်းများ ရရှိစေရန် အတွက် ယခုကဲ့သို့ ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

0 comments:

Post a Comment