28.3.13

MNL-2 ဇယားထိပ်ဆုံးတွင် ချင်းယူနိုက်တက်အသင်း ဆက်လက်ဦးဆောင်

MNL-2 ပြိုင်ပွဲ ပွဲစဉ် ၆ ပွဲစဉ်များကို ပြီးခဲ့သည့် မတ် ၂၂၊ ၂၃၊ ၂၄ ရက်များက ပဒုမ္မာ၊ အောင်ဆန်းကွင်းများ၌ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်များအပြီးတွင် ချင်းယူနိုက်တက် အသင်းသည် ရှုံးပွဲမရှိ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဆက်လက် ဦးဆောင်နေသည်။ မတ် ၂၂ ပဒုမ္မာကွင်း၌ ကစားခဲ့သည့် Best Unitde အသင်းနှင့် Michelia အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။ Best Unitde အသင်းအတွက် ဦးဆောင်ဂိုးကို ချမ်းမြေ့သူက သွင်းယူပေးခဲ့ပြီး Michelia အသင်းအတွက် ချေပဂိုးကို ဗညားဦးက သွင်းယူပေးခဲ့သည်။ အောင်ဆန်းကွင်း၌ ကစားခဲ့သည့် ချင်းပြည်နယ်ကိုယ်စားပြု အသင်းနှစ် သင်းဖြစ်သည့် ချင်းယူနိုက်တက်အသင်းနှင့် GFA အသင်းတို့ပွဲတွင် ချင်းယူနိုက်တက်အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 
ချင်းယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးများကို ၁၅ မိနစ်တွင် ဆန်နီဂျက်ဆင်၊ ၃၅၊ ၅၂ မိနစ်များတွင် ကိတ်က သွင်းယူပေးခဲ့သည်။ မတ် ၂၃ ရက် ပဒုမ္မာကွင်း၌ ကစားခဲ့သည့် ဒဂုံအက်ဖ်စီအသင်းနှင့် မောရ၀တီအသင်းတို့ပွဲတွင် မောရ၀တီအသင်းက ၁-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး မောရ၀တီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၆၈ မိနစ်တွင် နောင်နောင်ကျော်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မတ် ၂၄ ရက် ပဒုမ္မာကွင်း၌ ကစားခဲ့သည့် မြ၀တီအသင်းနှင့် Horizon အသင်းတို့ပွဲတွင် မြ၀တီအသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြ၀တီအသင်းအတွက် အနိုင်ဂိုးများကို ၂၂ မိနစ်တွင် Horizon နောက်ခံလူ လွင်မင်းထက် ကိုယ့်ကိုကိုယ်သွင်း၊ ၂၆ မိနစ်တွင် အောင်စိုးမိုးကျော်၊ ၄၆ နှင့် ၄၉ မိနစ်များတွင် တိုးမြင့်လှိုင်က သွင်းယူပေးခဲ့ပြီး Horizon အသင်းအတွက် ဂိုး တစ်ဂိုးကို ၂၀ မိနစ်တွင် အောင်လွင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ပွဲစဉ် ၆ ပွဲစဉ်များအပြီးတွင် ချင်းယူနိုက်တက်အသင်းက ရမှတ် ၁၃ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး မောရ၀တီအသင်းက ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ တတိယနေရာတွင် မြ၀တီအသင်းက ရမှတ် ၉ မှတ်ဖြင့် လည်းကောင်း၊ စတုထ္ထနေရာတွင် GFA အသင်းက ရမှတ် ၈ မှတ်ဖြင့် ဦးဆောင်နေသည်။
ပွဲစဉ် ၆ ရလဒ်များ
Best Unitde ၁ - ၁ Michelia
ချင်း ၃ - ၀ GFA
ဒဂုံ ၀ - ၁ မောရ၀တီ
မြ၀တီ ၄ - ၁ Horizon
ပွဲစဉ် ၇ ပွဲစဉ်များ
၂၉-၃-၂၀၁၃ ချင်း - Horizon (ပဒုမ္မာ)
၃၀-၃-၂၀၁၃ ယူ-၁၉ - မောရ၀တီ (ပဒုမ္မာ)
၃၁-၃-၂၀၁၃ Best United - ဒဂုံ (ပဒုမ္မာ)
၁-၄-၂၀၁၃ မြ၀တီ - Michelia (အောင်ဆန်း) SKY NET Live

0 comments:

Post a Comment