ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.1.14

ဂျပန်ရိုးရာ ဘော်ဒီဆူရှီ

Nyotaimori လို့ ဂျပန်လိုခေါ်တဲ့ စားသောက်နည်းကို အင်္ဂလိပ်လို "Body Sushi" လို့ ခေါ်ပါတယ်။ အများအားဖြင့်က အမျိုးသမီးများရဲ့  ခန္ဓာကိုယ်ပေါ်မှာ ဂျပန်ဆူရှီတင်လို့ စားသောက်ခြင်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ရှေးယခင်ကတည်းက ခေတ်စားပြီး ဆူရှီအတင်ခံရမယ့် အမျိုးသမီး ဘော်ဒီ ကို သေချာ ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးနဲ့ ရေအရင်ချိုးပေးရပါတယ်။ ပြီးတော့မှ ဆူရှီတင်တာပါ။ ဆူရှိ အတင်ခံမယ့် အမျိုးသမီးတွေ ကိုလည်း အရင်ဆုံး ကိုယ်လုံးတီး အဝတ်ဗလာနဲ့ မလှုပ်မယက် တစ် နာရီလောက် အိပ် နိုင်အောင် လေ့ကျင့်ပေးရ ပါသေးတယ်။ ဒါ့အပြင် အေး တဲ့ အစားအသောက်များ တင်တဲ့အခါ မယားတတ်အောင် လည်း လေ့ကျင့် ရပါသေးတယ်။ အဲဒါတွေ ပြီးပြီဆို မှ ဘော်ဒီဆူရှီ အတွက် ဧည့်ခံတာ ဖြစ်ပါ တယ်။

အမေရိကန်က သရဲခြောက်တဲ့ အိမ်

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား ပြည်နယ် Gary မြို့ က အိမ်တစ်အိမ် မှာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်က မိခင်နဲ့ အသက် ၈ နှစ်အရွယ်၊ ၉ နှစ်အရွယ်၊ ၁၂ နှစ်အရွယ် ကလေး သုံးဦး ပြောင်းရွှေ့ လို့ နေထိုင် ပါတယ်။ မြေအောက်ထပ်အခန်း ကနေ အသံတွေကြားကြားရပြီး အမြဲလိုလို သရဲခြောက်ခံနေရတယ်ဆို တာက တော်တော်ကြာမှ သိလာကြ ပါတယ်။ စုန်း တစ္စေပေါင်း အကောင် ၂၀၀ နဲ့ ပြုစားထားတဲ့ အိမ်ဖြစ်ပြီး ယင်း သားအမိ ၄ ဦးကိုပါ ပြုစား ထားကြောင်း ဆိုပါတယ်။ ညတိုင်း အခြောက်လှန့်ခံ ရပြီး ဖျားနာသွားတဲ့ ကလေးကို ပြုစုဖို့အတွက် သူနာပြု တစ်ယောက် လာနေပါတယ်။ သူနာပြုကိုယ်တိုင်ပဲ သူပြုစုတဲ့ ကလေးဟာ နံရံပေါ်ကို နောက်ပြန် လျှောက် တတ် သွားတာကို မြင်ရပြီး ထိတ်လန့်ခြောက်ခြား သွားခဲ့ပါတယ်။ 

သဘင်မင်းသားတွေဖွင့်လှစ်မယ့် သဘင်အနုပညာကျောင်းများ

ဇာတ်သဘင်နဲ့ပတ်သက် ပြီး မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့အတွက် ပုဂ္ဂလိကသဘင်အနုပညာ ကျောင်းတွေဖွင့်လှစ်ဖို့ သဘင်မင်းသားတွေက စီစဉ် ဆောင် ရွက်နေ ကြပြီဖြစ်ပါ တယ်။ဒီလိုအနုပညာ သင်တန်း ကျောင်းကြီးဖွင့်လှစ်တဲ့ အခါမှာသဘင်အနုပညာရှင် ကြီးတွေနဲ့ထိထိရောက်ရောက် သင်ကြားပေးသွား မှာဖြစ် ကြောင်း လည်းသဘင်နဲ့ ပတ်သက်ပြီးအနုပညာ ကျောင်းကြီးဖွင့်လှစ်ဖို့စီစဉ် နေတဲ့ ဖိုးချစ်က ပြောပါတယ်။ ” ကျွန်တော်တို့ ပုဂ္ဂလိက ကျောင်းတွေအနေနဲ့ ၂နှစ် လောက် ဖိဖိစီးစီး သင်ရင် တတ်ပါတယ်။လောလော ဆယ်တော့ အကသင်တန်းနဲ့ ဆိုင်းသင်တန်းကိုစဖို့ စီစဉ် ထားပါတယ်။

ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်

အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့်ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တခါတလေမှာ အိမ်ဖြူတော်ထဲမှာ လှည့်လည်သွားလာနေတဲ့ အဖြူရောင်အရိပ်သဏ္ဍာန်တွေ တွေ့ ရတယ်လို့ နာမည်ကြီးပါတယ်။ သူသေမှာကို ကြိုသိမြင်ခဲ့တယ်ဆိုတဲ့ အမေရိကန် သမ္မတ အေဗရာဟင်လင်ကွန်း ရဲ့ ၀ိဥာဉ်ကို ခဏခဏ တွေ့ ရှိရတယ်လို့  ဆိုပါတယ်။ တစ်ချို့ လူတွေအပြောအရ လင်ကွန်းရဲ့ ၀ိဥာဉ်ဟာ

ဆိုတေး သီချင်းပြန်ဆိုပြီ

၂ဝ၁၃ ခုနှစ်ကုန်ပိုင်းမှာ ကား မတော်တဆဖြစ်မှုကြောင့် အနုပညာ အလုပ်တွေနဲ့ဝေးကွာ ခဲ့တဲ့ဆိုတေး ဟာ အခု ၂ဝ၁၄နှစ်ဆန်းပိုင်းမှာတော့ အနုပညာအ လုပ်တွေ ပြန် လည်ပြု လုပ်ဖြစ်နေပါတယ်။ 

ကျန်းမာရေး အတန်ငယ်ကောင်းမွန်လာတဲ့ ဆိုတေး က ဇန်နဝါရီလ ၂၄ရက်နေ့က ဖိုးချစ် နဲ့အတူ သီချင်းသီဆိုခဲ့ပြီး ၂ဝ၁၄ သင်္ကြန်အတွက် ထွက်ရှိမယ့်သင်္ကြန် စီးရီးမှာလည်း ပါဝင်သီဆိုမယ်လို့ သိရပါတယ်။

ဆိုတေးရဲ့ ကျန်းမာရေးအခြေ အနေက အခုအချိန်မှာ ပိုမိုကောင်း မွန်လာပြီဖြစ်တာကြောင့် သူ့ရဲ့ ဒုတိယတစ်ကိုယ်တော်စီးရီးကိုလည်း ၂ဝ၁၄ အတွင်းမှာ အမြန်ဆုံး ထွက် ရှိနိုင်အောင်ပြုလုပ်သွားမယ်လို့ဆို တေး ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း မှ သိရပါတယ်။

P-054

Popular Journal

လင်းလင်း နှင့် ချစ်သုဝေ တို့၏မင်္ဂလာဦးဆွမ်းကျွေးအလှူ

မောင်ထွေးလင်းကို (ခ) အဆိုတော် လင်းလင်း နှင့် သရုပ်ဆောင် အဆိုတော် ဒေါက်တာ ချစ်သုဝေ (ခ) Treza Lilian တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးကို ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၀ နာရီတွင် ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ကျင်းပခဲ့သည်။ လင်းလင်း နှင့် ချစ်သုဝေ တို့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုများကိုလဲ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဓာတ်ပုံ - အိသွဲ့(တန့်ယန်း)
Popular Journal

ပညာရေး ပြုပြင်ပြောင်းလဲရန် ကြန့်ကြာနိုင်

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် အရေးကြီးသော ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ပညာရေးဝန်ကြီးဌာနက လက်မခံသေးဘဲ ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားနေကြောင်း ပညာရေး ပြုပြင်ပြောင်းလဲလိုသူများက ဧရာဝတီသို့ ပြောကြားသည်။

ပညာရေး ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်မည့် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာ အဆင့်တိုင်းအတွက် အခြေခံမူများ အားလုံးကို ဆွေးနွေးလိုသော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခွင့် မရသေးကြောင်း၊ ပညာရေး ဝန်ကြီးဌာနမှ ပညာရေး အရာရှိတချို့သည် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် တွန့်ဆုတ်လျက်ရှိပြီး အစိုးရ အဖွဲ့အတွင်း၌လည်း

အမေရိကမှာ မွေးဖွားမယ့် နိုင်းနိုင်းနဲ့စန္ဒီချိုတို့ရဲ့ စတုတ္ထမြောက် ရင်သွေးရတနာ

၂ဝ၁၃ နိုဝင်ဘာ ၂၉ ရက်နေ့က အမေရိကကိုထွက် ခွာသွားခဲ့ကြတဲ့နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ကို စတုတ္ထမြောက်ရင်သွေးလေးနဲ့ပတ်သက်ပြီး အင်တာနက်ကနေ တစ်ဆင့် ဆက် သွယ်မေးမြန်း တော့ “နယူးယောက်မြို့ Stony Brook ဆေးရုံမှာဇန်နဝါရီ၂၉ရက် နေ့မွေးဖွားမှာပါ။ယောက်ျား လေးလား၊ မိန်းကလေးလားဆိုတာအခုထိ မသိသေးပါ ဘူး။ မွေးမှပဲသိမှာပါ။ စန္ဒီမွေးဖွားတဲ့အချိန်ကိုနိုင်းကအနားမှာရှိပေးမှာပါ” လို့ပြောပါတယ်။ အကြီးဆုံးသမီးနဲ့ တတိယ မြောက်သမီးတို့ကိုရန်ကုန် မှာမွေးပြီး ဒုတိယမြောက် သားနဲ့အခု စတုတ္ထရင် သွေးကိုလည်း အမေရိကား မှာမွေးဖွားတာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်
Popular Journal

ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ တစ်စီးမီးလောင်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း (၁၀၆) မှတ်တိုင်အနီးတွင် ဇန်နဝါရီလ ၂၆ ရက် ည ၁၂ နာရီကျော်က ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကိုရီးယားနိုင်ငံသား နှစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

ကိုရီးယားနိုင်ငံသား နှစ်ဦး စီးနင်းလိုက်ပါလာသော Mark-X အမျိုးအစား အငှားယာဉ်သည် ယင်းညက အင်းလျားလိတ် ဟိုတယ်လမ်းမှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ ချိုးကွေ့စဉ် ကမ္ဘာအေးဘုရားလမ်း အတိုင်း မြောက်ဥက္ကလာပမြို့နယ် ဘက်သို့ မောင်းနှင်လာသော Kluger အမျိုးအစား ကိုယ်ပိုင်ယာဉ်ကို ကန်လန့်ဖြတ် ဝင်တိုက်မိကြောင်း၊

အပျိုကြီးများရဲ့ အားနည်းချက်များ

၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း
၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း
၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း
၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း
၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ
ပိုက်ဆံကုန်ခြင်း

၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း
၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း
၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို
အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊

မြန်မာနိုင်ငံသည်တစ်ချိန်ကအာရှတိုက်၏တိုးတက်မှုစွမ်း အားမြင့်မားသည့်နိုင်ငံအဆင့်သို့ပြန်ရောက်နိုင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက၄င်း၏နှုတ်ခွန်းဆက်စကားတွင်ဖော်ညွှန်းပြောကြား

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တွင် ပဋိပက္ခများ၊ ထိရှလွယ်သော အခြေအနေများနှင့် အထီးကျန်ဖြစ် နေခဲ့ခြင်းမှကြွယ်ဝ၍အေးချမ်းသော အနာဂတ်ဆီသို့ ခိုင်မာစွာဦးတည် ဆောင်ရွက်နေကြောင်း လေ့လာ
တွေ့ရှိရပါသည်။

မြန်မာနိုင်ငံမှာ အဆင့်(၃) ဆင့်ပါဝင်သော အသွင်ကူးပြောင်း ရေး၏ အဓိကအစိတ်အပိုင်းတွင် ရောက်ရှိနေပါသည်။ ¤င်းအဆင့် များမှာ စစ်ဘက်အစိုးရအုပ်ချုပ်ရေး မှဒီမိုကရေစီစနစ်သို့လည်းကောင်း၊ နယ်စပ်ဒေသပဋိပက္ခများမှငြိမ်းချမ်း ရေးဆီသို့လည်းကောင်း၊နိုင်ငံတော် ဗဟိုပြုစနစ်မှ ဈေးကွက်ဗဟိုပြု စီးပွားရေးစနစ်သို့ လည်းကောင်း စသည်ဖြင့်ဖြစ်ပါသည်။

လုံးချင်းအိမ်ယာတွင် အထပ်မြင့်(၈)ထပ်တိုက်ဆောက်လုပ်ခြင်းအား လုံးဝသဘောမတူကြောင်း လမ်းသူလမ်းသားများကပြော

ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် အောင်မြေသာစည် လုံးချင်းအိမ်ယာ ရွှေရတနာလမ်းတွင် နေထိုင်ကျသော လမ်းသူလမ်းသားများအားအထပ်မြင့်(သုံးထပ်ခွဲ)အဆောင်အုံအား ဆောက်လုပ်မည်ဆိုကာ လက်မှတ်ထိုးခိုင်း၍ ယခုအခါ (၈)ထပ်တိုက် ဆောက်လုပ်ခြင်းအား လုံးဝသဘောမတူကြောင်း လမ်းသူလမ်းသားများက ဇန်နဝါရီ ၂၈ရက်က MJN ရုံးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ရွှေရတနာလမ်းတွင် နေထိုင်သော ဦးကျော်ဝင်းက “၉မီတာ ပေ၃၀ ရှိတဲ့လမ်းတွေမှာဆိုရင် အထပ်မြင့် ၅ထပ်ပဲ ဆောက်ခွင့်ရှိပါတယ် အခု ကျွန်တော်တို့လမ်းက ၂၁ပေပဲ ကျယ်ပါတယ် ဒီလမ်းမှာ အခုလို ၈ထပ်တိုက်

စမ်းချောင်းကျွန်းလယ်မှ သမ၀ါယမအသင်းသားများ (၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် စမ်းမြောက်ရပ်ကွက် စမ်းချောင်းလမ်းနှင့် ပန်းခြံလမ်းထောင့်ရှိ သမ၀ါယမဦးစီးဌာန အရှေ့၌ ဇန်န၀ါရီ(၂၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီခန့်တွင် သမ၀ါယမအသင်းသားများမှ ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ ကြသည်။

ပိုက်လိုင်းပေါက်မှု ပြင်ဆင်ပြီး၍ CNG ဂက်စ် ပုံမှန်အတိုင်း ပြန်ရောင်းမည်

ညောင်တုန်းရေနံမြေမှ ရွာမ သဘာဝဓာတ်ငွေ့ စက်ရုံသို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ သွယ်တန်းသော ပိုက်လိုင်း ပေါက်မှုကို ပြင်ဆင်ပြီးဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများနှင့် အငှားယာဉ်များကို CNG သဘာဝဓာတ်ငွေ့

ရှေးဟောင်းငွေကွမ်းတောင်မီးခြစ် သက်ဆိုင်ရာအပ်နှံမည်

မိတ္ထီလာမြို့ တောမကျေးရွာ အုပ်စု ရေချိုကျေးရွာ လူနေအိမ် ဝိုင်းတစ်ခုတွင် တွင်းတူးရာမှတွေ့ ရှိရသည့် ရှေးဟောင်းငွေကွမ်း တောင်မီးခြစ်ကို သက်ဆိုင်ရာသို့ အပ်နှံမည်ဖြစ်ကြောင်း လက်ဝယ် ပိုင်ဆိုင်ထားသူ ရေချိုကျေးရွာသား တစ်ဦးက ပြောသည်။

အထက်အမိန့်ကို ချင့်ချိန် လိုက်နာရန် တပ်မတော် တပ်မှူး၊ တပ်သားများကို PSLF/TNLA ပန်ကြား

မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့များအကြား ၂ နှစ်ကျော် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ များတွင် တပ်မတော်သား အများစုသာ သေကြေ ပျက်စီးရသဖြင့် မြန်မာ့တပ်မတော် တပ်မှူး၊ တပ်သားများ အထက်အမိန့်ကို ချင့်ချိန် လိုက်နာကြရန် PSLF/TNLA က ပန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

၂၀၃၀ အမီ မြန်မာတပြည်လုံး လျှပ်စစ်မီးနဲ့အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှုရရေး ကမ္ဘာ့ဘဏ်ကူမည်

မြန်မာနိုင်ငံတွင်း ၂၀၃၀ ခုနှစ်မှာ ပြည်သူအားလုံး လျှပ်စစ်မီးရရှိရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၂,၀၀၀) ပမာဏရှိတဲ့ နှစ်ရှည်ဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်သွားမယ်လို့ ကမ္ဘာဘဏ် ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ အထူးသဖြင့်တော့ လျှပ်စစ်မီးရရှိရေး အတွက် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးပိုင်းတွေမှာ ဒေါ်လာ သန်းတထောင် အကုန်အကျခံသွားမယ်လို့ ပြောပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ကမ္ဘာဘဏ်ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲ ကနေ

၂၀၁၄ ခုနှစ် ဇွန်လ မတိုင်မီ ကမ္ဘာ့ဘဏ်အဖွဲ့က မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၇၀၀ ကျော် အသုံးပြုနိုင်ရန် ကတိက၀တ်ထား ဆောင်ရွက်နေကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ပြောကြား

၂ဝ၁၄ ခုနှစ်ဇွန်လ မတိုင်မီ ကမ္ဘာ့ဘဏ် အဖွဲ့က မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၇ဝဝ ကျော် အသုံးပြုနိုင်ရန် ကတိကဝတ်ထား ဆောင်ရွက်နေကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေါက်တာဂျင်ယောင်ကင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ အဖိုးတန်သစ်တော သယံဇာတများကို တရုတ်နိုင်ငံသားအချို့ပါဝင်သည့် သစ်ခိုးထုတ်သည့်အဖွဲ့များက တစ်ဖက်နိုင်ငံသို့ တရားမ၀င် သစ်ခိုးထုတ်တင်ပို့ ရောင်းချနေမှုများကို စီမံချက်ဖြင့် ဖမ်းဆီးနေ

မြန်မာနှင့် တရုတ်နိုင်ငံတို့ နယ်နမိတ်ထိစပ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အဖိုးတန် သစ်တောသယံဇာတများကို တရုတ်နိုင်ငံသားအချို့ပါဝင်သည့် သစ်ခိုးထုတ်သည့်အဖွဲ့များက တစ်ဖက်နိုင်ငံသို့ တရားမ၀င် သစ်ခိုးထုတ်တင်ပို့ရောင်းချနေမှုများကို စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံမှသစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီကာ တရားမ၀င် သစ်ခိုးထုတ်မှုများကို တရုတ်အစိုးရအနေဖြင့် တားဆီးပေးပါရန် တရုတ်နိုင်ငံတွင် ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သည့် ဆွေးနွေးပွဲများတွင် မြန်မာအစိုးရတာဝန်ရှိသူများက တရားဝင်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရားရေးဝန်ထမ်းအချို့၏ အဂတိလိုက်စားမှုများအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် သက်ဆိုင်ရာခွင့်ပြုမှုဖြင့် တစ်ကိုယ်တော်ဆန္ဒပြ

တရားရေးဝန်ထမ်းအချို့၏ အဂတိလိုက်စားမှုများအတွက် ဇန်န၀ါရီ ၂၇ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် တစ်ကိုယ်တော်ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုကို ဒီမိုကရေစီရေး၊ စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် တရားသူကြီးအချို့၏ အကျင့်ပျက်ခြစားမှုများ၊ တရားမျှတမှုမရှိသည့် အချက်များတို့ကို ဟောပြောဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများ ပြုလုပ်ရန်စီစဉ်

အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကို ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် မကွေးတိုင်းဒေသကြီးနှင့်

တရုတ်ပြည်က ဒေါ်စုကို တရားဝင်ဖိတ်ခေါ်မယ့် သတင်းထွက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ယောင်ဟူလန်း က ပြောဆိုတဲ့အကြောင်းတရုတ်သတင်းမီဒီယာအချို့မှာ ရေးသားကြပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ တရုတ်အနေနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင်တဦးကို ဖိတ်ကြားဖို့ဆိုတာမှာ၊ သက်ဆိုင်ရာအစိုးရဘက်နဲ့ ညှိနှိုင်းသဘောတူပြီးသားဖြစ်နိုင်သလို ဒေသတွင်းသြဇာဟန်ချက်ထိန်းနိုင်ဖို့ ကြိုးပမ်းမှုတရပ်လည်းဖြစ်မယ်လို့ ယူဆကြပါတယ်။

Sky Net၊ Forever ရုပ်သံမီဒီယာများအပြင် FM ကုမ္ပဏီများနှင့် ပြန်ကြားရေးတို့ ချုပ်ဆိုထားသည့် တစ်ဖက်သတ်ဆန်သော စာချုပ်များအား ရပ်ဆိုင်းပြီး ပွင့်လင်းစွာချပြပြင်ဆင်ရန် အများပြည်သူလိုလား

ပုဂ္ဂလိက ရုပ်သံမီဒီယာများဖြစ်သော Sky Net ၊ Forever ၊ ရေဒီယိုထုတ်လွှင့်ခွင့် ရရှိထားသော FM ကုမ္ပဏီများနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသည့် လုပ်ငန်းရှင် ကောင်းစားရေးကို ဦးတည်ထားသော တစ်ဖက်သတ်ဆန်သည့် စာချုပ်များကို ရပ်ဆိုင်းပြီး ပွင့်လင်းစွာချပြပြင်ဆင်ရန် ပြည်သူအများက လိုလားလျက်ရှိနေသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကရုပ်သံလိုင်းနှစ်ခုဖြစ်သော Sky Net နှင့် Forever ၊ ပြန်ကြားရေးနှင့် FM လိုင်းရှစ်ခုဖြစ်သော မြို့တော် FM၊ မန္တလေး FM၊ ချယ်  ရီ FM၊ ရွှေ FM၊ ပဉ္စ၀တီ FM၊ ပတ္တမြား FM၊ ပုဂံ FM၊ သဇင် FM တို့အကြား စာချုပ်များချုပ်ဆိုကာ ပုဂ္ဂလိကသို့ အကျိုးတူလုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်သည်။

EMG သတင်းထောက် မခိုင်အား ထောင်ဒဏ်ချမှတ်သည့်အပေါ် အယူခံတင်သွင်းမှု လွိုင်ကော်ခရိုင်တရားရုံး ပယ်ချ၊ မျှတခြင်းမရှိသည့် တရားစီရင်မှုအပေါ် အယူခံ ဆက်လက်တင်သွင်းတော့မည်မဟုတ်

လွိုင်ကော်မြို့နယ်တရားရုံးက Eleven Media Group ၏ နယ်သတင်းထောက် မခိုင်အား မတရားထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ်ခရိုင်တရားရုံးသို့ အယူခံတင်သွင်းမှုအား လွိုင်ကော်ခရိုင်တရားရုံးက ဇန်န၀ါရီ ၂၇ ရက်က ပယ်ချခဲ့သည်။

ထို့ကြောင့် တရားမျှတမှုမရှိသည့် တရားစီရင်မှုအပေါ် အယူခံတင်သွင်းတော့မည် မဟုတ်ကြောင်း သိရသည်။

"အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးမဏ္ဍိုင်အပေါ်ကို လွှမ်းမိုးနေတာကြောင့် ဒီလိုအဖြေထွက်လာတာပါ" ဟု ရှေ့နေများကွန်ရက်မှ ဦးအေးမင်းက ပြောကြားသည်။