ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.5.13

သရုပ်ဆောင် ရဲတိုက်အား ခရစ်ယာန် ဘုရားကျောင်းအတွင်း ၀င်ရောက် ဆန္ဒပြမှုကြောင့် ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် အရေးယူထား


၂၉.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
 
ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းအတွင်း
မေ ၂၈ ရက် နံနက်ပိုင်းက ခွင့်ပြုချက်မရဘဲ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်
ခဲ့သည့် သရုပ်ဆောင်ရဲတိုက်အား ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက် အကြံအစည် ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/(က) ဖြင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင် ရဲတိုက်သည် ယင်းနေ့နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းသို့ ၀င်လာကြောင်း၊ ဘုရားကျောင်း တာဝန်ရှိသူတွေမှ တားဆီးသည့်အခါတွင် ၎င်းက တံခါးချက်များကို အတင်းဖွင့်ပြီး ဘုရားကျောင်းထဲ ၀င်ရောက်ခဲ့ကြောင်း၊ ယင်းနောက် မွန်းတည့် ၁၂ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်ဝင်လာကြောင်း၊ ဘုရားကျောင်း တာဝန်ရှိသူများမှ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီ အထိ တံခါးပိတ်ကြောင်း ပြောသည့်အခါ မယ်တော်ဂူကို ကျောခိုင်း၍ ရှိခိုးပြီး ပြန်ထွက်သွားခဲ့ကြောင်းနှင့် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ၎င်းမှ ဘုရားကျောင်းဝင်း အတွင်းသို့ ထပ်မံရောက်ရှိလာခဲ့ကာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော "နှလုံးသားမှ ထွက်ပေါ်လာသော နာကျင်မှုစာသား၊ ဘုရားသခင် ရှေ့မှောက်မှာ ဒူးထောက်ခြင်းကို ကျွန်ုပ်နှစ်သက်ပါသည်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို အရူးလို့ ပြောတယ်။ ကျွန်ုပ်က တရားမျှတခြင်းကို ယုံကြည်ပါတယ်" ဟု မြန်မာလို အဓိပ္ပာယ်ရသည့် စာတန်းအား ကိုင်ဆောင်၍ ဒူးထောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးသာဇံ၏ ပြောကြားချက်အရ သိရသည်။ ၎င်းက ဆက်လက်ပြီး "ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ ပြုမူတဲ့ အမူအကျင့်အတိုင်း မဟုတ်ဘဲနဲ့ တစ်ဖက်က ခရစ်ယာန်ဘာသာကို ညှိုးနွမ်းစေတဲ့ အပြုအမူတွေ ပါဝင်နေတဲ့အတွက် ဘုရားကျောင်းက တာဝန်ရှိတဲ့ ဘာသာရေး အကျိုးဆောင်တွေ ပြောတာကို သူကမနာခံဘူး။ မနာခံဘဲနဲ့ ဆက်လုပ်နေတဲ့အတွက် ကျွန်တော်တို့ကို လှမ်းအကြောင်းကြားလို့ ကျွန်တော်တို့ သွားရောက်ထိန်းသိမ်း လိုက်တာပါ။ လောလောဆယ် ကျွန်တော်တို့ သူ့ကို ဒီမှာပဲ ထိန်းသိမ်းထားပါတယ်။ လောလောဆယ်တော့ အာမခံ မပေးသေးပါဘူး" ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စိန့်မေရီကာသီဒြယ် သာသနာ့အကျိုး
တော်ဆောင် အဖွဲ့မှ မေ ၂၈ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် သရုပ်ဆောင် ရဲတိုက်သည် သူတော်စင်များသာ ၀င်ရောက်ရသည့် ဓာတ်တော်မွေတော်များ ထားရှိရာ သန့်ရှင်းသည့်နေရာ၊ အထွတ်အမြတ်ထားရာ (Sanctuary) အတွင်းသို့
မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဆန့်ကျင်သည့် မတင့်တယ်သော အ၀တ်အစား (စွပ်ကျယ်လက်ပြတ်)နှင့် ၀င်ရောက်ကာ အထွတ်အမြတ်
ထားရာ ဗိမာန်တော်ကို ကျောပေးလျက် မသင့်တင့် မလျောက်ပတ် မလျော်ကန်သော အပြုအမူမျိုး ပြုလုပ်ခြင်းနှင့် တတိယအကြိမ် ပြန်လည်
ရောက်ရှိလာရာတွင် သတင်းထောက်များ၊ မီဒီယာအဖွဲ့ဝင်များ ခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဘုရားကျောင်း သာသနာ့ ပရ၀ဏ်အတွင်း ၀င်ရောက်ကာ မည်သည့်အာဏာပိုင် အဖွဲ့အစည်း၏ ခွင့်ပြုချက်မျှ ရယူခြင်းမရှိဘဲ တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း ဖော်ပြ
ပါရှိသည်။ 

eleven media group

စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးငယ်များအားပြည်ပသို့ပို့ရန်စီစဉ်သဖြင့် အရေးယူ


၂၉.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
 

၂၈.၅.၂၀၁၃ ရက်နေ့တွင် ရန်ကုန်လူကုန်ကူးတပ်ဖွဲ့စုမှ
တပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်၊ အမှတ် ၁၀၂၊ ဗဟိုလမ်း၊ စမ်းချောင်း(မြောက်)ရပ်ကွက်နေအိမ်တွင် စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် လူပို့ဆောင်ရန် ဆောင်ရွက်နေကြောင်း

အထက်ဌာန၏ချပြသတင်းအရ အိမ်ရှင်ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်အေး(ခ)မမော်အား စိစစ်ရာ ၎င်း၏နေအိမ်တွင် မမိုးမိုးလှိုင်၊ မစုမွန်ထွေး၊ မခင်မိုး (ခ) မခင်မိုးမြင့်၊ မဖူးငုံ၊ မမြမြစိုး၊ မမြင့်မြင့်ခိုင်၊ မမြတ်မီမီဇင်၊ မနှင်းဝေကြူ(ခ)သင်းဝေကြူ၊ မနှင်းဝေေ၀ထွန်း(ခ)၊ နန်းစီလာ၊ မရွှေဇင်ဝင်း(ခ)မင်းမင်း၊ မသက်သက်ခိုင်၊ မဥမ္မာလင်းနှင့် မဥမ္မာတို့ (၁၃)ဦးအားတွေ့ရှိခဲ့ပါသည်။

၎င်းအမျိုးသမီးငယ်များအား စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ်လုပ်၍ လုပ်အားခအဖြစ် ၁ လလျှင် စင်္ကာပူဒေါ်လာ ၄၀၀ မှ ၄၅၀
(မြန်မာငွေ ၃ သိန်းကျပ် (သို့) ၃ သိန်းခွဲ) ရမည်ဖြစ်ကြောင်း ပို့ဆောင်ခအဖြစ် ၆လ/၇လ လစာဖြတ်ယူကာ ၂ နှစ်စာချုပ်ဖြင့် ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးစုစည်းထားရှိပြီး

နိုင်ငံကူးလက်မှတ်များ ဆောင်ရွက်ပေးကာ စင်္ကာပူနိုင်ငံရှိ
KCL ကုမ္ပဏီနှင့် ဆက်သွယ်ပို့ဆောင် ပေးရန် စီစဉ်လျက်ရှိသည်ကို စိစစ်တွေ့ရှိ ရသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်မရှိဘဲ အမျိုးသမီးငယ်များအား အိမ်အကူအဖြစ်ပြည်ပသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့သူ့ ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်အေး
(ခ)မမော်အား စမ်းချောင်းမြို့မရဲစခန်းတွင် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လားရှိုးမြို့တွင်အမျိုးသမီးတစ်ဦးဓာတ်ဆီလောင်းမီးရှို့ခံရမှုနောက်ပိုင်း ဖြစ်ပွားခဲ့သော ဗလီမီးရှို့မှုများကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ-၁၄၄ ထုတ်ပြန်


၂၉.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

 
ည ၈ နာရီ ၀န်းကျင်ခန့်က လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း မီးလောင်နေစဉ်

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာ အဆောက်အအုံ နှစ်လုံးနှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်းတွင် အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သန္နီလမ်းပေါ်၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း (၂၄ နှစ်) (ရှမ်း/တရုတ်/မြန်မာ/ဗုဒ္ဓ) ကို ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်မှ ရောက်ရှိလာသူ နေ၀င်း (၄၈ နှစ်) (အိန္ဒိယ/တရုတ်/အစ္စလာမ်) မှ ဓာတ်ဆီလောင်းပြီး မီးရှို့ရန် ပြေးလိုက်သဖြင့် မအေးအေးဝင်းမှ ရတနာတင်းတိမ် လမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထိုလမ်းအတွင်းမှာပင် မအေးအေးဝင်းမှာ မပြေးနိုင်တော့ဘဲ မိသွားစဉ် နေ၀င်းမှ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း၊ အဆိုပါ မြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံများက ထိုအစ္စလမ် ဘာသာဝင်ကို ၀ိုင်းရိုက်ခဲ့ကြကြောင်း၊ သတင်းကြားသည်နှင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ ဓာတ်ဆီလောင်း မီးရှို့သူ နေ၀င်းကို အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ဒေသခံ ၁၅၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် အမှတ် (၁) ရဲစခန်းရှေ့သို့ စုရုံးရောက်ရှိလာပြီး မီးရှို့သူ တရားခံကို ထုတ်ပေးရန် အော်ဟစ်ပြောဆို ခဲ့ကြကြောင်း မျက်မြင်ဒေသခံများက ဆိုသည်။

"မီးရှို့တဲ့သူနဲ့ အရှို့ခံရတဲ့ မိန်းကလေးက နဂိုကတည်းက သိကြတာ မဟုတ်ဘူး။ မြင်လည်းမြင်ဖူးကြတာ မဟုတ်ဘူး။ ဒီဘာသာခြားကလည်း လားရှိုးမြို့ကို ရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်၊ တည်းခိုခန်း တစ်ခုမှာတည်းတာ" ဟု The Daily Eleven ၏ လားရှိုးသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ ဓာတ်ဆီလောင်း မီးရှို့ခံရသော မအေးအေးဝင်းသည် ခြေ၊ လက်နှင့် ဆံပင်များ မီးလောင်ကျွမ်းသွားပြီး လားရှိုးမြို့ ဆေးရုံကြီး၊ အရေးပေါ်ဌာနတွင် တင်ပို့ကုသထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက "ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်နေ နေ၀င်းနဲ့ ပြည်ထောင်စုလမ်းမကြီး နံဘေး၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးအနီး ဓာတ်ဆီဆိုင်ဖွင့် ရောင်းနေတဲ့ မအေးအေးဝင်းတို့ စကားများ ရန်ဖြစ်ရာက ခုလို ပြဿနာ စဖြစ်တာပါ။ နေ၀င်းကို ဖမ်းမိစဉ် ရှာဖွေတဲ့အခါမှာ သူ့ဘောင်းဘီအိတ်ထဲက စိတ်ကြွရူးသွပ်ဆေးပြား နှစ်ပြားတွေ့ရပါတယ်။ အခုလို ဓာတ်ဆီလောင်း မီးရှို့တဲ့ ဖြစ်စဉ်နဲ့ ပက်သက်လို့ မအေးအေးဝင်းရဲ့ဖခင် ဦးမောင်မောင် (ရပ်ကွက် ၈၊ နယ်မြေ ၁၅၊ နယ်မြေမှူး) ကပဲ တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။ ည ၇ နာရီခန့်မှာ မအေးအေးဝင်းရဲ့ ဆွေမျိုးငါးဦးခန့်နဲ့ သံဃာတော် ၁၀ ပါးခန့် ရဲစခန်းကို ရောက်လာပြီး တရားခံကို ထုတ်ပေးဖို့ ပြောရာကနေ လူ ၃၀ လောက် ဖြစ်သွားတယ်။ ဒါနဲ့ ည ၇ နာရီခွဲခန့်မှာပဲ တရားခံကို လားရှိုးအကျဉ်းထောင်ကို ပို့လိုက်ပြီ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ယခု ဖြစ်စဉ်အပေါ် မကျေနပ်သော ဒေသခံတို့မှ ည ၇ နာရီခန့်တွင် လားရှိုးမြို့မဈေးကြီး အနီးရှိ အစ္စလာမ်ဗလီ တစ်လုံးကို မီးရှို့လိုက်ကြကြောင်း၊ ယင်းနောက် လမ်းမတော်လမ်းရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်းကိုလည်း မီးရှို့လိုက်ကြကြောင်း၊ ယခု ၁၀ နာရီ ထိုးသည်အထိ အဆိုပါ အဆောက်အအုံများ မီးလောင်ကျွမ်းဆဲဖြစ်ပြီး စာသင်ကျောင်း နံဘေးရှိ ဈေးဆိုင်ခန်း ၁၅ ခန်းခန့်မှာလည်း မီးလောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ဓာတ်ဆီလောင်း မီးရှို့သူ တရားခံနေ၀င်းကို လားရှိုးမြို့နယ် အမှတ် (၁) ရဲစခန်းမှ (ပ) ၂၅၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၇/၄၃၆၊ ၃၂၆ နှင့် မယ(ပ) ၈၇/၂၀၁၃၊ မူး/စိတ် ၁၅/၁၆(ဃ) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထို့နောက် ရဲစခန်းရှေ့နှင့် မြို့ပေါ်အနှံ့ရှိ အဆိုပါကိစ္စကို မကျေနပ်ကြသည့် လူအုပ်စုကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ည ၈ နာရီခွဲခန့်တွင် ထိန်းလိုက်နိုင်ပြီဖြစ်ပြီး ဗလီ၊ စာသင်ကျောင်းနှင့် ၎င်းအနီးရှိ ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် ရပ်ကွက်အသီးသီးတွင် ည ၉ နာရီ ခန့်ကတည်းက အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း၊ လောင်ကျွမ်းနေသော မီးမှာလည်း ည ၁၁ နာရီခန့်တွင် ငြိမ်းစပြုနေပြီဖြစ်ကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ယခု လားရှိုးမြို့ ပဋိပက္ခ ဖြစ်ပွားသောနေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ် (KIO/KIA) ငြိမ်းချမ်းရေးအဖွဲ့တို့ မြန်မာနိုင်ငံအတွင်း ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးသည့်နေ့နှင့် တိုက်ဆိုင်နေသည်။

လားရှိုးမြို့သည် တရုတ်လူမျိုးများပြီး အစ္စလာမ်ဘာသာဝင် နည်းပါးကြောင်း၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ကွယ်၌ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ အများပြည်သူအား အသိပေးရန် လိုအပ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။

လက်ရှိ အစိုးရလက်ထက် ပထမဆုံး အဓိကရုဏ်း ဖြစ်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ရခိုင်ပြည်နယ် ပဋိပက္ခများ၏ အစပြုရာ မေ ၂၈ ရက်နေ့ မသီတာထွေး အသတ်ခံရမှု ဖြစ်စဉ်သည် မေ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာပြည်သို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ လာရောက်ဆွေးနွေးမှုနှင့် တိုက်ဆိုင်နေသည်။ ယင်းမတိုင်မီ မေ ၁၇ ရက်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ဖိတ်ခေါ်မှုကြောင့် အမေရိကန်သို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား မြန်မာနိုင်ငံအပေါ် ငွေကြေးဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများကို ဆိုင်းငံ့သည့် အမိန့်အား သမ္မတအိုဘားမားက ထုတ်ပြန်ပေးမည်ဟု ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် မတ် ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ကာ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များထိ ကူးစက်ခဲ့သော ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရာ ယင်းမတိုင်မီ မတ် ၁၂ ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်သည်လည်း နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသည့် အချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


Eleven Media Group

28.5.13

"ဘရေးလ် (BRAILLE) မျက်မမြင်စာ"


၂၈.၅.၂၀၁၃၊ အင်္ဂါနေ့
 

မျက်မမြင်စာရဲ့ မြစ်ဖျားခံ ရာကတော့ ၁၉ရာစု ပြင်သစ် စစ်တပ်က ကပ္ပတိန်ချားလ်စ် ဘာဗီယေးဖြစ်ပါတယ်။ စစ်ဗိုလ် ချုပ်ကြီး နပိုလီယန်က ည အမှောင်ထုထဲမှာ 

အသံတိတ် ဆက်သွယ်ရေးလုပ်ဖို့ သင်္ကေတ တွေ ထီထွင်ခိုင်းရာမှ နောင် တစ်ချိန်၊ ဘရေးလ် (Braille) မျက်မမြင်စာ ဖြစ်လာမယ့် အခြေခံပုံစံတစ်ခု ဖြစ်လာတာ ပါ။ ပြင်သစ်လိုတော့ 

Ecriture Nocturne အင်္ဂလိပ်လိုက Night writing ဆိုတဲ့ ညရေး "စာ" လို့ ခေါ်ကြပါတယ်။ အနိဋ္ဌာ ရုံစစ်ပွဲတွေရဲ့ ဖြစ်ခဲလှတဲ့ ကောင်း မွေတွေထဲကရှားပါးတစ်ခုပါပဲ။အခြေခံအားဖြင့် အဖု လေး ၆ဖုကို ဒေါင်လိုက် ၂တန်း အလျားလိုက် ၃ တန်းရှိတဲ့ အခန်းငယ်လေးတစ်ခုနဲ့ အက္ခ ရာတွေ၊ကိန်းဂဏန်းတွေ၊ ပုဒ် ထီး၊ ပုဒ်မတွေကို ရေးထားတာ ပါ။ 

ဘရေးလ်မျက်မမြင်စာကို ကျွမ်းကျင်တဲ့ မျက်မမြင်စာဖတ် သမားတွေဟာ ဘယ်ဘက်လက် ညှိုးကိုသုံးပြီးဖတ်လေ့ရှိပါတယ်။ များသောအားဖြင့် ညာဘက်ကို သုံးလေ့မရှိကြပါဘူး။ဒီမျက် မမြင် စာကို လူး ဝစ်(စ်)ဘရေးလ် Louis Braille (၁၈ဝ၉-၅၂) က ကပ္ပတိန်ချားလ်စ်ဘာဗီယေး ရဲ့ သင်္ကေတတွေကို လက်တွေ့ လွယ်လွယ်ကူကူ သုံးနိုင်အောင် 
မွမ်းမံခဲ့တာပါ။ ဘရေးလ်ဟာ ၃နှစ်သားမှာ မျက်စိနှစ်ဖက် စလုံးအလင်းကွယ်ခဲ့ပြီး အရွယ် ရောက်တဲ့အခါ ပြင်သစ် တော် ဝင်လူငယ် မျက်မမြင်ကျောင်း Royal Institution for Blind 
Youth မှာ တက်ခဲ့တယ်။

တကယ်တော့ ဒီမျက်မမြင် စာအယူအဆကို ကပ္ပတိန် ချားလ်စ်ဘာဗီယေးကပဲ ၁၈၂၁ ခုနှစ်မှ စတင် ပြခဲ့ပေမယ့်လည်း ရှုပ်ထွေးလှတဲ့အတွက် အဆင် မပြေခဲ့ပါဘူး။ မူလ 
စစ်သုံးစာ မှာ အဖု၁၂ဖုနဲ့အတန်း ၆တန်း ပါရာကလူးဝစ်(စ်)ဘရေးလ်က အသက် ၁၅နှစ်အရွယ် ၁၈၂၄ ခုနှစ်မှာ အဖု ၆ဖု၊ ဒေါင်လိုက် ၂ တန်း၊အလျှာ့လိုက် ၃တန်း ရှိတဲ့ အခန်းငယ်လေးအဖြစ် ရှင်းလင်း လျော့ချခဲ့ပါတယ်။

ဒီဘရေးလ်မျက်မမြင်စာနဲ့ ဂီတ သင်္ကေတတွေကိုလည်း ရေးလို့ရပါ တယ်။ အခုအခါမှာ မြန်မာစာ၊ တိုင်းရင်းသားတွေရဲ့ စာနဲ့ ကမ္ဘာ့ဘာသာ စကား တော်တော်များများကို ဒီ ဘရေးလ် မျက်မမြင်စာ အက္ခရာတွေ သုံး ပြီး မျက်စိအလင်း ကွယ်နေ သူတွေဟာ ဖတ်နိုင်ကြပါပြီ။

Popular Journal

26.5.13

ငါးကြိမ်မြောက် ချန်ပီယံဆုရယူပြီး ချန်ပီယံလိဂ်တွင် တတိယ အအောင်မြင်ဆုံးအသင်း ဖြစ်လာသည့် ဘေယန်မြူးနစ်


၂၆.၅.၂၀၁၃၊ တနင်္ဂနွေနေ့ 

ဒေါ့မွန် ၁-၂ ဘေယန်မြူးနစ်
ဒိုင်လူကြီး - ရစ်ဇိုလီ(အီတလီ)
ကစားသည့်ကွင်း - ၀င်ဘလေ(အင်္ဂလန်)
ကြည့်ရှုသူပရိသတ်ဦးရေ - ၉၀၀၀၀ ဦး

၂၀၁၂-၁၃ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို မေ ၂၅ ရက် ညပိုင်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ၀င်ဘလေ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဘေယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

နှစ်သင်းစလုံးတွင် အဓိက ကစားသမား အစုံအလင် ပါဝင်လာခဲ့ပြီး ဒေါ့မွန်အသင်းက လီဝန်ဒေါစကီးကို အထောင်ထားကာ မာကိုရူးစ်၊ ဘလက်ဇီကောစကီး၊ ဟမ်းမဲလ်တို့ဖြင့် ပွဲထွက် ကစားခဲ့သည်။

ဘေယန်မြူးနစ် အသင်းကလည်း တိုက်စစ်ပိုင်းတွင် မန်ဇူကစ်ကို အထောင်ထားပြီး ရော်ဘင်၊ မူလာ၊ ရီဘာရီ၊ ရှဝိန်းစတိုင်ဂါ၊ မာတီနက်ဇ်တို့ဖြင့် လူစုံပွဲထွက်ခဲ့သည်။ ပထမပိုင်း ၂၅ မိနစ်အထိ ဘေယန်မြူးနစ်အသင်း ကစားကွက် တည်မရခဲ့ဘဲ ဒေါ့မွန်အသင်းက ဂိုးသွင်းခွင့်များ အကြိမ်ကြိမ် ရရှိခဲ့သည်။ ၁၃ မိနစ်တွင် လီဝန်ဒေါစကီး၏ ဧရိယာပြင်ပမှ ကန်ချက်ကို ဘေယန်ဂိုးသမား နူအာ ပုတ်ထုတ်နိုင်ခဲ့သလို၊ ၁၄ မိနစ်တွင်လည်း ဘလက်ဇီကောစကီး၏ ဧရိယာအတွင်းမှ အပိုင်ကန်သွင်းမှု နူအာ၏ ခြေထောက်နှင့် ထိထွက်ခဲ့သောကြောင့် ဒေါ့မွန်အသင်း နစ်နာခဲ့ရသည်။ ၂၅ မိနစ် နောက်ပိုင်းတွင် ဘေယန်မြူးနစ် အသင်းက ပြန်လည်ဖိအား ပေးလာခဲ့ပြီး အခွင့်အရေးများလည်း ရရှိခဲ့သည်။ ၂၉ မိနစ်နှင့် ၄၂ မိနစ်တွင် ရော်ဘင် ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင်တွေ့ခဲ့သော်လည်း အခွင့်အရေး မယူနိုင်သောကြောင့် ပထမပိုင်း အပြီးတွင် ဂိုးမရှိ သရေဖြစ်နေခဲ့သည်။
ဒုတိယပိုင်းတွင် ဒေါ့မွန်အသင်း ကစားအား ကျသွားခဲ့ပြီး ဘေယန်မြူးနစ် အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့သလို၊ ဂိုးသွင်းခွင့်များလည်း ပိုမိုရရှိခဲ့သည်။ ၅၉ မိနစ်တွင် ဘေယန်မြူးနစ်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ယင်းဂိုးကို ရီဘာရီ၊ ရော်ဘင်တို့၏ တွဲလုံးမှတစ်ဆင့် ရော်ဘင်၏ ပေးပို့မှုကို မန်ဇူကစ်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ၆၆ မိနစ်တွင် ဘေယန်နောက်ခံလူ ဒန်တေ ဒေါ့မွန်ကွင်းလယ်လူ မာကိုရူးစ်ကို ပယ်နယ်တီ ဧရိယာအတွင်း ဘောလုံးမထိဘဲ လူကိုကန်မိခဲ့သဖြင့် ဒိုင်လူကြီးက ဒေါ့မွန်အသင်းဘက်သို့ ပယ်နယ်တီ ပြစ်ဒဏ်ဘော ပေးခဲ့သည်။ ယင်းပယ်နယ်တီကို ဒေါ့မွန်ကွင်းလယ်လူ ဂန်ဒိုဂန်က နူအာ၏ ဘယ်ဘက်ထောင့်သို့ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ ၈၉ မိနစ်တွင် ရီဘာရီ၏ နောက်ပြန်ပေးပို့မှုမှတစ်ဆင့် ရော်ဘင်က ဒေါ့မွန်နောက်ခံလူ တစ်ဦးကို ကျော်ဖြတ်ကာ ဂိုးသမားနှင့် အနီးကပ် အနေအထားတွင် အပိုင်သွင်းယူ ခဲ့သောကြောင့် ဘေယန်မြူးနစ်အသင်း အနိုင်ဂိုး ရရှိခဲ့သည်။

ဘေယန်မြူးနစ် အသင်းမှာ ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက်တွင် ငါးကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းများ နေရာတွင်လည်း လီဗာပူးလ်ကို ကျော်တက်ကာ တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။ ဘေယန်မြူးနစ် အသင်းသည် ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်များတွင် ဥရောပဖလားကို သုံးကြိမ်ဆက် ရယူခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် လေးကြိမ်မြောက် ချန်ပီယံဆုကို ရယူကာ ၁၂ နှစ်အကြာတွင် ငါးကြိမ်မြောက် ဆုဖလားကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Eleven Media Group

23.5.13

မိုဘိုင်းဖုန်းနှင့် ကျန်းမာရေး


၂၂.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများကိုဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု(radiation)မြင့်မားပါတယ်။ဒါကြောင့်ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များ အနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။


မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။


မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့ အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူး သွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓပစ္စည်းထားသိုရာနေရာအချို့မှာတောင်အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာ ဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။


မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မိုဘိုင်းဖုန်းအသုံးပြုသူများအနေနဲ့ဖုန်းဘေးအိပ်ခြင်း၊ကားပေါ်တွင်ဖုန်းပြောခြင်း၊ဘောင်းဘီအိပ်ထဲထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

spectrum.myanmar

ရီးယဲလ်နဲ့ လမ်းခွဲပြီး အင်္ဂလန်သို့ တကျော့ပြန်လာမယ့် မော်ရင်ညို


၂၃.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
 

ရီးယဲလ်မက်ဒရစ် အသင်းဟာ ၃ နှစ်ကြာ လက်တွဲခဲ့တဲ့ နာမည်ကျော်နည်းပြ မော်ရင်ညိုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲကာ စာချုပ်ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုသွားပါတယ်။ ၃ နှစ်တာ ကာလအတွင်း ရီးယဲလ်အသင်းကို ဘာကာအသင်းအား ကျော်ဖြတ်ပြီး လိဂ်ဖလား ၁ ကြိမ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးရာသီမှာတော့ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားမှာ အရေးနိမ့်ပြီးကတည်းက ရီးယဲလ်အသင်း တာဝန်ရှိသူတွေက မကျေမနပ် ဖြစ်နေခဲ့ကြတာပါ။

အသက် ၅၀ ရှိပြီဖြစ်တဲ့ မော်ရင်ညိုဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းမှာ ပြန်လည်ကိုင်တွယ်ဖို့ ရေပန်းစားနေသလို နည်းပြသစ်ရှာနေတဲ့ မန်စီးတီးဟာလည်း မော်ရင်ညိုကို အသည်းအသန် လိုချင်နေပါတယ်။ ရီးယဲလ်ဥက္ကဌ ပီးရက်စ် ကတော့ “ဘယ်သူကမှ အဖြုတ်ခံရတာ မဟုတ်ပါဘူး။ ဒါဟာ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခြင်းပါပဲ။ ကလပ်နဲ့ နည်းပြတို့ဟာ ဒီအချိန်မှာ လမ်းခွဲဖို့ သင့်တော်ပြီထင်လို့ ဒီလို ဆုံးဖြတ်လိုက်ရတာပါ။ ဘောလုံးအဖွဲ့ချုပ် ဒါရိုက်တာအစား မော်ရင်ညိုကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

မော်ရင်ညိုကတော့ ယခုနှစ် လာလီဂါ ရာသီဟာ သူ့နည်းပြ သက်တမ်းအတွင်း အဆိုးရွားဆုံးရာသီလို့ ညည်းတွား ပြောဆိုသွားပါတယ်။ မော်ရင်ညိုဟာ လာလီဂါ ပထမဦးဆုံး ရာသီမှာ ဘာစီလိုနာအသင်းရဲ့ နောက်မှာ ၄ မှတ် ဖြတ်ခံရပြီး ချန်ပီယံဖြစ်ခွင့် လက်လွှတ်ခဲ့ရပေမယ့် ဒုတိယနှစ်မှာတော့ လာလီဂါ ဖလားရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ ရီးယဲလ်အသင်းမှ ကစားသမားတွေဖြစ်တဲ့ ကာဆီးလက်၊ ရာမို့စ်နဲ့ ပီပီတို့လို ကစားသမားတွေနဲ့ ပြဿနာဖြစ်ပြီး အသင်းတွင်း အခက်အခဲတွေရှိခဲ့သလို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့အပြီး အင်္ဂလန်သို့ ပြန်လာဖွယ်ရှိနေကြောင်း ဖွင့်ဟပြောဆိုဖူးပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီး ပရိသတ်က မော်ရင်ညိုကို ပြန်လည်ခေါ်ယူဖို့ တောင်းဆိုနေပေမယ့် ပိုင်ရှင် အီဗရာမိုဗစ် အနေနဲ့ မော်ရင်ညိုနဲ့ ဆက်ဆံရေးကို ပြန်လည် ထူထောင်ဖို့က မလွယ်ကြောင်းလည်း သုံးသပ်နေကြပါတယ်။ နည်းပြမဲ့ဖြစ်နေတဲ့ မန်စီးတီး အသင်းကတော့ မော်ရင်ညိုကို လိုချင်နေပြီး ပိုက်ဆံ အင်အားကောင်းကောင်း သုံးနိုင်တဲ့ အပြင် မန်ယူရဲ့ ယှဉ်ပြိုင်ဘက်ပါ ဖြစ်လာတဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ မော်ရင်ညိုက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဧရာဝတီ

ထိုင်းနိုင်ငံက DTAC မိုဘိုင်းဖုန်းကုမ္ပဏီ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ ရှိ


၂၂.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ထိုင်းနိုင်ငံရဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးတခုဖြစ်တဲ့ Total Access Communication (DTAC) ဆိုတဲ့ တယ်လီဖုန်း ကုမ္ပဏီကြီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရှိနေပါပြီ။ 

မြန်မာနိုင်ငံ ရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးဆိုရာ လုပ်ငန်းတွေမှာ သူတို့ကုမ္ပဏီက ၀င်ရောက် ရင်းနှီးမြှုပ်နှံဖို့ အစီ အစဉ် လုပ်နေတယ်လို့ ဒီတက် (DTAC) ကုမ္ပဏီရဲ့ အဓိက ရှယ်ယာပိုင်ဆိုင်သူ Telenor Asia အကြီးအကဲ Sigve Brekke က ပြောတာကို ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။ 

သူ့အပြောအရ ၅ နှစ်တာ ကာလအတွင်းမှာ ဆယ်လူလာ တယ်လီဖုန်းကွန်ရက်အသုံးပြုမှုရဲ့ ၇၅ ရာခိုင်နှုန်း ကို စီစဉ် သွားနိုင်မယ်လို့လည်း ဆိုထားပါတယ်။ 

ဒီအတွက် လိုင်စင်ရဖို့ တင်ဒါတင်ထားပြီး ၁၅ နှစ် သက်တမ်း ရှိတဲ့ လိုင်စင် အတွက် အမေရိကန် ဒေါ်လာ သန်း ၃၅၀ ကို မြန်မာ့ဆက်သွယ်ရေးကို တင်သွင်းရမှာဖြစ်ပါတယ်။ 

မြန်မာအစိုးရတော့တော့ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တင်ထားကြတဲ့ ကုမ္ပဏီပေါင်း ၁၂ ခု ထဲကမှ ၁၅ နှစ် သက်တမ်း လိုင်စင် ၂ ခုကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကြေညာ သွားဖို့ ရှိတယ်လို့ ဘန်ကောက် ပို့စ် သတင်းစာက ဆိုပါတယ်။ 

မိုဘိုင်း တယ်လီဖုန်း လုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်ရဖို့ တင်ထားတာကတော့ ဒီတက် (DTAC) အပါအ၀င် အိန္ဒိယက Hhati Airtel၊ ဂျပန်က KDDI ကော် ပိုရေးရှင်း၊ Vodafone ကုမ္ပဏီ၊ စင်ကာပူ တယ်လီ ဆက် သွယ်ရေး၊ မလေးရှားက Axiata Group နဲ့ တရုတ်မိုဘိုင်းတို့လည်း ဖြစ်ပါတယ်။ 

ပြောရရင် နိုင်ငံတကာက ကုမ္ပဏီ ၉၁ ခုက မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်း လုပ်ငန်း လိုင်စင်ရဖို့ စိတ်ဝင်စား နေကြတာပါ။ 

Brekke က ပြောတာကတော့ သူတို့ ဒီတက် (DTAC) မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီရဲ့ Happy ဟက်ပီး တံဆိပ်ဟာ ဆင်းမ်ကတ်ဈေးလည်းချို၊ ခေါ် ဆိုခ ဈေနှုန်း ချိုသာမှုတွေကြောင့် ဈေးကွက်မှာ အတွေ့အကြုံကောင်းတွေ ရှိတာ ကြောင့် မိုဘိုင်းဖုန်း လုပ်ငန်း လိုင်စင်ရမယ်လို့ ယုံကြည်နေပါတယ်တဲ့။ 

အခုတော့ မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆင်းမ်ကတ်တခုကို ကျပ် ၁၅၀၀ ဟာ အနိမ့်ဆုံးဖြစ်လာတာ တလ ကျော်ပဲ ရှိပါသေးတယ်။ 

မြန်မာနိုင်ငံမှာ ၁၅၀၀ ကျပ်တန် မဲစနစ်နဲ့ တန်းစီဝယ်ရတဲ့ မိုဘိုင်း ဖုန်းကတ်တွေရဖို့ ခိုက်ရန်ဖြစ်မှုတွေ၊ ထိခိုက်ဒဏ်ရာ ရမှုတွေတောင် ဖြစ်ခဲ့ရပါတယ်။ 

ဧရာဝတီBlog

ဂျပန် ကုမ္ပဏီကြီး ၃ ခုမှ မြန်မာနိုင်ငံတွင် 30Gbps ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား ၂၀၁၃ အကုန်တွင် အပြီးတည်ဆောက်မည်


၂၃.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့


ဂျပန်နိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်သည့် Sumitomo Corporation နှင့် ဆက်သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်ကြသည့် NEC နှင့် NTT Communications တို့ ပူးပေါင်းပြီး ရန်ကုန်-မန္တလေး-နေပြည်တော် မြို့ကြီး ၃ မြို့အား သုံးပွင့်ဆိုင် ချိတ်ဆက်ပေးမည့် ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား တည်ဆောက်သွားရန် မြန်မာ့ဆက်သွယ်ရေးနှင့် သဘောတူညီချက် စာချုပ်အား လက်မှတ်ရေးထိုး ခဲ့ပြီဖြစ်သည်။ 

ဤစာချုပ်အရ ဂျပန်ကုမ္ပဏီကြီး ၃ ခုသည် 30 Gbps အမြန်နှုန်း ရရှိနိုင်မည့် ပင်မဆက်သွယ်ရေး ဖိုင်ဘာကွန်ယက်အား တည်ဆောက်သွားမည်ဟု Japan Times သတင်းစာ တွင် ဖော်ပြထားသည်။ 

မြို့ကြီး ၃ မြို့အား ချိတ်ဆက်ပေးမည့် ပင်မဆက်သွယ်ရေ ဖိုင်ဘာကွန်ယက်အပြင် အဆိုပါ မြို့ ၃ မြို့တွင်း၌လည်း voice နှင့် data အတွက် 10Gbps အမြန်နှုန်းရှိမည့် ဖိုင်ဘာကွန်ယက်အား တည်ဆောက်သွားမည်ဟု သိရှိရသည်။ ဤကွန်ယက်များအား အသုံးပြုကာ တယ်လီဖုန်း ဆက်သွယ်ရေး ၊ အင်တာနက် နှင့် LTE စနစ်များအား တည်ဆောက်သွားနိုင်မည် ဖြစ်သည်။ 

အဆိုပါ စီမံကိန်းအတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ထောက်ပံပေးထားသည့် ယန်း ၁.၇၁ ဘီလီယံ (ဒေါ်လာ ၁၆.၇ သန်း) အားလည်း အသုံးချသွားမည်ဟု သိရှိရသည်။ 

ထို့အပြင် စီမံကိန်းအား အလျှင်အမြန် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ၂၀၁၃ နိုဝင်ဘာလအကုန်တွင် ကွန်ယက်ချိတ်ဆက်မှုအတွက် လိုအပ်သည့် အဆောက်အဦးများအား အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၄ ဂျန်နဝါရီလအလယ်ပိုင်းတွင် ပြည်သူများအနေဖြင့် စတင်အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

Myanmar Consumer Guide

လန်ဒန် Woolwich အရပ် မှာလူသတ်မှုဖြစ်


၂၃.၅.၂၀၁၃၊ ကြာသပတေးနေ့

လန်ဒန်မြို့ အရှေ့တောင်ဘက် ဝူးလစ်ခ်ျ Woolwich အရပ်မှာ ဗုဒ္ဓဟူးနေ့ နေ့လယ် နှောင်းပိုင်း က လူသတ်သမား နှစ်ယောက် လက်ချက် နဲ့ အနားက တပ်စခန်းက စစ်မှုထမ်း တယောက် သားခုတ်ဓား နဲ့ အသတ်ခံလိုက် ရပါတယ်။

ဓားရှည်၊ သားခုတ် ဓား နဲ့ သေနတ် ကိုင်ထားတဲ့ လူသတ် သမား နှစ်ယောက်က လူသတ်မှု ကျူးလွန် ရင်း ဗြိတိသျှ အစိုးရ ကို ဆန့်ကျင်တဲ့ စကား၊ ကလဲ့စားချေတဲ့ စကားတွေ ပြောပါတယ်။

ရဲ ဝန်ထမ်းတွေ ရောက်လာချိန်မှာ ရန်ပြုမယ့် အသွင်ဆောင်တဲ့ အတွက် ဒီလက်နက်ကိုင် လူနှစ်ယောက် ကို ရဲ က ပစ်ခတ် ဖမ်းဆီးပြီး သီးခြားစီ ဆေးရုံတင်လိုက် ပါတယ်။

အခုလို နေ့ခင်း ပိုင်းမှာ အကြမ်းဖက် သတ်ဖြတ်မှု ဖြစ်ပွားတာ နဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီး ထရီဇာမေ က အထက်ပါ တိုက်ခိုက်မှု ဟာ ဗြိတိန် တနိုင်ငံ လုံးက ပြည်သူတွေ အပေါ် တိုက်ခိုက် တာနဲ့ အလားတူကြောင်း၊ နိုင်ငံ အတွင်း လမ်းမ တွေ ပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ မြင်ဖူးပေမယ့် အမြဲဆန့်ကျင် တဲ့ ဘက် က ခိုင်ခိုင်မာမာ ရပ်ခဲ့ ပုံ၊ ဒီလူမဆန်တဲ့ လူသတ်မှု ကျူးလွန်သူတွေ ကို ထိုက်သင့်တဲ့ အပြစ်ဒဏ် ကနေ ကင်းလွတ်ခွင့် ပြုမှာ မဟုတ်ဘူး လို့ လည်း ပြောပါတယ်။

ပြင်သစ် ဝန်ကြီးချုပ် နဲ့ အစိုးရ ကိစ္စ သွားရောက် ဆွေးနွေး တဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ကိစ္စ မပြီးပြတ်သေး ပေမယ့် လန်ဒန် ကို ပြန်လာရင်း ကြာသပတေးနေ့ မှာ လုံခြုံရေး ထိပ်တန်း အရာရှိ တွေ နဲ့ တွေ့ဆုံ ဆွေးနွေးပြီး လန်ဒန် တဝိုက် စစ်တပ် စခန်း တွေမှာ လုံခြုံရေး တိုးမြှင့် ချထားရေး စီစဉ်မယ့် အကြောင်းလဲ သိရပါတယ်။

BBC Burmese

သြစီမိုင်းတွင်းလုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ မျော်လင့်


၂၃.၅.၂၀၁၃၊ ကြာသပတေးနေ့

သြစတြေးလျနိုင်ငံက မိုင်းတွင်းလုပ်ငန်းကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြုပ်နှံမူတွေ လုပ်ဖို့ မျော်လင့်ကြောင်း မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီး ဒေါက်တာ မြင့်အောင်က ပြောပါတယ်။

သြစတြေးလျနိုင်ငံကမိုင်းတွင်းတနေရာ (Credit: Reuters) 
ရင်းနှီးမြုပ်နှံမှုတွေ ပိုမို လုပ်ကြဖို့အတွက်လည်း မြန်မာအစိုးရက သတ္တုတွင်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်ဆင်ရေးဆွဲနေပြီး လာမယ့်နှစ်အတွင်း ထုတ်ပြန်နိုင်ဖို့ မျော်လင့်နေကြောင်းလည်း သိရပါတယ်။

ဥပဒေသစ်အရ နိုင်ငံခြားကုမ္ပဏီတွေအတွက် သေချာရေရာတဲ့ ဥပဒေတွေနဲ့ ပိုမိုကောင်းမွန်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပေးစွမ်းနိုင်ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက မိုင်းလုပ်ငန်းဥပဒေဟာ နိုင်ငံတကာအဆင့်မှီတဲ့ ဥပဒေဖြစ်မယ်လို့လည်း ဝန်ကြီး ဒေါက်တာမြင့်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ မိုင်းတွင်းလုပ်ငန်းဟာ အာရှ-ပစိဖိတ်ဒေသတွင်းမှာ ပွင့်လင်းမြင်သာမှု အနည်းဆုံးရှိတဲ့ နိုင်ငံလို့ အမေရိကန်နိုင်ငံက စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ပြောခဲ့တာကိုလည်း မြန်မာအစိုးရက ငြင်းဆိုထားပြီး မြန်မာနိုင်ငံအနေနဲ့ မိုင်းတွင်းလုပ်ငန်း ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်နေပြီလို့ ပြောလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ မိုင်းတွင်းလုပ်ငန်း ပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြံဥာဏ်ရယူတာတွေ ဥပဒေသစ်တွေ ထုတ်ပြန်နိုင်အောင် လုပ်ဆောင်နေပြီ လို့ ပြောလိုက်ပါတယ်။

Radio Australia - Myanmar

22.5.13

" ကြည့်မြင်တိုင်ရှိ အမှိုက်ပုံးအတွင်းမှ လက်နက်များ ရှာဖွေတွေ့ရှိမှုအား စုံစမ်းရေးကော်မတီဖွဲ့ စစ်ဆေးမည် "


၂၂.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ကြည့်မြင်တိုင်မြို့နယ်ရှိ အမှိုက်ပုံးတစ်ခု အတွင်း သေနတ်နှင့်ကျည်ဆန်များ လာရောက် စွန့်ပစ်သွားသူအား ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့မှ စုံစမ်းရေးကော်မတီဖွဲ့၍ အမြန်ဆုံးဖော် ထုတ်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ပွိုင့် ၃၈ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် မျိုးစုံပါဝင်သည့် အိတ်အား မေလ ၂ဝ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန၏ မြို့နယ်သန့်ရှင်းရေးတာဝန်ခံ ရုံးမှနေ့စားဝန်ထမ်းဖြစ်သူ မသင်းမြတ်စိုးက ကြည့် မြင်တိုင်ဈေးကြီး အရှေ့ရပ်ကွက်၊ ဗိုလ်သူရလမ်း နှင့် 
ပိတောက်ပင်လမ်းထောင့်ရှိ အမှိုက်ပုံးအား သိမ်းဆည်း၍ အမှိုက်ကန်၌သွားရောက်သွန်စဉ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးက သူ့ဂျူ တီလဲတော့မယ့်အချိန်မှာ အဲဒီအမှိုက်ပုံးက အမှိုက် တွေ သူ့တွန်းလှည်းထဲထည့်ပြီး ကျောင်းကြီးလမ်းနဲ့ ဗိုလ်သူရလမ်းထောင့်က အမှိုက်ကန်မှာ သွား သွန်တဲ့အချိန်ကျမှ သေနတ်ထည့်ထားတဲ့အိတ် ကို တွေ့ရတာ။ တွေ့တွေ့ချင်း ရုံးကိုယူလာပြီး လာအပ်တဲ့အတွက် ခရိုင်စည်ပင်ရုံးနဲ့ မြို့နယ် ရဲစခန်းကို အကြောင်းကြားပြီး ရဲတွေကို အပ်လိုက် တယ်''ဟု ကြည့်မြင်တိုင်မြို့နယ် သန့်ရှင်းရေးဌာန တာဝန်ခံ ကိုမျိုးမင်းအောင်က ပြောသည်။

ရဲတပ်ဖွဲ့မှအဆိုပါပစ္စတိုသေနတ် တစ်လက် ပါဝင်သည့် ကြွပ်ကြွပ်အိတ်အားရှာဖွေရာ အိတ်အတွင်းမှ နံပါတ် ၁၇၇၃၇၄ နှင့် STAR TRADE MARK စာတန်းပါ ၃၈ ပစ္စတိုအသေး စတီး 
ရောင်တစ်လက်၊ ကျည်ဘောက်စတီးရောင်တစ် ခု၊ ၎င်းသေနတ်သုံး ကျည် ၁၃ တောင့်(အဟောင်း)၊ ပစ္စတို ထည့်အိတ်အနက်ရောင် တစ်ခု၊ M-၁၆ ကျည်ကပ်အတိုတစ်ခု(အဟောင်း)၊ M-၁၆ ကျည် ၅ ဒသမ ၅၆ နံပါတ်ပါ ၅၆ တောင့်(အဟောင်း)၊ ၉ မမ ကျည် ၂၂ တောင့်(အဟောင်း)၊ ကာဘိုင် ကျည် ၁၁ တောင့်အဟောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ သေနတ်နှင့် ကျည်ဆန်များတွေ့ ရှိသိမ်းဆည်းနိုင်ခဲ့ခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယမန် နှစ်က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ခုသို့ ပြည် ပမှပေးပို့သော ကုန်ပစ္စည်းအိတ်များအတွင်း အ လားတူ ပစ္စတိုသေနတ်နှင့် ကျည်ဆန်များပါဝင် လာမှုအား သက်ဆိုင်ရာမှ ရှာဖွေသိမ်းဆည်းနိုင် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရ သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကြည့်မြင်တိုင် သန့်ရှင်းရေးဌာနမှ တာဝန်ခံ ကိုမျိုးမင်းအောင်က နေ့စားစည်ပင်သန့် ရှင်းရေးဝန်ထမ်းများအား အမှိုက်သိမ်းရာ၌ မသင်္ကာစရာပစ္စည်းများ ရှာဖွေ တွေ့ရှိရပါကရုံးသို့ အမြန်ဆုံးလာရောက် အပ်နှံ ရန် ညွှန်ကြားထားသည့်အတွက် မသမာသူများ
လက်ထဲသို့ မရောက်ဘဲ သက်ဆိုင်ရာသို့ အချိန်မီ အပ်နှံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောသည်။

Popular News Journal

21.5.13

"ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လှုံ့ဆော်ရေး ကဏ္ဍတွေမှာ ပါဝင်မယ့် ချစ်သုဝေ"

၂၁.၅.၂၀၁၃၊ အင်္ဂါနေ့

လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ ချစ်သုဝေက လက်ရှိ လုပ် ဆောင်နေတဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး၊ မသန်စွမ်း ကလေးငယ် များနဲ့ မိဘမဲ့ကလေးငယ်များအတွက်လည်း လှုပ်ရှားမှုတွေ ပါဝင်ဆောင် ရွက် ပေးသူတစ်ဦး ဖြစ်ပါတယ်။ နောက်ထပ်လည်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် ပရိုဂရမ်လေးတစ်ခုကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ် )နဲ့ ရိုက် ပေးဖို့ရှိပြီး ဆွေးနွေးပွဲတွေ တက်ရောက်ပေးဖို့ ရှိကြောင်း၊ ကျန်းမာရေး အနေနဲ့ တီဘီရောဂါ တိုက်ဖျက်ရေး အတွက် စိုင်းစည်တွမ်ခမ်း နဲ့အတူ ရိုက်ကူးပေးဖို့ ရှိကြောင်းပြောပါတယ်။ ဆင်းရဲနွမ်းပါးမှုပပျောက်ဖို့ အတွက် ချစ်သုဝေက..

”ဆင်းရဲနွမ်းပါးမှုနဲ့ ဆိုင်တာလည်းသိရမယ်။ ထရီဇာ တို့နိုင်ငံမှာ အခြေခံ အုတ်မြစ် က ဒီ ဆင်းရဲနွမ်းပါးမှုကြီး မပပျောက်လို့ဖြစ်တာပေါ့။ လတ်တေ လာ ဖြေရှင်းတာ ထက်စာရင် ထရီဇာက သူတို့ အတွက် ပြန်လည် ထူထောင်ရေး ကို ဖြစ်စေချင်တယ်။ ထရီဇာထင်တာကတော့ ထရီဇာတို့ ဆီမှာ သဘာဝဘေး အန္တရာယ်တွေကြောင့် ကျရောက်လာတဲ့ အန္တရာယ်တွေ ဖြစ်တဲ့အခါမှာ ဘယ်လိုချဉ်း ကပ်ကြမလဲဆိုတာ စနစ်တကျ မရှိဘူး။ ထရီဇာ တို့လည်း ပြောသာပြောနေတာ၊ ကိုယ့် ဥာဏ်နဲ့ကိုယ် ထင်သလိုတွေပြောနေတာ။ စနစ်တကျ သင်ကြားပို့ချပေးမယ့် အဖွဲ့တွေ လည်း မရှိဘူး။လုပ်ပေး မယ့်အဖွဲ့တွေလည်းမရှိ ဘူး။ လူကြောင့်ဖြစ် တဲ့ ဘေးအန္တရာယ် ပဲဖြစ်ဖြစ်၊ သဘာဝဘေး အန္တရာယ် ကြောင့် ပဲဖြစ်ဖြစ် ဘေးအန္တရာယ် ဖြစ်လာပြီး နောက်ပိုင်းမှာ ချက်ချင်း ဘယ်လိုပြန် လည်ကယ်ဆယ် ရေးတွေလုပ်ကြမလဲ။ နောက်ထပ် ပြန်လည်ထူထောင်ရေးတွေ ဘယ် လိုလုပ်ကြမလဲ၊ ဒါဆိုရင် နှစ်နဲ့ ချီပြီးတောင် စောင့်စရာမလို ဘူး။ ဒီနိုင်ငံမှာက ပညာ ရေးတအား အားနည်း တော့ စနစ်တကျ ဘယ် လိုလုပ်ရမလဲ ဆိုတာ သင် ယူလေ့ လာရ မှာပါ။ 

လူရယ်လို့ဖြစ်လာရင်ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်ရ မယ်ဆိုတဲ့ အသိစိတ် ရှိရမယ်။အဲဒီ အတွက် team တွေခေါ်၊ပညာ တတ်တွေခေါ်၊ တကယ့် volunteer တွေစုပြီး လခတွေပေး တဲ့NGO လို ဖွဲ့ပြီး ထိထိမိမိ လုပ်ရမယ်” လို့ သူ့ ရဲ့ အမြင်ကို ပြောပါတယ်။

ခိုင်ဝေလွင်
 

သီချင်းတွေလိုက်ဆို တတ်နေပြီ ဖြစ်တဲ့ ပြေသုဒြာ အကြောင်း ပြောတဲ့ ပြေတီဦး

၂၁.၅.၂၀၁၃၊ အင်္ဂါနေ့


ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ “အလုအယက်” ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ ပြေတီဦးက ဝိုင်းစုခိုင်သိန်း၊ အိချော ပိုတို့နဲ့အတူ သရုပ်ဆောင် ထားပါတယ်။ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်က အနုပညာ အလုပ်တွေကို ခဏတာ ရပ်နားထားတဲ့ အပေါ် နှမြောလည်း နှမြောမိသလို သူ့ရဲ့ စိတ်ကိုလေးစား မိတယ်လို့ ပြောလာတဲ့ ပြေတီဦးက “နှမြောတယ်လို့ ပြောလို့ရသလို၊ သူ့စိတ်ကို လေးစား တယ် လို့လည်း ပြောလို့ ရတယ်။
 
ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ သိလိုက်ရတဲ့ အရာ တစ်ခုက သူဘာကြောင့် အောင်မြင်ခဲ့သလဲ ဆို တာ အခုမှ ကျွန်တော် သေချာ သိလိုက် ရတာ။ အလုပ် တစ်ခုကို လက်ခံပြီး အဲဒီအလုပ် အပေါ်သူက စိတ်ရော ကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့တယ်။ ဒါကြောင့် အခုလို အောင်မြင်ခဲ့ တာ။ ဒီအချိန်မှာ သူ့ရဲ့ စိတ်ခံစား ချက်က ဘာဖြစ်လာလဲ ဆိုတော့ သူ့သမီး နားမှာ နေချင်တာ။ သူရှုတင် ကိုသွား တယ်။ ကားရိုက်တယ်။ ဒါပေမဲ့ သူ့စိတ်က ရှုတင်ပေါ်မှာ အပြည့်အဝ မရှိဘူး။ သူ့သမီး ဆီပဲ စိတ်ကပြန် ပြန်ရောက်နေတယ်။ 
 
သူ့သမီး ဘာ လုပ်နေလဲ၊ ဘာစားနေလဲ။ အဲဒီလို စိတ် မျိုးပေါ့။သူက ဒီရှုတင်ဆို တဲ့ အလုပ် ပေါ်မှာ ၁ဝဝရာခိုင်နှုန်း စိတ်ကို နှစ် လို့မရဘူး။ အဲဒီလိုနှစ်လို့ မရ တဲ့အတွက်ကြောင့် သူက မလုပ်ချင် ဘူး။ သူကသူ လက်ခံထားတဲ့ အလုပ် ကို အပြည့် အဝကို တာဝန် ယူနိုင်မှကို သူလုပ်ချင်တာ။ သူဒီလိုမျိုး ဆုံးဖြတ် ရဲတဲ့ အတွက်လည်း လေးစားတယ်” လို့ ဇနီး နဲ့ပတ်သက်ပြီးပြောပါတယ်။ မိဘနှစ်ဦး စလုံးက အနုပညာဝါ သနာကြီး သူတွေဖြစ်လို့ သမီးလေး ပြေသုဒြာ မှာကော မိဘတွေရဲ့ အနု ပညာ ဗီဇပြတာမျိုးတွေကော ရှိလား လို့ မေးတော့…

“သမီးကအခု လက်ရှိတော့ သရုပ်ဆောင်ထက် သီချင်းတွေကို ပိုပြီး စိတ်ဝင်စားတယ်။ သီချင်း တွေကို ပိုရတယ်။ အခုဆိုရင် တချို့ သီချင်း တွေဆို တစ်ပုဒ်၊ နှစ်ပုဒ်လောက်ကို သူတစ်ယောက်တည်း ဆိုနိုင်နေပြီ။ သီချင်းတွေကို သူက မှတ်မိနေပြီ။ သူက တစ်နှစ်နဲ့ နှစ်လလောက်ကတည်း က သီချင်းတွေ လိုက် ညည်းနေပြီဆို တော့ သီချင်းဘက်မှာ ပိုပြီးတော့ စိတ်အား ထက်သန်သလို ပုံစံမျိုးလေး တော့ တွေ့ရတယ်။ ဝိုင်းစု ခိုင်သိန်း ဆိုရင် သိပ်ကြိုက်တာ။ ကြော်ငြာလာ လည်း လိုက်ဆိုတယ်။ သားချော့တေး လေးတွေဆို လည်း သူရတယ်”လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်
 

မြန်မာ့အပြောင်းအလဲ အိုဘားမားကြိုဆို၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ သတိပေး

၂၁.၅.၂၀၁၃၊ အင်္ဂါနေ့ 

အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီ သမ္မတ အိမ်ဖြူတော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။

သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ကြရာမှာ သမ္မတ အိုဘားမားက ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုတွေကို ချီးကျူးလိုက်ပြီး၊ တချိန်တည်းမှာ မြန်မာနိုင်ငံတွင်းက ဘာသာရေးပဋိပက္ခတွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် ဆက်ဆံရေးပြောင်းလဲလာရတာက သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေကြောင့်ဖြစ်ပါတယ်၊ သမ္မတဦးသိန်းစိန် ပြောခဲ့သလိုပဲ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ ခရီးရှည်ကြီးဖြစ်ပါတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ လက်နက်ကိုင် လူမျိုးစုတွေနဲ့လည်း အပစ်အခတ်ရပ်စဲရေးသာမက၊ နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းနိုင်အောင် ဆောင်ရွက်မယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့ပြင်မွတ်စလင်တွအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ အိုးအိမ်မဲ့ဖြစ်ပြီး၊ နေရာရွှေ့ပြောင်းရသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီဆက်ဆံပြီး အကူအညီတွေပေးရေးကိစ္စ သဘောတူခဲ့ကြပါတယ်၊ နိုင်ငံတကာကလည်း ကူညီမှာဖြစ်ပါတယ်၊ ဒါ့ပြင် အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတွေ ဥပမာ UDAID ရဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကူအညီ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ရေးစတဲ့ကိစ္စတွေလည် ဆွေးနွေးခဲ့ကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြောကြားရာမှာ

"အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၇ ခုနှစ် ကျွန်တော်တို့ လွတ်လပ်ရေးမရခင်ကာလတည်းက သံတမန်ဆက်သွယ်မှုရှိခဲ့ပါတယ်၊ ဟိုတုန်းကလည်း အကြီးအကဲတွေ လာရောက်လည်ပတ်မှုတွေ ရှိခဲ့ပါတယ်၊ အမှန်က သမိုင်းကြောင်းအရ ရင်းနှီးပြီးသားနိုင်ငံတွေဖြစ်ပါတယ်၊ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ ကျွန်တော်ဆိုရင် နှစ်ပေါင်းများစွာအတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ အခုလိုအမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတာဖြစ်ပါတယ်၊ ဒါကလည်း သမ္မတကြီး ဖိတ်ကြားပေးတဲ့အတွက်ကြောင့် အခုလိုလာရောက်ခွင့်ရတာဖြစ်ပါတယ်"

ဆက်လက်ပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ရပ်တန့်အောင် ဆောင်ရွက်မှာဖြစ်သလို၊ လှုံ့ဆော်သူတွေအားလုံးကိုလည်း တရားဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံမှုမရှိရအောင်လည်း ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ အသွင်ကူးပြောင်းမှုတွေ အောင်မြင်အောင်၊ ဒီမိုကရေစီအမြစ်စွဲအောင်၊ အထီးကျန်ဘဝကို အတိတ်မှာထားရစ်ခဲ့နိုင်အောင်၊ တခြားအာရှနိုင်ငံတွေကို အမီလိုက်နိုင်အောင်၊ အကြမ်းဖက်မှုနဲ့ တိုက်ပွဲတွေရပ်ဆိုင်းအောင် ပြည်သူအားလုံးက ဘယ်လောက်ထိ ဆန္ဒပြင်းပြနေကြတယ်ဆိုတာ သိရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ပညာရေးအဆင့်မြှင့်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အစွမ်းကုန်ကူညီမှုတွေကို လိုအပ်နေပါကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ သတင်းစာရှင်းလင်းပွဲမှာ မြန်မာဆိုတဲ့အမည်ကို တစ်လျှောက်လုံး သုံးနှုန်းခဲ့ပါတယ်၊ ယဉ်ကျေးမှုသဘောနဲ့ သုံးနှုန်းတာဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနေးက ဆိုပါတယ်၊ ဂျေးကာနေးကတော့ Burma ရော Myanmar ပါ အမည်နှစ်မျိုးလုံး သုံးစွဲသွားခဲ့ပါတယ်။

RFA Burmese

20.5.13

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူများအတွက် ကုသမှုနည်းလမ်း

၂၀.၅.၂၀၁၃ ၊ တနင်္လာနေ့

 

၁။သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။
နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။

၂။ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယားများ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာ တိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။
ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ 

ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

spectrum.myanmar

19.5.13

နိုင်ငံတကာမှ အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့် BIMSTEC ဆွေးနွေးပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်၌ ပထမဆုံးအကြိမ် ကျင်းပ


မေလ ၁၉ ရက်


BIMSTEC အဖွဲ့ဝင် နိုင်ငံများ ပါဝင်သည့် Curtain Raiser on BIMSTEC ဆွေးနွေးပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်၌ ပထမဆုံး အကြိမ်အဖြစ် မေ ၁၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ 

အိန္ဒိယသမ္မတနိုင်ငံ၊ ကိုလ်ကတ္တား တက္ကသိုလ်၊ နိုင်ငံတကာမူဝါဒ လေ့လာရေးဌာန Institute of Foreign Policy Studies (IFPS)၊ ပညာရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးဌာန Centre For Studies in International Relations and Development (CSIRD) တို့နှင့် ဒဂုံတက္ကသိုလ်တို့အကြား BIMSTEC ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာစာတမ်းရှင် လေးဦးနှင့် အိန္ဒိယနိုင်ငံမှ စာတမ်းရှင် သုံးဦးတို့က စာတမ်းခုနစ်စောင် ဖတ်ကြားတင်သွင်းခဲ့သည်။

"ဒီညီလာခံမှာက BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက ပညာရှင်တွေ၊ သံတမန်တွေက အဖွဲ့အစည်းကြီးအပေါ် အမြင်တွေကို ရှု့ထောင့်အဖုံဖုံနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးရခြင်းကတော့ BIMSTEC အဖွဲ့ကြီးရဲ့ အနာဂတ် ဦးတည်ချက် မြေပုံကို ရေးဆွဲပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ နံနက် ၁၀ နာရီကနေ စတင်ပြီး ညနေ ၃ နာရီခွဲမှာ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်" ဟု ညီလာခံသို့ တက်aရာက်ဆွေးနွေးသူ တစ်ဦးက ဆိုသည်။ 

"ဒဂုံတက္ကသိုလ်နဲ့ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား တက္ကသိုလ်တို့က မြန်မာနိုင်ငံကို အိန္ဒိယ ၀န်ကြီးချုပ် လာရောက်စဉ်အတွင်း နေပြည်တော်မှာ ပညာရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုဆွေးနွေးပွဲက အဲဒီရဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်က နိုင်ငံတကာက တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိတယ်" ဟု ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ဆိုသည်။ 

BIMSTEC အဖွဲ့၌ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ ပါဝင်သည်။ 

Eleven Media Group

နယ်စပ်ဒေသမှ ကြက်နှင့်ကြက်ထွက် ပစ္စည်းများ H7N9 ကူးစက်မှု ရှိမရှိ သိရှိရန် ရန်ကုန်ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်


၁၉.၅.၂၀၁၃၊ တနင်္ဂနွေနေ့
 

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး မျိုးစိတ်သစ် H7N9 ပြည်တွင်း၌ ကူးစက်မှု ရှိမရှိ နယ်စပ်ဒေသများမှ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအောက်ရှိ တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ သိရသည်။

ကနဦး အနေဖြင့် မြန်မာ-တရုတ် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ လောက်ကိုင်၊ လားရှိုး၊ နမ့်ခမ်း၊ ကုန်းကြမ်း၊ မိုင်းလားနှင့် ချင်းရွှေဟော်ရှိ ကြက်နှင့် အခြားကြက်ထွက်ပစ္စည်း ၆၀၀ ခန့်ကို နမူနာယူကာ ရန်ကုန်တိုင်း ဒေသကြီးရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းသို့ နမူနာပစ္စည်း ထုတ်ယူပြီး ၇၂ နာရီအတွင်း ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသများရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ၀န်ထမ်းများကို ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်မှု၊ သုတေသန ပြုလုပ်မှုဆိုင်ရာ သင်တန်းများကို ပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

ထို့အပြင် မြန်မာနိုင်ငံအတွင်း ယခင်က ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ခဲ့ဖူးပြီး အန္တရာယ်ရှိသည်ဟု ယူဆရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင်လည်း ယခုကဲ့သို့ ဆက်လက်စစ်ဆေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စူးစမ်းလေ့လာမှုများအား မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်၍ မေလကုန်ပိုင်းတွင် စတင်ကာ စူးစမ်းလေ့လာမှုများ စတင်ပြုလုပ်မည် ဖြစ်သည်။

တရုတ်နိုင်ငံတွင် H7N9 ဖြစ်နေစဉ် ကာလအတွင်း တရုတ်နိုင်ငံ နယ်စပ်မှ မူဆယ်သို့ ၀င်ရောက်လာသည့် ကြက်နှင့် ကြက်ထွက်ပစ္စည်းများအား သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်း၍ ဖျက်ဆီးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း မြန်မာ-တရုတ် နယ်စပ်ဂိတ်၊ မူဆယ်ဂိတ်များတွင်လည်း ကြက်အ၀င်များအား တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရသည်။

Eleven Media Group

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

၁၉.၅.၂၀၁၃၊ တနင်္ဂနွေနေ့



ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ပြည်တွင်းတွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး အရေးယူထားကြောင်း နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေးယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ သူတို့တွေဟာ အခုထိ ပြန်မလာသေးဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။ 
အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ် . . . . .

မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင်လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေးရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိတယ်။ နောက် အရန်မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့သိတယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်လာရင်လည်း လာသတင်းပို့ပြီး ဖမ်းခိုင်းတယ်။
ဒီက လူတွေလည်း ဟိုဘက်ကလူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူတို့တွေ ၀င်လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ထောင်စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက်ကတ်တွေ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့် အရေးယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ်ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးကာ လ၀က ဥပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။

Eleven Media Group

လှိုင်သာယာနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များသို့ ကုက္ကိုဝမြစ်မှ ရေပေးဝေမည့် စီမံကိန်းအတွက် ကိုရီယားကုမ္ပဏီ လေ့လာမည်

၁၉.၅.၂၀၁၃၊ တနင်္ဂနွေနေ့


သောက်သုံးရေ လိုအပ်ချက် ရှိနေသာ လှိုင်သာယာမြို့နယ်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်စသော မြို့နယ်များအား ရေပေးဝေရေး စီမံကိန်း အသစ်ဖြစ်သည့် ကက္ကိုဝမြစ်မှ ရေပေးဝေမည့် စီမံကိန်းအတွက် အကြိုဖြစ်နိုင်ခြေ လေ့လာမှုများအား ကိုရီးယားနိုင်ငံရှိ SK Engineering Construction ကုမ္ပဏီမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖြစ်နိုင်ခြေ လေ့လာမှု ပြုလုပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် SK Engineering Construction တို့ မေ ၁၇ ရက်တွင် MoU လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဖြစ်နိုင်ချေ လေ့လာမှုအတွက် ကုန်ကျစရိတ်များကို SK Engineering Construction က ကုန်ကျခံသွားမည်ဟု သိရသည်။

ကုက္ကိုဝမြစ်မှာ လှိုင်သာယာမြို့နယ် အနီးတွင်ရှိပြီး ယင်းမြစ်မှရေကို သန့်စင်ကာ တစ်နေ့လျှင် ရေဂါလန် သန်း ၂၀၀ ခန့် ပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ယခု ယင်းစီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှုကို ပြုလုပ်ရန်အတွက် အချိန်တစ်နှစ် ကြာမည်ဟု ခန့်မှန်းထားကြောင်း၊ ဖြစ်နိုင်ခြေ လေ့လာမှုမှ ရရှိလာသည့် အချက်အလက်များပေါ် မူတည်၍ ရေပေးဝေမှု လုပ်ငန်းများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။

လက်ရှိ လှိုင်သာယာမြို့နယ်အား သဲဖြူရေပေးဝေရေး စခန်းမှ ရေပေးဝေနေသော်လည်း လုံလောက်အောင် ပေးဝေနိုင်မှု မရှိသေးဘဲ ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များကိုလည်း လှော်ကားကန်မှ ရေပေးဝေနေရာ အချိန်ပိုင်းသာ ပေးဝေနိုင်သေးကြောင်း သိရသည်။ 

Eleven Media Group