23.5.13

သြစီမိုင်းတွင်းလုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ မျော်လင့်


၂၃.၅.၂၀၁၃၊ ကြာသပတေးနေ့

သြစတြေးလျနိုင်ငံက မိုင်းတွင်းလုပ်ငန်းကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြုပ်နှံမူတွေ လုပ်ဖို့ မျော်လင့်ကြောင်း မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီး ဒေါက်တာ မြင့်အောင်က ပြောပါတယ်။

သြစတြေးလျနိုင်ငံကမိုင်းတွင်းတနေရာ (Credit: Reuters) 
ရင်းနှီးမြုပ်နှံမှုတွေ ပိုမို လုပ်ကြဖို့အတွက်လည်း မြန်မာအစိုးရက သတ္တုတွင်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်ဆင်ရေးဆွဲနေပြီး လာမယ့်နှစ်အတွင်း ထုတ်ပြန်နိုင်ဖို့ မျော်လင့်နေကြောင်းလည်း သိရပါတယ်။

ဥပဒေသစ်အရ နိုင်ငံခြားကုမ္ပဏီတွေအတွက် သေချာရေရာတဲ့ ဥပဒေတွေနဲ့ ပိုမိုကောင်းမွန်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပေးစွမ်းနိုင်ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက မိုင်းလုပ်ငန်းဥပဒေဟာ နိုင်ငံတကာအဆင့်မှီတဲ့ ဥပဒေဖြစ်မယ်လို့လည်း ဝန်ကြီး ဒေါက်တာမြင့်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ မိုင်းတွင်းလုပ်ငန်းဟာ အာရှ-ပစိဖိတ်ဒေသတွင်းမှာ ပွင့်လင်းမြင်သာမှု အနည်းဆုံးရှိတဲ့ နိုင်ငံလို့ အမေရိကန်နိုင်ငံက စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ပြောခဲ့တာကိုလည်း မြန်မာအစိုးရက ငြင်းဆိုထားပြီး မြန်မာနိုင်ငံအနေနဲ့ မိုင်းတွင်းလုပ်ငန်း ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်နေပြီလို့ ပြောလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ မိုင်းတွင်းလုပ်ငန်း ပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြံဥာဏ်ရယူတာတွေ ဥပဒေသစ်တွေ ထုတ်ပြန်နိုင်အောင် လုပ်ဆောင်နေပြီ လို့ ပြောလိုက်ပါတယ်။

Radio Australia - Myanmar

0 comments:

Post a Comment