ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.4.16

ပြဒါးလင်းဂူယဉ်ကျေးမှုဇုန် ရွာငံဒေသကို ခရီးစဉ်ဒေသသစ်တစ်ခု အဖြစ် ဖော်ထုတ်သွားမည်ဟုဆို


ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံဒေသကို ခရီးစဉ်ဒေသ သစ် (Tour Site)တစ်ခုအဖြစ်ဖော်ထုတ်ရန် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိကြောင်း သိရသည်။

နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ တိုက်လေယာဉ်သုံးစီး တင်ပို့ရန် ရုရှားစီစဉ်

မြန်မာနိုင်ငံက မှာယူထား သည့် တိုက်လေယာဉ်သစ် သုံးစီးကို ယခု နှစ်ကုန်တွင် ရုရှားက တင်ပို့နိုင်ဖွယ်ရှိနေကြောင်း The Diplomat သတင်း ဌာနက ဖော်ပြသည်။

ကြံ့ခိုင်ရေးပါတီ အကြီးအကဲဟောင်းများက ပါတီဝင်များကို ဖဲ့ထုတ်စည်းရုံးမှု သတိပြုရှောင်ရှားရန် ကြံ့ခိုင်ရေးပါတီထုတ်ပြန်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြီးအကဲဟောင်းများက ပါတီဝင်များ ဖဲ့ထုတ်စည်းရုံးမှုကို သတိပြုရှောင်ရှားရန်နှင့် ပါတီဝင်များသည် လူပုဂ္ဂိုလ်အပေါ် သစ္စာမခံဘဲ ပါတီအပေါ် သစ္စာခံရန် မကွေးတိုင်းဒေသကြီး ကြံ့ခိုင်းရေးပါတီက ဧပြီလ ၂၇ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

အစိုးရအသုံးစရိတ် ပြန်လည်သုံးသပ်မှုအစီရင်ခံစာ ပထမဆုံးအကြိမ် ထုတ်ပြန်

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရ စတင်ခဲ့သည့် ကာလတစ်လျှောက်တွင် အစိုးရ၏ အသုံးစရိတ် ပြန်လည်သုံး သပ်မှု အစီရင်ခံစာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက်ကြောင်း နေပြည်တော်တွင် ပြု လုပ်သည့် ယင်းအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန် ကြီးဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန် ကုမ္ပဏီ ရှယ်ယာများ မေလအတွင်း စတင်ရောင်းချမည်

FMI
စတော့အိတ်ချိန်းတွင် စရင်းဝင် ရောင်းချခွင့်ရထားသည့် မြန်မာ သီလ၀ါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီ(MTSH) ၏ ရှယ်ယာများကို လာမည့် မေလအတွင်း စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါက်တာ ဉာဏ်သစ်လှိုင် က ပြောသည်။