ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.11.14

“ထူးဖောင်ဒေးရှင်း ဆဋ္ဌမအကြိမ်မြောက် ပုဂံဒေသ ဆေးကုခရီးစဉ်တွင် ခံတွင်း ဝေဒနာရှင် (၉၂၀)ဦးအား အခမဲ့ ကုသပေးခဲ့”

ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆေးကောင်စီနှင့် ပူးပေါင်း၍ ဆဋ္ဌမအကြိမ်မြောက် သွားနှင့်ခံတွင်း ဆေးကုသမှု အစီအစဉ်ကို ပုဂံမြို့ဟောင်းရှိ တောင်ဖီကျောင်း(နတ်ထောင့်ကျောင်း)တွင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၃)ရက်တိုင် လူနာပေါင်း (၉၂၀)ဦးအား အခမဲ့ ဆေးကုသ ပေးခဲ့ပါသည်။ အဆိုပါ ခရီးစဉ်တွင် သွားလုံးဝ မရှိတော့သည့် ဝေဒနာရှင် (၂၀)ဦးကို သွားအံကပ်များ ပြုလုပ်ပေးခဲ့ပြီး နှုတ်ခမ်းကွဲ ဝေဒနာရှင် (၄)ဦးကို ခွဲစိတ်ကုသမှု ပေးနိုင်ခဲ့ပါသည်။

ထူးဖောင်ဒေးရှင်း၏ အခမဲ့ နယ်လှည့် ဆေးကုသမှုခရီးစဉ်တွင် ထူးဖောင်ဒေးရှင်းမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာပိုင်စိုးနှင့် ကျွမ်းကျင်ဆရာဝန်များ ၊ သွားတုကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း (၅၀)ဦး လိုက်ပါကာ ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါခရီးစဉ်တွင် သွားနှင့်ခံတွင်းဆေးကုသမှုအပြင် ကျောင်းသားကျောင်းသူလေးများအား သွားနှင့်ခံတွင်း ကျန်းမာရေးနှင့်ပက်သက်ပြီး သိရှိလိုက်နာသင့်သည်များကို ရှင်းလင်းပြောကြားပေးခြင်း၊ နည်းစနစ်တကျသွားတိုက်ခြင်းအား သရုပ်ပြသပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး သွားတိုက်ဆေးများ၊ သွားတိုက်တံများကိုလည်း လှူဒါန်းပေးခဲ့ပါသည်။

ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆေးကောင်စီနှင့် ပူးပေါင်း၍ အခမဲ့ သွားနှင့်ခံတွင်း ဆေးကုသမှုများကို
နယ်လှည့်ဆောင်ရွက်ခဲ့ရာ ယခုဆဋ္ဌမအကြိမ်အထိ ဝေဒနာရှင်ပေါင်း (၈၀၀၀) ကျော်ကို လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် သွားမရှိသူ (၁၂၀) ကျော်အတွက် သွားတုအံကပ်များ ပြုလုပ်ပေးနိုင်ခဲ့ပြီး၊ အသေးစား ခွဲစိပ်ကုသမှုပေါင်း (၂၀)ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ ဆေးကုသမှု ဆောင်ရွက်ရာတွင် အင်တိုက်အားတိုက် လိုက်ပါကုသပေးကြသော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီမှ ဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ဝန်ထမ်းများ ၊ ဆေးကုမှုဆောင်ရွက်နိုင်ရန်အတွက် ထူးဖောင်ဒေးရှင်းအား အဓိက ကူညီပံ့ပိုးပေးကြသည့် ထူးကုမ္ပဏီများအုပ်စုနှင့်တကွ ၊ Air Bagan Ltd. ၊ Aureum Palace Hotal ၊ Myanmar Treasure Resort Hotel ၊ AGD Bank Ltd. တို့ကို ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

Htoo Foundation

ဖိလစ်ပိုင်တောင်ပိုင်းတွင် ပေါက်ကွဲမှု တစ်ခုကြောင့် လူ ၈ ဦး ဒဏ်ရာရရှိ



ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူ ၈ ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်လုပ် ဖောက်ခွဲရေး ကိရိယာ တစ်ခုကြောင့်ဟု ယူဆရသည့် ပေါက်ကွဲမှုတစ်ခု နိုဝင်ဘာ ၁၆ ရက် ညပိုင်းက လူအများ ဖြတ်သန်းသွားလာနေသည့် နေရာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံ ရဲတပ်ဖွဲ့က ဆိုသည်။

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ကျွန်းပေါ်ရှိ ကာဘာကန်မြို့ပေါ်တွင် ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမျှ မိမိတို့၏ လုပ်ဆောင်မှုအဖြစ် ထုတ်ဖော် ဝန်ခံလာခြင်း မရှိချေ။ အဆိုပါ ဒေသတွင် အစိုးရ ဆန့်ကျင်ရေး စစ်သွေးကြွ အဖွဲ့အစည်း အတော်များများ လှုပ်ရှားနေသည်။

“ဒဏ်ရာရတဲ့သူတွေက ဗုံးစတွေ ထိမှန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်”ဟု ဒေသဆိုင်ရာ အရေးပေါ် အခြေအနေ ကွပ်ကဲရေး တာဝန်ရှိသူ ဒေးဗစ် ဆော်ရာက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်နှင့် ပတ်သက်၍ သံသယရှိသူ တစ်ဦးတစ်ယောက်မျှ မဖော်ထုတ်နိုင်သေးဟု ဆိုသည်။

ကာဘာကန်သည် စိုက်ပျိုးရေးကို အခြေပြုပြီး လူပေါင်းရှစ်သောင်းကျော် မှီတင်းနေထိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ အဆိုပါ မြို့အနီးတွင် နိုင်ငံ၏ အကြီးမားဆုံး စစ်သွေးကြွ အဖွဲ့အစည်း တစ်ခုနှင့် ဖိလစ်ပိုင် အစိုးရတို့ကြား ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ထူထောင်ထားခြင်းကို ဆန့်ကျင်လှုပ်ရှားနေသည့် အခြား အစ္စလာမ်မစ် သူပုန်အဖွဲ့များ လှုပ်ရှားနေကြောင်း သိရှိရသည်။

_Ref: Channelnewsasia

ရုရှားနှင့်အက်ဘ်ခါဇီးယား သဘောတူညီချက်အား ဂျော်ဂျီယာနိုင်ငံသားတို့ ကန့်ကွက်ဆန္ဒပြ


ဂျော်ဂျီယာနိုင်ငံမှ ခွဲထွက်ထား သည့် အက်ဘ်ခါဇီးယားဒေသနှင့် ရုရှားနိုင်ငံ တို့အကြား သဘောတူညီ ချက်တစ်ရပ်ပြုလုပ်ရန် စီစဉ်နေ ခြင်းအား ကန့်ကွက် သည့် ဆန္ဒပြပွဲ ကို ဂျော်ဂျီယာနိုင်ငံမြို့တော် တီ ဘလီဆီ၌ ပြုလုပ်ခဲ့ရာ လူထောင် သောင်းများစွာ ပါဝင်ချီတက်ခဲ့ကြ ကြောင်း ဘီဘီစီသတင်းတွင်
ဖော် ပြခဲ့သည်။

ဤသဘောတူညီချက်မှာ ရုရှား နှင့်အက်ဘ်ခါဇီးယားနှင့် ရုရှားစစ် တပ်တို့ပူးပေါင်းမှုကို လုပ်ဆောင် သွားကြမည်ဟု ဆိုသည်။

ဆန္ဒပြပွဲအား ဂျော်ဂျီယာအ တိုက်အခံ၊ ညီညွတ်သော အမျိုးသား လှုပ်ရှားမှုပါတီUNM က ဦးဆောင် ခဲ့သည်ဟု သိရသည်။

ခွဲထွက်ရေးအတွက် အက်ဘ် ခါဇီးယားတို့ တိုက်ခိုက်ခဲ့ပြီးနောက် ၁၉၉၉ခုနှစ်တွင် အက်ဘ်ခါဇီးယား နယ်က လွတ်လပ်ရေး ကြေညာခဲ့ သည်။

၂၀၀၈ခုနှစ်တွင် ရုရှားက အက်ဘ်ခါဇီးယား၏ ကိုယ်ပိုင်အုပ် ချုပ်ရေးကို တရားဝင်အသိအမှတ် ပြုခဲ့သည်။

ဆန္ဒပြသမားများက ရုရှားသည် အက်ဘ်ခါဇီးယားကို သိမ်းပိုက်လိမ့် မည်ဟု ယုံကြည်လျက် ဂျော်ဂျီ ယာအလံနှင့် အီးယူအလံတို့ကို ကိုင်ဆောင်ဆန္ဒပြခဲ့ ကြသည်။

၎င်း တို့သည် ''ရုရှားကို ရပ်ပစ်၊ ပူတင် ကိုရပ်ပစ်'' ဆိုသည့် ဆိုင်းဘုတ် များကိုလည်း ကိုင်ဆောင်ချီတက် ခဲ့ပြီး တချို့က ယူကရိန်းအလံများ ကိုင်ဆောင်လျက် ရုရှား၏ ခရိုင်းမီး ယားကျွန်းဆွယ်အား သိမ်းပိုက်လိုက် ခြင်းကို အမှတ်ရစေခဲ့ကြသည်။

''ဒီကနေ့ ကျွန်တော်တို့ရဲ့အသံ ကို အကျယ်ကြီးပြောကြားကြရမယ်။ ယူကရိန်းနဲ့ အတူ ပူးပေါင်းရမယ်။ ရုရှားဟာအက်ဘ်ခါဇီးယားနဲ့ တော် အိုဆက်ရှားကို သိမ်း ပိုက်နေ တယ်'' ဟု ဂျော်ဂျီယာပါလီမန် အမတ် ဒေးဗစ်ဘဂ်ရက်ဇီက ဆို သည်။

''ကမ္ဘာတစ်ခုလုံးက ဂျော် ဂျီယာနဲ့ ယူကရိန်းမှာ နိုင်ငံတကာဥပဒေကို ဖော်ဆောင် သွားရမယ်''ဟုလည်း ၎င်းက ပြောသည်။

UNM ပါတီအား ဂျော်ဂျီယာ သမ္မတဟောင်း မီခေးလ်ဆခါရှ်ဗီလီကဦးဆောင် သည်။ ၎င်းမှာ ၂၀၁၂ ခုနှစ်မှစ၍ အတိုက်အခံဖြစ်လာခဲ့ သည်။

၎င်းက ဂျော်ဂျီယာအစိုးရက ခေါင်းညိတ်နေပြီး ရုရှား(ဝက်ဝံ)၏ နောက်သို့ လိုက်နေသည်ဟု စွပ်စွဲ ခဲ့သည်။

Ref : BBC

အမေရိကန် ဓားစာခံ တစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သည့် IS တပ်ဖွဲ့ကို အိုဘားမား ရှုတ်ချ


အမေရိကန် နိုင်ငံသား ဓားစာခံ တစ်ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ခေါင်းဖြတ် ကွပ်မျက်ခဲ့ခြင်းသည် ၎င်းတို့၏ မကောင်းဆိုးဝါး သရုပ်သကန်ကို ပြသနေခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။

IS အဖွဲ့က လူတစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ရာ ဗီဒီယိုထဲတွင် ပါရှိသည့် သားကောင်သည် အမေရိကန် ထောက်ပံ့ရေးဝန်ထမ်း အက်ဘ်ဒူလ်ရာမန် ကက်ဆစ်ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ကာဆစ်သည် ဆီးရီးယားရှိ ဒုက္ခသည်များအတွက် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ကာဆစ်သည် IS အဖွဲ့က ခေါင်းဖြတ်သုတ်သင်မှုကို ခံရသည့် ပဉ္စမမြောက် အနောက်နိုင်ငံသားနှင့် တတိယမြောက် အမေရိကန် နိုင်ငံသား ဖြစ်လာသည်။ အသက်(၂၆)နှစ်ရှိ ကာဆစ်၏ မိဘများက မိမိတို့၏သားသည် ဆီးရီးယားနိုင်ငံကို ဆီးရီးယားနိုင်ငံကို ချစ်မြတ်နိုးသည့်စိတ်ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဝမ်းနည်းစကား ပြောကြားခဲ့သည်။

အိုဘားမားက ကာဆစ်ကို လူသားချင်း စာနာမှုအတွက် ကူညီလှုပ်ရှားသူ တစ်ဦးအဖြစ် ချီးကျူးခဲ့ပြီး “အကြမ်းဖက် အဖွဲ့အစည်း တစ်ခုရဲ့ မကောင်းဆိုးဝါး စရိုက်လက္ခဏာ စစ်စစ်ကြောင့် သူလိုလူတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ပြီ။ ဒီအဖွဲ့အစည်းကို လူမဆန်တဲ့ အသိုက်အဝန်း တစ်ခုအဖြစ် တစ်ကမ္ဘာလုံးက မှန်ကန်စွာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်”ဟု IS တပ်ဖွဲ့ကို ရှုတ်ချသွားခဲ့သည်။

အမေရိကန်နှင့် ပူးပေါင်းမဟာမိတ်များက အီရတ်နှင့် ဆီးရီးယားတို့တွင် ဖြန့်ကျက် လှုပ်ရှားနေသည့် IS တပ်ဖွဲ့များကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့်နောက် IS တို့က ၎င်းတို့ ဖမ်းဆီးထားသည့် အနောက်နိုင်ငံများကို သတ်ဖြတ်ခြင်းဖြင့် လက်တုံ့ပြန်နေခဲ့သည်။

အိုဘားမားသည် ဩစတြေးလျ နိုင်ငံ၊ U20 အစည်းအဝေးမှ အမေရိကန်သို့ ပြန်လာပြီးနောက် IS တပ်ဖွဲ့၏ လုပ်ရပ်အပေါ် ယင်းသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းက ကာဆစ်၏ မိဘများဖြစ်သည့် အက်ဒ်နှင့် ပေါ်လာတို့ကိုလည်း စာနာကြောင်း ပြောဆိုခဲ့သည်။

“ဘာပဲဖြစ်ဖြစ် လူသားချင်း စာနာမှု ပုံရိပ်တစ်ခုအတွက် သူ့အသက်ကို ပေးအပ်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ သားအတွက် ကျွန်တော်တို့ဟာ အလေးအနက် ဂုဏ်ယူရပါမယ်။ သူရှင်သန်နေချိန်မှာ ချန်ထားရစ်ခဲ့တဲ့ ဒီအမွေအနှစ်ကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ နေ့စဉ်ရက်ဆက် သတိတရ လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်”ဟု သေဆုံးသူ၏ မိဘများကို ရည်စူးပြီး အိုဘားမားက ပြောကြားခဲ့သည်။

ယခင် အမေရိကန် ဓားစာခံ နှစ်ဦးဖြစ်သည့် ဂျိမ်းစ်ဖိုလေနှင့် စတီဗန် ဆော့လော့ဖ်တို့ကို သတ်ဖြတ်ခဲ့သူများမှာ ဗြိတိန်နိုင်ငံသား IS အဖွဲ့ဝင်များဖြစ်သည့် အလန်ဟန်နင်းနှင့် ဒေးဗစ်ဟိုင်းနက်စ်တို့ဖြစ်ကြောင်း ထောက်လှမ်းရေးက ဖော်ထုတ် သိရှိထားသည်။ ကာဆစ်ကို သတ်ဖြတ်သည့် မျက်နှာဖုံးစွပ် စစ်သွေးကြွသည်လည်း ဗြိတိန်နိုင်ငံသား တစ်ဦးဟု ယူဆရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယခင်ဗီဒီယိုများနှင့် မတူသည်မှာ ယခုတစ်ကြိမ် ဗီဒီယိုတွင် ခေါင်းဖြတ်ကွပ်မျက်သည့် နေရာကိုပါ အသေးစိတ် ပြသခဲ့ပြီး ဆီးရီးယားရှိ အေလက်ပို ဒေသမှ ဒါဘစ်တွင်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် IS တပ်ဖွဲ့က ဆီးရီးယားစစ်တပ်မှ ဖမ်းဆီးရမိထားသည့် အရာရှိနှင့် ပိုင်းလော့များကို ခေါင်းဖြတ် ကွပ်မျက်နေသည့် ပုံရိပ်များပါ ပါဝင်လာခဲ့သည်။

_Ref: BBC

ပျောက်ဆုံးကျောင်းသား ၄၃ ဦးအတွက် တာဝန်ရှိသူကို အပြစ်ပေးရန် မက္ကဆီကိုအစိုးရ ကတိပြု

မက္ကဆီကိုသမ္မတ အန်ဒရေ ပေနာနေတိုက ပျောက်ဆုံးကျောင်းသား ၄၃ ယောက်အတွက် တာဝန်ရှိသူကို ရှာဖွေ အပြစ်ပေးဖို့ အစိုးရက ကတိပြုတယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့က ထပ်ပြီး တာဝန်ခံ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် သူအစိုးရအဖွဲ့ရဲ့ ကျင့်ဝတ်အဆင့်အတန်းကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့တဲ့ သူဇနီး ရထားတဲ့ ဇိမ်ခံအိမ်တလုံးအတွက် အဖြေပေးဖို့ကိုလည်း ကတိပြုပါတယ်။

ဒေသခံရဲတွေက သင်တန်းသားဆရာ ၄၃ ယောက်ကို နိုင်ငံအနောက်တောင်ပိုင်း အစ်ဂွာလာမြို့မှာ စက်တင်ဘာ ၂၆ ရက်နေ့က ဖမ်းဆီးပြီး မူးယစ်ဂိုဏ်းဆီ လက်လွှဲပေးခဲ့ပါတယ်။

ဂိုဏ်းက သူတို့ကို လုံးလုံးသတ်လိုက်ဖို့ သေချာသလောက်ရှိပြီး သူတို့ အလောင်းတွေကို မီးရှို့ခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

အမှုကိုတော့ မပိတ်ရသေးလို့ မက္ကဆီကို ဒေသခံတွေက ဒေါသထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတကတော့ ဆန္ဒပြသူတွေရဲ့ နာကျင်မှုကို လေးစားတယ်။ ဒါပေမယ့် အကြမ်းဖက် လာတာကိုတော့ ခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်။

အရင်ရက်တွေကလည်း တရုတ်ခေါင်းဆောင်တဲ့ အကျိုးတူအဖွဲ့အစည်းတခုက အမေရိကန်ဒေါ်လာ ၃.၇၅ ဘီလီယံတန် မီးရထားစီမံကိန်း တခုကို မပြိုင်ဘဲ တင်ဒါအောင်ခဲ့လို့ အစိုးရက တင်ဒါကို ပြန်ဖျက်သိမ်းခဲ့ပါတယ်။

ဒေသခံ မီဒီယာတွေကတော့ သမ္မတရဲ့အုပ်စုထဲက မက္ကဆီကိုမဟာမိတ်တွေထဲက တယောက်နဲ့ ဒီစီမံကိန်းနဲ့ ချိတ်ဆက်နေတယ်လို့ ဖော်ထုတ် အစီရင်ခံခဲ့ပါတယ်။

တင်ဒါအောင်ခဲ့တဲ့ ဂရုပိုဟီဂါအဖွဲ့ရဲ့ လက်ခွဲတခုက သမ္မတ ပေနာ နေတိုရဲ့ဇနီး အိန်ဂျလီကာ ရီဗေရာအတွက် ဒေါ်လာ ၇ သန်းတန် အိမ်တလုံး ဆောက်ခဲ့ပြီး အိမ်ကတော့ ကုမ္ပဏီနာမည်နဲ့ ရှိနေဆဲ ပါ။ အစိုးရကတော့ ငွေချေပြီးရင် အိမ်ရှင်ဖြစ်လာမယ်လို့ ပြောပါတယ်။

သမ္မတကတော့ အခြေအမြစ်မ ရှိတဲ့ စွပ်စွဲချက်တွေကို ရှင်းဖို့ ဒီအိမ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း သတင်းအချက်အလက်တွေကို လာမယ့် သီတင်းပတ်မှာ စီစဉ်ပေးမယ်လို့ ပြောပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မကမ်းလှမ်းခဲ့ပါဘူး။

DVB

အမေရိကတိုက်ကို မွတ်ဆလင်များ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ဟု တူရကီသမ္မတဆို


အမေရိကတိုက်ကို ခရစ်တိုဖာ ကိုလံဘတ် ရှာဖွေတွေ့ရှိခြင်း မရှိခင် နှစ်ပေါင်း ၃၀၀ ခန့် ကာလကတည်းက မွတ်ဆလင်များ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
“အမေရိကကို မွတ်ဆလင် သင်္ဘောသားတွေ ၁၁၇၈ ခုနှစ်မှာ ရောက်ရှိခဲ့ပါတယ်” ဟု တူရကီသမ္မတက ပြောကြားသည်။
လက်တင်အမေရိကန် မွတ်ဆလင် ခေါင်းဆောင်များနှင့် အစ္စတန်ဘူလ်မြို့တွင် တွေ့ဆုံရာတွင် တူရကီသမ္မတက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကျူးဘားရှိ တောင်ကုန်းတစ်ခု အပေါ်တွင် ဗလီတစ်လုံး တွေ့ရှိရကြောင်း ကိုလံဘတ်၏ ဒိုင်ယာရီတွင် မှတ်သားထားသည်ကို ကိုးကားပြီး အာဒိုဂန်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ကာ ကိုလံဘတ် ဖော်ပြထားသည့် နေရာတွင် ဗလီတစ်လုံး တည်ဆောက်လိုကြောင်း အာဒိုဂန်က ပြောကြားသည်။
အမေရိကတိုက်ကို ကိုလံဘတ်က ၁၄၉၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု လူများစုက ယုံကြည်ထားသည်။
သို့သော်လည်း ၁၉၉၆ ခုနှစ်တွင် သမိုင်းပညာရှင် ယူစွပ်မရော့ ရေးထားခဲ့သည့် အငြင်းပွားဖွယ် ဆောင်းပါးတွင် ကိုလံဘတ်အရင် မွတ်ဆလင်များက အမေရိကတိုက်ကို ဦးစွာ ရောက်ရှိခဲ့ကြောင်း ကိုလံဘတ်၏ ဒိုင်ယာရီကို ကိုးကားဖော်ပြခဲ့သည်။
ယင်းကဲ့သို့ ပြောကြားချက်များကို ပညာရှင်များက ယုံကြည်ခြင်းမရှိဘဲ တောင်ကုန်များ၏ ပုံသဏ္ဌာာန်က ဗလီတစ်လုံးနှင့် တူနေသည်ကို မှားယွင်းပြီး ရေးထားမိခြင်း ဖြစ်မည်ဟု ထောက်ပြထားသည်။
ထို့အပြင် ကိုလံဘတ်ခေတ် မတိုင်ခင် ကာလတွင် အစ္စလာမ္မစ်ဆိုင်ရာ အဆောက်အအုံများ အမေရိကတိုက်တွင် ရှိခဲ့ကြောင်း ဖော်ပြနိုင်မည့် အထောက်အထား မတွေ့ရှိရပေ။
အမေရိကဒေသကို ပထမဆုံး ရောက်ရှိလာသူများသည် အာရှဒေသမှ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀၀ ခန့်က ဘာရင်းရေလက်ကြားကို ဖြတ်ကာ အမေရိကကို ရောက်ရှိလာခြင်း ဖြစ်မည်ဟု ယုံကြည်ထားသည်။
တူရကီသမ္မတ၏ AK ပါတီသည် နိုင်ငံရေးရာ အလာမ္မစ်ဝါဒအပေါ် အခြေခံထားသည့် ပါတီဖြစ်ပြီး တူရကီနိုင်ငံတွင်း အစ္စလာမ္မစ်ဆန်သော အမိန့်များ ချမှတ်ခဲ့သဖြင့် တူရကီပြည်သူအချို့က ဆန့်ကျင်ဆန္ဒပြခဲ့သည်။

The Voice Weekly

ဂျီဟတ်မီးတောင်များ ပေါက်ကွဲထွက်စေဖို့ ISIS အဖွဲ့ခေါင်းဆောင် အမိန့်ပေးထုတ်ပြန်


အစွန်းရောက်အုပ်စု ISIS အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi က ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အသံဖိုင်ဖြင့် ပြောဆိုတဲ့ မိန့်ခွန်းအသစ်တစ်ခုမှာ  ဂျီဟတ်မီးတောင်တွေကို ပေါက်ကွဲထွက်စေဖို့ အဖွဲ့သားတွေကို ဆော်သြခဲ့ကြပါတယ်။ Flashpoint Intelligence အဖွဲ့ ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဖွဲ့ နဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး အကြံပေး၊ အတိုင်ပင်ခံ အဖွဲ့တို့ ရဲ့ပြောဆိုချက်အရ အဲ့ဒီအသံသွင်းဖိုင်ဟာ အစစ်အမှန်ဖြစ်ပါတယ်။ ISIS ခေါင်းဆောင်ကို Iraq လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ သူ့ကို ဒဏ်ရာရရှိခဲ့တယ်လို့ ယူဆထားခဲ့ပေမယ့် ဒါဟာလွဲမှားသွားခဲ့ကြောင်း ရက်အနည်းငယ်အကြာ အသံဖိုင်ထွက်လာခဲ့တဲ့အခါမှာ အတည်ပြုလိုက်ရတာပါ။

အသံဖိုင်ထဲမှာ သူက "အစ္စလမ်မစ်စစ်သားများ … အဲဒီစစ်သားတွေကို ဆက်လက်ချေမုန်းကြ "လို့  ပြောဆိုထားပါတယ်။ ဂျီဟတ်မီးတောင်များ နေရာအနံ့ ပေါက်ကွဲထွက်အောင်လုပ်ကြပါ။ ကမ္ဘာကြီးကို မီးလျှံတွေနဲ့ ထွန်းညှိလိုက်ကြပါစို့ လို့ ဆော်သြထားပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ ISIS အဖွဲ့အား ဆန့်ကျင်ဗုံးခွဲတိုက်ခိုက်မှု ကျရုံးနေပါတယ်။ အမေရိကနဲ့ သူ့ရဲ့ မဟာမိတ်များ ထိတ်လန့်တုန်လှုပ်နေပြီ။ အားနားနေကြပါပြီ။ အစွမ်းအစမရှိတော့ပါဘူး လို့ အစွန်းရောက်ဝါဒီခေါင်းဆောင်က ကြေငြာသွားခဲ့တယ်။

Source: TIME