17.11.14

ရုရှားနှင့်အက်ဘ်ခါဇီးယား သဘောတူညီချက်အား ဂျော်ဂျီယာနိုင်ငံသားတို့ ကန့်ကွက်ဆန္ဒပြ


ဂျော်ဂျီယာနိုင်ငံမှ ခွဲထွက်ထား သည့် အက်ဘ်ခါဇီးယားဒေသနှင့် ရုရှားနိုင်ငံ တို့အကြား သဘောတူညီ ချက်တစ်ရပ်ပြုလုပ်ရန် စီစဉ်နေ ခြင်းအား ကန့်ကွက် သည့် ဆန္ဒပြပွဲ ကို ဂျော်ဂျီယာနိုင်ငံမြို့တော် တီ ဘလီဆီ၌ ပြုလုပ်ခဲ့ရာ လူထောင် သောင်းများစွာ ပါဝင်ချီတက်ခဲ့ကြ ကြောင်း ဘီဘီစီသတင်းတွင်
ဖော် ပြခဲ့သည်။

ဤသဘောတူညီချက်မှာ ရုရှား နှင့်အက်ဘ်ခါဇီးယားနှင့် ရုရှားစစ် တပ်တို့ပူးပေါင်းမှုကို လုပ်ဆောင် သွားကြမည်ဟု ဆိုသည်။

ဆန္ဒပြပွဲအား ဂျော်ဂျီယာအ တိုက်အခံ၊ ညီညွတ်သော အမျိုးသား လှုပ်ရှားမှုပါတီUNM က ဦးဆောင် ခဲ့သည်ဟု သိရသည်။

ခွဲထွက်ရေးအတွက် အက်ဘ် ခါဇီးယားတို့ တိုက်ခိုက်ခဲ့ပြီးနောက် ၁၉၉၉ခုနှစ်တွင် အက်ဘ်ခါဇီးယား နယ်က လွတ်လပ်ရေး ကြေညာခဲ့ သည်။

၂၀၀၈ခုနှစ်တွင် ရုရှားက အက်ဘ်ခါဇီးယား၏ ကိုယ်ပိုင်အုပ် ချုပ်ရေးကို တရားဝင်အသိအမှတ် ပြုခဲ့သည်။

ဆန္ဒပြသမားများက ရုရှားသည် အက်ဘ်ခါဇီးယားကို သိမ်းပိုက်လိမ့် မည်ဟု ယုံကြည်လျက် ဂျော်ဂျီ ယာအလံနှင့် အီးယူအလံတို့ကို ကိုင်ဆောင်ဆန္ဒပြခဲ့ ကြသည်။

၎င်း တို့သည် ''ရုရှားကို ရပ်ပစ်၊ ပူတင် ကိုရပ်ပစ်'' ဆိုသည့် ဆိုင်းဘုတ် များကိုလည်း ကိုင်ဆောင်ချီတက် ခဲ့ပြီး တချို့က ယူကရိန်းအလံများ ကိုင်ဆောင်လျက် ရုရှား၏ ခရိုင်းမီး ယားကျွန်းဆွယ်အား သိမ်းပိုက်လိုက် ခြင်းကို အမှတ်ရစေခဲ့ကြသည်။

''ဒီကနေ့ ကျွန်တော်တို့ရဲ့အသံ ကို အကျယ်ကြီးပြောကြားကြရမယ်။ ယူကရိန်းနဲ့ အတူ ပူးပေါင်းရမယ်။ ရုရှားဟာအက်ဘ်ခါဇီးယားနဲ့ တော် အိုဆက်ရှားကို သိမ်း ပိုက်နေ တယ်'' ဟု ဂျော်ဂျီယာပါလီမန် အမတ် ဒေးဗစ်ဘဂ်ရက်ဇီက ဆို သည်။

''ကမ္ဘာတစ်ခုလုံးက ဂျော် ဂျီယာနဲ့ ယူကရိန်းမှာ နိုင်ငံတကာဥပဒေကို ဖော်ဆောင် သွားရမယ်''ဟုလည်း ၎င်းက ပြောသည်။

UNM ပါတီအား ဂျော်ဂျီယာ သမ္မတဟောင်း မီခေးလ်ဆခါရှ်ဗီလီကဦးဆောင် သည်။ ၎င်းမှာ ၂၀၁၂ ခုနှစ်မှစ၍ အတိုက်အခံဖြစ်လာခဲ့ သည်။

၎င်းက ဂျော်ဂျီယာအစိုးရက ခေါင်းညိတ်နေပြီး ရုရှား(ဝက်ဝံ)၏ နောက်သို့ လိုက်နေသည်ဟု စွပ်စွဲ ခဲ့သည်။

Ref : BBC

0 comments:

Post a Comment