ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

22.6.16

အာရှဒေသမှာ ခရီးသွားဦးရေ၀င်ရောက်မှုအများဆုံးဖြစ်တဲ့ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းရှေ့အလားအလာအတွက်စိုးရိမ်ပူပန်နေ

ထိုင်းရဲ့ ခရီးသွားလုပ်ငန်းထဲမှာ လာရောက်လည်ပတ်သူ ခရီးသွားဦးရေ
များပြားလာနေခဲ့သလိုလုပ်ငန်းကနေ ရရှိတဲ့ ၀င်ငွေပိုင်းမှာ သိသိသာသာ
တိုးတက်လာနေပေမယ့်လည်း ရှေ့အလားအလာတွေအတွက် စိုးရိမ်
ပူပန်နေရဆဲလို့ ထိုင်းအာဏာပိုင်တွေက ပြောကြားပါတယ်။

ခေတ္တရပ်ဆိုင်းထားသည့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ပြန်လည်ခွင့်ပြုရန် ဇွန် ၂၁ ရက်မှစ၍ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်နေ

ရန်ကုန်မြို့တွင် ခေတ္တရပ်ဆိုင်းထားသည့် အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ပြန်လည်ခွင့်ပြုရန်အတွက်  ဇွန် ၂၁ ရက်မှစ၍ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ကျိုက်ထီးရိုးတွင် အလှူခံကန်ထရိုက်ပေးသည့်စနစ် ပယ်ဖျက်မည်ဟု သူရဦးအောင်ကိုပြော

ကျိုက်ထီးရိုးစေတီတော် အပါအဝင် စေတီတော်အနီး တစ်ဝိုက်ရှိ စေတီများ၊ နေရာများ တွင် အလှူခံ ကန်ထရိုက်ပေး သည့်စနစ်ကို ပယ်ဖျက်မည်ဖြစ် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြော ကြားသည်။

ရန်ကုန်တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း မြေနေရာများ၌ ကျူးပြဿနာအနည်းငယ်ရှိ

ရန်ကုန်မြို့အတွက်တည် ဆောက်မည့် တန်ဖိုးနည်းတိုက် ခန်းပေါင်း ရှစ်ထောင်ကျော်ကို တည်ဆောက်မည့်နေရာများတွင် ကျူးပြဿနာ အနည်းငယ်ရှိနေ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ သတင်းရရှိသည်။

DKBA တပ်ဖွဲ့ဝင်၂ဝကျော် KNU ဘက်သို့ကူးပြောင်း

ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA) မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်၂ဝကျော်သည် ကရင် အမျိုးသား အစည်းအရုံး (KNU) ထံသို့ ဘက်ပြောင်း ပူးပေါင်းခဲ့ကြောင်း KNU ထံမှ သိရသည်။

စစ်ဘေးသင့်ဒေသသို့ သွားရောက်မည့် ကုလအထူးကိုယ်စားလှယ်ခရီးစဉ် အစိုးရခွင့်မပြု


ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ စစ်ဘေးသင့် ဒေသများသို့ သွားရောက်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ၏ ခရီးစဉ်ကို အစိုးရက လုံခြုံရေးအရ စိတ်ချမှုမရှိဟုဆိုကာ ခွင့်မပြုကြောင်း မစ္စယန်ဟီးလီက ပြောကြားသည်။

ကုလပိတ်ဆို့မှုကို ချိုးဖောက်ကာ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ရှေ့ဆင့်နောက်ဆင့် ပစ်လွှတ်စမ်းသပ်

ကုလသမဂ္ဂ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို အာခံလျက် မြောက်ကိုရီးယားနိုင်ငံက တာလတ်ပစ် ဖျက်အားပြင်းဒုံးကျည်နှစ်စင်းကို ရှေ့နောက်ဆင့် ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောသည်။

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ဖွယ်ရှိမှုကြောင့် ဂျပန်နိုင်ငံ၌ တပ်မတော်ကို တပ်လှန့်ထား

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ဖွယ်ရှိမှုကြောင့် ဂျပန်နိုင်ငံ၌ တပ်မတော်ကို တပ်လှန့်ထားကြောင်း အမည်မဖော်သူ အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက်တွင် ပြောကြားသည်။

ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီးယူနှင့် မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မည်

ဥရောပသမဂ္ဂ(အီးယူ)နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၂ဝ ရက်က ကျင်းပခဲ့သည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးကောင်စီအစည်းအဝေးတွင် ဥရောပ သမဂ္ဂ၏ မဟာဗျူဟာကောင်စီဆုံးဖြတ်ချက်ကို အတည်ပြုချမှတ်ခဲ့သည်။ မြန်မာအစိုးရဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် ဆက်လက်ထောက်ခံကူညီသွားမည်ဖြစ်ကြောင်းကို ထပ်မံဖော်ပြခြင်းဖြစ်ကြောင်း အီးယူနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒအကြီးအကဲ ဖက်ရီကာ မိုဂါရီနီက ကြေညာချက်တွင် ထည့်သွင်းပြောကြားသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဗိုင်းရပ်စ်ပိုးများ၊ ဗက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးမွှားများစသည့် ရောဂါပိုးများကြောင့် ဖြစ်ပွားရပြီး ငါးနှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားသည့် ပြင်းထန်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း၊ အာဟာရမပြည့်ဝသော ကလေးများတွင် ဖြစ်နိုင်ခြေပိုများသည့်အတွက် အာဟာရသင့်တင့်မျှတစွာ ကျွေးရန်လိုအပ် ကြောင်း ဇွန် ၁၉ ရက်က (ParkRoyal) ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ပြုလုပ်သော ငါးနှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ ဟောပြောပွဲမှသိရသည်။