22.6.16

ရန်ကုန်တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း မြေနေရာများ၌ ကျူးပြဿနာအနည်းငယ်ရှိ

ရန်ကုန်မြို့အတွက်တည် ဆောက်မည့် တန်ဖိုးနည်းတိုက် ခန်းပေါင်း ရှစ်ထောင်ကျော်ကို တည်ဆောက်မည့်နေရာများတွင် ကျူးပြဿနာ အနည်းငယ်ရှိနေ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဌာနပိုင်မြေတွေမှာတော့ တော်တော်များများ မြေနေရာ ရ ပြီးပါပြီ။ အခု ကျူးပြဿနာက တော့ နည်းနည်းတွေ့နေတယ်’’ ဟု အထက်ပါဌာန ညွှန်ကြားရေး မှူးချုပ်  ဦးမင်းထိန်ကပြောကြား သည်။
 ကျပ်သိန်းတစ်ရာအောက်  ဖြင့် ရောင်းချမည့်အိမ်ရာစီမံကိန်း အတွက် လက်ရှိတွင် ဒီဇိုင်းရေးဆွဲ ကာ ပုဂ္ဂလိကကုမ္ပဏီများအားတည် ဆောက်ခွင့်ပေးမည်ဖြစ်ပြီး ပွင့် လင်းမြင်သာမှုရှိစွာ ဖိတ်ခေါ်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါအခန်းမျးကို ယခု မိုးရာသီအကုန်တွင် စတင်တည် ဆောက်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာ နက တန်ဖိုးနည်းအိမ်ရာများဖော် ဆောင်ရာတွင် အဓိကကြုံတွေ့ ရသည့် အခက်အခဲမှာ မြေနေရာ ရရန်ဖြစ်ပြီး ကျယ်ဝန်းသည့် မြေ နေရာရရှိရန် ရန်ကုန်မြို့၌ အခက် ခဲဆုံးဖြစ်နေသည်။
လက်ရှိရန်ကုန်မြို့တွင်တန် ဖိုးနည်းအိမ်ရာတည်ဆောက်ရန် မြေဧက ၂၃၀ ကျော်ရရှိထား ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ကျပ်သိန်းတစ်ရာဖြင့်ရောင်း ချမည့် အိမ်ရာစီမံကိန်းအတွက် နေပြည်တော်တွင်အထပ်ငါးထပ်၊ အခန်း ၄၀ ပါဝင်မည့် အဆောက် အအုံကို စမ်းသပ်တည်ဆောက် လျက်ရှိနေပြီး အဆိုပါစီမံကိန်းမှ ထွက်ပေါ်လာမည့် ရလဒ်အပေါ် မူတည်ကာ တန်ဖိုးနည်းနိုင်သ လောက် နည်းပါးစေရေးနှင့် အ ရည်အသွေးရှိရှိ တည်ဆောက် မည်ဟုဆိုသည်။
နိုင်ငံတစ်ဝန်း ကျပ်သိန်းတစ် ရာအောက် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း တစ်သိန်းရှစ် သောင်းခန့် အစိုးရသစ်လက်ထက် ၌ တည်ဆောက်နိုင်ရန် စီစဉ်ထား ကြောင်း နေပြည်တော်တွင် ဇွန် လ ၇ရက်ကပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ ဆောက်လုပ်ရေး ၀န်ကြီး ဦးဝင်းခိုင်ကပြောကြား ခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment