ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.11.13

မန္တလေးနန်းတော်ထိန်းသိမ်းရန် မင်းတုန်းနှင့် သီပေါဘုရင်အနွယ်တော်များ အစိုးရထံ ခွင့်ပြုချက်တောင်းမည်

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်နန်းစိုက်ခဲ့ရာ မန္တလေးနန်းတော်ကြီး ကို ပြန်လည်ပြုပြင်ရန် မင်းတုန်းမင်းနှင့် သီပေါမင်းအနွယ်တော်များက အစိုးရထံ ခွင့်ပြုမိန့်တောင်းခံသွားမည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် မန္တလေးနန်းတော်မှာ
ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးယိုယွင်းနေသည့်အတွက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ အနွယ်တော်များက လာမည့်နှစ်တွင် ခွင့်ပြုမိန့်တောင်းခံ၍ ပြုပြင်သွားမည်ဟု သီပေါမင်း၏ တီတော်ဖြစ်သူ ဦးကျော်သီဟက ပြောသည်။

နှလုံးသွေးကြောကျဉ်းသူများအတွက် သံပုရာသီး

နှလုံးသွေးကြောကျဉ်းသူများအတွက် သံပုရာသီးတစ်လုံးအရည်ညှစ် အခွံပါ ရောပြီး ရေနွေးနဲ့စိမ်ထမင်းစားပြီးတိုင်း ရေအစားအဲ့ဒီသံပုရာရည်ကို သောက်ပေးပါ ...

အဆီချလိုသူတွေ သွေးတွင်း ကိုလက်စထရောများနေသူတွေ အတွက်လဲ သင့်လျှော်ပါတယ်...

ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား

ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာ သုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။

သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင်းကို သုတေသီ များကလည်း အကြံပြု ထားပါသည် ။

ညဖက်တွင် အသုံးပြု နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ် သွားစေပြီး အိပ်ချင်စိတ် ပျောက်သွား တက်ပါသည် ။

ရင်သားကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့

အမျိုးသမီးများ အတွက် ရင်သား ကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းကောင်း တစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါတယ်။

(၁) အိမ်အလုပ်များကို လုပ်ပါ။

(၂) ကလေးရှိလျှင် ကလေးကို နို့ချိုတိုက်ကျွေးပါ။

(၃) အရက်မသောက်ပါနှင့်။

(၄) ညဘက်အိမ်နေစဉ် တစ်ဘက်တည်း စောင်းပြီး မအိပ်ပါနှင့်။ ခန္ဓာကိုယ်ကို လှည့်ပေးပါ။

(၅) ကိုလက်စရောဓာတ်ကို လျှော့ပစ်ပါ။

(၆) ဓာတုပစ္စည်း အများအပြား ပါဝင်သော အစားအစာများကို တတ်နိုင်သလောက် ရှောင်ပါ။

(၇) လမ်းများများ လျောက်ပါ။

အမြန်ရေယာဉ်ပန်ကာခုတ်မိ၍ ဈေးသည်မိန်းကလေးတစ်ဦး သေဆုံး

ကလေးဝမြို့ဆိပ်ကမ်းတွင် အမြန်ရေယာဉ်ပန်ကာခုတ်မိသဖြင့် ၁၆-နှစ်အရွယ်ဈေးသည် အမျိုးသမီးတစ်ဦး ကလေးမြို့ ပြည့်သူ့ဆေးရုံကြီးတွင် ယမန်နေ့က သေဆုံးခဲ့သည်။

“အမြန်ယာဉ်နားကပ်ပြီး လှေပေါ်ကနေဈေးရောင်းတာပါ။ 
အမြန်ယာဉ် ထွက်ချိန်မှာ လှိုင်းကြောင့် လှေက မှောက်သွားတယ်။ 
လှေမှောက်သွားပြီး အမြန်ယာဉ်က ပြန်ဆုတ်လိုက်တဲ့အခါ ပန်ကာက လူအုပ်ထဲကို မွှေ့သွားတယ်။ လူအုပ်ထဲမှာမှ အဲဒီကောင်မလေးကို ထိသွားတယ်။ လှေကိုလည်း ပန်ကာခုတ်စားသွားတယ်”ဟု
လူနာအားဆေးရုံလာပို့သူများထဲမှ မြင်တွေ့သူတစ်ဦးက ပြောသည်။

ကက်သလစ်ကျောင်းတော် အာဏာခွဲဝေပေးရန် ပုပ်ရဟန်း မင်းကြီး တောင်းဆို

ကက်သလစ် ဘုရားကျောင်းတော်၏ အာဏာကို ဗာတီကန်မှ ခွဲဝေပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီး၏ အာဏာအပြောင်းအလဲ ပြုရေးနှင့် ဆိုင်သည့် အကြံပြုချက်များကို လက်ခံသွားမည် ဖြစ်ကြောင်း ပုပ်ဖရန်စစ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကမ္ဘာလုံး အတိုင်းအတာ စီးပွားရေး မညီမျှမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပဋိပက္ခများအဖြစ် ပေါက်ကွဲ ပေါ်ပေါက် လာနိုင်ကြောင်း ၎င်းက သတိပေးလိုက်သည်။

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ၂၀၁၄ တွင် ဖြန့်ချိမည်

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။ 

နတ်သမီး နှင့် ကျွန်တော် ဇာတ်ကားသည် စာရေးဆရာ မင်းတစ်ခေတ်၏ ဝတ္တုကို ဇာတ်အိမ် အခြေခံထားပြီး ရိုက်ကူးမည်ဖြစ်သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမည်ဖြစ်သော ယင်းဇာတ်ကားတွင် သရုပ်ဆောင် ကောင်းပြည့် ၊ ခင်ဝင့်ဝါနှင့် ပွင့် တို့ ပါဝင် သရုပ်ဆောင်ထားကြမည်ဖြစ်သည်။

ဒါရိုက်တာ ကြည်ဖြူသျှင်က " ဒီကားက အန်နီမေးရှင်း (animation) တွေ တစ်ကားလုံး နီးပါးပါတော့ ကားဆက်တာ နောက်ကျမှာဖြစ်တဲ့အတွက် ၂၀၁၄ ထဲ ဝင်သွားမှာပါ ။ ဒီဇာတ်ကားမှာ ခင်ဝင့်ဝါ ပထမဆုံး သရုပ်ဆောင်တာ ဆိုတော့ ဝါရင့် သရုပ်ဆောင်တွေ လိုတော့ မဟုတ်သေးဘူးပေါ့ ။ ဒါပေမဲ့ သူ့ကို သဘောကျတာက ရိုက်ကွင်းကို အချိန်အတိအကျလာတယ် အလုပ်ကို လေးစားတယ်၊ အရမ်းကြိုးစားတယ် အဲတာကြောင့် သူနဲ့ ဇာတ်ကားတွေ ဆက်ရိုက်သွားမှာပါ" ဟု ပြောသည်။ 

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့်ဇနီးကိုဓားဖြင့်ထိုးသတ်

မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍

လက်ရှိ ဘောလုံးလောကရဲ့ တန်ကြေးအရှိဆုံး ကစားသမား (၁၀)ဦး

လက်ရှိ ဘောလုံးလောက၏ တန်ကြေးအရှိဆုံး ကစားသမားများအဖြစ် စစ်တမ်းများ ကောက်ယူခဲ့ရာ လာလီဂါ စတား မက်ဆီနှင့် စီရော်နယ်ဒို့က ဦးဆောင်နေသည်။ သို့သော်လည်း ပြောင်းရွေ့ကြေးအမြင့်ဆုံး ဖြစ်သည့် ရီးရဲလ်မက်ဒရစ် ကစားသမား ဘေးလ်မှာ အဆိုပါ ထိပ်တန်း (၁၀)ဦးစာရင်းတွင် ပါဝင်လာခဲ့ခြင်း မရှိပေ။ စစ်တမ်းများ အရ တန်ကြေးအရှိဆုံး ကစားသမား (၁၀)ဦး စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။ 

၁) လီယွန်နယ် မက်ဆီ (ဘာစီလိုနာ၊ အာဂျင်တီးနား) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၁၃၉.၉ သန်း

၂) စီရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်၊ ပေါ်တူဂီ) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၁၀၄.၂ သန်း

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဦးကျော်သူဘာကြောင့်မပါဝင်သလဲ

နိုဝင်ဘာ ၂၄ ရက်နေ့က မြဝတီမြို့ နာရေးကူညီမှုအသင်း ၉ နှစ်ပြည့်အခမ်း အနားသို့တက်ရောက်လာခဲ့သော ရန်ကုန် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ အား တွေ့ဆုံမေးမြန်းခဲ့ရာ-

မး - မြဝတီမြို့ကို ရောက်ရှိ လာခဲ့တဲ့ အစီအစဉ်ကို သိပါရစေ။

ဖြေ - မြဝတီမြို့ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးလှထွန်းက သူတို့နာရေး ကူညီမှုအသင်းကြီး ၉ နှစ်ပြည့်ခမ်းအနား ကို တက်ရောက်ပေးဖို့ ဖိတ်ကြားတဲ့ အ တွက် ရောက်ရှိခဲ့တာပါ။

မေး - ၂၀ဝ၇ ခုနှစ်၊ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုကျော်သူ ဘယ်လိုအရေးယူခံခဲ့ရ သလဲ။
ဖြေ - ကျွန်တော် (၇)ရက် အဖမ်း ခံခဲ့ရတယ်။ ပြည်ထဲရေးရုံးရယ်၊ အောင် သပြေစစ်ကြောရေးစခန်းရယ် နှစ်နေရာ ရွှေ့ပြီး ထိန်းသိမ်းခံခဲ့ရတယ်။

ပုဂံဒေသတွင် မီးပုံးပျံခရီးစဉ်ထပ်မံတိုးချဲ့မည်

ကောင်းကင်မှ မီးပုံးပျံဖြင့် ရှေးဟောင်းပုဂံဒေသအား လှည့်လည် ကြည့်ရှုရသည့် လူစီးမီးပုံးပျံများကို ထပ်မံတိုးချဲ့ပြီး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြော သည်။

Ballon Over Bagan အမည်ဖြင့် ပုဂံတွင် ဝန်ဆောင်မှုပေး လျက်ရှိပြီး မန္တလေးမြို့၌ ပျံသန်းမည့်ခရီးလမ်းကြောင်းရှာဖွေခဲ့ပြီး ယခုနှစ်ရာသီအတွက် ယခုလ ၂၁ ရက်မှစတင်၍ ခရီးသည်များ အတွက် ဝန်ဆောင်မှုပေး
မည်ဖြစ်ကြောင်းသိရသည်။

အခြေခံဥပဒေပြင်မှ ဒီမိုကရေစီနိုင်ငံဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်ရင် ဒီမိုကရေစီကျတဲ့ လူ့အဖွဲ့အစည်းစစ်စစ် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott တို့ ဒီကနေ့ ကင်ဘာရာမြို့မှာ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

ကုလနျူကလီးယား စစ်ဆေးရေးအဖွဲ့ အီရန်ဖိတ်ခေါ်

အီရန်နျူကလီယားစောင့်ကြည့်စစ်ဆေးရေး ကုလသမဂ္ဂအရာရှိတွေကို အီရန်နိုင်ငံက ရှေ့လမှာ လာစစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ IAEA ခေါ် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အရာရှိချုပ် Yuyika Amano က အီရန်အစိုးရအနေနဲ့ အေဂျင်စီက စစ်ဆေးရေးအရာရှိတွေကို ဒီဇင်ဘာ ၈ ရက်နေ့မှာ လာစစ်ဆေးဖို့ ဖိတ်ထားတယ်လို့ ဒီနေ့ထုတ်ပြောလိုက်ပါတယ်။

နျူကလီယား ဓာတ်ပေါင်းဖိုအတွက် မရှိမဖြစ် လိုအပ်တဲ့ ရေထုတ်လုပ်မှု စက်ရုံကို ဒီတခေါက် စစ်ဆေးဖို့အတွက် အီရန်ဘက် ကမ်းလှမ်းတာက ၂ နှစ်အတွင်း

Eleven Media Website အား Hacker အဖွဲ့ တစ်ခုမှ တိုက်ခိုက်

ပြည်တွင်း အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် eleven media group ၏ website မှာ ယခု မိနစ်ပိုင်းအတွင်းကပင် DCMN Hacker အဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွက် Eleven Media အား ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ Web Team မှ ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်နေပြီး လိုအပ်ပါက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သုတလင်း
Popular Myanmar News Journal

ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။
´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊

Time မဂ္ဂဇင်းရဲ့ “Person of the Year” မှာ Miley Cyrus ဖြစ်နိုင်ဖွယ်ရှိ

လူတွေပြောနေကြတာက လတ်တလောမှာ Miley Cyrus တစ်ယောက် Time ရဲ့ “Person of the Year” အဖြစ် ရေပန်းစားနေပါတယ်တဲ့။

စာဖတ်သူတွေဟာ အသက် ၂၁အရွယ်ရှိတဲ့ အဆိုတော်မလေးကို ချီးကျူးထောပနာပြုဖို့ သောင်းသောင်းဖျဖျနဲ့ မဲပေးနေကြပါတယ်။ ဒုတိယနေရာမှာလိုက်နေတဲ့ ပြိုင်ဖက်ကတော့ CIA ရဲ့ ကွန်ပျူတာ အကျော်အမော်တစ်ယောက်ဖြစ်သူ Edward Snowden ဖြစ်တယ်လို့ သတင်းတွေ ပေါက်ကြားနေပါတယ်။

ဧည့်စာရင်းဖြင့် နေသူများကို ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် မဲဖောက်မပေးတော့

ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြံရေး အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြား လာသောကြောင့် ယခုအကြိမ် တန်ဖိုးနည်းဖုန်း အလုံး ၉၀ မဲဖောက်မှုတွင် ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများကို ဖုန်းလျှောက်ခွင့် လုံးဝ မပေးတော့ကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က

တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံ လုပ်သားများကို စီရင်ချက်ချမည်

ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည် ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားသည့် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် လုပ်သား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက စီရင်ချက်ချမည် ဖြစ်ကြောင်း တရားစွဲခံထားရသည့် လုပ်သားတစ်ဦး ဖြစ်သူ ဦးနေလင်းဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်က အချိန်မတန်သေးဘူး

ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ လွှတ်တော်တို့နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ရာ ယင်းစာအပေါ် သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ ဧရာဝတီအယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုတိယ၀န်ကြီးဦးရဲထွဋ်နှင့်ဆက်သွယ်မေးမြန်းထား ပါသည်။

လက်ဗီးယားမှ အရောင်းစင်တာ အမိုးပြိုကျမှုအတွက် ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

နိုဝင်ဘာ ၂၆ရက်က လက်ဗီယားဝန်ကြီးချုပ်သည် မြို့တော်မှ အရောင်းစင်တာကြီးတစ်ခု၏ အမိုးပြိုကျခဲ့သည့် ဖြစ်ရပ် အတွက် တာဝန်ယူသည့်နေဖြင့် ရာထူုးမှ နှုတ်ထွက်သွားကြောင်းသိရသည်။

အမိုးပြိုကျမှုကြောင့် ၅၄ဦးသေဆုံးပြီး လူပေါင်း ၄၀ကျော်
ဒဏ်ရာရရှိခဲ့သည်။ ၀န်ကြီးချုပ် ဗယ်ဒစ်ဒွန်ဘရောစကီးသည် လက်ဗီးယားသမိုင်းတွင် သက်တမ်းရှည် တာဝန်ထမ်းဆောင်ခဲ့သော
သူဖြစ် သည်။ သူ၏ ဆုံးဖြတ်ချက်သည် လက်ယာသမား အများစုနှင့် ဖွဲ့စည်းထားသော အစိုးရမှာအဖွဲ့ကို အားနည်းသွား စေခဲ့သည်။