ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.9.13

၂၄ နှစ်စာ လစာမရသည့် ဗိုလ်တဲစောင့် စားဝတ်နေရေး အခက်ကြုံ

မ ကွေးတိုင်းဒေသကြီး မကွေးမြို့ နယ် မြင်ကွန်းကျေးရွာတောင်ရပ် ကွက်အတွင်း ငါးပင်ပတ်လည် နှစ်ထပ် ရှေးသစ်သား
ဗိုလ်တဲဟောင်းတစ် လုံးရှိပြီး ၁၉၈၉ခုနှစ်မှ ယနေ့ထိ ၂၄နှစ်စာ လစာမရဘဲ စားဝတ် နေရေး အခက်အခဲဖြင့် ရပ်တည် နေသော ဗိုလ်တဲစောင့်တစ်ဦးရှိ ကြောင်း သိရသည်။

အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ် နှစ်နှစ်အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံး

စစ် ကိုင်းတိုင်းဒေသကြီး ကသာမြို့ နယ် ကလုံအုပ်စု အတွင်းရှိ အင်းရွာလေးကျေးရွာတွင် စက်တင် ဘာ ၂၄ရက်က လူသတ်မှုတစ်မှု ဖြစ်သွားခဲ့ရာ ထိုဖြစ်စဉ်အပေါ် ကြားရသူတိုင်းမှ ရင်ထုမနာဖြစ် နေကြရ ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ စက်တင်ဘာ ၂၃ရက် ည ရနာရီတွင် အသက် ၃၄နှစ်ရှိ မြင့်သန်းသည်

ကင်တားနားအား မြန်မာ့လူ့အခွင့်အရေး ကိုယ်စားလှယ် တာဝန်မှ ရပ်နား

ကု လသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင် ရာ အစီရင်ခံစာတင် သွင်းသူ ကင်တားနားအား ရာ ထူးသက်တမ်းကို ထပ်မံတိုးပေး တော့မည်မဟုတ်ဘဲ ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သိသည်။စက်တင်ဘာ ၂၄ရက်ကပြု လုပ်ခဲ့သော ကုလသမဂ္ဂလူ့အ ခွင့်အရေးဆိုင်ရာ အစည်းအဝေး တစ်ခုတွင် ယင်းသို့ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

အငှားယာဉ်မောင်းထံမှရွှေဆွဲကြိုးနှင့်ယာဉ် လုယက်ယူဆောင်သူများအား ဖမ်းဆီးရမိ

၂၄.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန် လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ကိုချစ်စံဝင်း သည် ၄င်းမောင်းနှင်သော CC/----၊ ပရိုဘောက်အငှားယာဉ်အား လှိုင်သာယာမြို့နယ်၊ ဘီအိုစီအ၀ိုင်း၌ ရပ်ထားစဉ် အမည်မသိအမျိုးသား (၃)ဦးမှ မီးခွက်ဈေးအောက်ထိပ်သို့ ငွေကျပ်(၁၅၀၀)ဖြင့် ငှားရမ်းသဖြင့် လိုက်ပါပို့ပေးခဲ့ပါသည်။

ကမ္ဘာတ၀ှန်း သေဆုံးမှုအများဆုံး အကြောင်းရင်းများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာတ၀ှန်းသေဆုံးမှုအများဆုံး အကြောင်းရင်းများကို ထုတ်ပြန် လိုက်ပြီဖြစ်ရာ အဆုတ်ကင်ဆာနှင့် ဆီးချိုသွေးချိုရောဂါတို့မှာ ယခင်နှစ် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ကြည့် လျှင် သေဆုံးမှုနှုန်းပိုမိုမြင့်တက်လာ သည်ကို တွေ့ရသည်။

ဇာတ်လမ်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဇာတ်လမ်းကောင်းဖို့လိုကြောင်း သင်ဇာဝင့်ကျော် ပြော

အနုပညာလောကမှာ ပရိသတ်အတန် အသင့် အားပေးမှုရှိနေသူ သင်ဇာဝင့်ကျော်ဟာ ရုံတင် ဇာတ်ကားကြီးတွေမှာလည်း ကျရာအခန်း ကဏ္ဍကို ပီပီပြင်ပြင်သရုပ်ေ ဆာင်နိုင်သူဖြစ်သလို ဗီဒီယို ဇာတ်ကားတွေမှာလည်း နေရာတစ်ခုရထားသူ ဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ ကိုမင်းကိုနိုင်နဲ့  တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အစိုးရ၊ လွှတ်တော်၊ လွှတ်တော်ပြင်ပ အင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး သဘောတူကျေနပ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေ လိုအပ်တယ်လိ...ု့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ The Elders ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့က သုံးသပ်ကြောင်း ဒီနေ့တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

ရွှေတောင်မြို့ နယ် ဘောလုံးပွဲတွင် ပရိသတ်နှင့် လုံခြုံရေးရဲတို့ အချင်းများ ပရိသတ်တစ်ဦး ဆေးရုံတင်ထားရ

စက်တင်ဘာလ၂၂ရက် မြို့နယ်အုပ်ချုပ်ရေးမှူး ဘောလုံးပြိုင်ပွဲတွင် မယားမာန်ကျေးရွာအုပ်စု ကိုယ်စားပြု ဇွဲမာန်သစ်အသင်းနှင့် ကြို့ကုန်းကျေးရွာအသင်းတို့ ဘောလုံးကန်ကြစဉ် ဇွဲမာန်အသင်း၏ ပရိသတ်နှစ်ဦးက ပြွဲပီး ရန် ၁၅မိနစ်အလိုတွင် ပရိသတ် အချင်းချင်း ရွှံ့ဖြင့် ပေါက်ရာ ရဲခြောက်ဦးက ဝင်ရောက်ဟန့်တားရာမှ ရဲနှင့် ပရိသတ်တို့အချင်းများ ကြခြင်း ဖြစ်သည်။

မိုးညိုမြို့နယ် ကျေးရွာပေါင်း ၁၅၀ ရေနစ်မြုပ်၊ အကူညီလိုအပ်


ပဲခူးတိုင်း ဒေသကြီးမိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ အုပ်စု ကျေးရွာပေါင်း ၁၅၀ လောက် ရေးဘေးကြုံတွေ့နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မိုးညိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီခရိုင် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက
“တချို့တွေက ခေါင်တွေမြုပ်ပြီးတော့ နွားတွေကိုလည်း တာပေါ်တွေမှာ တင်ထားရတယ်။ မိုးညိုမြို့နယ် ဧရာဝတီမြစ်ကမ်းတလျှောက် ရွာတွေမှာ အခုချိန်ထိကြီးနေတုန်းပဲ။ မြစ်ရေကတော့ နည်းနည်း ပြန်ကျသွားပြီ။ တောင်ပေါ်ရေကခံနေတော့ ရေက ရှိနေတုန်းပဲ။ တပတ်လောက်ရှိပြီ။ စားဝတ်နေရေး အတော်အခက်ခဲဖြစ်တယ်။”

မွတ်ဆလင်ညီနောင်များအဖွဲ့ လှုပ်ရှားမှုများကို အီဂျစ်တရားရုံး တရားဝင်ပိတ်ပင်



အီဂျစ် မွတ်ဆလင်ညီနောင်များအဖွဲ့၏ လှုပ်ရှားမှုများ၊ ၄င်းနှင့် ပတ်သက်နေသည့် အစိုးရမဟုတ်သော အဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးကို ကိုင်ရိုတရားရုံးက တရားဝင် ပိတ်ပင်တားမြစ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မန္တလေးတွင် ကွမ်းမစားရ နယ်မြေများ သတ်မှတ်မည်

စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု များကြောင့် လမ်းများ ညစ်ပတ်ကာ မြို့တော် သာယာလှပမှုကို အကျည်းတန်စေ သည့်အပြင် အလွန်အကျွံ စားပါက ရောဂါရသည်အထိ ဖြစ်စေသော ကွမ်းစားသုံးမှုဓလေ့ များပြားလာလျက်ရှိရာ မန္တလေးမြို့တော်တွင် ကွမ်းမစားရနယ်မြေများ သတ်မှတ်ကာ စည်းကမ်းမဲ့ ကွမ်းစားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်း က ပြောကြားသည်။

ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နေပြည်သူများ ကန့် ကွက်

ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မြို့ပတ်လမ်း စုံရာဒေါင့်တွင် အများပြည်သူ သောက်သုံး ရေကန်နှင့် ကပ်လျက်၊ အခြေခံပညာ မူလတန်းကျောင်း အမက(၅) အနီး (ကိုက်တစ်ရာ အတွင်း) ဆန်စက်တည်ဆောက်မှုအား ရပ်ကွက်နြေ ပည်သူများက ရပ်တန့်ပေးစေလိုကြောင်း ဆန္ဒခံယူပွဲကို 25.9.13 ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည်။

ရေလွှမ်းမှုကြောင့် လယ်ဧကခြောက်သိန်းကျော် ပျက်စီး

မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် လယ်ဧက ခြောက်သိန်းကျော် ရေမြုပ်ပျက်စီးခဲ့ပြီး
 ပြန်လည်စိုက်ပျိုးရန် အကူအညီတောင်းခံသည့် ဒေသများအား မျိုးစပါး အလုံအလောက် ကူညီသွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သတင်းရရှိသည်။