ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.2.16

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင် အသုံးပြုမည်


ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင်ရွှေ့ပြောင်း အသုံးပြုမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ  သတင်းရရှိသည်။

ထရမ့်၏ တံတိုင်းအစီအစဉ်ကို မက္ကဆီကို သမ္မတဟောင်း ပြင်းပြင်းထန်ထန် ဝေဖန်


မက္ကဆီကိုနှင့် အမေရိကန်ကြား နယ်နိမိတ်တွင် တံတိုင်းကာရံပြီး ယင်းအတွက် မက္ကဆီကိုက အကုန်အကျခံရမည်ဆိုသော ဒေါ်နယ်လ်ထရမ့်၏မှတ်ချက်ကို မက္ကဆီကို သမ္မတဟောင်း ဗင်းဆင့်ဖောက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်သွားခဲ့သည်။

အစိုးရသစ်အကူးအပြောင်းကာလ၌ နိုင်ငံပိုင်သယံဇာတများကို အစိုးရဘက်မှ သဘောတူညှိနှိုင်းမှုမပြုဘဲ အလျင်အမြန်စီမံခန့်ခွဲနေမှုအပေါ် စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးတကြီးအဆိုတင်

နိုင်ငံတော်အစိုးရမှ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွာရေးလုပ်ငန်းများအား အလျင် စလို ငှားရမ်းရောင်းချလွဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန်မလွဲပြောင်မီ အလျင်အမြန်စီမံခန့်ခွဲနေမှုစသည်များကို နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးကြီး အဆိုတရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ တင်သွင်းခဲ့သည်။

လာမည့်မေလတွင် လက်ပံတောင်းတောင်၌ ကြေးနီ စတင်ထုတ်လုပ်မည်

၂၀၁၃ ခုနှစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးခဲ့စဉ်။ အေအက်ဖ်ပီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းမှာ အငြင်းပွားဖွယ်သတ္တုတူးဖော်ရေး စီမံကိန်းတစ်ခုအဖြစ် ကန့်ကွက်မှုများရှိနေဆဲ
ဖြစ်သော်လည်း လာမည့်မေလတွင် ကြေးနီ ထုတ်လုပ်မှု စတင်သွားမည် ဖြစ်သည်ဟု မြန်မာ
ဝမ်ပေါင်ကုမ္ပဏီ ရန်ကုန်ရုံး စီမံခန့်ခွဲ ရေးမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။

25.2.16

မန္တလေးမြို့ လမ်းမများပေါ်တွင် တောင်းရမ်းနေသူများအား ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ်



မန္တလေးမြို့ လမ်းဆုံလမ်းခွများ၊ လမ်းမများပေါ်တွင် သွားလာနေသည့် ယာဉ်များအနီးတွင် အများပြည်သူ စိတ်အနှောင့်ယှက် ဖြစ်စေရန်ထိ တောင်းရမ်းစားသောက်နေသူ ကိုးဦးကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ဖေဖော်ဝါရီ ၂၄ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

18.2.16

UNFC အရေးပေါ်အစည်းအဝေး ချင်းမိုင်တွင်ပြုလုပ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးမျာ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ကျင်းပနေပြီ ဖြစ်သည်။

တူရကီက မြေပြင်ထိုးစစ် ပြုလုပ်ရန် တောင်းဆိုစဉ် ကုလက ဆီးရီးယားသို့ အကူအညီများ ပေးပို့


တူရကီက စစ်ပွဲဖြစ်ပွားနေသော ဆီးရီးယားတွင် မြေပြင်ထိုးစစ် ပြုလုပ်ရန်အတွက် တောင်းဆိုပြီးနောက် ခိုင်မာသော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ေ၀၀ါးလာစဉ် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းများသည် ဆီးရီးယားရှိ ၀ိုင်းရံပိတ်ဆို့ ခံထားရသော နေရာများရှိ ထောင်နှင့်ချီသော ပြည်သူများထံ ဖေဖော်ဝါရီ ၁၇ ရက်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မှာကြား


အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များအား မှာကြားသည်။

အစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရရှိမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထုတ်လုပ်မှု ယခုနှစ် မေလခန့် စတင်မည်


မြန်မာနိုင်ငံအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရရှိနေမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီထုတ်လုပ်မှုအား ယခုနှစ် မေလခန့် စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းအား အဓိကလုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Dong Yunfei က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။

TNLA တိုက်ပွဲ စစ်ရဟတ်ယာဉ် သုံး

MI-35M မြန်မာစစ်ရဟတ်ယာဉ် ရှမ်းပြည်နယ် မြောက်ပိုင်းဘက်ကို ပျံသန်းခဲ့စဉ်။ (၁၉ ဖေဖ၀ါရီ ၂၀၁၅)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ် အတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့ လေကြောင်း ကပါ တိုက်ခိုက်လာတယ်လို့ ပလောင်တပ်ဘက်က ပြောပါတယ်။

အမေဖြစ်သူ ဒေါ်စုကို သမ္မတအဖြစ် မြင်လိုပါက သားနှစ်ဦး မြန်မာနိုင်ငံသား ခံယူဟု ဦးရဲထွဋ်ပြော


ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ နီးပါးဖြင့် အနိုင်ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) က ကန့်သတ်ထားရာ အဆိုပါ ပုဒ်မကို ပြင်ဆင်ရန်မလိုဘဲ ဒေါ်စု၏ မိသားစုဝင်များ နိုင်ငံသား ခံယူလိုက်ပါက အလွယ်တကူ သမ္မတ ဖြစ်နိုင်သည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကုလဆက်လက် ပါဝင်ဆောင်ရွက်ဖို့ AI တိုက်တွန်း


မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ တွေ့မြင်နေရပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့ ကုလသမဂ္ဂနဲ့ ဆက်လက် ထိတွေ့ဆက်ဆံဖို့ လိုအပ်နေဆဲပဲလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကားများကို Nissan တည်ဆောက်မည်

ဂျပန်ကားကုမ္ပဏီ Nissan သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကားများ တပ်ဆင်တည်ဆောက်မှုကို ယခုနှစ်တွင် စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

17.2.16

ပလောင်ဒေသတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်များကို အမြန်ဆုံးကူညီရန် အရေးကြီးအဆို တင်


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်မဲမြို့နယ်တွင်ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်များအတွက်
အမြန်ဆုံးကူညီဆောင်ရွက်ရန် အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ယခုကျင်းပဆဲလွှတ်တော်သစ်၏ ပထမဆုံးအကြိမ်အဖြစ် အရေးကြီးအဆိုတင်သွင်းလိုက်သည်။

အင်းတော်ကြီးကန်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဒေသ အပါအ၀င် ကနဦးစီမံကိန်းနေရာငါးခုကို ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းနေရာအဖြစ် သတ်မှတ်ရန် စီစဉ်

အင်းတော်ကြီးကန်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသအပါအ၀င် ကနဦးစီမံကိန်းနေရာငါးခုကို ရပ်ရွာလူထု အခြေပြု ခရီးသွား လုပ်ငန်းနေရာအဖြစ် သတ်မှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီ ၁၅ရက်တွင် ပြုလုပ်သည့် ရပ်ရွာလူထုကို အခြေခံသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာမြှင့်တင်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ ၀င်ရောက်


၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ၁၀ လတာ ကာလအတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ အထိ ၀င်ရောက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

16.2.16

ရှမ်းမြောက်တိုက်ပွဲများ ရပ်စဲရေး ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတင်


ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကုမ္ပဏီအဖွဲ့အစည်း ၁၅ ခုစာရင်း ကြေညာခဲ့ပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ ပါဝင်နေ


မြေ ၆၃ ဧကကျော်ပေါ်တွင် ဆောင်ရွက်မည့် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို စိတ်ဝင်စားသည့် အဆိုပြုလွှာ အောင်မြင်သည့် ကုမ္ပဏီအဖွဲ့အစည်းများစာရင်းကို ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့ပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ ပါဝင်နေကြောင်း သိရသည်။

ရုရှားက S-300 ဒုံးကျည်စနစ်များ အီရန်သို့ ပို့မည်


ရုရှားသည် S-300 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်များကို အီရန်သို့ အမြန်ဆုံးပေးပို့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ က ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA သတင်းအေဂျင်စီက ဖော်ပြသည်။

11.2.16

ပြည်ထောင်စုလွှတ်တော်ကော်မတီနှစ်ရပ်ဖွဲ့စည်းရန်အမည်စာရင်းကြေညာ


ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ နဲ့လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းမယ့် လူပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ဖေဖော်ဝါရီ ၁၀ မှာပြုလုပ်တဲ့ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးမှာ နာယကဦးမန်းဝင်းခိုင်သန်းက ဖတ်ကြားခဲ့ပါတယ်။

10.2.16

လွှတ်တော်ဥက္ကဋ္ဌများအား ရွေးချယ်ရာတွင် ပြည်ထောင်စု အမျိုးသား ရင်ကြားစေ့ရေးကို အဓိကထားခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်ရာတွင် ပြည်ထောင်စု အမျိုးသား ရင်ကြားစေ့ရေးကို အဓိကထားပြီး ဆောင်ရွက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး ရန်ကုန်မြို့တွင် သုံးရက်ကြာ ကျင်းပမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) စတုတ္ထအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ပြီး သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

9.2.16

ကော်ဖီမစ်ထုတ်စက်ရုံများကို ရှောင်တခင်စစ်ဆေး

ရန်ကုန်မြို့တွင် အသင့်သောက် ကော်ဖီထုပ်များထုတ်လုပ်ရာ၌ အုန်းမှုတ်ခွံနှင့် မန်ကျည်းစေ့များ ထည့်သွင်းသည်ဟု သတင်းအချို့ထွက်ပေါ်နေခြင်းကြောင့် ကော်ဖီစက်ရုံများသို့ ၀င်ရောက် စစ်ဆေးခဲ့ပြီး နှစ်ပတ်အတွင်း သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Dagon City စီမံကိန်း ရပ်ဆိုင်းခဲ့သည့်အတွက် ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ အစားပြန်ပေးသည့်မြေ ၁၇ ဧကကျော်တွင် လုပ်ငန်းများ ဆောင်ရွက်ရန် MIC ခွင့်ပြုချက် Marga Landmark ကုမ္ပဏီရရှိ


Dagon City စီမံကိန်း ရပ်ဆိုင်းခဲ့သည့်အတွက် ကမ္ဘာအေးဘုရားလမ်းရှိ အစားပြန်ပေးသည့် မြေ ၁၇ ဧကကျော်ပေါ်တွင် လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC ) ခွင့်ပြုချက်ကို Marga Landmark Development Company Limited က ရရှိခဲ့ကြောင်း သတင်းရရှိသည်။

လွှတ်တော်မှာ သတင်းရယူခွင့် ကန့်သတ်ပိတ်ပင်နေတဲ့အပေါ် MJAနဲ့ MJNက ကန့်ကွက်ကြောင်း စာထုတ်ပြန်ပြီ


လွှတ်တော်မှာ သတင်းရယူနေတဲ့ သတင်းမီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်တဲ့ ညွှန်ကြားချက် ၁ စောင် လွှတ်တော်က ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာတွေ လိုက်နာဖို့ အချက် ၁၇ ချက်ပါဝင်ပါတယ်။ တချို့သော အချက်အလက်များမှာ စည်းကမ်းအတွက် ထုတ်ပြန်ထားတာဖြစ်ပြီး သတင်းမီဒီယာသမားအများစု သဘောမတူကြတာက သတင်းရယူဖို့ နေရာ အတော်များများကို ကန့်သတ်ထုတ်ပြန်လာတာဖြစ်ပါတယ်။

5.2.16

ဦးရွှေမန်း ဒုတိယသမ္မတ ဖြစ်လာမလား

ဒေါ်အောင်ဆန်းစုကြည် , ဦးရွှေမန်း , ဒုတိယသမ္မတ , လွှတ်တော်

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တပူးတတွဲတွဲမြင်ရလေ့ရှိနေတဲ့ သူရဦးရွှေမန်းဟာ လာမယ့် အစိုးရသစ် လက် ထက် မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှု ရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးရွှေမန်းကို ဒုတိယသမ္မတ အထိ ပေးနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

3.2.16

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြေးသူ ၉၀ ကျော်ရှိလာ

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာပြေးသည့် စစ်ဘေးဒုက္ခသည် ၉၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) က The Daily Eleven သို့ ပြောကြားသည်။

၂၀၁၅ ခုနှစ်အတွင်း ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ပြီး အမေရိကန်လူမျိုး အများဆုံး လာရောက်လည်ပတ်

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာ လကုန်ထိ ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲမည်

၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) ဒသမ တန်းစာမေးပွဲကို ယခင်အလွတ်ကျက် ဖြေ ဆိုရမည့်မေးခွန်းအစား စဉ်းစားတွေးခေါ်ရ မည့်မေးခွန်းမျိုး ပြောင်းလဲမေးမြန်းရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေး ကြိုးပမ်းမှုအပေါ် အမြင်တချို့


ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်ကိုတက်ရောက်လာစဉ်
နေပြည်တော်မှာရှိနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းအတွင်း ခရီးမထွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတားမြစ်ထားပါတယ်။ ဒါဟာ သမ္မတဖြစ်ဖို့ ကန့်သတ်ချက်တွေရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) (စ) ကို လက်ရှိစတင်ကျင်းပနေတဲ့ လွှတ်တော်နှစ်ရပ်မှာ ဆိုင်းငံဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ အတွက်များ ဖြစ်လေမလား လို့ ခန့်မှန်းသုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။