ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.5.13

မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်


၁၇.၅.၂၀၁၃၊ သောကြာနေ့

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်မှ မွေးရာပါ ခြေလေးချောင်း ပါရှိသည့် (၃)လခွဲ အရွယ် ကလေးငယ် (မိန်းခလေး)အား လိုအပ်သည့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်နှင့် ပကတိ ကျန်းမာလာသည် အထိ ဆေးကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရန် အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ အလုံးစုံ တာဝန်ယူ ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ပင်လုံမြို့ တောင်ဘက် (၄၅)မိုင်ခန့် အကွာ ရွာလေးတစ်ရွာမှ အဘ ဦးခွန်စံဒွေး၊ အမိ ဒေါ်နန်းနောင့်နောင့်တို့၏ စတုတ္ထမြောက် သမီးငယ်သည် မွေးဖွားစဉ်ကတည်းက ခြေထောက်လေးချောင်း ပါရှိနေသဖြင့် ပြည်နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အစီအစဉ်များဖြင့် ရန်ကုန်မြို့၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေခြင်း ဖြစ်သည်။ ထိုကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန် အတွက် တာဝန်ရှိ ဆရာဝန်၊ ဆရာမများ အနေဖြင့် တတ်ကျွမ်းသည့် ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကာ လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အတူ ဆေးရုံအုပ်ကြီးနှင့် တကွ တာဝန်ကျ ဆရာဝန်၊ ဆရာမများ၊ ဧရာဝတီ ဖောင်ဒေးရှင်းက အဖက်ဖက်မှ တာဝန်ယူပံ့ပိုးပေးလျက်ရှိသည်။ 

ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အဆိုပါ ကလေးငယ် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူရမည့် ကာလများအတွင်း နေထိုင် စားသောက်ရေးနှင့် လိုအပ်ချက် ကုန်ကျစရိတ် မှန်သမျှအား အလုံးစုံ ပံ့ပိုးပေးသွားမည် ဖြစ်ကာ ကလေးငယ် ပကတိ ကျန်းမာလာသည့် အထိ တာဝန်ယူ စောင့်ရှောက် ပေးသွားမည်ဖြစ်သည်။ ရန်ကင်းကလေးဆေးရုံကြီး၏ အလှူရှင် ဖြစ်သည့် ဧရာဝတီ ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဇော်ဇော်ကလည်း မေလ ၁၆ရက်နေ့ မွန်းလွဲပိုင်းက ကလေးငယ်အား သွားရောက်ကြည့်ရှုကာ ကလေးမိဘများအား စိတ်မပူရန်နှင့် လိုအပ်သည့် ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် အဖက်ဖက်မှ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေသည့် အခြား ကလေးများအားလည်း လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကာ ချို့တဲ့ လူနာများအား လိုအပ်သည့် ခွဲစိတ်ကုသခြင်းနှင့် ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် မတ်လ (၁၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကင်းကလေးရုံကြီး (၂)နှစ်ပြည့် အခမ်းအနားတွင် ဆေးကုသဆောင်များအလိုက် ဆေးကုသစရိတ် မတည်အလှူငွေ စုစုပေါင်း ကျပ်သိန်း(၈၀၀)ကို မတည်ပေးခဲ့ကာ ချို့တဲ့လူနာများအား အခမဲ့ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် ထောက်ပံ့ပေးလျက်ရှိသည်။

အမေရိကန်-မြန်မာ ကုန်သွယ်ရေး စာချုပ် ဦးသိန်းစိန် လက်မှတ်ထိုးမည်


မေလ ၁၇ ရက်
 

လာမည့် တနင်္လာနေ့တွင် စတင်ရန်ရှိသည့် မြန်မာသမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့် သက်ဆိုင်သော စာချုပ် ၂ ခု ကို လက်မှတ်ရေး ထိုးဖွယ် ရှိကြောင်း သိရှိရသည်။ 

ယင်းစာချုပ်များတွင် နိုင်ငံအမည်ကို Burma အစား Myanmar ဟု သုံးစွဲထားကြောင်း သံတမာန် ရပ်ကွက်
နှင့် နီးစပ်သောအသိုင်းအဝိုင်းက ဆိုသည်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော အမေရိကန် အိမ်ဖြူတော် ၏ ကြေညာချက်တွင်လည်း မြန်မာ နိုင်ငံတော် သမ္မတဟု သုံးထားသည်။ 

အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန်အနေဖြင့် Burma ကို တိုင်းပြည်အမည် အဖြစ် ဆက်လက် သုံးစွဲနေဦးမည် ဖြစ်သော်လည်း Myanmar ကို အခြေအနေ လိုက်ပြီး အကန့်အသတ်နှင့် စတင်သုံးစွဲနေကြောင်း၊ ယင်းမှာ " ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရတစ်ရပ် အပေါ် လေးစားသမှု ပြသတာဖြစ်ပြီး မိမိတို့က အားပေးထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာ ပါ" ဟု ပြောသည်။ 

အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားနှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည့် မေလ ၂၀ ရက်
နေ့ တွင် အိမ်ဖြူတော်တွင် တွေ့ဆုံကြမည်လည်းဖြစ်သည်။ 

ဦးသိန်းစိန်၏ ယခု အမေရိကန် ခရီးစဉ်သည် ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာသမ္မတ တဦး၏ ပထမဆုံး တရားဝင် သွားရောက်ခြင်းလည်းဖြစ်သည်။ 

ဧရာဝတီblog

အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ၉၃၈ ကျပ်အထိ ဆက်လက်ထိုးတက် ဗဟိုဘဏ်မှ ဒေါ်လာလဲနှုန်းအား တစ်ရက်လျင် ၁၀ ကျပ်အထိဈေးဆွဲတင်


၁၇.၅.၂၀၁၃၊ သောကြာနေ့
သိမ်ဖြူနိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာ၏ မေ ၁၆ ရက် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ နေ့စဉ် ထိုးတက်လျက်ရှိပြီး မေ ၁၆ ရက်တွင် တစ်ဒေါ်လာ ၉၃၇ ကျပ်ဝန်းကျင်အထိ ဆက်လက်မြင့်တက် လျက်ရှိကြောင်း သိရသည်။ ဧပြီလ နောက်ပိုင်းမှစ၍ ဆက်တိုက် ထိုးတက်လာသည့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ မေ ၁၅ ရက်က တစ်ဒေါ်လာ ၉၃၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး မေ ၁၆ ရက်တွင် ၉၃၇ ကျပ်အထိ ထပ်မံမြင့်တက်ခဲ့သည်။

အဓိက မြင့်တက်ရသည့် အကြောင်းရင်းမှာ ၀ယ်လိုအား များပြားမှု၊ ဗဟိုဘဏ်မှ နေ့စဉ်ဈေး သတ်မှတ်ရာတွင် ဆက်တိုက် ဈေးမြှင့်တင်မှုတို့ကြောင့် ဖြစ်သည်။

ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း သတ်မှတ်ပေးရာတွင် မေ ၁၄ ရက်က တစ်ဒေါ်လာ ၉၁၀ ကျပ် အထိရှိခဲ့ပြီး မေ ၁၃ ရက်က သတ်မှတ်သည့်နှုန်းထက် တစ်ရက်အတွင်း ၆ ကျပ် မြှင့်တင်ကာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် မေ ၁၅ ရက်တွင် ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျင် ၉၁၉ ကျပ်အထိ ထပ်မံတိုးတက်ခဲ့ပြီး မေ ၁၄ ရက်ဈေးထက် ၉ ကျပ် အထိတိုးမြှင့် သတ်မှတ်ပြန်သည်။

ယခု မေ ၁၆ ရက်တွင် တစ်ဒေါ်လာ လျင် ၉၂၉ ကျပ်အထိ ဆက်တိုက်တိုး၍ သတ်မှတ်လိုက်ရာ မေ ၁၅ ရက် ဈေးထက် ၁၀ ကျပ်အထိ ဈေးဆွဲတင်လိုက်ခြင်း ဖြစ်သည်။

မေ ၁၃ ရက်မှ မေ ၁၆ ရက်အထိ သုံးရက်အတွင်း ဗဟိုဘဏ်မှ တစ်ဒေါ်လာလျင် ၂၅ ကျပ်အထိ ဈေးမြှင့်တင်သတ်မှတ် ခဲ့ခြင်းဖြစ်ပြီး ပြင်ပဈေးကွက် အခြေအနေ၊ ၀ယ်လိုအားပေါ် မူတည်၍ ထိုသို့ဆက်တိုက် မြှင့်တင်ရခြင်းဟု သိရသည်။

ကျပ် ၁၀၀၀ အထိ ဒေါ်လာဈေးအား ဆက်တိုက်ဆွဲတင်သည့် အနေအထား ဖြစ်နေ၍ ယခုအခါ ဈေးကွက်အတွင်း ဒေါ်လာဝင်ကစားသူများ ပြန်လည်များပြားလာသည်ဟု သိရသည်။

နိုင်ငံတကာ ရွှေဈေးကျဆင်းမှုနှင့်အတူ အမေရိကန်ဒေါ်လာမှာ နိုင်ငံတကာ ငွေကြေး ဈေးကွက်တွင်လည်း တန်ဖိုးမာလာသည့် အနေအထား ရှိနေသည်။

ကမ္ဘာ့ရွှေဈေးမှာ ဧပြီ ၁၂ ရက်က တစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ အထိ စံချိန်တင် ကျဆင်းခဲ့ပြီး နောက်ပိုင်းတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၀၀ ကျော်အထိသာ အမြင့်ဆုံး ပြန်တက်ပြီး ယခုအခါ မေ ၁၆ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၇၅ ဒသမ ၃၀ အထိ ပြန်လည်ကျဆင်း သွားပြန်သည်။

ဒေါ်လာတန်ဖိုးတက်ခြင်း၊ ကမ္ဘာ့ရွှေဈေး ကျဆင်းများသည်လည်း လက်ရှိ ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းတွင် ဒေါ်လာဈေး မြင့်တက်ခြင်းအတွက် အချက်တစ်ခု အနေဖြင့် ပါဝင်သည်ဟု သိရသည်။

ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးသည့် အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းများ ဆက်တိုက် မြင့်တက်မှု(ကျပ်)

ရက်စွဲ တန်ဖိုး

၂-၅-၂၀၁၃ ၈၉၁

၃-၅-၂၀၁၃ ၈၉၂

၆-၅-၂၀၁၃ ၈၉၃

၇-၅-၂၀၁၃ ၈၉၄

၈-၅-၂၀၁၃ ၈၉၆

၉-၅-၂၀၁၃ ၉၀၀

၁၀-၅-၂၀၁၃ ၉၀၂

၁၃-၅-၂၀၁၃ ၉၀၄

၁၄-၅-၂၀၁၃ ၉၁၀

၁၅-၅-၂၀၁၃ ၉၁၉

၁၆-၅-၂၀၁၃ ၉၂၉



Eleven Media Group

တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် ပခုက္ကူနှင့် ပေါက်မြို့သို့ ပြေး ဆွဲနေသော ကားလိုင်းအချို့ ပြေးဆွဲခြင်းမရှိဘဲ ရပ်နားပြီး ဈေးဆိုင်များလည်း စောစီးစွာ ပိတ်ထားကြောင်း သိရ


၁၇.၅.၂၀၁၃၊ သောကြာနေ့
 

မေလ ၁၅ ရက်နေ့က တောင်ကျချောင်းစီးဆင်းမှုကြောင့် ပိတ်ထားသော ဈေးဆိုင်ခန်းများကို တွေ့ရစဉ်
 
ပခုက္ကူနှင့် ပေါက်မြို့သို့သွားရာ ကားလမ်းတစ်လျောက်ရှိ ယောချောင်းနှင့် ကျောချောင်းတွင် တောင်ကျရေများ ကျဆင်းလာသည့်အတွက် မော်တော်ကားလိုင်းအချို့ ပြေးဆွဲခြင်းမရှိဘဲ ယာယီရပ်နားထားပြီး ပခုက္ကူမြို့တွင်လည်း ချောင်းရေကြီးမှု၊ မြေပြိုမှုများနှင့် ပတ်သက်ပြီး သတိပေးမှုများ ပြုလုပ်ခဲ့သည့်အတွက် ပခုက္ကူမြို့မဈေးနှင့် ပေါက်မြို့ဈေးတို့ရှိ ဈေးဆိုင်များ စောစီးစွာ ပိတ်သိမ်းသွားကြောင်း သတင်းရရှိသည်။

''ယောချောင်းရော ကျောချောင်းမှာပါ တောင်ကျရေ ကျနေတော့ ကားတွေက သိပ်မကူးရဲကြဘူး။ ကားကြီးတွေတောင် ရေအတက်ကျကြည့်ပြီး ကူးနေကြတယ်။ တချို့ခရီးသည်တင် ကားလိုင်းတွေကတော့ ပိတ်ထားကြတယ်။ လက်ရှိချောင်းရေ အနေအထားကလည်း ကားလေးသွားလို့ မရတော့ဘူး။ တောင်ပေါ်မိုး များရင်များသလို ချောင်းရေကကျတာဆိုတော့ သိပ်မကူးရဲကြဘူး'' ဟု ပေါက်မြို့နှင့် ပခုက္ကူမြို့သို့ မောင်းနှင်နေသော ယာဉ်မောင်း ကိုမောင်တာက ပြောကြားခဲ့သည်။

''မနေ့ညကတည်းက မိုးကရွာနေတော့ တောင်ကျရေလည်း များလာတယ်။ ခုလည်း မိုးက ဆက်ရွာနေတော့ ခရီးသွားလည်း သိပ်မရှိဘူး။ ရွာအတော်များများကလည်း ယောချောင်းကျောချောင်း ဘေးကဆိုတော့ ကိုယ့်ရွာတွေဘဲ ဂရုစိုက်နေရတယ်။ မြို့ထဲမှာလည်း မုန်တိုင်းနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုပ်ပြန်ထားတော့ ဈေးဝယ်လည်း မရှိဘူး။ ဈေးဆိုင်တွေလည်း အစောကြီး ပိတ်သွားကြတယ်''ဟု ပေါက်မြို့ဒေသခံ ကိုရဲထွန်းဝင်းက ပြောကြားသည်။

''မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားတော့ တောသူတောင်သားက ဈေးဝယ်မလားဘူး။ အထူးသဖြင့် ယောချောင်း ကျောချောင်းဘက်က ရွာတွေက လုံးဝမလာဘူး။ တောင်ကျရေလည်း ကျနေတယ်ပြောတယ်။ မိုးကလည်း ရွာလိုက်တော့ ဈေးမှာလူအတော် ရှင်းသွားတယ်။ နေ့လယ်ပိုင်းကတည်းက ပိတ်ပြန်နေကြပြီ။ အုပ်ချုပ်ရေးပိုင်းကလည်း မြို့ပတ်ပြီး ချောင်းရေကြီးနိုင်ကြောင်း၊ မြေပြိုမှုတွေလည်း ဖြစ်နိုင်ကြောင်း ကြေညာထားတော့ ဈေးသည်တွေလည်း အစောကြီး ပြန်ကုန်ကြတာ'' ဟု ပခုက္ကူမြို့မဈေး အတွင်းရှိ ဈေးသည်တစ်ဦးက ဆိုသည်။

ပခုက္ကူမြို့တွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရွှေချောင်း ချောင်းရေကြီးမှုတွင် လူတစ်ရာကျော် ချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့ပြီး ပေါက်မြို့အရှေ့ဘက်တွင် စီးဆင်းနေသော ယောချောင်းအတွင်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက်၌ ခရီးသည် ၄၁ ဦး တင်ဆောင်လာသော လှေမှာ တောင်ကျချောင်း ရေစီးဆင်းလာမှုကြောင့် တိမ်းမှောက်သွားပြီး ခရီးသည် ၁၃ ဦးချောင်းရေနှင့်အတူ မျောပါ သေဆုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အရန်ဆန် တန်ချိန်တစ်သိန်း ၀ယ်ယူရန် သတ်မှတ်ထားပြီး မေလကုန်တွင် စတင်ဝယ်ယူမည်


၁၇.၅.၂၀၁၃၊ သောကြာနေ့
 

ဧရာဝတီမြစ်ပေါ်မှ ဆန်တင်သင်္ဘောအား ပြည်ဆိပ်ကမ်းတွင်တွေ့ရစဉ် 

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အရန်ဆန် တန်ချိန်တစ်သိန်း ၀ယ်ယူရန် သတ်မှတ်ထားပြီး လာမည့်မေလကုန်တွင် စတင်ဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရှိရသည်။

အရန်ဆန်ဝယ်ယူရေးအတွက် ဘတ် ဂျက် ၁၄ ဒသမ ၅ ဘီလျံ သတ်မှတ်ထားကြောင်း၊ ယင်းကဲ့သို့ အရန်ဆန် ၀ယ်ယူရန်အတွက် လတ်တလောတွင် နိုင်ငံတော်မှ ဘတ်ဂျက် ၁၀ ဘီလျံ ချထားပေးကြောင်း၊ ဆက်လက်ဝယ်ယူရန် နောက်ထပ် ၁၅ ဘီလျံ ချထားပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းနှင့်စပ်လျဉ်းပြီး အတိအကျ မသိရသေးကြောင်းလည်း သိရှိရသည်။

''အရန်ဆန်ဝယ်ဖို့အတွက် ဘတ်ဂျက်ကို နိုင်ငံတော်က ၁၀ ဘီလျံ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ၃ ဒသမ ၅ ဘီလျံနဲ့ သမ၀ါယမအသင်းက တစ်ဘီလျံ၊ စုစုပေါင်း ၁၄ ဒသမ ၅ ဘီလျံရှိတယ်။ နိုင်ငံတော်က နောက်ထပ် ၁၅ ဘီလျံချထားပေးမယ်လို့ ကြားနေရပေမယ့် အခုချိန်မှာတော့ အဲဒါနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး။ ဒါကြောင့် လောလောဆယ်မှာ ၁၄ ဒသမ ၅ ဘီလျံနဲ့ပဲ အရန်ဆန်ကို မေလကုန်လောက်မှ စတင်ဝယ်ယူသွားဖို့ ရှိပါတယ်'' ဟုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အရန်ဆန် ၀ယ်ယူရာ၌ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဒေသပေါက်ဈေးအတိုင်း ၀ယ်ယူသွားမည် ဖြစ်ကြောင်းနှင့် ဘဏ္ဍာနှစ်အတွင်း လျာထားချက် ပြည့်မီရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မေလကုန် စတင်ဝယ်ယူမှု၌ တန်ချိန် ၁၅၀၀၀ သတ် မှတ်ထားကြောင်းလည်း သိရှိရသည်။

ပြည်တွင်းဆန် ဖူလုံစေရေးအတွက် နိုင်ငံတော်မှ အရန်ဆန်များကို ၂၀၁၂ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အရန်ဆန်ဝယ်ယူရာ၌လည်း ယခင်က တင်ဒါစနစ်ဖြင့်သာ ၀ယ်ယူခဲ့ရာမှ တောင်သူများ အဆင်ပြေစေရန်အတွက် အ၀ယ်ဒိုင်များ ဖွင့်လှစ်ဝယ်ယူသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ဝယ်ယူနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ လေးမျက်နှာမြို့များတွင် အ၀ယ်ဒိုင်များ ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

Eleven Medai Group

အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ သင်ကြားရန်စီစဉ်


၁၇.၅.၂၀၁၃၊ သောကြာနေ့



အခြေခံပညာ အထက်တန်းအချို့မှ ကျောင်းသူ ကျောင်းသားအချို့ ပျိုးပင်ခြံများသို့ သွားရောက်လေ့လာနေစဉ် 
 
ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဘာသာရပ်အား မူလတန်းမှ စတင်ကာ အလယ်တန်း၊ အထက်တန်း အဆင့်များအထိ သင်ရိုးညွှန်းတမ်းများတွင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် ထည့်သွင်းသင်ကြား ပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့်တွင် တစ်ပတ်လျှင်နှစ်ကြိမ်၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် တစ်ပတ်လျှင် တစ်ကြိမ်စီ သင်ကြားမည်ဖြစ်သည်။

''စိုက်ပျိုးရေး ဘာသာရပ်ကို မူလတန်းကနေ အထက်တန်းထိ ထည့်သွင်းသင်ကြား ပေးမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ သင်ရိုးတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်'' ဟု အမှတ်(၃)၊ အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံ ပညာကျောင်းများတွင် ကွန်ပျူတာအိုင်စီတီ ဘာသာရပ်များ၊ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များအား တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။ အခြေခံပညာကဏ္ဍ၌ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် မူလတန်းအဆင့်တွင် ကာယပညာ၊ ရသပညာနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှု၊ အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် လောကနီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အိမ်တွင်းမှု၊ ရသပညာ၊ ကျောင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် သက်မွေးပညာ စသည်တို့ကို သင်ကြားရန် ပြဋ္ဌာန်းထားသည်။

Eleven Medai Group

ထားဝယ်စီမံကိန်းနစ်နာချက်များ သတင်းစာရှင်း


၁၇.၅.၂၀၁၃၊ သောကြာနေ့
 

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသအတွင်းမှာ စီမံကိန်းမျိုးစုံ အကြောင်းပြချက်နဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတာကြောင့် နစ်နာတာတွေကို အများပြည်သူသိရှိစေဖို့ ရန်ကုန်မြို့က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ထားဝယ်ဒေသခံတွေက ဒီကနေ့ (မေလ ၁၆ ရက်နေ့)မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

" အဓိကကတော့ ထားဝယ်မြို့နယ်မှာရှိတဲ့ လယ်သိမ်းတဲ့ ကိစ္စတွေကို ဦးတည်ပြီးတော့လာလုပ်ပါတယ်၊ ဒီထဲမှာ ထားဝယ်မြို့ပေါ်မှာ ကုမ္ပဏီက သိမ်းလိုက်တဲ့ မြေကိစ္စပါတယ်၊ တပ်ကမြေသိမ်းတဲ့ကိစ္စပါတယ်၊ အများဆုံးကတော့ ကုမ္ပဏီနဲ့ အစိုးရပေါင်းပြီးတော့ သိမ်းထားတာများတာပေါ့"

ထားဝယ်ဒေသမှာ စီမံကိန်းမျိုးစုံ အကြောင်းပြချက်နဲ့ လယ်ယာမြေ ဧက (၁) ထောင်ကျော်လောက်ကို ၁၉၉၀ ခုနှစ်တွေကနေ ၂၀၁၀ ခုနှစ်နောက်ပိုင်းအထိ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

မြေယာ သိမ်းဆည်းခံ ပြည်သူတွေဟာ လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီကို တိုင်ကြားခဲ့ပေမယ့် အခုချိန်ထိ တစုံတရာ ဆောင်ရွက်ပေးတာမျိုးတွေ မရှိသေးဘူးလို့ သိရပါတယ်။

RFA

၂၀၀၉ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ကိုမင်းကိုနိုင်လက်ခံရယူ


၁၇.၅.၂၀၁၃၊ သောကြာနေ့

တောင်ကိုးရီးယားနိင်ငံမှာရောက်ရှိနေတဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်ဟာ ၂၀၀၉ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ က ရွေးချယ် ချီးမြှင့်ခဲ့တဲ့ Gwanju လူ့အခွင့်အရေးဆုကို ဒီကနေ့ အထူးအခမ်းအနားနဲ့ ကိုယ်တိုင်လက်ခံရယူခဲ့တယ်လို့ ကိုမင်းကိုနိုင်ရဲ့ ခရီးစဉ်အတွင်း လိုက်ပါကူညီဆောင်ရွက်နေတဲ့ NLD လွတ်မြောက်နယ်မြေတောင်ကိုးရီးယားဌာနခွဲက ဦးရန်နိင်ထွန်းက RFA ကို ပြောပါတယ်။

" လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က မင်းကိုနိုင်ရခဲ့တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ကိုမင်းကိုနိုင်ကို ဒီနေ့မေလ ၁၆ ရက်နေ့မှာ အခမ်းအနားတစ်ရပ်အနေနဲ့ ကျင်းပပြီးတော့ ပြန်လည်ချီးမြှင့်တဲ့ အခမ်းအနားပဲဖြစ်ပါတယ်၊ တကယ်တမ်း အခမ်းအနားကျင်းပတာကတော့ မေလ ၁၈ ရက်နေ့မှာ ၂၀၁၃ ခုနှစ်အတွက် ဂွမ်းဂျူးလူ့အခွင့်အရေး ဆုရတဲ့သူကိုလည်းဆုချီးမြှင့်မှာပေါ့"

ဆုပေးပွဲအခမ်းအနားဟာ နှစ်စဉ်မေလ ၁၈ ရက်မှာ ကျင်းပလေ့ရှိပေမယ့် အထူးအခမ်းအနားအနေနဲ့ ဒီကနေ့ ကိုမင်းကိုနိင်ကို ဆုချီးမြှင့်ပေးအပ်ခဲ့တာပါ။

၁၈ ရက်နေ့ ကျင်းပမယ့်အခမ်းအနားကိုလည်း ကိုမင်းကိုနိင်တက်ရောက် မယ်လို့ သိရပါတယ်။

အဲဒီနောက်လူ့အခွင့်အရေးအတွက်ကျဆုံးသွားကြတဲ့ကျောင်းသားတွေရဲ့အုတ်ဂူတွေမှာ သွားရောက်ဂါရဝပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

RFA