ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.11.14

ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် ပြည်သူကိုးထောင်ခန့်ကို စောင့်ကြည့်တာဝန်ယူနေရ


မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့ နယ်ရဲတပ်ဖွဲ့ဝင်များ မှုခင်းကျဆင်း ရေးနှင့် ပြည်သူဗဟိုပြုလုပ်ငန်း စဉ်များတွင် စဉ်ဆက်မပြတ်လုပ် ဆောင်နေခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၇ ရက်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲသို့ မြို့ ပေါ် ၁ဝရပ်ကွက်မှ အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်အထောက်အကူပြုအ ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ သတင်း မီဒီယာများ အင်အား ၃ဝ ခန့် တက် ရောက်ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများ၏ မေးမြန်း မှုကို ပြန်လည်ဖြေကြားခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် မြို့ မ ၁ဝ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈၆ အုပ်စု၊ ကျေးရွာပေါင်း ၂၁၃ ရွာ၊ လူဦးရေ ၂၂၁၉၆၄ဦးရှိပြီး ရဲတပ်ဖွဲ့ ဝင်အင်အား ၁၃၁ဦးရှိရာ ရဲတပ်ဖွဲ့ ဝင် တစ်ဦးလျှင် ပြည်သူလူထု ၈၅၃၇ဦးကို စောင့်ကြည့်တာဝန်ယူ နေရကြောင်း သိရသည်။

Democracytoday

ရန်ကုန်မြို့တော်တွင် သောက်သုံးရေ ပြုန်းတီးမှုကို ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းကာ လျှော့ချမည်


ရန်ကုန်မြို့တော်အတွင်း သောက်သုံးရေ ဖြန့်ဝေရာတွင် ရေအလေအလွင့် ဖြစ်ခြင်း၊ လျှော့ချနိုင်ရန်အတွက် ဂျပန်ကုမ္ပဏီ ဖြစ်သော TSS Tokyo water Co., LTD နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ဂျပန်ကုမ္ပဏီ ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ရေနှင့်သန့်ရှင်းမှုက အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ၅ နှစ်တာ စီမံကိန်းကာလအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီ အနေနှင့် ရေဖြန့်ဝေမှုဆိုင်ရာ နည်းပညာများကို ဖြန့်ဝေခြင်း၊ အဆင့်မြင့်နည်းပညာဖြင့် သောက်သုံးရေ ဖြန့်ဝေခြင်းများကို ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ရေအလေအလွင့် ဖြစ်မှုကို လျှော့ချရန် ရေဖြန့်ဝေမှုလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ရာတွင် ရေမီတာများ ထပ်တိုးတပ်ဆင်ခြင်း၊ ပျက်စီးရေမီတာများကို အစားထိုး တပ်ဆင်ခြင်း၊ ပိုက်လိုင်းအသစ်များ သွယ်တန်းခြင်း၊ ရေပိုက်ပျက်စီးမှုများ ပြင်ဆင်ခြင်း၊ ပိုက်လိုင်းသွယ်တန်းမှုများ အဆင်မြှင့်တင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်မည့် TSS Tokyo Water ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိ ရန်ကုန်မြို့တော်တွင် သောက်သုံးရေ ဖြန့်ဝေမှု၏ ၆၆ ရာခိုင်နှုန်းသည် နေ့စဉ် လေလွင့်ဆုံးရှုံးလျက် ရှိပြီး ယင်းရာခိုင်နှုန်းများထဲမှ ၅၀ ရာခိုင်နှုန်းမှာ ယိုစိမ့်မှုကြောင့် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့ ရေပေးစနစ်ကို အဆင့်မြှင့်တင်နိုင်ရန် အတွက် ပြီးခဲ့သောလ အတွင်းက ဖိလစ်ပိုင် ကုမ္ပဏီတစ်ခု ဖြစ်သော Minila water ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ မြို့တွင်းမြို့နယ်များသို့ ငမိုးရိပ် အမှတ် (၁) နှင့် အမှတ် (၂) ရေးပေးစီမံကိန်း၊ ဂျိုးဖြူရေလှောင်ကန်များမှ တစ်ဆင့် တစ်ရက်လျှင် သောက်သုံးရေ ရေဂါလန် ၂၀၅ သန်းကို နေ့စဉ် ဖြန့်ဝေပေးလျက် ရှိကြောင်း ယင်းကော်မတီ၊ အင်ဂျင်နီယာ (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရှိရသည်။
TSS Tokyo water ကုမ္ပဏီမှာ ဂျပန်နိုင်ငံ တိုကျိုမြို့၏ ရေပေးဝေမှု လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီတစ်ခု ဖြစ်သည်။

The Voice Weekly

ကိုပါကြီး အသတ်ခံရမူ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်တော့မည်

စစ်တပ်၏ ပစ်ခတ်မူကြောင့် သေဆုံးခဲ့ရသော အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်သည့် အပြီးသတ် အစီရင်ခံစာကို လာမည့်ဒီဇင်ဘာ ပထမအပတ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးမူတွေတော့ အားလုံးပြီးသွားပြီ။ ဒီဇင်ဘာ ပထမအပတ်မှာ အပြီးသတ် အစီရင်ခံစာကို သမ္မတထံ တင်ပြမယ်။ ကျနော်တို့ ကော်မရှင်ရဲ့ ၀က်ဘ်ဆိုက်မှာ အစီရင်ခံစာကို ထုတ်ပြန်မယ်’’ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ဧရာဝတီကို ပြောသည်။

ကိုပါကြီး သေဆုံးမူနှင့် ပတ်သက်ပြီး မှုခင်းဆရာဝန်၏ ဆေးစစ်ချက်များကို ယခင်ကတည်းက ရရှိထားပြီး ဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း လူအခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တချို့ကလည်း ပြောသည်။

ကိုပါကြီး သေဆုံးရမှုအတွက် အမှုမှန် ပေါ်ပေါက်ရန် လူ့အခွင့်အရေး ကော်မရှင်က စစ်ခုံရုံး ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး၊ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီးများ အပါအ၀င် စုစုပေါင်း ၄၅ ဦးကျော်ကို စစ်ဆေးခဲ့သည်ဟု သိရသည်။

လူအခွင့်အရေး ကော်မရှင်ရုံးတွင် သွားရောက် အစစ်ခံခဲ့ရသည့် ဒေါ်နော်အုန်းလှက“မနေ့က ကျမကို ခေါ်စစ်သေးတယ်။ ကိုပါကြီး ကို ဘယ်လို သိတာလဲ၊ ဘယ်မှာ သိတာလဲ။ ကိုပါကြီးနဲ့ ဘယ်ပွဲတွေမှာ ဆုံဖူးလဲ။ သူ အလွတ်တန်း သတင်းထောက်ဖြစ်တာ အစိုးရ က သိလား။ သူနဲ့ ခရီးအတူ သွားဖူးတာ ရှိလား၊ အကုန်မေးတယ်။ ကျမလည်း သိတာ အကုန်ဖြေခဲ့တယ်’’ဟု ဧရာဝတီကို ပြော သည်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကိုပါကြီး အသတ်ခံရမှု အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် နောက်ဆုံး စစ်ဆေးမူအနေနှင့် ကိုပါကြီး၏ ဇနီး မသန္တာကို ဖြေဆိုပေးရန် စာဖြင့် မေးခွန်းများ ပေးပို့ထားပြီး ဖြစ်ကြောင်း၊ မသန္တာ၏ ဖြေဆိုမူများ ရရှိပြီးပါက အပြီးသတ် အစီရင်ခံစာ ရေးသား၍ သမ္မတထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာတွင် မြှုပ်နှံထားသော ကိုပါကြီးအလောင်းကို ပြန်လည် တူးဖော်စစ်ဆေးအပြီး သေနတ် ကျည်ဆန် ဒဏ်ရာ ၅ ချက်တွေ့ရှိရသည်ဟု စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် ဆရာဝန်များက ပြောကြားထားပြီး ကျည် ဆန် ဒဏ်ရာ တချက်မှာ မေးစေ့အောက်မှ ဦးခေါင်းသို့ ဖောက်ထွက်သည့် ဒဏ်ရာမျိုး ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကိုပါကြီးအလောင်းကို နိုဝင်ဘာ ၅ ရက်က ပြန်လည် တူးဖော်ခဲ့ပြီး မော်လမြိုင် ဆေးရုံတွင် စစ်ဆေး၍ မိသားစု၏ ဆန္ဒအရ ရန်ကုန် သို့ ပြန်သယ်လာပြီး ရေဝေးသုသာန်တွင် နိုဝင်ဘာ ၇ ရက်က ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။

ကိုပါကြီး သေဆုံးမူနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို.နယ် ရဲစခန်းက သေမှုသေခင်း အမှတ် (ပ) ၁၁/၂၀၁၄ ဖြင့် ယခု အချိန်အထိ အမူဖွင့်ထားဆဲ ဖြစ်ကြောင်း သိရသည်။

တပ်မတော်ဘက်က အောက်တိုဘာ ၂၃ ရက်က ထုတ်ပြန်ချက်တွင် ကိုပါကြီးသည် စက်တင်ဘာ ၃၀ ရက်က အစောင့်စစ်သား၏ သေနတ်ကို လုယူထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဧရာဝတီ blog

အသရေပျက်စေမှုဥပဒေ ဆက်သုံးမည်ဟု မလေးရှားဝန်ကြီးချုပ်ပြော

၂၀၁၂ ရွေးကောက်ပွဲတုန်းက အသရေပျက်စေမှုဥပဒေကို ဖျက်သိမ်းပေးပါမယ်လို့ ဆိုခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က အသရေပျက်စေမှုဥပဒေကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ပြောဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ အာဏာရ မလေးအမျိုးသားပါတီကြီးရဲ့ ညီလာခံမှာ ၀န်ကြီးချုပ် နာဂျစ်က အခုလို ပြောဆိုလိုက်တာပါ။

ဒီ ၁၉၄၈ အသရေပျက်စေမှုဥပဒေဟာ ကိုလိုနီခေတ်ဥပဒေ၊ နိုင်ငံရေးအတိုက်အခံတွေကို တဖက်သတ်နှိပ်ကွပ်ဖို့အတွက် ဥပဒေ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်တဲ့ဥပဒေဆိုပြီး ဆန့်ကျင်ကန့်ကွက်ပြောဆိုမှုတွေ ရှိနေတာပါ။

ဒီဥပဒေကို ဆက်ထားမှာတင်မကပဲ အစ္စလာမ်ဘာသာကို ကာကွယ်ဖို့ ပိုပြီး ထိရောက်ကောင်းမွန်အောင် မွမ်းမံသွားမယ်။ အစ္စလာမ်ဘာသာကို ကာကွယ်ဖို့ ဖြစ်ပေမယ့်လည်း တခြားဘာသာတွေကိုလည်း ထိခိုက်စော်ကားခွင့်တော့ မရှိဘူးလို့လည်း နာဂျစ်က ပြောဆိုပါတယ်။

ဒီနှစ်ထဲမှာပဲ အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်အပါအ၀င် နိုင်ငံရေး အတိုက်အခံတွေဟာ ဒီအသရေဖျက်စေမှု ဥပဒေနဲ့ ဖမ်းဆီးအရေးယူခံရမှုတွေ ရှိခဲ့ပါတယ်။

ဒီဥပဒေနဲ့ ဖမ်းဆီးအရေးယူခံရမှု ၁၀ မှုကျော်မှာ ဆူလ်တန်စော်ဘွားတွေနဲ့ အစိုးရ ခေါင်းဆောင်တွေကို ဝေဖန်လို့ ဖမ်းဆီးခံရတာ အနည်းဆုံး ၅ မှု ရှိခဲ့ပါတယ်။

အတိုက်အခံပါတီတွေကတော့ လက်ရှိ အာဏာရညွန့်ပေါင်းပါတီကြီး ပြိုကွဲနိုင်တဲ့ အခြေအနေ ရှိနေလို့ ဒီဥပဒေကိုမှ ရည်ရွယ်ချက်ရှိရှိ ဆက်လက်ပြဋ္ဌာန်းတာကို ဝေဖန် ပြောဆိုကြပါတယ်။

DVB

ရေနံယိုဖိတ်မှု လျော်ကြေးပေးရန် ရှယ်လ်ကုမ္ပဏီကို နိုင်ဂျီးရီးယားအစိုးရ အမိန့်ထုတ်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလက နိုင်ဂျီးရီးယားကမ်းလွန်ရေနံယိုဖိတ်မှုအတွက် နိုင်ဂျီးရီးယားအစိုးရက ရှယ်လ်ရေနံကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ လျော်ကြေးပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အစိုးရအေဂျင်စီ ၂ ခုက အခုလို ရှယ်လ်ကုမ္ပဏီ ကို လျော်ကြေးတောင်း ခံခဲ့ကြတာပါ။ အခုလို နိုင်ငံခြားရေနံကုမ္ပဏီကြီး တခုကို ရေနံယို ဖိတ်မှုနဲ့ နိုင်ဂျီးရီးယားအစိုးရက လူသိရှင်ကြား တရားစွဲဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

နိုင်ဂျီးရီးယားလွှတ်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီက ၃ နှစ်ကြာ စုံစမ်း လေ့လာမှုတွေ ပြုလုပ်ပြီး အခုလို လျော်ကြေးပေးဖို့ အမိန့်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

လူမှုရေးအသင်းအဖွဲ့ဝင်တဦးကတော့ ၃ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရှယ်လ်ကုမ္ပဏီကို အခုလို အပြစ်ဒဏ်ချနိုင်တာဟာ ဥပဒေကြောင်းအရ အောင်မြင်မှုတရပ် ဖြစ်တယ်လို့ ပြောဆိုပါတယ်။

၂၀၁၁ ခုနှစ်က  နိုင်ဂျီးရီးယားနိုင်ငံ အနောက်ဖက် ရှယ်လ်ရေနံကုမ္ပဏီရဲ့ ဘွန်ဂါ ကမ်းလွန်ရေနံတူးလုပ်ကွက်မှာ ရေနံစည်ပေါင်း ၄ သောင်းကျော် ယိုဖိတ်ခဲ့ပြီး စတုရန်းကီလိုမီတာ ၉၅၀ အကျယ် ငါးဖမ်းဧရိယာကို ထိခိုက်ပျက်စီးခဲ့တာပါ။

ရှယ်လ်ကုမ္ပဏီကတော့ အဲဒီရေနံယိုဖိတ်မှုအတွက် တာဝန်ယူ ဖြေရှင်းခဲ့ပြီး သူကို ဥပဒေကြောင်းအရ လျော်ကြေးတောင်းခံခွင့် မရှိဘူးလို့ ပြောဆိုပါတယ်။

DVB

ထိုင်းရွေးကောက်ပွဲ ၂ဝ၁၆မှ ကျင်းပဖြစ်မည်


စစ်တပ်အုပ်ချုပ်သော ထိုင်းဘု ရင့်နိုင်ငံ၏ ရွေးကောက်ပွဲမှာ ကြန့် ကြာနေဦးမည် ဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ်အထိ ကြာမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီး ဆွမ်မိုင်ဖာဆီးက ပြောကြားလိုက်သည်။ ထိုင်းစစ်တပ် က စစ်ဥပဒေကို မကြာမီ ရုပ်သိမ်း မည်ဆိုသည့် သတင်းအား ငြင်းပယ် လိုက်ပြီး ရက်အနည်းငယ်ကြာပြီး နောက် ဤသတင်းထွက်ပေါ်လာခဲ့ သည်ကို AFP သတင်းက ဖော်ပြ လိုက်သည်။
ဝန်ကြီးချုပ် ပရာယုသ်ချန်အို ချာက သူ၏အစိုးရက ရွေးကောက် ပွဲကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လ၌ ကျင်းပမည်ဟု ပြောကြားထား ခဲ့သည်။
ထိုင်းစစ်တပ်သည် လွန်ခဲ့ သော ခြောက်လက အာဏာသိမ်း ယူခဲ့သည်။ နိုင်ငံတကာက ဒီမိုက ရေစီကို အမြန်ဆုံးပြန်သွားရန် တိုက်တွန်းလျက်ရှိသည်။
သို့ရာတွင် ရွေးကောက်ပွဲမှာ ကြန့်ကြာနေဦးမည်ဖြစ်ကြောင်း ဆွမ် မိုင်က ဃြ သတင်းကို ပြောခဲ့သည်။ ၄င်းက ပရာယုသ်နှင့်ဤကိစ္စအား ဆွေးနွေးပြီးနောက် အနည်းဆုံး ၁၈ လကြာပြီးမှ ရွေးကောက်ပွဲပြုလုပ်မည် ဟု ပြောခဲ့သည်။
ဝန်ကြီးချုပ်က အချိန်တစ်နှစ် လောက်ယူရမည်ဟု ကြေညာခဲ့သည်။ ''ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ အချိန်တစ်နှစ်ခွဲလောက် ယူရလိမ့် မယ်လို့ ထင်ပါတယ်''ဟု ၄င်းက BBC ကို ပြောခဲ့သည်။
မေ ၂၂ ရက်အာဏာသိမ်း စဉ်က စစ်ခေါင်းဆောင်ဝန်ကြီးချုပ် ပရာယုသ်မှာ စစ်ဦးစီးချုပ်ဖြစ်သည်။ ၄င်းက အာဏာသိမ်းခြင်းမှာ မလို အပ်ကြောင်း၊ လများစွာကြာနေသည့် နိုင်ငံရေးမတည်ငြိမ်မှုကို အဆုံးသတ် စေရန်ဖြစ်ကြောင်း၊ မတည်ငြိမ်မှုကြောင့် လူ ၃ဝ ကျော်သေခဲ့ရသည်ဟု ဆို သည်။
ဝေဖန်သူများက စစ်တပ်က အာဏာကို ဆုပ်ကိုင်လို၍ အ ကြောင်းပြနေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
ထိုင်းဘဏ္ဍာရေးဝန်ကြီးက ကြာ သပတေးနေ့ BBC တွေ့ဆုံခန်းကို မှတ်ချက်မပေးလိုကြောင်း ပြောခဲ့ သည်။ စစ်တပ်က မာရှယ်လောကို ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားမှုရှိလာ ချိန်၌ ရုပ်သိမ်းမည်ဟု AFP သတင်း ကို ပြောခဲ့သည်။
မာရှယ်လော ဥပဒေအား စစ် တပ်က အာဏာမသိမ်းမီနှစ်ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ နိုင်ငံရေး စုစည်းမှု ကို ဟန့်တားပိတ်ပင်ခဲ့သည်။ ခုနစ် ရက် အစစ်အဆေးမရှိ ဖမ်းဆီးခွင့် ပေးခဲ့သည်၊ စစ်ခုံရုံး၌ စစ်ဆေးခွင့် ရှိသည်။

‎Democracytoday‬

အီဘိုလာကုသဆေး လူသားနှင့်စမ်းသပ်မှု ပထမအဆင့် အောင်မြင်

အီဘိုလာရောဂါ ကာကွယ်ကုသဆေးကို လူသားတွေနဲ့ စမ်းသပ်မှု ပထမအဆင့် အောင်မြင်တယ်လို့ အမေရိကန်သုတေသနပညာရှင်တွေက နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် အီဘိုလာဆေးထုတ်လုပ်နိုင်ဖို့ တဆင့်နီးစပ်လာတာလို့လည်း ဆိုပါတယ်။

အခုနှစ်အတွင်း အီဘိုလာရောဂါနဲ့ လူပေါင်း ၅၇၀၀ လောက် သေဆုံးခဲ့ကြပြီး အီဘိုလာကာကွယ်ကုသဆေးကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကမ္ဘာ့ဆေးကုမ္ပဏီတွေနဲ့ ကျန်းမာရေးအေဂျင်စီတွေ အပြင်းအထန်ကြိုးစားနေကြတာပါ။

အီဘိုလာဆေး လူသားတွေနဲ့ စမ်းသပ်မှုမှာ ရလဒ်ကောင်းတွေ ရရှိနေမှုကို နယူးအင်္ဂလန်ဆေးပညာစာစောင်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က ဖော်ပြခဲ့တာပါ။

ဒီအီဘိုဘာဆေးထုတ်လုပ်နိုင်ရေး အမေရိကန်ကူးစက်ရောဂါဌာနနဲ့ GlaxoSmithKline ဆေးကုမ္ပဏီတို့ ပူးပေါင်းကြိုးစားနေကြပြီး အခုနှစ် အီဘိုလာရောဂါ ပြင်းထန်မှုကလည်း ဒီဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်ရေး တွန်းအားတရပ်ဖြစ်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် Anthony Fauci က ပြောဆိုပါတယ်။

အခုဆေးဟာ လက်ရှိ အီဘိုလာရောဂါကို ကာကွယ်ကုသတဲ့အပြင် နောင်အီဘိုလာရောဂါမျိုးကွဲတွေကိုပါ ကာကွယ်နိုင်တဲ့အဆင့်အထိ ဖြစ်လာနိုင်တယ်လို့လည်း Fauci က  ပြောဆိုပါတယ်။

လူသားတွေနဲ့ ဒုတိယအဆင့်စမ်းသပ်မှုတွေကို အနောက်အာဖရိကမှာ ပြုလုပ်နိုင်ဖို့ လိုင်ဘေးရီးယားအာဏာပိုင်တွေနဲ့ အမေရိကန်ကူးစက်ရောဂါဌာနက ဆွေးနွေးညှိနှိုင်းနေပါတယ်။

အီဘိုလာရောဂါ ကာကွယ်ကုသဆေးတွေကို အောက်စဖတ်၊ မာလီနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှာလည်း တပြိုင်တည်း စမ်းသပ်နေကြပါတယ်။

အခုနှစ် တကျော့ပြန်ဖြစ်လာတဲ့ အီဘိုလာရောဂါ ကူးစက်သေဆုံးနှုန်းဟာ ၇၀ ရာခိုင်နှုန်းရှိပြီး တရားဝင်ကာကွယ်ကုသဆေးလည်း မရှိသေးပါဘူး။

DVB






ဩစတြေးလျ အရှေ့ပိုင်းတွင် အင်အားပြင်းထန်သည့် မိုးကြိုးမုန်တိုင်းတိုက်ခတ်

ဩစတြေးလျနိုင်ငံ၊ အရှေ့ဘက် ကမ်းခြေဒေသတွင် အင်အားပြင်းထန်သည့် (Supercell) မိုးကြိုးမုန်တိုင်းကြီးတစ်ခု တိုက်ခတ်မှုကြောင့် အပျက်အစီး အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

အားကောင်းသော လေပြင်းများကြောင့် မြေပြင်တွင် အခြေစိုက် ရပ်နားထားသည့် လေယာဉ်ငယ်များ၊ မော်တော်ကားများပါ ကျွမ်းထိုး ပြောင်းပြန်လန်ကုန်ပြီး နေအိမ် အဆောက်အအုံ အများအပြားမှာ အမိုးများ ကျွတ်ထွက်ကုန်သည်။ နိုဝင်ဘာ (၂၈)ရက် နံနက်ပိုင်းတွင် ဩစတြေးလျ စစ်တပ်သည် မုန်တိုင်းဒဏ်သင့် ဒေသတွင် ရှင်းလင်းမှုများ ကူညီလုပ်ဆောင်ရန် လာရောက် ဖြန့်ကျက်ခဲ့သည်။

မြို့တော် ဘရစ္စဘိန်းနှင့် အနီးအနား ဒေသများတွင် နိုဝင်ဘာ (၂၇)ရက်က တိုက်ခတ်ခဲ့သည့် မိုးကြိုးမုန်တိုင်းအတွင်း တင်းနစ်ဘောလုံးအရွယ်အစားမျှရှိသည့် မိုးသီးများလည်း ကြွေကျခဲ့သည်။ လေပြင်းများသည် တစ်နာရီလျှင် ကီလိုမီတာ (၁၄၀)နှုန်းထိ အားကောင်းခဲ့ပြီး လေဆင်နှာမောင်း နှစ်ခုလည်း ဖွဲ့စည်းဖြစ်ပေါ်ခဲ့ရာ သစ်ပင်အချို့ အမြစ်မှ ကျွတ်ထွက်သွားပြီး ဓာတ်တိုင်များပါ လဲပြိုခဲ့သည်။

လက်ရှိအချိန်ထိ ဒဏ်ရာရသူ အရေအတွက် (၃၉)ဦးထိ စာရင်းရရှိထားပြီး အပျက်အစီးတန်ဖိုးသည် အနည်းဆုံး အမေရိကန် ဒေါ်လာ (၈၅)သန်း စာမျှ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ဘရစ္စဘိန်း မြို့လယ်မှ (၁၁)ကီလိုမီတာမျှ အကွာရှိ အာချာဖီးလ် လေဆိပ်တွင် အပေါ့စားလေယာဉ် အနည်းဆုံး (၄)စီးခန့်သည် လေစီးကြောင်းတွင် တရွတ်တိုက် ပါသွားပြီး ပြောင်းပြန်လန်သွားခဲ့သည်။

“မုန်တိုင်းကျနေချိန်မှာ ကမ္ဘာပျက်နေသလိုပဲ”ဟု သတ္တုအမိုးပြား ကျွတ်ထွက်သွားသည့် နေအိမ်တစ်လုံးတွင် နေထိုင်သည့် ဘရစ္စဘိန်း မြို့ခံတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ကွင်းစလန်ပြည်နယ် ဝန်ကြီးချုပ် ကမ့်ဘဲလ်နယူးမန်းက ယခုမိုးကြိုးမုန်တိုင်းသည် (၁၉၈၅)ခုနှစ်နောက်ပိုင်း ဘရစ္စဘိန်းတွင် ကြုံဖူးသည့် အပြင်းထန်ဆုံးဟု ပြောကြားခဲ့သည်။

“အရမ်းဆိုးရွားတဲ့ မုန်တိုင်းကြီးပဲ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ဘယ်သူမှ ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတယ်လို့ မကြားရသေးဘူး”ဟု ၎င်းက ABC သို့ ပြောကြားခဲ့သည်။ ဩစတြေးလျ မိုးလေဝသ ဌာနမှ ပရာဒိပ်ဆင်းက “Supercell မုန်တိုင်းကြီးတွေမှာ လေဝဲတွေ ဖြစ်ပေါ်တတ်တယ်။ ပတ်ဝန်းကျင် လေထုက လည်ပတ်ပြီး အထက်ကို တက်သွားတာမျိုးပါ။ အဲဒီလို ဖြစ်ပြီဆိုရင် စိုထိုင်းဆက ရေခဲမှတ် အထက်ထိ ရောက်သွားတယ်။ အဲဒီအခြေအနေက မုန်တိုင်းရဲ့ သက်တမ်းကို ရှည်ကြာနေစေပါတယ်”ဟု ရှင်းပြခဲ့သည်။

စက်တင်ဘာ (၂၈)ရက်တွင် တွက်ချက်ထုတ်ပြန်သော စာရင်းအရ မုန်တိုင်းကြောင့် ဓာတ်တိုင် (၅၀၀)ကျော် ပြိုလဲပျက်စီးပြီး အိမ်ခြေနှင့် လုပ်ငန်းအရေအတွက် (၆၅၀၀၀)ကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့် အခြေအနေ ကြုံနေရကြောင်း သိရှိရသည်။

_Ref: Channelnewsasia  

27.11.14

အမေရိကန်တွင် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

အမေရိကန်နိုင်ငံအရှေ့ဘက်၊ ကမ်းရိုးတန်းပြည်နယ်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မိုးနှင်း ထူထူထပ်ထပ် ကျဆင်းခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက် လေယာဉ်ခရီးစဉ်တွေနဲ့ ကားလမ်းခရီးစဉ်တွေ အများအပြား ထိခိုက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံတ၀န်း ကျေးဇူးတော်နေ့ ခရီးသွားကာလဟာ တနှစ်တာအတွင်း ခရီးသွားလာမှု အများဆုံးကာလဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း အမေရိကန်နိုင်ငံတ၀န်း အမေရိကန်ခရီးသည် ၄၆ သန်း ခရီးသွားလာကြမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်း လောက်ကတော့ ကားတွေနဲ့ သွားလာကြမှာပါ။

အခုနှစ် ကျေးဇူးတော်နေ့ အားလပ်ရက်ခရီးသွားကာလဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ခရီးသွားလာမှု အများဆုံးဖြစ်တယ်လို့လည်း အမေရိကန်မော်တော်ယာဉ်အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အခုရက်တွေအတွင်း အရှေ့ဖက်ကမ်းပြည်နယ်တွေမှာ နှင်းထု ၅ လက်မကနေ ၁ ပေအထိ ကျဆင်းနိုင်တယ်လို့ အမေရိကန်အမျိုးသားမိုးလေ၀သက ကြေညာထားပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကတော့ နိုင်ငံတ၀န်းလေယာဉ်ခရီးစဉ် ၇၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၄၄၀၀ လောက်လည်း နောက်ကျခဲ့ပါတယ်။

မက်နီဆိုးတားပြည်နယ်၊ အရှေ့တောင်ပိုင်းမှာလည်း ဆီးနှင်းတွေကြောင့် အဝေးပြေးလမ်း မတော်တဆမှုတွေ၊ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

DVB

မော်ရိုကိုနိုင်ငံတွင် ရေကြီး ၃၆ ဦးသေဆုံး

မော်ရိုကိုနိုင်ငံမြောက်ပိုင်း၌ ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့ရာ ယခုနောက် ဆုံးနေ့တွင် လူ ၃၆ ဦးသေဆုံးခဲ့ကြောင်း၊ ရေကြီးမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ကြောင်း မော်ရိုကိုပြည်ထဲရေးဌာ နဝန်ကြီး မိုဟာမက် ဟက်ဆက်က ပါလီမန်ကြားနာရေးအစည်းအဝေး ၌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသ တင်းက ဖော်ပြခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူ ၄၃၂ ဦးရေထဲမျောပါ သွားခဲ့ရာမှ ကယ်ဆယ်ခဲ့ရကြောင်း၊ ၎င်းတို့မှာ အလွန်စိုးရိမ်ရသော အ ခြေအနေရှိကြောင်း၊ ထိုအထဲမှ ၉၄ ဦးမှာ စစ်ရဟတ်ယာဉ်ဖြင့် ကယ်ဆယ် ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

မော်ရိုကို အရှေ့တောင်ပိုင်း မိုးရွာသွန်းမှု ပမာဏမှာ အလွန်ထူး ခြားစွာ များပြားကြောင်း၊ ဤမျှကြီး မားသောမိုးမှာ သဲကန္တာရနယ်မြေ ဒေသ၌ အလွန်ရှားပါးကြောင်း ၎င်း က ဆိုသည်။

မော်ရိုကို၏ အဝေးပြေးလမ်း မကြီးသုံးခုမှာလည်း ပျက်စီးသွားခဲ့ပြီး ပြည်လည် ဖွင့်လှစ်နိုင်ရန် သုံးလေး ရက်ခန့်ကြာဦးမည်ဖြစ်ကြောင်း၊ ယခု အချိန်ထိ အိမ်ထောင်စုနှစ်သောင်း ကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ် တောက်သွား ခဲ့ကြောင်း ဝန်ကြီးက ပြောခဲ့သည်။

Ref : Xinhua

မလေးရှားဝန်ကြီးချုပ် စစ်သွေးကြွ ခြိမ်းခြောက်မှု စက္ကူဖြူစာတမ်း တင်သွင်း

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေရဲ့  ခြိမ်းခြောက်မှုနဲ့ ပတ်သက်တဲ့ စက္ကူဖြူစာတမ်းကို နိုဝင်ဘာ ၂၆ ရက်နေ့က လွှတ်တော်မှာ အဆိုပြု တင်သွင်းခဲ့ပါတယ်။

အိုင်အက်စ်တွေရဲ့ အတွေးအခေါ် ဖြန့်ဖြူးမှုကို ထိန်းချုပ်ဖို့ အစိုးရရဲ့လှုပ်ရှားမှုကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

မူဝါဒကို မူကြမ်းရေးဆွဲပြီး အတည်ပြုတဲ့နည်းနဲ့ အစိုးရကို ထောက်ခံပါလို့ နာဂျစ်က ပြောပါတယ်။

အသေခံတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အိုင်အက်စ်တွေနဲ့ ဆက်သွယ်ခဲ့တဲ့ မလေးရှား နိုင်ငံသားတယောက်ပါတဲ့ လတ်တလော မတော်တဆမှုကိုလည်း နာဂျစ်က ထောက်ပြပါတယ်။

မလေးရှားနိုင်ငံသား အာမက် တာမီမီ မာလိခိဟာ အီရတ်နိုင်ငံ အမ်ဘာခရိုင်တွင်းက အီရတ်လုံခြုံရေးတပ်ရဲ့ ဗဟိုဌာနချုပ်ကို ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားတဲ့ အက်စ်ယူဗွီကားနဲ့ ဝင်တိုက်ခဲ့တယ်။ ဒါဟာ ပထမဆုံး မလေးရှားရဲ့ ပါဝင်မှုပဲလို့ သူက ဆက်ပြောပါတယ်။

နိုင်ငံခြားက အကြမ်းဖက်အုပ်စုတွေနဲ့ စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုမှာ ပါဝင် ပတ်သက်နေတဲ့ မလေးရှားနိုင်ငံသားတွေကို အရေးယူ နှိမ်နင်းဖို့ ဥပဒေအသစ် ပြဋ္ဌာန်းဖို့ကိုလည်း ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြခဲ့ပါတယ်။

DVB

MH 17 လေယာဉ် ပစ်ချခံရမှု စုံစမ်း စစ်ဆေးရေး တစ်နှစ်ခန့် ကြာနိုင် ဖွယ်ရှိ

မလေးရှား လေကြောင်း လိုင်းခရီးစဉ် MH 17 ပစ်ချခံ ရမှုတွင် တရားဥပဒေ အရ ဆောင်ရွက် ရန်နှင့် လိုအပ်သော သက်သေ အထောက်အထားများ ရှာဖွေရန်  နိုင်ငံတကာစုံစမ်း စစ်ဆေးရေးအဖွဲ့အနေဖြင့် တစ်နှစ်ခန့် အချိန်ယူရ နိုင်ဖွယ်ရှိသည်ဟု မလေးရှား လွှတ်တော်အမတ် ဒေ ၀မ်ရာကရက်က နိုဝင်ဘာလ ၂၅ရက်နေ့တွင် ပြောကြားခဲ့သည်။

လွှတ်တော်တွင် ဆွေးနွေး အပြီးတွင် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဟာမက် ဇိုင်နူဒင်က မိမိ တို့အနေဖြင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ရှင်းလင်းသော သက်သေ အထောက်အထားများ ရရှိရန် တစ်နှစ်ခန့် အချိန်ပေး ရနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

MH 17 လေယာဉ်ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးနေသည့် တိုးတက်မှု အခြေအနေကို ပြောကြားရာတွင် ပျက်ကျ သွားသော လေယာဉ်၏ အပိုင်း အစ များကိုပျက် ကျသည့် နေရာမှ မကြာသေးမီက ဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း တာဝန်ရှိသူများကို ထုတ်ဖော် ပြောကြားရန် စောလွန်းနေသေးသည်ဟု ၎င်းက ပြောကြား သည်။

MH 17 လေယာဉ် သည် အမ်စတာ ဒမ်မြို့မှ ကွာလာ လမ်ပူသို့ ပျံသန်း လာစဉ်တွင် ဇူလိုင်လ ၁၇ ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချခံခဲ့ ရခြင်းဖြစ် သည်။ ယင်းလေယာဉ်ပေါ်တွင် ခရီးသည် ၂၈၃ ဦးနှင့် လေယာဉ် လုပ်သား ၁၅ ဦး ပါဝင်သွား ခဲ့သည်ဟုဆိုသည်။ ၄င်းလေယာဉ်ပေါ်တွင် မလေးရှား လူမျိုးများ သာမက နယ်သာလန်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ ဂျာမဏီ၊ ဘယ်ဂျီယံ၊ ဖိလစ်ပိုင်၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံမှ ခရီးသည်များ ပါဝင်သွားခဲ့သည်။

Ref: AFP

၂၀၁၅-၂၀၁၆ ခုနှစ်အတွက် နျူကလီးယားလောင်စာရောင်းချရေး ရုရှားနှင့် ယူကရိန်းတို့သဘောတူ

ယခင်ဓာတ်ပေါင်းဖိုအဟောင်း များအတွက် နျူကလီးယားလောင် စာ ရောင်းချပေးရေး ကိစ္စနှင့်ပတ် သက်၍ ယူကရိန်း၏ ရှင်းရှင်းလင်း လင်းမရှိသော နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီအီနာဂိုအ်တွမ်နှင့် ရုရှား အစိုးရပိုင် လောင်စာကုမ္ပဏီTVEL တို့ သဘောတူညီချက်ရကြသည်ဟု အရာရှိတစ်ဦးက နိုဝင်ဘာ ၂၅ရက် ၌ ဆိုသည်။

ထိုနျူကလီးယားလောင်စာ ရောင်းချပေးရေးမှာ နောက်နှစ်နှစ် အတွင်း ရောင်း ချပေးရေးဖြစ်သည်။

''ကျွန်တော်တို့ရဲ့ ကန်ထရိုက် လုပ်ငန်းနောက်ဆက်တွဲ သဘော တူညီချက်ကို ၂၀၁၅-၂၀၁၆ ခုနှစ်အ တွင်း လောင်စာရောင်းချပေးရေး အာမခံချက်ရှိစေရန် လက်မှတ်ရေး ထိုးကြခြင်းဖြစ်သည်''ဟု အီနာဂိုအ် တွမ်ကုမ္ပဏီ၏ စစ်ဆေးရေးမှူးချုပ် လည်းဖြစ်၊ လုံခြုံရေးညွှန်ကြားရေး မှူးလည်းဖြစ်သူ ဒန်ကိုဘိုင်လီကဆို သည်။

သို့ပင်ဖြစ်သော်လည်း နျူက လီးယားလောင်စာပမာဏမည်မျှကို မည်သည့်ဈေးနှုန်းဖြင့် ရောင်းချမည် နည်းဆိုသည်ကိုမူ ဘိုင်လီက ဖော်ပြ ထားခြင်းမရှိပေ။

ထို့ပြင်TVEL နှင့် ယူကရိန်း တို့သည် ယင်း၏နျူကလီးယားဓာတ် ပေါင်းဖိုများ အတွက်လည်း နျူကလီး ယားလောင်စာကို အမေရိကန်အ ခြေစိုက် Westing house Electric Company မှဝယ်မည်ဟု ဘိုင်လီက ဆိုသည်။

နျူကလီးယားလောင်စာကို ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်၊ စက် တင်ဘာလ တိုင်အောင် ရောင်းချ ပေးရန် အီနာဂိုအ်တွမ်နှင့်TVEL တို့ ၂၀၁၀ ပြည့်နှစ်၌ သဘောတူ ညီခဲ့ကြသေးသည်။

ယူကရိန်းသည် နျူကလီးယားလောင်စာ အမေရိ ကန် ဒေါ်လာ ၆၀၁ သန်းဝန်းကျင် ဖိုး ၂၀၁၃ ခုနှစ်၌ ရုရှားထံမှဝယ်ယူ ခဲ့သေးသည်။

Ref : Xinhua

ကလေးငယ်များကို လိင်အလွဲသုံးမှုဖြင့် ဗြိတန်နိုင်ငံသားကို ထိုင်းရဲ ဖမ်းဆီး


ဗြိတိန်အစိုးရက အလိုရှိနေပြီး ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းအလွဲသုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ရောဘတ် ဒေးဗစ် ဟတ်စ်တင်းစ်ကို ဖမ်းမိပြီလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပြီး သူ့ကိုတော့ ထိုင်းလဝကရဲတွေက အရှေ့မြောက်ပိုင်း ဥဒုံဌာနီခရိုင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းမိခဲ့တာပါ။

ထိုင်းအရှေ့မြောက်ပိုင်းကို ထိန်းချုပ်ရတဲ့ အမှတ် ၄ လူဝင်မှုစစ်တိုင်းရဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ချာ့ချိုင် လင်မ်ဆန်ဂ်က အဆိုပါ ဖမ်းမိတဲ့ ဗြိတိန်နိုင်ငံသားဟာ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် လိင်ပိုင်းအလွဲသုံးမှု ၁၂ မှုနဲ့ ဆိုးဆိုးရွားရွား ညစ်ညမ်းမှု ၅ မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရကြောင်း ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ဟတ်စ်တင်းစ်က သူဟာ ထိုင်းကို ၂၀၀၅ ခုနှစ်မှာ လာခဲ့ပြီး ခုတော့ ထိုင်းဇနီးသည်နဲ့ အတူ နေထိုင်တယ်လို့ ပြောပါတယ်။

သူကို စွပ်စွဲထားတာတွေကိုလည်း ငြင်းဆိုပြီး သူ့နာမည်ကို ပြန်သန့်စင်ဖို့ သူ့နိုင်ငံ ပြန်ဖို့ လိုလားကြောင်း ပြောပါတယ်။

ရဲတွေကတော့ ဟတ်စ်တင်းဟာ ဥဒုံဌာနီက ဒေသခံကျောင်းတခုမှာ အင်္ဂလိပ်ဆရာအဖြစ် လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

သူ့ကို ရက်ပိုင်းအတွင်း ဗြိတိန်ကို ပြန်ပို့ဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းရဲတွေက ပြောခဲ့ပါတယ်။

DVB

အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်

 အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေ အများအပြား သိမ်းပိုက် ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံ များကို မျက်စောင်း ထိုးလာ သည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော် အကျယ်အ၀န်း ရည်မှန်း ချက်မှာ မြောက်အာ ဖရိကမှ အရှေ့တောင် အာရှ အထိ ကျယ်ဝန်း သည်။

အထူးသဖြင့် စိမ့်ဝင် ထိုးဖောက်ရန် လွယ်ကူသည့် နိုင်ငံ တစ်ခုမှာ ပါကစ္စတန် နိုင်ငံဖြစ်သည်။ အိုင်အက်စ်တွင် ပျောက်ကြား စစ်ဆင်ရေး လက်နက်များ အပြင်   ခေတ်မီ လေယာဉ်ပစ် လက်နက်များ၊ တင့်ကားများ အပြင် ဂျက်တိုက် လေယာဉ် များပင် ရှိသည်ဟု ယူဆ ရသည်။

“သူတို့ဘာမှ လုပ်နိုင်မယ် မထင်ပါဘူး။ ပါကစ္စတန်ဟာ သူ့ရဲ့ပြည်သူတွေ၊ သူ့ရဲ့ စစ်တပ်၊ တခြားအ ချက်တွေကြောင့် အလွန် အင်အား တောင့်တင်း ပါတယ်။ ဒါ့ကြောင့် သူတို့ ပါကစ္စတန်ကို ဘာမှ လုပ်နိုင်မယ် မထင် ပါဘူး"ဟု ထောက်လှမ်းရေး အရာ ရှိဟောင်း တစ်ဦးဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် ရှေဇက်ဂျမ်ရှက်အေ ယက်ဇ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့ ယုံကြည်မှု လွန်ကဲခြင်းက ရလဒ်ပြောင်းပြန် ဖြစ်စေ နိုင်ကြောင်း အခြား သူများက ထောက်ပြ ကြသည်။ပါကစ္စတန် သည်နိုင်ငံတွင်း သို့ တာလီဘန်တို့ စီးဝင်မှုနှင့် ပတ်သက် ၍လည်း အလားတူ ကြေညာ ချက်များ ထုတ်ပြန် ဖူးသည်။

ထို့နောက် စစ်သွေးကြွ များသည် နိုင်ငံတွင်း ၀င်ကာ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ကြသည်။ သို့သော်လည်း ပါကစ္စတန် သည် အကြမ်းဖက် လှုပ်ရှား မှုများ အမြစ် တွယ်ရန် ဖြစ်နိုင်ကြောင်း လုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် လေတပ် အငြိမ်းစားဒု - မာရှယ် ရှေဇက်ချောက် ဒရီက ပြောကြားခဲ့သည်။

အိုင်အက်စ် အဖွဲ့သည် ပါကစ္စတန် ဒေသတွင်းရှိ အစွန်းရောက် အဖွဲ့အစည်း များနှင့် အဆက် အသွယ် ရနေပြီ ဖြစ်ကြောင်း ပါကစ္စတန်တွင် ပြုလုပ်သည့် အိုင်အက်စ် တပ်မှူး များ၏ အစည်း အဝေးမှ စီအင်အေက သတင်း ရရှိ ခဲ့သည်။ ၎င်းအဖွဲ့ များတွင် ပါကစ္စတန်၏ အကြီး မားဆုံး ဘာသာရေး၊ နိုင်ငံရေး ပါတီ တစ်ခုလည်း ပါဝင် သည်ဟု ဆိုသည်။

Ref: CNA

ဥရောပတွင် စီးပွားရေး ကျဆင်းမှုနှင့် စပ်လျဉ်း၍ ဂျာမနီ ဝန်ကြီးချုပ် မာကယ် သတိပေး ပြောကြား

ဥရောပနိုင်ငံများ အတွင်း၌ စီးပွားရေး အခြေအနေမှာ ပြန်လည် ကျဆင်းလာနိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က သတိပေး ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများ အနေဖြင့် တိုးတက် ဖွံ့ဖြိုးနေသော ကမ္ဘာ့ ဈေးကွက်များ၏ နောက်တွင် ကျန်ရစ်ခဲ့ခြင်း မရှိစေရန်အတွက် စီးပွားရေးဆိုင်ရာ မူဝါဒများ ပြန်လည် သုံးသပ်ခြင်းကို အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဥရောပစီးပွားရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲ တစ်ခု တွင်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့ဖြင့် ချုပ်ဆိုရန် လုပ်ဆောင်လျက်ရှိသော ကုန်သွယ်ရေးစာချုပ် ဆိုင် ရာ စေ့စပ်ဆွေးနွေး မှုများကိုလည်း အမြန်ဆုံး အပြီးသတ် လုပ်ဆောင်ရန် ဥရောပနိုင်ငံများအား သူမက တောင်း ဆိုခဲ့သည်။

မြ၀တီ

Ferguson ဆန္ဒပြမှု တတိယနေ့ဆက်ဖြစ်ပွား

Missouri ပြည်နယ် Ferguson မြို့မှာ အာဖရိကန်-အမေရိကန် လူငယ်တယောက် သေဆုံးခဲ့တာနဲ့ ပတ်သတ်လို့  လူဖြူရဲအရာရှိကို စွဲချက်တင်မှာ မဟုတ်ဘူးလို့ ဂျူရီအဖွဲ့ဝင်တွေက ဆုံးဖြတ်ခဲ့ပြီးနောက် ၃ ရက်မြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြနေကြပါတယ်။

ဗုဒ္ဓဟူးနေ့က St. Louis မြို့တော်ခန်းမရှေ့မှာ ရာပေါင်းများစွာ စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ လူစုခွဲဖို့ ငြင်းဆန်ခဲ့သူ ၃ ဦးကို ရဲတွေက ထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ၁ ဦးကို  ခုခံတိုက်ခိုက်မှုနဲ့ စွဲချက်တင်ထားပါတယ်။

ရဲအရာရှိ Darren Wilson က အသက် ၁၈ နှစ်အရွယ် Michael Brown ကို သြဂုတ်လအတွင်းက ပစ်ခတ်ခဲ့တာကြောင့် Michael Brown သေဆုံးသွားပြီးနောက် Ferguson မြို့မှာ အခြေအနေတွေ တင်းမာခဲ့ပါတယ်။

လူမည်းအများစု နေထိုင်တဲ့ St. Louis မြို့ကြီးရဲ့ ဆင်ခြေဖုံးမှာ ရဲအရာရှိတွေရဲ့ အကြမ်းဖက် ကိုင်တွယ်မှုနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သတ်လို့လည်း  စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဗုဒ္ဓဟူးနေ့ညဘက်ထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၅၈ ဦးအထိ  တိုးမြင့်လာပြီး အဲဒီထဲက ၁၃ ဦးဟာ အင်္ဂါနေ့ညက ဆန္ဒပြခဲ့သူတွေ ဖြစ်ပါတယ်။

Ferguson မြို့မှာ အရံတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကို စေလွှတ်ထားတဲ့အတွက် အရင်နေ့ကလို တင်းမာမှုတွေ မဖြစ်အောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတ၀ှမ်း New York, Boston, Los Angeles, Portland နဲ့ Dallas မြို့တွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပြီးနောက် အခြေအနေတွေ အေးဆေးတည်ငြိမ်လာပါတယ်။

VOA

ကုလလူသားချင်းစာနာမှု အကြီးအကဲ ရာထူးမှနှုတ်ထွက်မည်

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valeria Amos ဟာ နောက်နှစ် မတ်လအကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ဆီးရီးယားပဋိပက္ခမဖြစ်ပွားမီ လအနည်းငယ်အလိုဖြစ်တဲ့ ၂၀၁၀ စက်တင်ဘာလက Amos က ရာထူးတာဝန် စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ လူဦးရေတဝက်ဟာ အခု အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ဘဝရောက်နေကြပြီး ကနေ့ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှု ပဋိပက္ခတွေအနက် အခြေအနေ အဆိုးရွားဆုံးတခု ဖြစ်လာခဲ့ပြီး Amos နဲ့ သူ့ ကုလသမဂ္ဂ အမှုထမ်းတွေအတွက် အဓိက ဦးစားပေးရမယ့် ကိစ္စရပ် ဖြစ်ခဲ့ပါတယ်။

တောင်ဆူဒန်နဲ့ အလယ်အာဖရိက သမ္မတနိုင်ငံ အပါအဝင် အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပြင် ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ Haiyan တိုက်ဖွန်းမုန်တိုင်း တိုက်ခိုက်ခဲ့မှုကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Amos အနေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူ လိုအပ်တဲ့ အရေးပေါ် ကိစ္စရပ်အားလုံးကို ကြီးကြပ်ကွပ်ကဲတဲ့ တာဝန်ရှိသူ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေအကြား အဓိက ဆက်သွယ်ရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Amos ဟာ ၂၀၁၂ ဒီဇင်ဘာလက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြေပုံ၊ ပေါက်တော၊ မောင်းတောနဲ့ စစ်တွေ တို့ရှိ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ Amos ကို သူ့ရဲ့ထူးချွန်တဲ့ တာဝန်ထမ်းဆောင်မှုအတွက် ချီးကျုးထားပြီး ကမ္ဘာတဝှမ်း ဘေးဒုက္ခနဲ့ ပဋိပက္ခ ရင်ဆိုင်နေကြသူတွေအတွက် မနားမနေ လုပ်ဆောင်ပေးခဲ့တယ်လို့ ထောက်ပြထားပါတယ်။

Amos ရာထူးက နှုတ်ထွက်ရတဲ့ အကြောင်းအရင်းကို ဖော်ပြထားခြင်း မရှိတဲ့အပြင် နောက်သူ ဘာဆက်လုပ်မလဲ ဆိုတာကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ လက်ရှိရာထူးမှာ ထမ်းဆောင်ခဲ့တာ ၄ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

VOA

အမေရိကန်ဒေါ်လာအတု ၁.၅ သန်းခန့် ပီးရူးရဲ ဖမ်းမိ

ပီရူးရဲတွေက လီမာမြို့မှာ အမေရိကန်ဒေါ်လာ ၁.၅ သန်းနီးပါး တန်ဖိုးရှိတဲ့  ငွေစက္ကူအတုတွေကို နိုဝင်ဘာ ၂၆ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

ဒီငွေစက္ကူအတုတွေကို အမေရိကန်ကိုပို့ဖို့ လုပ်ထားတာလို့ ယုံကြည်ကြောင်း ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

ပီရူးဗဟိုဘဏ်ရဲ့ ငွေစက္ကူအတုဌာနက လုပ်ဆောင်တဲ့ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ခုလို စီးနင်းဖမ်းဆီးတာပါ။

ပီရူးငွေနဲ့ ဘိုလီးဗီးယားငွေ စက္ကူအတုတွေကိုလည်း ငွေစက္ကူ အတုထုတ်တဲ့ ပုံနှိပ်စက်တွေနဲ့အတူ သိမ်းဆည်းရမိပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းထားတယ်။ အမေရိကန်ဒေါ်လာ ၁.၃ သန်း၊ ပီရူးငွေ ၁ သိန်း ၃ သောင်းကျော်နဲ့ ဘိုလီးဗီးယားငွေ ၃ သိန်းဖိုးနီးပါးကို အာဏာပိုင်တွေက ရှာတွေ့ခဲ့တယ်လို့ အကြီးတန်းရဲအရာရှိ ပေါ်ဖီရီယို ဒိယက်စ်က ပြောပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ ငွေစက္ကူအတုထုတ်လုပ်မှုနောက်ကွယ်မှာ ဘိုလီးဗီးယား ဂိုဏ်းတခုရှိနေပါတယ်။

မနှစ်ကတော့ ပီရူးဟာ အမေရိကတိုက်က နိုင်ငံတွေအတွင်း အမေရိကန်ဒေါ်လာအတု ထုတ်လုပ်တဲ့ ထိပ်တန်းရင်းမြစ်အဖြစ် ကိုလံဘီယာနိုင်ငံကို ကျော်တက်ခဲ့တယ်လို့ အမေရိကန် လျှို့ဝှက်ဝန်ဆောင်မှု အဖွဲ့က အစီရင်ခံထားပါတယ်။

DVB

ယီမင်ဓားစာခံကယ်တင်မှု အမေရိကန် အထူးတပ်တွေပါဝင်

အမေရိကန် အထူးတပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံအတွင်း အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေ ဓားစာခံအဖြစ် ဖမ်းထားတဲ့ လူ ၈ ဦးကို ကယ်တင်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာက ပထမဦးဆုံး ဖော်ပြခဲ့ရာမှာ အင်္ဂါနေ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး ကယ်တင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အမေရိကန် ကွန်မန်ဒို ၂ ဒါဇင်ခန့်ဟာ အမေရိကန်က လေ့ကျင့်ပေးထားတဲ့ ယီမင်နိုင်ငံက အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေး တပ်ဖွဲ့ဝင်တွေနဲ့ တွဲပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုစီးနင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ ဆော်ဒီအာရေးဘီးယား နယ်စပ်မှာရှိတဲ့ ဒေသခံလူမျိုးစုတွေ နေထိုင်ရာအရပ်မှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ထုတ်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက အဲဒီသတင်းမှန်ကန်ကြောင်း AP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အယ်လ်ကိုင်းဒါး စစ်သွေးကြွ ၇ ယောက်သေဆုံးပြီး ယီမင် စစ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

VOA

အိုဘားမားကျေးဇူးတော်နေ့ ကြက်ဆင်ဘေးမဲ့လွှတ်

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားဟာ Thanksgiving ကျေးဇူးတော်နေ့အတွက် ညစာချက်စားခံရမယ့်  ကြက်ဆင်နှစ်ကောင်ထဲက တစ်ကောင်ကို အသက်ချမ်းသာခွင့် ပေးလိုက်ပြီး မြောက်ပိုင်း ဗာဂျီးနီးယား ကြက်ဆင်ခြံထဲကို ပို့ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့သမီးတွေဖြစ်တဲ့ Sasha နဲ့ Malia တို့ တက်ရောက်ခဲ့တဲ့ အိမ်ဖြူတော် ဗုဒ္ဓဟူးနေ့က အခမ်းအနားမှာ Cheese လို့ အမည်ပေးထားတဲ့ ကြက်ဆင်ကို မစ္စတာ အိုဘားမားက အသက်ချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီဓလေ့ကို နှစ်စဉ် ကျေးဇူးတော်နေ့ မကျရောက်မီ တရက်အလိုမှာ ကျင်းပတာဖြစ်ပါတယ်။ Cheese ဒါမှမဟုတ်၊ နောက်ကြက်ဆင်တစ်ကောင်ဖြစ်တဲ့ Mac ဘယ်ကြက်ဆင်ကို အသက်ချမ်းသာခွင့် ပေးသင့်သလဲဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်က အိမ်ဖြူတော်ကနေ အွန်လိုင်းပေါ်က မဲပေးခိုင်းခဲ့တာ ဖြစ်ပါတယ်။

Cheese အမည်ရှိတဲ့ ကြက်ဆင်ကို အသက်ချမ်းသာခွင့်ပေးဖို့ မဲပေးခဲ့ကြပေမဲ့ ၂၃ ကီလိုဂရမ်စီ အလေးချိန်ရှိတဲ့ နှစ်ကောင်လုံး အသက်ချမ်းသာခွင့် ရခဲ့ကြပါတယ်။ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံသားတွေကို ကျေးဇူးတော်နေ့ ပျော်ရွှင်စွာ ဆင်နွှဲကြဖို့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒီကျေးဇူးတော်နေ့ကို နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့မှာ ဆင်နွှဲတာဖြစ်ပါတယ်။

VOA

25.11.14

ပြည်ပတွင် လုပ်အားခ ခေါင်းပုံဖြတ်ခံနေရသော မြောက်ကိုရီးယားများ

မြောက်ကိုရီးယား အလုပ်သမားများကို သတ္တတူးဖော်ရေးလုပ်ငန်းများတွင်သာ စေခိုင်းနေသည်ဟူသော စွဲချက်များကို မလေးရှားက ကာကွယ်ပြောဆိုလိုက်ပြီး ၎င်းတို့သည် တာဝန်ကျေပွန်၍ ကျန်းမာ ကြံ့ခိုင်သည့်အတွက် ထိုလုပ်ငန်းများတွင် ပိုမိုလုပ်ကိုင်ခွင့် ရလာခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ် အကုန်က မိုင်းတွင်း ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံသားတစ်ဦး သေဆုံး ပြီးချိန်တွင် မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးက ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းတွင်း တည်ရှိရာ ဆာရာဝပ်ပြည်နယ်မှ အာဏာပိုင်များနှင့် ပြုံယမ်းအစိုးရတို့အကြား အထူးသဘောတူညီချက်တစ်ရပ် ပြုပြီးမှ တရားဝင်လာရောက်လုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူတို့လာလုပ်တဲ့ ကျောက်မီးသွေးတွင်းလို ဒီအလုပ်တွေဟာ သိပ်ပြီး ကြမ်းတမ်းသလို ၊ အန္တရာယ်လည်း များတယ်၊ ဒေသတွင်းကပဲဖြစ်ဖြစ်၊ ဆာရာဝပ် ပြည်နယ်သားတွေပဲ ဖြစ်ဖြစ် ဒီအလုပ်ကို မလုပ်ရဲကြဘူး၊ ဒါကြောင့်မို့ ပြည်ပလုပ်သားကို လိုလာတာပါ၊ ကျောက်မီးသွေးလုပ်ငန်းတွေမှာ ဗြိတိန်၊ တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေဟာ အရည်အသွေးမြင့်မားကြတယ်” ဟု ပြည်ထဲရေး ဒုဝန်ကြီး ၀မ်ဂျနိုင်ဒီက ဆိုသည်။

ပြည်ပသို့ ထွက်ခွာ၍ အလုပ်လုပ်နေရသည့် မြောက်ကိုရီးယား နိုင်ငံသားမှာ ခြောက်သောင်းခွဲကျော်ရှိပြီး အဓိကအားဖြင့် တရုတ်၊ ရုရှား၊ မွန်ဂိုလီးယားနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် ဆောက်လုပ်ရေး၊ သစ်တော၊ စက်ရုံ၊ စားသောက်ဆိုင်နှင့် မိုင်းတွင်းများ၌ လုပ်ကိုင်နေရသည်။

မြောက်ကိုရီးယား အလုပ်သမားများ၏ လစာကို ပြုံယမ်းအစိုးရထံ တိုက်ရိုက်ပေးရသော သဘောတူညီမှုနှင့် စပ်လျဉ်း၍ ပြည်ပရောက် မြောက်ကိုရီးယား အဖွဲ့အစည်းများက မလေးရှား အစိုးရကို မေးခွန်းထုတ်လိုက်သည်။

အဆိုပါ ၀န်ကြီး၏ မှတ်ချက်စကားများမှာ ပြီးခဲ့သည့် စနေနေ့က မိုင်းတွင်း ပေါက်ကွဲ၍ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ထွန်းထွန်းဝင်း၊ အသက် ၃၈ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသား ကာဒီယန်တိုနှင့် အထက်ပါ မြောက်ကိုရီးယားနိုင်ငံသား အသက် ၂၉ နှစ်အရွယ် ပန်ချောင်ဟွတ်တို့ သေဆုံးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အခြား မိုင်းတွင်းလုပ်သား ၂၉ ဦးတို့ ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၇ ဦးမှာ မြောက်ကိုရီးယားမှ ဖြစ်သည်။ ထို့ပြင် ဆာရာဝပ်မိုင်းတွင်း၌ လုပ်ကိုင်နေကြသည့် ပြည်ပလုပ်သား အားလုံး၏ ထက်ဝက်ခန့်မှာ မြောက်ကိုရီးယားနိုင်ငံသားများ ဖြစ်နေသည်။

ဘော်နီယိုကျွန်းပေါ်ရှိ ဆာရာဝပ်ပြည်နယ် တစ်ခုတည်းတွင်သာ မြောက်ကိုရီးယားနိုင်ငံသားများကို အလုပ်လုပ်ကိုင်ခွင့်ပေးထားသည်ဟု ၀မ်ဂျနိုင်ဒီက ဆိုသည်။

အလုပ်သမားများတွင် မှန်ကန်သော အလုပ်နှင့် တရားဝင် ရွှေ့ပြောင်းလုပ်ကိုင်ခွင့်များ ရရှိထားကြောင်း ၎င်းက ပြောကြားသည်။

“ကွန်မြူနစ်နိုင်ငံတွေကနေ ကျွန်တော်တို့ဆီ လာလုပ်နေသူတွေအများကြီးရှိတယ်၊ ကျွန်တော်တို့ တောင်းဆိုတာက တရားဝင်လာရောက်ရမယ်၊ တရားဝင်လုပ်ကိုင်ရမယ်၊ ပြီးရင် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာရပါမယ်” ဟု ၎င်းက ရှင်းပြသည်။
“အလုပ်သမားတွေပဲ ရသင့်တဲ့ လစာ အားလုံးနီးပါးကို ကင်ဂျုံအမ်းအစိုးရဆီပဲ ပြန်ပို့နေရတယ်” ဟု ပြည်ပရောက် မြောက်ကိုရီးယား နိုင်ငံသားများ ဖွဲ့စည်းထားသည့် မြောက်ကိုရီးယား မဟာဗျူဟာ စင်တာက ဆိုသည်။

အချို့သော အလုပ်သမားများသည် ရသင့်သည့် လစာ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းဝန်းကျင်သာ ရရှိကြပြီး ကျန်သော လစာများအား မြောက်ကိုရီးယား အစိုးရပိုင် အလုပ်သမား အေဂျင်စီများက ရရှိသည်။

ယင်းအေဂျင်စီများတွင်လည်း ပြုံယမ်းအစိုးရ ထိပ်သီးခေါင်းဆောင်များက ရှယ်ယာအများအပြားကို ပိုင်ဆိုင်ထားကြောင်း အဆိုပါ ပြည်ပရောက်အဖွဲ့အစည်းက ပြောကြားသည်။

၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ရန် ယူရိုပေါင် ၂၈ ဘီလီယံ ကုန်ကျခံ ဆောက်လုပ်နေသည့် ဘောလုံးကွင်းတစ်ခုတွင် လုပ်ကိုင်နေသူ မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးက သူ၏ လစာကို အကြွေတစ်စေ့မျှပင် မမြင်တွေ့ရဖူးသေးဟု ရင်ဖွင့်သည်။

“ကျွန်တော် ပိုက်ဆံမရပါဘူး၊ ကုမ္ပဏီကပဲ ဒီပိုက်ဆံကို ယူတာပါ၊ မြောက်ကိုရီးယား ပြန်ရောက်ရင်တော့ ရမယ် ထင်တာပဲ” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက အမေရိကန်မှ ထုတ်ပြန်သည့် လူကုန်ကူးမှု အများဆုံးနိုင်ငံများ ညွှန်းကိန်းတွင် မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ကာတာတို့နှင့် တန်းတူ မလေးရှားသည် အောက်ဆုံးအဆင့်သို့ လျော့ကျခဲ့ပြီး ဖြစ်သည်။

Ref; North Koreans are needed to do the dangerous jobs, says Malaysia (Theguardian)

အီရန်နျူကလီးယားဆွေးနွေးပွဲအတွက် နောက်ဆုံးအခွင့်အရေး

နှစ်ပေါင်းများစွာ အီရန်နျူက လီးယား သောင်မတင်ရေမကျဖြစ်နေ ခဲ့မှုအတွက် နောက်ဆုံးအခွင့်အရေး အတွက် ဆွေးနွေးမည့် တနင်္လာနေ့ ကို ရောက်ခဲ့ပြီဖြစ်သည်။

အီရန်နှင့် အင်အားကြီးနိုင်ငံများ သဘောတူ ညီချက်တစ်ခုရရှိရန် တွန်းအားပေး ဆွေးနွေးနေကြသည်။ နောက်ထပ် ရက်တိုးမည့်ကိစ္စမှာ စွန့်စားရမှုတစ် ခုဖြစ်လာဖွယ်ရာရှိနေသည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီ အမြဲတမ်းငါးနိုင်ငံနှင့် အပေါင်း တစ်ဂျာမနီနိုင်ငံတို့သည် လပေါင်း များစွာ အီရန်နှင့် တံခါးပိတ်ဆွေး နွေးခဲ့ကြသည်။

ကြားဖြတ်သဘော တူညီချက်တစ်ခုရယူခဲ့ကာ နောက် ဆုံးစာချုပ်တစ်ခုကို ရရှိရန်အတွက် တနင်္လာ(နိုဝင်ဘာ ၂၄) ဂရင်းနစ် စံတော်ချိန် ၂၃ နာရီတွင် ဆွေးနွေး ပွဲအဆုံးသတ်မည်ဖြစ်သည်။

၁၂ နှစ်ကြာသောင်မတင်ရေ မကျဖြစ်နေခဲ့ပြီးနောက် သဘောတူ ညီချက်တစ်ခုရရှိရန်မှာ အီရန်အား အရပ်ဘက် နျူကလီးယားလုပ်ငန်း ကို အရောင်ပြ၍ နျူကလီးယားဗုံး ထုတ်လုပ်မည်ဟု စိုးရိမ်နေကြသည်။ အီရန်က ပြင်းပြင်းထန်ထန် ငြင်း ဆန်၍ မဟုတ်ကြောင်းပြောနေ သည်။

မကြာမီရက်များက သံတမန် ရေးရာအားထုတ်မှုများအဖြစ် အ မေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနှင့် အခြားအင်အားကြီး ဝန် ကြီးများ သဘောတူညီမှုတစ်ခုရရန် ဆွေးနွေးခဲ့ကြသော်လည်း ကွာဟ ချက်များကို ပေါင်းစည်းမိရန် မလုပ် ဆောင်နိုင်ခဲ့ကြပေ။ ယခု အီရန်နှင့် အင်အားကြီးတို့ အချိန်နှင့်အမျှ နာရီ များစွာ ဆွေးနွေးနေကြသည်ဟု အ မေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူက ပြောခဲ့သည်။

''ကျွန်တော်တို့ နောက်ဆုံးအ ချိန်ရောက်ဖို့ ၂၄နာရီအလိုအထိ သဘောတူညီချက် မရသေးပါဘူး''ဟု အရာရှိတစ်ဦးက ပြောခဲ့သည်။ နောက်ထပ် ရက်တိုးမဲ့ကိစ္စကတော့ စဉ်းစားတဲ့ အချက်တစ်ခုဖြစ်ပါသည် ဟု ၄င်းကဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဂျွန်ကယ်ရီသည် အီရန်နိုင်ငံ ခြားရေးဝန်ကြီး ဂျာဗစ်ဇာရစ်ဖ်အား ကြာသပတေးနေ့မှစ၍ ခြောက်ကြိမ် တိုင်တွေ့ဆုံကာ သဘောတူညီချက်ရ ရန် ဆွေးနွေးခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများက တနင်္လာ နေ့တွင် သဘောတူညီမှုရအောင် ကွဲပြားမှုများကို ကြိုးစားတွန်းအား ပေးသွားကြမည်ဟု ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ဖီးလစ်ဟာမွန်းကပြော ခဲ့သည်။

သဘောတူညီချက်မရခဲ့ရင် တော့ ရှေ့ဆက်ဘာလုပ်ရမည်ကို မိမိတို့ရှာကြံသွားကြမည်ဟု ၄င်းက ဆိုသည်။ ခရီးကရှည်လျားခဲ့ပြီး အ လွန်ခက်ခဲရှုပ်ထွေးသော ပြဿနာ တချို့ကို သဘောတူရန် လိုနေသေး ကြောင်း ၄င်းကပြောခဲ့သည်။

အဓိကပြဿနာနှစ်ခုမှာ ယူ ရေနီယံသန့်စင်ရေးနှင့် ပိတ်ဆို့အရေး ယူမှုကိစ္စဖြစ်သည်။

ယူရေနီယံသန့်စင်မှုမှာ စွမ်း အင်ထုတ်နျူကလီးယားအတွက် များ စွာ သန့်စင်မှုမရှိသော ယူရေနီယံသာ လိုအပ်ပြီး ဗုံးလုပ်ရန်မှာ အဆင့်မြင့် သန့်စင်သော ယူရေနီယံလိုအပ်သည် ဟုဆိုသည်။

အီရန်က ယူရေနီယံသန့်စင် စက်အရေအတွက် များစွာထားရှိ ရန်လိုသည်။ အီရန်က နောက်ထပ် ဆောက်လုပ်သည့် ဓာတ်ပေါင်းဖို များအတွက်ဟုဆိုသည်။ အနောက် နိုင်ငံများက ယူရေနီယံသန့်စင်စက် ကို အရေအတွက် အနည်းငယ်သာ ထားရမည်ဟုဆိုသည်။

အီရန်သည် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ပိတ်ဆို့မှု ကြောင့် ထိခိုက်ခံရလျက်ရှိသည်။

AFP   (Democracytoday)

အာဖဂန်နစ္စတန် ဘာလီဘော ကစားပြိုင်ပွဲအတွင်း အသေခံဗုံးခွဲ ၅၇ ဦး သေဆုံး

အာဖဂန်နစ္စတန်အရှေ့တောင်ပိုင်း ပတ်တီကာခရိင်တွင်းက ယွာဟှာခေးဒေသမှာ ရာနဲ့ချီတဲ့ ယောက်ျားလေးတွေ တက်ရောက်နေတဲ့ ဘောလီဘော ကစားပြိုင်ပွဲအတွင်း အသေခံဗုံးခွဲ မှုကြောင့် သေဆုံးသူဦးရေ ၅၇ ယောက်ရှိသွားလို့ ဒေသခံအစိုးရအရာရှိတွေက နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောပါတယ်။

တခြားလူအယောက် ၆၀ လောက်လည်း ဒဏ်ရာရခဲ့လို့ နိုဝင်ဘာလ ၂၃ ရက်နေ့ညနေ ၄ နာရီခွဲလောက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ၂၀၁၁ကနေ ခုထိ တကြိမ်တည်းမှာ လူသေမှုအများဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။

ဒဏ်ရာရသူ ၅၄ ယောက်ကို ဆေးကုဖို့ ကဘူးစစ်ဆေးရုံမှာ တင်ပို့ထားပြီး ၂၇ ယောက်က အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေဆဲပါ။ ၁၃ ယောက်ကတော့ အသည်းအသန် ဖြစ်နေတယ်လို့ ဆေးရုံက ဆရာဝန်က သတင်းထောက်တွေကို ပြောပါတယ်။

အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေးညွှန်ကြားမှု ဦးစီးဌာနကတော့ အာဖဂန်စစ်တပ်နဲ့ အာဖဂန် အခြေစိုက် နေတိုးခေါင်းဆောင်တဲ့ တပ်တွေကို တိုက်နေတဲ့ ဟက်ခါနီအကြမ်းဖက်အုပ်စုက ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်အုပ်စုကမှတော့ တာဝန်ခံမှု မရှိသေးပါဘူး။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အာဖဂန်ဆိုင်ရာ အမေရိကန် သံရုံးတို့ကတော့ ဒီအသေခံတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

DVB

ဘင်္ဂလားဒေ့ရှ်အာဏာရပါတီ၏ ခေါင်းဆောင်ဟောင်းကို စစ်ရာဇဝတ်မှုခုံရုံးမှ သေဒဏ်စီရင်

ဘင်္ဂလားဒေ့ရှ်အာဏာရပါတီရဲ့ ခေါင်းဆောင်ဟောင်းကို စစ်ရာဇဝတ်မှုခုံရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က သေဒဏ် စီရင်လိုက်ပါတယ်။

ပါကစ္စတန်ကနေ ခွဲထွက်လွတ်လပ်ရေးယူတဲ့ စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ခုလို အပြစ်ပေးတာပါ။

အသက် ၆၄ နှစ်အရွယ် ဒေသခံခေါင်းဆောင် မူဘာရတ်ဟူစိန်ကို လက်ရှိ အာဏာရ အဝါမီအသင်းချုပ်ပါတီကနေ ၂၀၁၁ ခုနှစ်က ထုတ်ပယ်ခဲ့တာပါ။

သူဟာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု နှိပ်စက်မှုတွေ ကျူးလွန်ကြောင်း တွေ့ရှိခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ပြစ်မှုတခုအတွက် သေဒဏ်စီရင်ပြီး နောက်တခုအတွက်တော့ ထောင်ဒဏ် တသက်တကျွန်း စီရင်ခဲ့တယ်လို့ ရှေ့နေ မိုဟာမက် စာဟီဒါ ရာမန်က သတင်းထောက်တွေကို တရားရုံးအပြင်မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာရဲ့ အတိုက်အခံတွေကတော့ ဝန်ကြီးချုပ်ဟာ အကြီးဆုံး အတိုက်အခံပါတီ ၂ ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီနဲ့ အစ္စလာမ္မစ်ပါတီဖြစ်တဲ့ ဂျမားအယ်လ် အစ္စလာမ်မီပါတီတို့ကို နှိမ်နင်းဖို့ တရားရုံးတွေကို အသုံးချတာလို့စွပ်စွဲပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေး အုပ်စုတွေကတော့ တရားစီရင်မှုက နိုင်ငံတကာ အဆင့်အ တန်းကို မမီဘူးလို့ ဝေဖန်ပါတယ်။ အစိုးရကတော့ စွပ်စွဲချက် အားလုံးကို ငြင်းဆိုပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က စီရင်မှုကတော့ လက်ရှိ အာဏာရပါတီရဲ့ ခေါင်းဆောင်ဟောင်း ကို ပထမဆုံးစီရင်မှု ဖြစ်ပြီး နိုင်ငံရေးပြိုင်ဖက်တွေကို နှိမ်နင်းတာ မဟုတ်ကြောင်း တန်ပြန် ပြသခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၁၉၄၇ ခုနှစ် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှု အဆုံးသတ်ချိန်မှာ  အရှေ့ပါကစ္စတန်အဖြစ် တည်ရှိခဲ့တာပါ။

၁၉၇၁ ခုနှစ်မှာ အိန္ဒိယက ကျောထောက်နောက်ခံပေးတဲ့ ဘင်္ဂလားဒေ့ရှ် မျိုးချစ်ဝါဒီတွေနဲ့ ပါကစ္စတန်စစ်တပ်ကြား စစ်ပွဲအပြီး အနောက်ပါကစ္စတန်ကနေ ခွဲထွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

တရားဝင် ကိန်းဂဏန်းတွေအရ ဒီစစ်ပွဲအတွင်း ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ မုဒိမ်းကျင့် ခံခဲ့ရပြီး လူ ၃ သန်းလောက် အသတ်ခံခဲ့ရပါတယ်။

DVB

မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ အဆင်တန်ဆာတွေကို နိုင်ငံတကာစင်မြင့်မှာ တွေ့ရတော့မည်

လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့က ဒီဇင်ဘာ ၄ ရက်နေ့အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့ မှာကျင်းပသွားမယ့် နိုင်ငံတကာ အလှမယ် စင်မြင့်တခုမှာ မြန်မာအလှမယ်တဦးကတော့ ပြိုင်ပွဲရဲ့ အမျိုးသားဝတ်စုံ (Nationla Costume) ပြိုင်ပွဲမှာ မြန်မာ့တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအလှအပတွေ၊ ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ အတူ မြန်မာပြည် ကိုယ်စားပြုသွားဦးမှာပါတဲ့။

 မြန်မာပြည်ထဲမှာ မှီတင်းနေထိုင်နေတဲ့ တိုင်းရင်းသားပေါင်းစုံတွေရဲ့ ထူးခြားတဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေကို ၀တ်စုံတခုတည်းမှာ ထည့်သွင်းဖန်တီးသွားမယ်လို့သိရပါတယ်။

ဒီ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကတော့ Miss Intercontinental 2014 ပြိုင်ပွဲဖြစ်ပြီး မြန်မာပြည်ကိုယ်စားပြု အလှမယ်က Angel Lamung ပါ။
သူမ ၀တ်ဆင်ယှဉ်ပြိုင်သွားမယ့် အမျိုးသားဝတ်စုံကို ပြန်ဆက်ရမယ်ဆိုရင် လီဆူ၊ အခါ၊ ချင်း၊ ကချင်၊ ပဒေါင် စတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဆင်ယင်ထုံးဖွဲ့မှုတွေကို ၀တ်စုံတခုတည်းမှာပေါင်းစပ်ဖန်တီးထားပါတယ်။

ခါတိုင်း အလှမယ်တွေရဲ့ အမျိုးသားဝတ်စုံတွေကိုကြည့်ရင် များသောအားဖြင့် တိုင်းရင်းသားတခုတည်းကိုပဲ ကိုယ်စားပြုပြီး ဖန်တီးထားတာကိုသတိထားမိပါတယ်။ အခုလို တိုင်းရင်းသားပေါင်းစုံရဲ့အဆင်တန်ဆာတွေ စုပေါင်းပြီး ၀တ်စုံတခုတည်း ဖန်တီးထားတာ ဒါပထမဆုံးလို့ပြောလို့ရပါတယ်။  

ဒီဝတ်စုံကို ဖန်တီးပေးထားတဲ့ ဒီဇိုင်နာကတော့ မပုံ(My favourite) ပါ။ ပြီးခဲ့တဲ့ ထိုင်ဝမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Face of Beauty 2014 ပြိုင်ပွဲမှာ သူမဖန်တီးပေးလိုက်တဲ့ ၀တ်စုံဟာ National Costume ဆုကို ရခဲ့ပါတယ်။ အဲ့ဒီတုန်းက သူမဖန်တီးပေးလိုက်တာ ဒေါင်းပျိုမလေးအသွင်လိုဖန်တီးထားတဲ့ အမျိုးသားဝတ်စုံပါ။

“ ခေါင်းဆောင်းကတော့ အခါလူမျိုးတွေရဲ့ ခေါင်းဆောင်းကို နဂိုမူရင်းထက် လိုအပ်တဲ့ accessories တွေ ထပ်ဖြည့်ထားတယ်။ လည်ပင်းမှာ ပဒေါင် လူမျိုးတွေရဲ့ ကြေးကွင်းတွေ ထည့်လိုက်တာက အဓိကက ပဒေါင်ကို ထည့်လိုက်တာက သူ့ရဲ့လည်တံ လှပဖို့ရယ် လူအများစုက ပဒေါင်လူမျိုးဟာ မြန်မာပြည်ကဆိုတာ မသိကြဘူး။ ယိုးဒယားကလို့ ထင်နေကြတော့ နိုင်ငံတကာကို ပြတဲ့အချိန်မှာ ကိုယ့်ရဲ့ လူမျိုးဆိုတာလည်း သိစေချင်တာ လည်း ပါတယ်။ ရင်ဘတ်မှာကျတော့ ချင်းလူမျိုးတွေထဲမှာ မီဇိုချင်းတွေရဲ့ ထမိန်အကွက်ဆင်လေးကို အကျီအဖြစ် အသုံးပြုလိုက်ပြီးတော့ ခရစ်စတယ်တွေကို သူ့ရဲ့မူလပုံစံ မပျက်အောင်လို့ အပြည့်ထိုးလိုက်တာပါ။ အောက်က စကတ်ကတော့ လီဆူတိုင်းရင်းသားတွေရဲ့ စကတ်ပါ။ နောက်ခါးမှာလည်း တိုင်းရင်းသားတွေ အသုံးပြုလေ့ရှိတဲ့ ပလောင်းလေးကို ထည့်ပေးထားတယ်။ ပခုံးမှာလည်း တိုင်းရင်းသားတွေ ခါးပတ်အနေနဲ့ အသုံးပြုထားတဲ့ အဆင်တန်ဆာတွေကို ခြုံပ၀ါလေးလို ထည့်ထားတယ်။ နောက် လည်ပင်းမှာဆွဲထားတာတွေ လက်ကောက်တွေကတော့ ကချင်လူမျိုးတွေရဲ့ အဆင်တန်ဆာတွေပါ။ တကိုယ်လုံးမှာ တကယ့်တိုင်းရင်းသား တွေရဲ့ တန်ဖိုးရှိတဲ့ အရာတွေ အကုန်လုံးထည့်သွင်းပေးထားပါတယ်” လို့ ဒီဝတ်စုံကို ဖန်တီးထားတဲ့ ဒီဇိုင်နာ မပုံ့ က ရှင်းပြပါတယ်။

မြန်မာတပြည်လုံးက တိုင်းရင်းသားတွေရဲ့ တန်ဖိုးထားမြတ်နိုးတဲ့ အရာတွေကို စုစည်းပြီး နိုင်ငံတကာ စင်မြင့်မှာ ကိုယ်စားပြု အလှပြသွားမယ့် ဒီ အမျိုးသားဝတ်စုံရော Best of National Costume (အကောင်းဆုံး အမျိုးသားဝတ်စုံ) ဆု ရဦးမလားဆိုတာ စောင့်ကြည့်ကြအောင်ပါ။

Miss Intercontinental 2014 အလှမယ်ပြိုင်ပွဲရဲ့ final ပွဲစဉ်ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျင်းပသွားမှာပါ။

ဧရာဝတီ Blog

ဟီလာရီကလင်တန်သည် ကြီးမြတ်သော အမေရိကန်သမ္မတ ဖြစ်မည်ဟု အိုဘားမား ချီးမွမ်း

အမေရိကန် အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ယခင်သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သူ ဟီလာရီကလင်တန် အနေနှင့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည် ဆိုပါက ၎င်းသည် ဂုဏ်သရေ ကြီးမားပြီး ထူးချွန်ထက်မြက်သည့် သမ္မတကြီးတစ်ဦး ဖြစ်လာလိမ့်မည် ဖြစ်သည်ဟု သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း အမေရိကန် သတင်းဌာနများက ရေးသားဖော်ပြသည်။

သမ္မတ အိုဘားမားသည် ABC ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ အထက်ပါအတိုင်း ဟီလာရီကလင်တန်ကို ချီးမွမ်းပြောဆိုပြီး အမေရိကန်ပြည်သူ မဲဆန္ဒရှင်များသည် ရနံ့သစ်တစ်ခု၊ တစ်နည်းအားဖြင့် အသစ်တစ်ခုကို လိုလားတောင့်တနေပြီ ဖြစ်သည်ဟု ဆိုသည်။

မိမိ၏ လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှကို ဟီလာရီကလင်တန်က သဘောတူ ခေါင်းညိတ်မှု မပြုခဲ့သည့် အချက်ကြောင့် ၎င်းကို မဲဆန္ဒရှင်များ အထူးနှစ်ခြိုက်ကြလိမ့်မည် ဖြစ်ကြောင်း အိုဘားမားက ဆိုသည်။

ဟီလာရီကလင်တန်သည် လာမည့် သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မှု ပြုနိုင်၊ မပြုနိုင်ဟူသော အချက်ကို ၂၀၁၅ ခုနှစ်ဆန်းပိုင်းတွင် လူသိရှင်ကြား ထုတ်ပြန်ရတော့မည် ဖြစ်သည်။

အိုဘားမားက ဒီမိုကရက်တစ်ပါတီတွင် ထူးချွန်ထက်မြက်သော သမ္မတလောင်းလျာများ ရှိကြောင်း ပြောဆိုခဲ့သော်လည်း ဟီလာရီကလင်တန်ကိုမူ နာမည်ထုတ်ကာ ပွင့်ပွင့်လင်းလင်း ချီးမွမ်းလိုက်ခြင်း ဖြစ်သည်။

“သူဟာ တကယ့်ကို အံ့မခန်း ထူးချွန်တဲ့ သမ္မတလောင်း တစ်ဦးပါ” ဟု အိုဘားမားက ဟီလာရီကလင်တန်ကို ချီးမွမ်းသည်။

သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်ပြီး အသက် ၆၇ နှစ်အရွယ်ရှိ ဟီလာရီကလင်တန်သည် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းလျာ ရွေးချယ်ပွဲ၌ အိုဘားမားကို အရေးနိမ့်ခဲ့ဖူးသည်။

ဟီလာရီသည် အိုဘားမား၏ သမ္မတ ပထမရာထူး သက်တမ်းအတွင်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်စဉ် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒရေးရာ ဆုံးဖြတ်ချက်များကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ဖူးသည်။

သို့သော် အမေရိကန်ပြည်ထောင်စု အတွင်း တရားမဝင် နေထိုင်လျက်ရှိသည့် ရွှေ့ပြောင်းပြည်သူ သန်းပေါင်းများစွာကို အကာအကွယ်ပေးရေးအတွက် စီမံဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဟီလာရီကလင်တန်က အိုဘားမားကို ချီးမွမ်းပြောဆိုခဲ့ကြောင်း သတင်းများက ဆိုသည်။

ယခု ABC သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် အိုဘားမားက အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍လည်း သုံးသပ်ပြောဆိုခဲ့သလို ဖာဂူဆန်ပြည်နယ်မှ လူမည်းဆယ်ကျော်သက်ကို ရဲက ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းစွာ တုံ့ပြန်ကြရန် တိုက်တွန်းခဲ့သည်။

The Voice Weekly

ထိုင်းဘုရင်ကို အကြည်ညိုပျက်စေမှုဖြင့် အယ်ဒီတာတစ်ဦးအား ထောင်ဒဏ်ချမှတ်

ထိုင်း E-news သတင်းဝက်ဘ်ဆိုက်မှ အယ်ဒီတာ နတ်ရမ်ဝေါင်အား ထိုင်းဘုရင်ကို အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်လေးနှစ်ခွဲ ချမှတ်လိုက်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

လွန်ခဲ့သည့် ၅ နှစ်ကြာက E-news တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်မှာ ထိုင်းဘုရင်ဘူမိဘောကို အကြည်အညိုပျက်စေခြင်းကြောင့် ထိုင်းစစ်ခုံရုံးတစ်ခုက နတ်ရမ်ဝေါင်အား ထောင်ဒဏ် လေးနှစ်ခွဲကျခံရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် နတ်ရမ်ဝေါင်က အသနားခံခဲ့၍ ပြစ်ဒဏ်ကို တစ်ဝက်လျှော့ပေးလိုက်ကြောင်း စစ်ခုံရုံးတရားသူကြီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရမ်ဝေါင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည့် အဆိုပါ သတင်းဝက်ဘ်ဆိုက်သည် ဆင်ဆာနှင့် ညီစွန်း၍ ပိတ်ထားခဲ့ရပြီး ဖြစ်သည်။

ထိုဆောင်ပါးကို ၂၀၀၉ ခုနှစ်က ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်ကာ ရေးသားသူမှာ ဂျီလပ်စ်ဂျီအန်ပါကော်န်ဖြစ်ပြီး တက္ကသိုလ်တစ်ခုမှ နိုင်ငံရေး သုတေသီတစ်ဦးဖြစ်ကာ ထိုနှစ်ကပင် ဗြိတိန်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဘုရင်မင်းမြတ်အပေါ် ချိုးဖောက်ကျူးလွန်၍ ကျခံရမည့် ပြစ်ဒဏ်များမှာ နိုင်ငံတကာတွင် အပြင်းထန်ဆုံး ဖြစ်ကာ ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

News Watch

တရားရုံး စီရင်ချက်ကို မကျေနပ်သဖြင့် အမေရိကန်နိုင်ငံ၊ ဖာဂူဆန်မြို့တွင် ဆန္ဒပြ အုံကြွမှုများ ဖြစ်ပွား

အာဖရိကန်-အမေရိကန် ဆယ်ကျော်သက် တစ်ဦးကို လူဖြူရဲအရာရှိ တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး တရားသူကြီး တစ်ဦးက ရဲအရာရှိကို စွဲချက်တင်ရန် အခြေအနေ မရှိကြောင်း စီရင်ချက် ချမှတ်လိုက်ပြီးနောက် အမေရိကန်နိုင်ငံရှိ ဖာဂူဆန်မြို့တွင် ဆူပူအုံကြွမှုများ ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။

အသက်(၁၈)နှစ်အရွယ် မိုက်ကယ်ဘရောင်း သေဆုံးခဲ့စဉ်ကလည်း ဖာဂူဆန်တွင် အုံကြွမှုများ ဖြစ်ပေါ်ပြီး မြို့ခံ အာဖရိကနွယ်ဖွားများနှင့် ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည်။ နိုဝင်ဘာ (၂၄)ရက်တွင် မဇ္ဇူရီပြည်နယ်၊ စိန့်လူးဝစ် အစိုးရ ရှေ့နေများက တရားသူကြီး၏ စီရင်ချက်ကို အတည်ပြု ကြေညာပြီးနောက် ယင်းနှင့်ပတ်သက်၍ မကျေနပ်သူများက ပေါက်ကွဲကြခြင်း ဖြစ်သည်။

ရဲအရာရှိ ဒါရန်ဝီလ်ဆင်သည် ခိုးမှုကျူးလွန်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် ဘရောင်းအား သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်သည်။ စီရင်ချက်ကို ကြားသိရပြီးနောက် ဝီလ်ဆင် တာဝန်ထမ်းဆောင်သည့် ရဲစခန်းရှေ့တွင် စောင့်ဆိုင်းနေသူများက ရဲစခန်းကို ပုလင်းများ၊ ကျောက်တုံးများဖြင့် ဒေါသတကြီး ပစ်ပေါက်ကြသည်။ ထိုအခါ အဓိကရုဏ်း နှိမ်နင်းရေး ရဲများက မျက်ရည်ယိုဗုံးများ တုံ့ပြန်ပစ်ခတ်ကာ လူစုခွဲရန် ကြိုးစားခဲ့သည်။

တရားရုံးတွင် စီရင်ချက်ကို ဖတ်ကြားချိန်၌ ဘရောင်း၏ မိခင်မှာ မျက်ရည်များ ကျဆင်းလာပြီး စီရင်ချက်ကို လက်မခံနိုင်သူများကလည်း “လူသတ်သမား ရဲတွေက လွတ်ကုန်ပြီ”ဟု အော်ဟစ်ခဲ့ကြသည်။

ဝါရှင်တန်တွင် အမေရိကန် သမ္မတ အိုဘားမားက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောပြီး ဖာဂူဆန် မြို့ခံများအနေဖြင့် စိတ်အေးအေးထားပြီး အခြေအနေကို ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။ “ဘရောင်းရဲ့ မိဘတွေဟာ တခြားသူ အားလုံးထက် တကယ်တမ်း ဆုံးရှုံးမှုတွေ ကြုံခဲ့တာပါ။ သူတို့ရဲ့ စိတ်ဆန္ဒကို ကျွန်တော်တို့ အလေးထား ဂုဏ်ပြုသင့်ပါတယ်။ ပြီးတော့ ဖာဂူဆန်မြို့က တရားဥပဒေ စိုးမိုးရေး အရာရှိတွေ အနေနဲ့ ဒေသတွင်း လုံခြုံရေးကို ပိုပြီးအာရုံစိုက်ဖို့ ကျွန်တော် ပန်ကြားချင်ပါတယ်”ဟု အိုဘားမားက ဆိုသည်။

နိုဝင်ဘာ (၂၄)ရက်တွင် ဝီလ်ဆင်၏ ရှေ့နေဖြစ်သူက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ မိမိ၏ အမှုသည်သည် လေ့ကျင့်သင်ကြားထားသည့် လုပ်ဆောင်မှုများအတိုင်း အတိအကျ ပြုမူခဲ့ပြီး ဥပဒေကြောင်းကို အပြည့်အဝ လိုက်နာခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် တရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ လက်ခံပေးကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

_Ref: Channelnewsasia

နိုင်ငံရေးလောကသို့ ပြန်ဝင်ရန် ယင်လတ်စဉ်းစားနေ

ခွင့်ပြုချက်ရမည်ဆိုလျှင် ၂ဝ၁၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် စီ စဉ်ထားသည်ဟု ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာက ဆိုသည်။

သူမသည် သူမ၏အစ်ကို သက်ဆင်ရှင်နာဝပ်ထရာကဲ့သို့ပင် စစ် တပ်က အာဏာသိမ်းဖယ်ရှားသော ကြောင့် သူမ၏အုပ်ချုပ်ရေးပြိုလဲ ပျက်စီး အဆုံးသတ်မည်ဆိုသည်ကို သူမဝန်ကြီးချုပ်ဖြစ်လာသည့်နေ့က တည်းက သိထားခဲ့ကြောင်း ဝန်ကြီး ချုပ်ရာထူးမှ ဖြုတ်ချခံရပြီးနောက် ပထမဆုံးလူထု တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် ယင်လတ်ကဆိုသည်။

''စစ်တပ်က အာဏာသိမ်းခြင်း သည် အဝေးပြေးလမ်းပေါ်တွင်ကား ကို ရပ်ခိုင်းပြီး လုယက်ခြင်းနှင့်တူ ပါသည်။ ထိုကားလုယက်သူများက ယင်လတ် အစိုးရကို အကျင့်ပျက်ခြ စားသည်ဟု စွပ်စွဲခြင်းကို ငြင်းပယ် သည်ဟုဆိုကာ ယင်လတ်ကသူမ၏ အစိုးရအဖွဲ့ကို ကာကွယ်ပြောကြား လိုက်သည်။

''လွတ်လပ်တဲ့ အေဂျင်စီတွေက ဒါမှမဟုတ် နိုင်ငံတော်တရားရုံးက ကြားမဝင်ရင် စစ်တပ်ကအာဏာ သိမ်းမယ်ဆိုတာ ကျွန်မဝန်ကြီးချုပ် ဖြစ်တဲ့ ပထမနေ့ ကတည်းကသိထား ခဲ့ပါတယ်''ဟု ယင်လတ်ကပြောသည် ကို ကိုးကား၍ ဘန်ကောက်ပို့စ်က နိုဝင်ဘာ ၂၄ ရက်၌ဖော်ပြသည်။

နိုင်ငံပိုင် ဘဏ္ဍာငွေဘတ်ဘီ လီယံ ၆ဝဝ ဆုံးရှုံးမည်ဟု စွပ်စွဲခံရ သည့် လယ်သမားများအား အမ တော်ကြေးပေးမည့် စီမံကိန်းမ အောင်မြင်ခြင်း အတွက် ယင်လတ် သည် ဝေဖန်ခံနေရသည်။

ထိုစီမံ ကိန်းကို အောင်မြင်စွာဆောင်ရွက် ရန် ပျက်ကွက်သည်ဆိုသော စွပ်စွဲ မှုဖြင့် ယင်လတ်သည် ဗဟိုတရားရုံး ချုပ်တွင် အမှုရင်ဆိုင်ရဖွယ်ရှိသည် ဟု သိရသည်။

Xinhua  (Democracytoday)

တရုတ်တွင် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးများ ဖမ်းမိ

တရုတ်နိုင်ငံ မြောက်ပိုင်းက မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲမှာ လူကုန်ကူးမှုနဲ့ ပတ်သက်နေတယ်လို့ သံသယရှိတဲ့ အမျိုးသမီး ၃၁ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ လူကုန်ကူးခံရသူ ၁၄ ယောက်ထဲက ၁၁ ယောက်ဟာ မြန်မာအမျိုးသမီးတွေဖြစ်တယ်လို့ တရုတ် ရှင်ဟွာသတင်းမှာဖော်ပြပါတယ်။

အဖမ်းခံရတဲ့ နိုင်ငံခြားသူ ၅ ယောက်ဟာ အသက် ၁၈ နှစ် မပြည့်သေးသူတွေဖြစ်ကြပြီး မြန်မာရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ ဒေသခံ မီးရထားပြည်သူ့လုံခြုံရေးဌာနက ရဲအရာရှိတစ်ဦးကသတင်းမှာ ပြောပါတယ်။

သွေးဆောင်ဖြားယောင်းသူတွေက လူကုန်ကူးခံရသူတွေကို ခ၇ီးတွေထွက်ရမယ်၊ အလုပ်တွေ ရမယ်လို့ မက်လုံးပေးခေါ်ယူလာတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အစွန်အဖျားကျေးလက်ဒေသတွေမှာ ဇနီးမယားတွေအဖြစ် အမေရိကန်ဒေါ်လာ ၈ ထောင်ကျော်နဲ့ ညီမျှတဲ့ တရုတ်ငွေ ယွမ် ၅ သောင်းမှ ၉ သောင်းအထိ တန်ဖိုးတွေနဲ့ ရောင်းချမှာ ဖြစ်တယ်လို့ စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

ဒီအမှုကိစ္စတစ်ရပ်လုံးနဲ့ ဆက်နွယ်ပတ်သက်တဲ့ စုစုပေါင်းငွေပမာဏက ယွမ်ပေါင်း ၁ ဒသမ ၉၂၅ သန်းထိ ရှိတယ်လို့ လည်း အဆိုပါ ရဲအရာရှိက ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ သြဂုတ်လ ၂၆ ရက်နေ့က ဘောင်တိုကနေ တရုတ်နိုင်ငံ အရှေ့ဘက် ကျန်းရှီစီရင်စုရဲ့မြို့တော် နန်ချမ်ကို သွားနေတဲ့ ရထားခရီးစဉ်အတွင်း အမျိုးသမီးတစ်ယောက်က ရဲအရာရှိတစ်ယောက်ကို အကူအညီတောင်းရာကနေ အဲဒီလူကုန်ကူးဂိုဏ်းကို ရဲတပ်ဖွဲ့က နှိမ်နင်းဖမ်းဆီးလိုက်တာပါ။

စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေရင်း ရဲတပ်ဖွဲဟာ နောက်ထပ် ၃ လအတွင်း ပြည်နယ် ၅ ခုကို ခရီးထွက်ပြီး အဲဒီလူကုန်ကူးဂိုဏ်းနဲ့ ဆက်နွယ်နေတယ်လို့ ယူဆရတဲ့ နောက်ထပ်သံသယရှိသူ လူ ၃၀ ကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကျား၊မ အရေအတွက် မညီမျှမှု ကွာဟချက် ကြီးမားနေပြီး နောက်ဆုံးကောက်ယူတဲ့စစ်တမ်းအရ အမျိုးသမီးဦးရေ ၁၀၀ မှာ အမျိုးသားဦးရေက ၁၁၈ ယောက် ရှိနေတာပါ။
စက်တင်ဘာလတုန်းကလဲ တရုတ်ရဲတပ်ဖွဲ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံခြားသူ သတို့သမီးတွေကို တွေ့ဆုံကြဖို့ အုပ်စုလိုက်ခရီးသွားတဲ့ ခရီးစဉ်တွေကို ရောင်းချနေတဲ့ ၀က်ဆိုဒ်တွေကိုလဲ လူကုန်ကူးခြင်းနဲ့ ပြည့်တန်ဆာလုပ်ငန်းဆီ ဦးတည်နေတယ်ဆိုပြီး ပိတ်ပစ်ခဲ့ပါသေးတယ်။

DVB

နီပေါနိုင်ငံမှာ ဘတ်စ်ကားတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူ (၄၇) ဦးတွေ့ရှိ

နီပေါနိုင်ငံရဲ့ အနောက်ပိုင်းမှာရှိတဲ့ မြစ်တစ်စင်းထဲ ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားပြီးတဲ့နောက် နီပေါအာဏာပိုင်တွေက သေဆုံးနေတဲ့ အလောင်း (၄၇) လောင်းတွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြသပတေးနေ့က ထွန်စက်တစ်စီးကို ရှောင်တိမ်းဖို့ လမ်းကြောင်းပြောင်းလိုက်တဲ့ အချိန်မှာ Jajarkot ဒေသက တောင်ပေါ်လမ်းတစ်နေရာမှာ လမ်းချော်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီဘတ်စ်ကားရှိရာဆီ အရောက်သွားဖို့နဲ့ အသက်ရှင်နေသေးသူတွေကို ကယ်တင်ဖို့ ကြိုးစားမှုတွေ လုပ်ဆောင်ရာမှာ နေရာဒေသ အလှမ်းဝေးဖြစ်နေခြင်းနဲ့ အားကောင်းလှတဲ့ ရေစီးကြောင်းတွေက အဟန့်အတားဖြစ်စေခဲ့ပါတယ်။

ဘတ်စကားပေါ် ပါလာတဲ့ အယောက် (၁၀)ကတော့ ဘေးလွတ်ရာကို ကူးခတ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ သူတို့ကို ဆေးရုံပို့လိုက်ပါတယ်။

ဘတ်စကားပေါ် ပါလာတဲ့ လူဦးရေကို အတည်ပြုနိုင်ဖို့ ကြိုးစားဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ခရီးသည် (၄၅) ယောက်နဲ့ ခရီးစတင် ထွက်ခွာလာခဲ့တာဖြစ်ပြီး လမ်းမှာလည်း ခရီးသည် ထပ်တင်ဆောင်ခဲ့ပါသေးတယ်။

ကယ်ဆယ်ရေးသမားတွေ အဲဒီအခင်းဖြစ်ပွားရာနေရာကို ရာက်ရှိလာဖို့ နာရီပေါင်းများစွာကြာခဲ့ပြီး ရေနစ်နေတဲ့ဘတ်စ်ကားဆီရောက်သွားဖို့ ယာဉ်မောင်းတွေဟာ အလွန်အေးစက်နေတဲ့ ရေထဲကို အရင် ဖြတ်ကျော်သွားခဲ့ကြရပါတယ်။

Source: Armradio

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရာထူးက နုတ်ထွက်

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချာ့ခ်ျဟေဂယ်ဟာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အကြီးအကဲအဖြစ် ၂ နှစ်နီးပါး တာဝန်ထမ်းဆောင်မှု အဆုံးသတ်ပြီး ရာထူးက နုတ်ထွက် သွားပြီလို့ အမေရိကန်အရာရှိတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ပြောပါတယ်။

ကျန်ခဲ့တဲ့ သက်တမ်းဝက်ရွေးကောက်ပွဲအပြီး သမ္မတဘားရတ်အိုဘားမားရဲ့ ဒီမိုကရက်ပါ တီဝင်တွေ လွှတ်တော်မှာ အရေးနိမ့်ခဲ့အပြီး ခုလို နုတ်ထွက်တာပါ။

၂၀၁၃ ကြားနာပွဲ အတည်ပြုအပြီး ဟေဂယ်က သူနဲ့ လွှတ်တော်ကြား ဆက်ဆံရေးတိုးတက်အောင် ရုန်းကန်ခဲ့ပါသေးတယ်။

အောက်တိုဘာမှာ စတဲ့ အိုဘားမားနဲ့ ဆွေးနွေးပွဲအပြီး နုတ်ထွက်စာတင်သွင်းခဲ့တယ် အိုဘားမားက နုတ်ထွက်စာကို လက်ခံခဲ့ပြီး ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာမယ်လို့ အရာရှိတွေက ပြောပါတယ်။

သူနေရာကို အစားထိုးမယ့် ကိုယ်စားလှယ်အလားအလာတွေထဲမှာ ကာကွယ်ရေး လက်ထောက် ဝန်ကြီးဟောင်း မစ်ရှဲလ်ဖော်နွိုင်းနဲ့ ဒုဝန်ကြီးဟောင်း အက်ရှ်တွန်ကာတာတို့ဟာ ပြိုင်ဖက်တွေလို့ ကောလဟလတွေ ထွက်နေပါတယ်။

ဒီမိုကရက်လွှတ်တော်အမတ် ဂျက်ရိဒ်ဟာလည်း နောက်ထပ် ပြိုင်ဖက် ဖြစ်နိုင်ချေတယောက် ဖြစ်ပါတယ်။

ဘရွတ်ကင်းစ်တက္ကသိုလ်က အမေရိကန်စစ်ရေးအကဲခတ် မိုက်ကယ် အိုဟန်လွန် ကတော့ ချာ့ခ်ျဟေဂယ်ဟာ သူတာဝန်မယူခင်တည်းက စနေတဲ့ ပြဿ    နာတွေအတွက် အပြစ်တင်ခံရတဲ့ ထိုးကျွေးခံ လူတယောက် ဖြစ်ပြီး စစ်တပ်ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ရုံနဲ့ အမေရိကန်က ရင်ဆိုင်နေရတဲ့ လုံခြုံရေး ပြသနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

DVB

၉/၁၁ အရေးအခင်းပြီးနောက် ဗြိတိန် လုံခြုံရေး ခြိမ်းခြောက်မှု ရင်ဆိုင်နေရ

ဗြိတိန်ဟာ အမေရိကန်က ၂၀၀၁ စက်တင်ဘာ ၁၁ အရေးအခင်းဖြစ်တည်းက ခုထိ အကြီးဆုံးလုံခြုံရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတယ်လို့ ပြည်ထဲရေးဝန်ကြီး ထရေစာမေက နိုဝင်ဘာ ၂၄ ရက်နေ့က ပြောပါတယ်။

အစိုးရဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို လာမဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ ကြေညာပါတယ်။

နိုင်ငံခြားမှာ တိုက်ခိုက်နေတဲ့ ဗြိတိန်အရေအတွက်က ဗြိတိန်လုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုတရပ်အဖြစ် ထင်ရှားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဥပဒေသစ်ဟာ ဗြိတိန်နိုင်ငံသားတွေက အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံခြားကို ခရီးသွားနိုင်စွမ်းကို ကန့်သတ်သွားဖို့ ရည်ရွယ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဥပဒေက တို်က်ခိုက်ဖို့ နိုင်ငံခြားကို ခရီးသွားချင်တဲ့လူတွေအပေါ် အာဏာပိုင်တွေက အရေးယူနိုင်စွမ်းကို ပိုပေးထားတယ်။ ရဲနဲ့ နယ်စပ်တပ်တွေဟာ နိုင်ငံကူးလက်မှတ်တွေနဲ့ ခရီးသွားခွင့်လက်မှတ်တွေကို ရက် ၃၀ ထိ သိမ်းထားခွင့် ရှိတယ်လို့ မေက ပြောပါတယ်။

၂၀၀၅ ခုနှစ်ကနေ ခုထိ အကြမ်းဖက်သမားတွေရဲ့ အကွက် ၄၀ လောက်ကို ကြိုတင် ဟန့်တားနိုင်ခဲ့ပြီးပြီလို့လဲ ဆိုပါတယ်။

ဘယ်လို တိုက်ခိုက်မှုကိုမဆို တားဆီးရေးလှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် ဒီအပတ်ထဲမှာ ရဲတွေက ပြည်သူလူထုကို ဘယ်လို နိုးနိုးကြားကြား နေရမယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပါတယ်။

DVB

အီရန် နျူကလီယားဆွေးနွေးပွဲ ဇူလိုင် ၂၀၁၅ အထိ ရက်တိုး

အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်ရရှိရေး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့အကြား ညှိနှိုင်း ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးရက်သပ်မှတ်ရက် ကို ရှေ့လာမည့် နှစ်ထဲအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ပြသနာတချို့မှာ တိုးတက်မှုတွေရရှိခဲ့ပြီး ကမ္ဘာကြီး လုံခြုံစိတ်ချမှုရရှိစေရေးအတွက် သဘောတူညီမှုရရှိနိုင်ဖို့ သံတမန်တွေအနေနဲ့ ကြိုးစားနေရာမှာ နီးစပ်မှုရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက ပြောပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ P5+1 အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းမှု နောက်ဆုံးရက်အဖြစ် လွန်ခဲ့တဲ့တနှစ်က သတ်မှတ်ထားခဲ့တဲ့ ရက်ဖြစ်တဲ့ တနင်္လာနေ့က ဗီယာနာမြို့မှာ ၀န်ကြီးကယ်ရီပြောသွားတာဖြစ်ပါတယ်။

အဆုံးမှာ အီရန်နိုင်ငံအနေနဲ့ အနိုင်ရရမယ်၊ သဘောတူညီမှုရသည်အထိ ဆက်လက် ဆွေးနွေးညှိနှိုင်းသွားမယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောကြောင်း နိုင်ငံပိုင်သတင်းဌာန IRNA က ထုတ်ပြန်ပါတယ်။

ညှိနှိုင်းဆွေးနွေးသူတွေက သဘောတူညီမှုရရှိဖို့အတွက် မတ်လ ၁ ရက်နေ့အထိ လုပ်ငန်းစဉ်ချမှတ်ထားကြောင်း၊ နောက်ဆုံး သတ်မှတ်ရက်ဟာ ၂၀၁၅ ဇူလိုင်လ ၁ ရက်နေ့ ဖြစ်တယ်လို့ ၀န်ကြီးကယ်ရီက ပြောဆိုပါတယ်။

VOA

ကာကွယ်ရေးဝန်ကြီး အစားထိုးခန့်တဲ့အထိ Hagel တာဝန်ဆက်ထမ်းမည်

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ နှစ်နှစ်နီးပါးတာဝန်ထမ်းဆောင်ပြီးတဲ့အနောက် အခု ရာထူးကနေ နုတ်ထွက်သွားပါပြီ။ Chuck Hagel ကိုယ်တိုင် သူ့ရဲ့တာဝန်ပြီးဆုံးချိန်ရောက်နေပြီလို့ ပြီးခဲ့တဲ့လကတည်းက အသိပေးပြောဆိုခဲ့တဲ့အကြောင်း တနင်္လာနေ့ ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုးဘာမားက ပြောသွားပါတယ်။

အီဘိုလာရောဂါတိုက်ဖျက်ရေးအပါအ၀င် IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေအပေါ် အမေရိကန် အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေမှာ ၀န်ကြီး Hagel ဟာ အမြဲပဲ အားကိုးရတဲ့သူတဦးဖြစ်တယ်လို့လည်း သမ္မတအိုဘားမားကပြောပါတယ်။ ဒါ့အပြင် ၀န်ကြီး Hagel ဟာ သာမန် ကာကွယ်ရေးဝန်ကြီးတဦးမဟုတ်တဲ့အကြောင်း၊ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့ စစ်သမီး၊ စစ်သားတွေအတွက် ဆယ်စုနှစ်ပေါင်းများစွာ စွမ်းစွမ်းတမံ ဆောင်ရွက်လာခဲ့သူဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

သမ္မတအိုဘားမာအစိုးရအဖွဲ့ထဲမှာ ၀န်ကြီးဟေဂယ်လ်တဦးတည်းပဲ ရီပတ်ဗလင်ကန်ပါတီဝင်ဖြစ်ပါတယ်။ အခုလို ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ရတာဟာလည်း ထူးခြားတဲ့အခွင့်အရေး တရပ်ဖြစ်ပါတယ်လို့ ၀န်ကြီးHagel က ပြောပါတယ်။ သူ့နေရာကို အစားထိုးမယ့်သူ မတွေ့မချင်း ၀န်ကြီး Hagel အနေနဲ့ လက်ရှိတာဝန်တွေကို ဆက်လက် ထမ်းဆောင်နေဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်လာတဲ့သတင်းတွေအရ လက်ထောက် ကာကွယ်ရေးဝန်ကြီးဟောင်း Michele Flournoy ကို ၀န်ကြီး Hagel နေရာမှာ အစားထိုးဖို့ သမ္မတအိုဘားမားအစိုးရ အမည်စာရင်းတင်သွင်းထားပြီး အခြားဖြစ်နိုင်ခြေရှိတဲ့သူတွေ စာရင်းထဲမှာ ဒုကာကွယ်ရေး ၀န်ကြီးဟောင်း Ashton Carter နဲ့ လက်ရှိဒုကာကွယ်ရေးဝန်ကြီး Robert Work တို့ပါဝင်ပါတယ်။

နယူးရောက်တိုင်းမ်စ်သတင်းစာမှာတော့IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုအပါအ၀င် အမေရိကန်နိုင်ငံခြားရေး မူဝါဒ အခက်အခဲတွေ ရင်ဆိုင်လာရတဲ့အပေါ် ရာထူးကနေ နုတ်ထွက်ဖို့ ၀န်ကြီးHagel ဖိအားပေးခံခဲ့ရတာဖြစ်တယ်လို့ သမ္မတအိုဘားမား အစိုးရအဖွဲ့အတွင်းက အရာရှိတွေပြောတာကို ကိုးကားပြီး ဖော်ပြထားပါတယ်။

VOA

နိုင်ငံတွင်း ပလိပ်ရောဂါကူးစက်ပြန့်ပွားနေကြောင်း မဒါဂတ်စ်ကာဝန်ကြီးချုပ် အတည်ပြု

မဒါဂတ်စ်ကာဝန်ကြီးချုပ် ကိုလို ခရစ်စတော့ဖ် လောရန့်ရိုဂျာက သူ့နိုင်ငံတွင်း ပလိပ်ရောဂါ ကူးစက်ပြန့်ပွားနေကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ အစောပိုင်း ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကြေညာခဲ့တာပါ။

နိုင်ငံတွင်း သြဂတ်စ်လ နှောင်းပိုင်းကစပြီး ပလိပ်ရောဂါကြောင့် လူ ၁၁၉ ယောက်ကို ကူးစက်ခဲ့ပြီး အယောက် ၄၀ သေဆုံးခဲ့တယ်လို့ WHO က နိုဝင်ဘာလ ၂၁ ရက်နေ့က ကြေညာပါတယ်။

ပလိပ်ရောဂါဟာ ဘက်တီးရီးယားကနေ ကူးစက်တာဖြစ်ပြီး ရှဥ့်နဲ့ ကြွက်တို့ကိုယ်မှာရှိတဲ့ လှေးကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံ လှေးကိုက်တာက ခံရတဲ့ လူမှာတော့ ပလိပ်ကပ်ရောဂါကူးစက်ခံရပြီး ဘက်တီးရီးယားက လူ့အဆုတ်ထဲကိုရောက်သွားရင် လူနာဟာ နမိုးနီးယာ ပလိပ် ရောဂါကို ခံစားရမှာပါ။ ဒီအဆင့်မှာတော့ ချောင်းဆိုးခြင်းကတဆင့် လူကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါဖြစ်လာပါတယ်။

ဒီလို ဖြစ်လာရင် ၂၄ နာရီအတွင်းမှာ အသက်သေစေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ လောလောဆယ်တော့ မဒါဂတ်စ်ကားမှာ ကူးစက်ခံ ၂ ရာခိုင်နှုန်းက နမိုးနီးယားပလိပ် အဆင့်ကို ရောက်ခဲ့တယ်လို့ WHO က ဆက်ပြောပါတယ်။ ကူးစက်မှုအားလုံးကို မြို့တော်နဲ့ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ အသည်းအသန် ကိုင်တွယ်ဖြေရှင်း နေတယ်လို့လည်း ဆိုပါတယ်။

ကူးစက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တွေပေါ် အခြေခံပြီး ကူးစက်ခံ ဒေသတွေကို ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှု ကန့်သတ်တာတွေ လုပ်ဖို့ကို WHO က မထောက်ခံပါဘူး။ ကူးစက်မှုတိုင်းမှာ ကူးစက်မှုရပ်တံ့ဖို့ လိုအပ်သမျှ လုပ်ဆောင်ချက် အားလုံးကို လုပ်နေတယ်လို့ ဝန်ကြီးချုပ် ရိုဂျာက ပြောခဲ့ပါတယ်။

DVB

ကုလဆုံးဖြတ်ချက် ထောက်ခံတဲ့နိုင်ငံတွေ မြောက်ကိုရီးယား ခြိမ်းခြောက်

မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့တလောကဆုံးဖြတ်ချက်ကို ထောက်ခံကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ကြုံရမယ်လို့ မြောက်ကိုရီးယားက ပြင်းထန်တဲ့စကားလုံးတွေနဲ့ ကြေညာချက်တခု ထုတ်ပြန်လိုက်ပါတယ်။

ဒီလို လက်တုံ့ပြန်ဖို့ ခြိမ်းခြောက်တာဟာ မကြာခင်မှာပဲ nuclear စမ်းသပ်မှုတခုလုပ်ဖို့ရှိတယ်ဆိုတာ အချက်ပေးလိုက်သလို ဖြစ်ပါတယ်။ မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေးကော်မရှင်က ရှားရှားပါးပါးထုတ်ပြန်သွားတဲ့ ဒီကြေညာချက်မှာ တောင်ကိုရီးယားလို အမေရိကန်ရဲ့ မဟာမိတ်တွေဟာ အဆင့်အတန်းမရှိတဲ့ သူတွေလို့ ပြောထားပါတယ်။ ထွက်ပြေးသွားတဲ့ မြောက်ကိုရီးယားတွေကလည်း လူ့တန်ဖိုးမရှိသူတွေလို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ သူ့နောက်လိုက် တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ အပြင်းထန်ဆုံး အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြောက်ကိုရီးယားအစိုးရကို ICC နိုင်ငံတကာ ပြစ်မှုတရားရုံးမှာ တင်ဖို့ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ တိုက်တွန်းခဲ့တာကို မြောက်ကိုရီးယားက လက်တုံ့ပြန်ပြီး အခုလို ခြိမ်းခြောက်တာပါ။

မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတသိန်းကျော်ကို ဖမ်းဆီးထားပြီး သတ်ဖြတ်၊ နှိပ်စက်၊ အဓမ္မကျင့်၊ ဒါတွေအပြင် ကိုယ်ဝန် အဓမ္မဖျက်ချ ခိုင်းတာတွေ လုပ်တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။ မြောက်ကိုရီးယားအစိုးရရဲ့ ကြေညာချက်မှာတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေကို ငြင်းဆိုထားပါတယ်။

VOA

24.11.14

အမေရိကန်သမ္မတသစ်နေရာ ဆက်ခံမည့်သူအကြောင်း အိုဘားမား ပြောဆို

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားဟာ လွှတ်တော်ပြောခွင့်ရ ရီပတ်ဘလီကန် ပါတီဝင် လွှတ်တော်အမတ်တွေရဲ့ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး လူတွေ့မေးမြန်းခန်းမှာ အမေးခံရပေမယ့် အရေးမစိုက်ဘဲ နောင်လာမယ့် သမ္မတရွေးကောက်ပွဲမှာ သူနေရာကို ဆက်ခံမယ့်သူအကြောင်း ပြောခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်လွှင့်တဲ့ အေဘီစီရုပ်သံရဲ့ လူတွေ့မေးမြန်းခန်းမှာ လွှတ်တော်ပြောခွင့်ရ ဂျွန်ဘေးနားက အိုဘားမားဟာ ဧကရာဇ်ဘုရင်တဆူလို အကြွင်းမဲ့ အာဏာကို သုံးပြီး အထောက်အထားမဲ့ အမေရိကန်ထဲမှာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁၁ သန်းအရေးကို ကိုင်တွယ် ဖြေရှင်းခဲ့တယ်လို့ အခိုင်အမာပြောဆိုချက်နဲ့ ပတ်သက်ပြီး အမေးခံခဲ့ရတာပါ။

သမ္မတ အိုဘားမားကတော့ “လွှတ်တော်မှာ ဒီအရေးတွေကို ကိုင်တွယ် ဖြေရှင်းဖို့ တာဝန်ရှိတယ် သူတယောက်တည်း သူဟာသူ မလုပ်နိုင်တာတွေ ရှိသေးတယ်လို့ ပြောပါတယ်။ ဂျွန်ဘေးနားအနေနဲ့ ဒီဥပဒေမူကြမ်းကို လွှတ်တော်ရှေ့မှောက် ယူလာမလား ဒါမှမဟုတ် ဒီမိုကရက်တွေနဲ့အတူ ဥပဒေမူကြမ်းသစ်ကို ရေးဆွဲဖို့ အလုပ်အတူ လုပ်မလားဆိုတာ ဆုံးဖြတ်ချက် ချဖို့ သီတင်းပတ်တွေနဲ့ ချီပြီး အချိန်ရှိသေးတယ်”လို့ ပြောပါတယ်။

အိုဘားမားဟာ ၂၀၁၆ ခုနှစ်မှာ ဒီမိုကရက်ပါတီဝင် ဟီလာရီကလင်တန်ရဲ့ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဖြစ်နိုင်ချေကိုလည်း ပြောခဲ့ပါတယ်။

သူရဲ့မဲဆွယ်မှုကတော့ အိုဘားမားရဲ့ မဲဆွယ်မှုနဲ့ မတူခြားနားတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

ကလင်တန်ဟာ ၂၀၀၈ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းကိုယ်စားလှယ်ရွေးပွဲမှာ အိုဘားမားကို ရှုံးခဲ့တာပါ။

အဲဒီနောက် အိုဘားမားရဲ့ ပထမ သမ္မတသက်တမ်းမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ဝင်ရေး ၂၀၁၅ အစောပိုင်းမှာ ဆုံးဖြတ်ဖို့ မျှော်လင့်ခံရပါတယ်။

သမ္မတရွေးကောက်ပွဲဝင်တဲ့ အကျိုးကျေးဇူးတွေထဲက တခုက ကိုယ့်အဆင့်နေရာကို ကိုယ်တိုင် နေရာချနိုင်ပြီး အဆိုပြု ရွေးချယ်မှုကို ရှင်းရှင်းလင်းလင်းရနိုင်တယ်လို့ အိုဘားမားက ပြောခဲ့ပါတယ်။

DVB

မြောက်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်



မြောက်ကိုရီးယားတို့ တောင်ကိုရီးယားကို ချီတက်တိုက်ခိုက်တဲ့ လေးနှစ်ပြည့် အထိမ်းအမှတ်နေ့မှာပဲ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြ ပါတယ်။ ယင်း စစ်ရေးလေ့ကျင့်မှုဟာလည်း ခေတ်သစ်မှာ မြောက်ကိုရီးယားကို ဘယ်လို ချီတက် တိုက်ခိုက်သိမ်းပိုက်နိုင်မယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး တောင် နဲ့ မြောက်ကိုရီးယား ကြားမှာ ရှိတဲ့ မြောက်ကိုရီးယား ရေပိုင်နက် တစ်ခုမှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရသလိုပဲ Hover လှေနဲ့ သင်္ဘောများ ဘယ်လို ကမ်းကပ်မယ်၊ စစ်စတင် တိုက်ခိုက်မယ် တို့ကို သရုပ်ပြ ပြုလုပ်နေကြခြင်း ဖြစ်ပြီး မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အမိန့်ပေးနေမှုကို ယခုလို မြင်တွေ့ နေရ ပါတယ်။ စစ်အရာရှိအားလုံး စစ်ယူနီဖောင်းဝတ်ထားပေမယ့် သူတစ်ယောက်တည်း ယူနီဖောင်းမပါဝင်ပဲ စစ်အမိန့်များ ချမှတ်နေမှုဟာလည်း ပြောစရာ ဖြစ်လာခဲ့ ပါတယ်။ ယင်း ဓာတ်ပုံ များကို မြောက်ကိုရီးယား အစိုးရပို်င် သတင်းဌာနက တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
ယင်းနေ့နဲ့ မတိမ်းမယိမ်းမှာပဲ တောင်ကိုရီးယားဟာလည်း စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ လေးနှစ်ပြည့် စစ်ပွဲ အထိမ်းအမှတ် မှာ နှစ်ဖက်စလုံးက အနာဂတ်မှာ ဖြစ်လာမယ့် စစ်အတွက် ပြင်ဆင်နေခြင်း တစ်မျိုး ပါပဲ။ ယခင်လက ကင်ဂျုံအန်ဟာ ကျန်းမာရေးမကောင်းပဲ သေဆုံးဖွယ် ရှိကြောင်း ကောလဟာလ သတင်းများ ထွက်ခဲ့ပေမယ့် ယခု ဓာတ်ပုံများကတော့ ယင်း သတင်းက မှားယွင်းတယ် ဆိုတာကို နှစ်ကြိမ်မြောက် သက်သေပြခဲ့ခြင်း ဖြစ်ပါတယ်။

Ref: Dailymail

အီရတ်လုံခြုံရေးတပ်များ၏ အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲ အရှိန်မြှင့်

အီရတ်လုံခြုံရေးတပ်တွေနဲ့ ကာဒစ်ရှ်တပ်တွေဟာ အစွန်းရောက်အဖွဲ့အစည်းတွေရဲ့ အသာစီးရမှုတွေကို စတင် တွန်းလှန်နိုင်လာခဲ့ပြီး လတ်တလော အောင်ပွဲတွေ အကြမ်းဖက်မှု ဆန့်ကျင်ရေး ခုခံနိုင်စွမ်း အရှိန်အဟုန် တက်လာတာကို ပြနေတယ်လို့ အီရတ်နိုင်ငံရေး အကဲခတ်တယောက်က ပြောပါတယ်။

ဒီနှစ် ဇွန်လက စပြီး အီရတ်မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို သိမ်းခဲ့တဲ့ အစွန်းရောက် အုပ်စုတွေဟာ အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်ရဲ့ ကီလိုမီတာ ၁၀၀ တောင် မဝေးတော့တဲ့ နေရာထိ သိမ်းပိုက်နိုင်ခဲ့တာပါ။

Irqလပေါင်းများစွာ မတိုးသာ မဆုတ်သာဖြစ်နေခဲ့ရာက အီရတ်တပ်တွေဟာ သိမ်းပိုက်ခံ ဒေသတွေကို ပြန်ရလာခဲ့ပြီလို့ ဒေသခံ နိုင်ငံရေးအကဲခတ် ဆလင် အယ်လ် ဇူဘာဒီက ပြောပါတယ်။

ခံစစ်ကနေ တိုက်စစ်ကို ဗျူဟာမြောက် ပြောင်းလိုက်တဲ့ ရလဒ်ဖြစ်ပြီး ပြည်တွင်းနဲ့ ဒေသတွင်း အကြောင်းပြချက်တွေ အများကြီးရှိတယ်လို့ သူက ပြောပါတယ်။

အီရတ်အစိုးရဟာ သူရဲ့ ထောက်လှမ်းရေးကွန်ရက်ကို  တိုးမြှင့်ခဲ့ပြီး ဗဟိုအစိုးရနဲ့ ကာ့ဒ်သူပုန်တွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်ခဲ့တယ်လို့လဲ ပြောပါတယ်။

စစ်အရာရှိအယောက် ၂၀၀ ကျော်ကို ထုတ်ပယ် လူစားထိုးအပြီး လက်နက်သစ်တွေ တပ်ဆင်သလို ဗျူဟာလဲ ပြောင်းခဲ့လို့ လုံခြုံရေးတပ်က အင်အားတိုးလာခဲ့တယ်လို့ အကဲခတ်က ပြောပါတယ်။

နိုင်ငံခြားအကူအညီတချို့ကလည်း တိုးတက်မှုကို အထောက်အကူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်အစိုးရသစ်ဟာ ဒေသတွင်း တခြားနိုင်ငံတွေနဲ့ သံတမန်ရေး ဆက်ဆံမှု တိုးခဲ့ပြီး ခုတော့ တူရကီအစိုးရက အီရတ်အတွက် တံခါးဖွင့်ပေးခဲ့သလို အီရတ်အစိုးရ ကိုယ်စားလှယ် တွေကိုလဲ ကြိုဆိုခဲ့တယ်။

တူရကီဝန်ကြီးချုပ်ကလည်း အီရတ်ကို အပြန်အလှန် လည်ပတ်ခဲ့တယ်လို့ ဇူဘာဒီက ပြောခဲ့ပါ တယ်။

DVB

အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် အီတလီနိုင်ငံသား ၄ ဦးကို သူတော်စင်ဘွဲ့ အပ်နှင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အိန္ဒိယနိုင်ငံသား ၂ ယောက်နဲ့ အီတလီနိုင်ငံသား ၄ ယောက်ကို သူတို့ရဲ့ ဆင်းရဲသားတွေကို ကူညီရေး ဖန်တီးနိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက်တွေ ကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့က သူတော်စင်ဘွဲ့ အပ်နှင်းလိုက်ပါတယ်။

Popအိန္ဒိယနိုင်ငံ ကယ်လာရာပြည်နယ်က ခရစ်ယာန်သီလရှင်တပါး၊ အိန္ဒိယသင်းအုပ်ဆရာ တယောက်၊ ဗီယာဇင်ဆာသင်းအုပ်ဆရာဟောင်းနဲ့ ဖရန်စစ်စကန်အဖွဲ့ဝင် ၃ ယောက်ကို ကက်သလစ်သူတော်စင် စာရင်းထဲမှာ ထပ်ဖြည့်ခဲ့တာပါ။

စိန့်ပီတာဘုရားကျောင်းက အသစ်စက်စက် သူတော်စင်ခန့်အပ်ပွဲကို ဒေသခံ အစိုးရ ၂ ရပ်က ဝန်ကြီးတွေနဲ့ ကယ်ရာလာနယ်သား ကက်သလစ်ခရစ်ယာန်အယောက် ၅ ထောင်လောက် တက်ရောက်ခဲ့တယ်လို့ အာရှကက်သလစ်အသင်းချုပ်ရဲ့ သတင်းက ဆိုပါတယ်။

ကာမယ်လိုက် အသင်းတော်ရဲ့ သီလရှင် ယူဖရာစီယာဟာ မဟာဆန်တဲ့မိသားစုကနေ ၁၈၇၇ ခုနှစ်က မွေးဖွားလာပြီး အသက် ၉ နှစ်အရွယ်မှာ သီလရှင်ဝတ်ခဲ့တာပါ။

သင်းအုပ်ဆရာ ချဗာရာကတော့ ကာမယ်လိုက်အသင်းတော် ၂ ဖွဲ့ကို ၁၉ ရာစုမှာ ထူထောင်ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းတိုင်းမှာ ကိုယ်ပိုင်ကျောင်းရှိရေး အမိန့်ထုတ်ခဲ့သူပါ။
နိုင်ငံခြားသား သာသနာပြုတွေအစား ဒေသခံ သင်းအုပ်ဆရာတွေကို ခရစ်ယာန်ဂိုဏ်းအုပ် အဖြစ် ခန့်အပ်ရေး တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

DVB

ရုရှားအစိုးရ အပြောင်းအလဲ ဖြစ်အောင် အမေရိကန်နှင့် အနောက်နိုင်ငံများ ကြိုးပမ်းလျက်ရှိဟု ရုရှားစွပ်စွဲ



ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခကို အကြောင်းပြပြီး အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်နေခြင်းသည် ရုရှားအစိုးရ အပြောင်းအလဲဖြစ်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က စွပ်စွဲပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများသည် ယူကရိန်း ပြဿနာကို အကျိုးရှိရှိ ဝင်ရောက်အသုံးချပြီး ရုရှားအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း၊ အမှန်တွင် ၎င်းတို့သည် ရုရှားနိုင်ငံရေးစနစ်၊ သို့မဟုတ် အစိုးရ အပြောင်းအလဲဖြစ်အောင် ဦးတည်ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ဆိုသည်။

“အသာစီးရယူကာ ဗိုလ်ကျတဲ့ လုပ်ဆောင်ချက်တွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လုပ်ဆောင်နေတာဟာ အမှန်ပြောရရင် ရုရှားအနေနဲ့ မူဝါဒ ပြောင်းလဲကျင့်သုံးလာအောင် ဦးတည်တာ မဟုတ်ပါဘူး။ ရုရှားအစိုးရ အပြောင်းအလဲ ဖြစ်စေချင်လို့ပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်၏ ပြောဆိုချက်ကို Tass သတင်းဌာနက ကိုးကားဖော်ပြသည်။

အီရန်နှင့် မြောက်ကိုရီးယားကဲ့သို့သော နိုင်ငံများအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများသည် ယင်းနိုင်ငံများ၏ အမျိုးသားစီးပွားရေး ထိခိုက်မှုမရှိအောင် ဒီဇိုင်းဆင်ထားလေ့ ရှိကြောင်း၊ ယခုအနောက်နိုင်ငံများက သတ်မှတ်ပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့် ပိတ်ဆို့အရေးယူမှုများမှာ စီးပွားရေးတစ်ရပ်လုံး ပျက်စီးပြီး လူထုအုံကြွမှုများ ဖြစ်ပေါ်လာရန် ဦးတည်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ယခုဆိုလျှင် အနောက်နိုင်ငံတွေက အထင်ကရ ပုဂ္ဂိုလ်ကြီးတွေက ရုရှားကို ဒဏ်ခတ်အရေးယူဖို့ လိုတယ်လို့ ပြောလာကြတယ်။ သူတို့ပြောတဲ့ ဒဏ်ခတ်အရေးယူမှုတွေက စီးပွားရေးတစ်ရပ်လုံး ပျက်စီးစေဖို့ပါပဲ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က မော်စကိုမြို့တွင် ကျင်းပပြုလုပ်သော နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အကြံပေး ဆွေးနွေးပွဲ၌ ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခင် ဆိုဗီယက်ယူနီယံရှိ ခေါင်းဆောင်များကို ဖြုတ်ချပစ်နိုင်ခဲ့သော ဆန္ဒပြမှုများ၊ တစ်နည်းအားဖြင့် ရောင်စုံတော်လှန်ရေးများ မဖြစ်ပေါ်အောင် မဖြစ်မနေ ကာကွယ်ပေးရမည်ဟု ပြောဆိုပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ထိုသို့ အနောက်နိုင်ငံများကို စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

အနောက်နိုင်ငံများ၏ ဒဏ်ခတ် အရေးယူမှုများသည် ရုရှားနိုင်ငံ၏ ဧရာမကုမ္ပဏီကြီး အချို့အား နိုင်ငံခြားအရင်းအနှီး မရရှိနိုင်အောင် ကန့်သတ်ပိတ်ဆို့ထားရာ ကာကွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းကြီးများကို အထိနာစေခဲ့သည်။

The Voice Weekly

မြောက်ကိုရီးယားအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်အား ထောက်ခံသူများ အန္တရာယ်များသောအကျိုးဆက်ရမည်ဟု မြောက်ကိုရီးယားက သတိပေး

မြောက်ကိုရီးယား၏ လူ့အခွင့် အရေးမှတ်တမ်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ နောက်ဆုံးပြင်းထန်စွာ အပြစ်တင်ဝေဖန်ခြင်းကို ထောက်ခံ သူများသည် အန္တရာယ်များသော အ ကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု မြောက် ကိုရီးယား၏ ထိပ်တန်းစစ်ဘက်အ ဖွဲ့အစည်းတစ်ရပ်က သတိပေးလိုက် ကြောင်း သိရသည်။
ဤအတောအ တွင်း မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုအသစ်ပြုလုပ်ရာ ခေါင်း ဆောင်ကင်ဂျုံအန်က ဦးဆောင် သည်ဟု နိုင်ငံပိုင် မီဒီယာကဖော်ပြ သည်။
မြောက်ကိုရီးယားအား လူ့အ ခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုဖြင့် နိုင် ငံတကာ ရာဇဝတ်တရားရုံးသို့ တင် ရေးအဆိုဆုံးဖြတ်ချက်ကို ကုလသ မဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့် အရေးကော်မတီိတွင် လွန်ခဲ့သော သီတင်းပတ်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁၁ မဲ၊ ဆန့်ကျင်မဲ ၁၉ မဲနှင့် ပျက်ကွက် ၅၅ဦးဖြင့်အ တည်ပြုလိုက်သည်။
မြောက်ကိုရီးယားအား လူ့အခွင့် အရေး ရာဇဝတ်မှုဖြင့် နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ တင်ရေးအဆို ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂ နှင့် ဂျပန်တို့ကရေးဆွဲပြီး ကုလသမဂ္ဂသို့ လွန်ခဲ့သော သီတင်းပတ်၌တင် သွင်းခဲ့သည်။
ထိုကိစ္စကို ကုလသမဂ္ဂ က စုံစမ်းစစ်ဆေးခဲ့ပြီး မြောက်ကိုရီး ယားသည် လူ့အခွင့်အရေးကို ချိုး ဖောက်ရာ၌ ကမ္ဘာတွင်အပြိုင်မရှိဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုတွင် ဖေ ဖော်ဝါရီလထဲ၌ နိဂုံးကောက်ချက်ချ ထားသည်။
ထိုအချိန်ကတည်းက မြောက်ကိုရီးယားသည် နိုင်ငံရေးလုပ် ကြံမှုကို ကုလသမဂ္ဂကဆောင်ရွက် နေသည်ဟု ကြိမ်ဖန်များစွာ ပြင်းထန် စွာ ဝေဖန်ပုတ်ခတ်လိုက်သည်။

‎Democracytoday‬

21.11.14

ကျုံ့နိုင်၊ ကျယ်နိုင်သည့် အဆောက်အဦပုံစံ စပိန်ကျောင်းသားများ ချပြ

အနာဂတ်မှာ အပူကြောင့် ကျုံ့နိုင် ကျယ်နိုင် ပုံစံပြောင်းအောင် လုပ်နိုင်တဲ့ အဆောက်အဦတွေရဲ့ ပုံစံကို စပိန်နိုင်ငံ ဘာစီလိုနာတက္ကသိုလ် ဗိသုကာ သုတေသန ကျောင်းသားတွေက ပုံစံထုတ် ချပြခဲ့ပါတယ်။

အဆောက်အဦတွေဟာ တောင့်တင်းခိုင်မာပြီး တည်ငြိမ် အခြေကျရမယ်လို့ အရင်က ယူဆခဲ့ဖူးတာပါ။

ဘာစီလိုနာ အဆင့်မြင့်ဗိသုကာတက္ကသိုလ်(အိုင်အေအေစီ) က သုတေသနအဖွဲ့ဝင် အေ့စ်တန်ကယ်က “ကျုံ့နိုင်ချဲ့နိုင်သလို နဂိုမူရင်းပုံစံကို ပြန်ရောက်နိုင်တဲ့ ပစ္စည်းကို ရှာနေတယ်”လို့ ပြောပါတယ်။

ကျောင်းသား ရာမင် ရှမ်ဘာယာတီက “ပုံစံပြောင်းနိုင်တဲ့ ဂျီသြမေတြီလို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်းဟာ အိုရီဂါမီ ဖွဲ့စည်းပုံကို လုပ်ဖို့ တြိဂံပုံကြွေပြားတွေကို သုံးပါတယ်။ ဆုံမှတ်မျဉ်းဖြတ်တွေတိုင်းမှာ အပူပေးပြီး ဆောက်လုပ်ရေးပစ္စည်းကို ပျော့သွားအောင် တွန်းနိုင်ဆွဲနိုင်အောင်လုပ်တယ်။ ပြီးရင် အအေးပေးပြီး မာအောင် လုပ်နိုင်တယ်။ ဒီနည်းနဲ့ ပုံစံကို လွယ်လွယ်ပြောင်းနိုင်တယ်။ ဝါယာကြိုးတွေကို သုံးပြီး ပိုလီမာတွေကို ၆၂ ဒီဂရီ ဆဲလ်စီးယပ်စ် ရောက်တဲ့အထိ အပူပေးရာမှာ ပျော့ပျောင်းလာပြီး အဆောက်အဦက ကွေးနိုင် လိမ်နိုင် ဖြစ်လာတာပါ။ မောင်းသူမဲ့ယာဉ်တွေက ဖွဲ့စည်းပုံကို ဆန္ဒရှိတဲ့ ပုံစံပေါ်အောင် ဆွဲဆန့်ပြီး ဝါယာတွေနဲ့ ချည်နှောင်ပါတယ်။ အအေးခံနေချိန် ၂ မိနစ်အတွင်း အဆောက်အဦ ဖွဲ့စည်းပုံက ပုံစံသစ်ဖြစ်သွားတဲ့အထိ ဆွဲကိုင်ထားခဲ့ပါတယ်” လို့ ပြောပါတယ်။

အဖွဲ့ခေါင်းဆောင် အာရေတီ မာကိုပိုလိုက အနာဂတ် အဆောက်အဦတွေဟာ လိုအပ်ချက်နဲ့ အညီ ပြောင်းလဲနိုင်စွမ်း ရှိရမယ်လို့ ပြောပါတယ်။

“အိမ်တွေကို တိရစ္တာန်တွေလို ယူသွားနိုင်ရမယ်၊ လိုအပ်သလို ပုံစံပြောင်းနိုင်ရမယ်၊ မိသားစု ကြီးလာတဲ့အခါ အိမ်ကို ဆွဲချဲ့ဖို့ လိုတယ်၊ အိမ်တွေကို အိတ်ထဲ ထည့်နိုင်ရမယ်၊ ပြန်ဖြန့်ချပြီး အဆောက်အဦအဖြစ် ဖန်တီးနိုင်ရမယ်” လို့ ပြောပါတယ်။

ဒါပေမယ့် နီးကပ်တဲ့အနာဂတ်မှာတော့ ဒါမျိုး အဆောက်အဦတွေကို မြင်ရမယ့်ပုံ မရှိသေးပေမယ့် အခြေခံ သဘောတရားကိုတော့ အိမ်တွင်းအလှဆင်မှုတွေ၊ အဆောက်အဦ မျက်နှာစာတွေနဲ့ ပွဲကြည့်စင်တွေအတွက် သုံးနိုင်တယ်လို့ သူက ပြောပါတယ်။

DVB