27.11.14

ကလေးငယ်များကို လိင်အလွဲသုံးမှုဖြင့် ဗြိတန်နိုင်ငံသားကို ထိုင်းရဲ ဖမ်းဆီး


ဗြိတိန်အစိုးရက အလိုရှိနေပြီး ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းအလွဲသုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ရောဘတ် ဒေးဗစ် ဟတ်စ်တင်းစ်ကို ဖမ်းမိပြီလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပြီး သူ့ကိုတော့ ထိုင်းလဝကရဲတွေက အရှေ့မြောက်ပိုင်း ဥဒုံဌာနီခရိုင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းမိခဲ့တာပါ။

ထိုင်းအရှေ့မြောက်ပိုင်းကို ထိန်းချုပ်ရတဲ့ အမှတ် ၄ လူဝင်မှုစစ်တိုင်းရဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ချာ့ချိုင် လင်မ်ဆန်ဂ်က အဆိုပါ ဖမ်းမိတဲ့ ဗြိတိန်နိုင်ငံသားဟာ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် လိင်ပိုင်းအလွဲသုံးမှု ၁၂ မှုနဲ့ ဆိုးဆိုးရွားရွား ညစ်ညမ်းမှု ၅ မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရကြောင်း ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ဟတ်စ်တင်းစ်က သူဟာ ထိုင်းကို ၂၀၀၅ ခုနှစ်မှာ လာခဲ့ပြီး ခုတော့ ထိုင်းဇနီးသည်နဲ့ အတူ နေထိုင်တယ်လို့ ပြောပါတယ်။

သူကို စွပ်စွဲထားတာတွေကိုလည်း ငြင်းဆိုပြီး သူ့နာမည်ကို ပြန်သန့်စင်ဖို့ သူ့နိုင်ငံ ပြန်ဖို့ လိုလားကြောင်း ပြောပါတယ်။

ရဲတွေကတော့ ဟတ်စ်တင်းဟာ ဥဒုံဌာနီက ဒေသခံကျောင်းတခုမှာ အင်္ဂလိပ်ဆရာအဖြစ် လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

သူ့ကို ရက်ပိုင်းအတွင်း ဗြိတိန်ကို ပြန်ပို့ဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းရဲတွေက ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment