ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

6.3.14

ကေအိုင်အေလက်မှလွတ်မြောက်လာသူမြစ်ကြီးနားသို့ရောက်

6.3.2014

ကေအိုင်အေတပ်ဖွဲ့၏ ဖမ်းဆီးခံတပ်သားအဖြစ်မှ ပြီး ခဲ့သည့်ဖေဖော်ဝါရီ ၁ဝ ရက် က ထွက်ပြေးလွတ်မြောက် လာခဲ့သည့် အသက် (၂၆)နှစ် အရွယ် ကိုဘိုဘိုထွန်းသည် ယမန်နေ့တွင် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်ရှိ ဓမ္မ ရက္ခိတဝန်းသိုကျောင်းတိုက်သို့ ရောက်ရှိလာရာ ကချင်ပြည် နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ကလိုအပ်သည်များကို ကူညီ ပံ့ပိုးပေးခဲ့ကြောင်း ရှမ်းမျိုးနွယ် စုရေးရာအဖွဲ့ဝင် ဦးစိုင်းခင် မောင်အေးကပြောသည်။

ကျွန်တော့်အရုပ်လေးပြန်မပေးပါ ဇာတ်ကားထဲမှာ အရုပ်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ ခင်ဝင့်ဝါ




Thursday, March 6, 2014

နိုင်ငံ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ Miss တွေထဲမှာ ပြည်သူရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့အပြင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာတဲ့သူကတော့ ခင်ဝင့်ဝါ ပါ။ လက်ရှိ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင်း သရုပ်ဆောင်ပညာဘက်ပိုင်းကို ပရိသတ်အတွက် မနားတမ်းကြိုးစားလာတဲ့ ခင်ဝင့်ဝါကို ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက ကျွန်တော့်အရုပ်လေးပြန်မပေးပါတဲ့။ ကာရိုက်တာက တစ်ကိုယ်၊ အရုပ်ပုံစံက တစ်ကိုယ်ဆိုတော့၂မျိုးပေါ့။ ဒီကားက ကိုနေတိုးနဲ့ပထမဆုံးကားဆိုတော့ သူ့ကိုလဲနဂိုကတည်းက အရမ်းကြိုက်တယ်။ 

ကြက်တိုက်လောင်း ကစားသူများ ဖမ်းမိ


ကော့သောင်း ၊ မတ် ၆ 

ကော့သောင်းမြို့ ၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ (၁၅)မိုင်ကျေးရွာ တွင် မတ်လ ၂ ရက်နေ့၊ညနေ (၃) နာရီ က ကြက်တိုက် လောင်းကစားဝိုင်း အား ကော့သောင်း မြို့နယ် ရဲတပ်ဖွဲ့ မှ ၀င် ရောက်ဖမ်းဆီး အရေးယူမှု တစ်ခုဖြစ်ပွား သည်။

ဓာတ်ငွေ့ဒေသများ၌ လျှပ်စစ်ရရန် အမြန်ဆောင်ရွက်သင့်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသနှင့် ရခိုင်ပြည်နယ်၊ မန်အောင်၊ ကျောက်ဖြူ၊ ဂွဒေသများမှထွက်ရှိသော သဘာဝဓာတ်ငွေ့များဖြင့် နိုင်ငံက ဒေါ်လာဘီလျံများစွာ ရရှိနေ ချိန်တွင် ၎င်းဒေသခံတို့ သုံးစွဲနေရသော လျှပ်စစ်မီတာခတို့ကမူ အခြားဒေသများထက် အဆပေါင်း ၁၅ ဆခန့်ပိုများနေကြာင်း၊ အဆိုပါဒေသများတွင် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်သင့်သည်ဟု ဂွမြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာက ပြောသည်။

ပြည်သူကျွေးသည့်ထမင်း စားနေသည်ကို အစိုးရ မမေ့သင့်ဟု ပြည်ခိုင်ဖြိုးအမတ် ဝေဖန်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ပြည်သူတို့၏ နစ်နာဆုံးရှုံးနေမှုများကို အစိုးရဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းနေသည့်အတွက် ပြည် သူလူထုကကျွေးသည့် ထမင်းစားနေသည်ကို မမေ့ဘဲ ခေါင်းထဲတွင် စွဲနေသင့်သည်ဟု ပဲခူးတိုင်းမှ အထက်လွှတ်တော်အမတ် ဦးမြင့်ထွန်းက ဝေဖန်လိုက်သည်။

အရုပ်မျက်နှာဖုံးစွပ်လူက အိမ်ရှင်အမျိုးသမီးကို ကြိုးတုပ်ပြီး ကျပ်သိန်း ၈၀ လုယက်


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ရန်ကုန်၊ မဇ္ဈိမ။ ။ ကျောက်တန်းမြို့နယ်တွင် အရုပ်မျက်နှာဖုံးစွပ်ထားသူ လူတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ပြီး အိမ်ရှင် အမျိုးသမီးကို ကြိုးတုပ်ကာ ကျပ်သိန်း ၈၀ လုယက်ခဲ့မှု တစ်ခု မတ် ၄ ရက် နံနက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ရေအားလျှပ်စစ်စီမံကိန်း MOU အစိုးရက ပယ်ဖျက်ခွင့်ပြု


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ကချင်ပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်ရန် အစိုးရနှင့် ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ထူးထရေးဒင်းကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားသော်လည်း ကုမ္ပဏီဘက်က အခက်အခဲများ တင်ပြလာသဖြင့် MOU ပယ်ဖျက်ခွင့်ပြုလိုက်သည်ဟု လျှစ်စစ် ဒု-၀န် ကြီးဦးအောင်သန်းဦးက ပြည်သူ့လွှတ်တော်တွင် မတ်လ ၅ ရက်က ပြောဆိုလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုသဘောထား ကောက်ခံမည်

၆.၃.၂၀၁၄၊ ကြာသပတေးနေ့

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ ဆန္ဒသဘော ထားများကို နိုင်ကျဉ်းဟောင်းများက ကောက်ခံသွားမည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ နာယကဆရာတော်၊ ရွှေဝါရောင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးပဏ္ဍ၀ံသက မတ် ၅ ရက်တွင် မဇ္ဈိမ ကို မိန့်သည်။

အစာမကြေခြင်း သက်သာလိုလျှင် ဒိန်ချဉ်သောက်ပါ





ဗိုက်နာ၊ ဗိုက်အောင့်တဲ့ အခါ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို မစားသင့် ပေမယ့် အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ် ကတော့ ခြွင်းချက်အနေနဲ့ သောက်သင့် ပါတယ်။

ကူမင်းအကြမ်းဖက်မှုကိုရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်


6-3-2014

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရက ယခုလ ၁ ရက်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းဘူတာရုံ၌ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြင်းထန်စွာရှုတ်ချကြောင်း၊ တိုက်ခိုက်ခံရသူများနှင့်မိသားစုများအတွက်အထူးဝမ်းနည်းကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့နှင့်အတူ နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ဖြစ်ခဲ့ပါက တိုက်ပွဲ ဝင်နိုင်ရန် ယူကရိန်း လူငယ်ပေါင်း များစွာ တပ်သားသစ် အဖြစ် ဝင်ရောက်





ယူကရိန်း နိုင်ငံ ခရိုင်းမီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် တင်းမာမှုများ အရှိန်အဟုန် မြင့်တက် လာခဲ့ခြင်းကြောင့် ယူကရိန်း နိုင်ငံသား လူငယ်ပေါင်း များစွာသည် စစ်မှု ထမ်းဆောင်ရန် ကိယက်ဗ်မြို့ အတွင်းရှိ တပ်သားသစ် စုဆောင်းရေး ဌာန တစ်ခုတွင် အမည်စာရင်း သွင်းနိုင်ရန် တန်းစီလျက် ရှိသည်ဟု သိရသည်။

အဆိုများရှုံးနိမ့်မှု တိုင်းအစိုးရ လွှမ်းမိုးနေဟု လွှတ်တော်အမတ် ဝေဖန်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ဧရာဝတီတိုင်းလွှတ်တော် အဆိုများ ရှုံးနိမ့်ကာ လွှတ်တော် မှတ်တမ်းတင်မှုသာ ထားရှိသွားခြင်းသည် လွှတ်တော်အပေါ် တိုင်းအစိုးရလွှမ်းမိုးမှုများ ရှိနေသည်ဟု ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာလှမြတ်သွေးက ဝေဖန်ပြောကြားလိုက်သည်။

ခရီးသွားစဉ် ကလေးမီးဖွားသည့်ခရီးသည်မိသားစုအား အမြန်လမ်းရဲတပ်ဖွဲ့မှကူညီပေး



နေပြည်တော်၊ မတ် ၆

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၂/၀)တွင် ၈ဈ/xxxx“ရွှေမြို့တော်”ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦး ကလေးမီးဖွားကြောင်းသတင်းအရ လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးနိုင်ရန် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ညောင်ဦးမြို့နယ်၊ သစ်ထောင့်ကျွန်းကျေးရွာနေ ခရီးသည် မထက်ထက်လှိုင်(၁၈)နှစ်မှာ ၎င်း၏ခင်ပွန်းဖြစ်သူ သိန်းဇော်ထွန်းနှင့်အတူ ရန်ကုန်မှညောင်ဦးသို့ပြန်လာစဉ် ယာဉ်ပေါ်၌ သားယောက်ျားလေး မွေးဖွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့မိသားစုအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းသို့ခေါ်ဆောင်၍ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများက လိုအပ်သောအကူအညီများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

၁၅၀၀ ချစ်ခြင်းမှာ ၅၂၈ မေတ္တာပါပေါင်းပြီး ပျော်ရွှင်စေတဲ့အခါ



သင့်ကောင်လေးအတွက် ချစ်သူသက်သက်ပဲ ဖြစ်နေပြီး သူငယ်ချင်းတစ်ယောက် မဖြစ်ခဲ့ဘူးဆိုရင် သူဟာ ချစ်ခြင်းသက်သက်ပဲ ခံစားရဖို့ရှိပြီး ပျော်ရွှင်လန်းဆန်းမှု ဆိုတာလေးတော့ ပျောက်ဆုံးနေတတ်ပါတယ်။ သူငယ်ချင်းဆိုတာ မျှတတဲ့သဘောနဲ့ ပေါင်းရသင်းရလွယ်ကူပြီး ဒိတ်လုပ်ဖို့ ပိုကောင်းတဲ့အရာပါ။ ချစ်သူကတော့ တစ်ခါတစ်လေမှာ serious ဖြစ်တတ်ပါတယ်။

အောက်ခြေအစိုးရဝန်ထမ်းများ၏တာဝန်ယူမှုအားနည်းခြင်းကြောင့် တောင်သူလယ်သမားများဆန္ဒထုတ်ဖော်ရခြင်းဖြစ်ဟုဆို

နိုင်ငံတော်အောက်ခြေအစိုးရ ဝန်ထမ်းများ၏တာဝန်ယူမှုအားနည်း ခြင်းကြောင့် တောင်သူလယ်သမား များ ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးကျော်စွာစိုးကယခုလ၂ရက် တွင်ပြုလုပ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမားနေ့ အခမ်းအနားတွင်ပြောသည်။
ယင်းအခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် သာ ယာဝတီမြို့ ဖားရွှေကျော်ကျေးရွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများက မိမိတို့လိုအပ်ချက်များကို နိုင်ငံ တော်တာဝန်ရှိသူများထံ တင်ပြ သည့်အခါ အောက်ခြေအစိုးရဝန် ထမ်းများ၏ လျစ်လျူရှုမှု၊ တာဝန် ယူမှုအားနည်းခြင်းများကြောင့် အများပြည်သူနှင့် တိုင်းပြည်ခေါင်း ဆောင်များသိအောင် ဆန္ဒထုတ် ဖော်လာရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

သန်လျင် ကြယ်စင်အိမ်ရာ အခန်းများ အငှားချရန်ရှိ


---------------------------------------------------
ကြယ်စင်အိမ်ရာတွင် ပရိဘောဂအပါအ၀င် နေထိုင်ရန် အသင့်ပြင်ဆင်ပြီးဖြစ်သော အခန်းပေါင်း
၁၀၀ ကျော်ကို ယခုနှစ် ဇွန်လမှစတင်ခါ ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိမ်ရာတာဝန်ရှိ
သူများက ယခုလ ၄ ရက်နေ့တွင် ပြောသည်။

ICRC ရုံးခွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်



၅.၃.၂၀၁၄၊ ဗုဒ္ဓဟူးနေ့

မြန်မာနိုင်ငံ အစိုးရနဲ့ ချုပ်ဆိုလိုက်တဲ့ သဘောတူညီချက်သစ်တခုအရ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဟာ ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ ကြာသပတေးနေ့က စလို့ ရုံးခွဲသစ် ဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။

မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု ကျူးလွန်သူလေးဦးကို ဖမ်းဆီးရမိပြီး ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့်ပတ်သက်၍ အဓိကထားစစ်ဆေး


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ဇန်န၀ါရီ ၂၁ ရက်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ မီလျှံနှင့်နဂါးရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူ လေးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ၀င်ငွေကျပ်သိန်း ၂၀၀ အထိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုရန် လွှတ်တော်၌တင်သွင်း



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

နိုင်ငံတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ ရောင်းရငွေ သို့မဟုတ် ၀န်ဆောင်မှုလုပ်ငန်းများမှ ရငွေသည် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း စုစုပေါင်း ၀င်ငွေကျပ်သိန်း ၂၀၀ အထိ ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်မှုကို ကင်းလွတ်ခွင့်ပေးပြီး ၎င်းထက်ပိုသည့် ၀င်ငွေမှသာ စတင်၍ ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အဆိုပြုတင်သွင်းသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ “အခြား” ဆိုသည့် လူမျိုးအမည်စာရင်း ထည့်သွင်းမည့်ကိစ္စအပေါ် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ကြေညာချက်ထုတ်ပြန်


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး စာရင်းကောက်ယူရာတွင် ထည့်သွင်းမည့် လူမျိုးအမည်စာရင်းတွင် “အခြား” ဆိုသည့် လူမျိုးအမည်စာရင်း ထည့်သွင်းမည့် ကိစ္စအပေါ် လက်ခံနိုင်ခြင်းမရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ မတ် ၄ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း၍ လယ်ယာသုံးစက်ပစ္စည်း ငါးနှစ်အရစ်ကျ ရောင်းချရန် စီစဉ်


Thursday, March 6, 2014

မြန်မာ့ စက်မှုလယ်ယာကဏ္ဍတွင် လိုအပ်လျက်ရှိသည့် လယ်ယာသုံး စက်ပစ္စည်း ကိရိယာများကို ငါးနှစ်အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ရန် ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

စင်ကာပူနိုင်ငံတွင် အိမ်ရှင်အဘွားအိုကို သတ်မှုဖြင့် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးအား တရားစွဲဆို


March 6, 2014

စင်ကာပူနိုင်ငံတွင် အသက် ၈၅ နှစ်အရွယ်ရှိ အိမ်ရှင်အဖွားအိုကို သတ်ဖြတ်မှုဖြင့် အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးဖြစ်သူ မသန်းသန်းဝင်းအား ဗုဒ္ဓဟူးနေ့က တရားစွဲဆိုခဲ့သည်ဟု စင်ကာပူနိုင်ငံ အခြေစိုက် Channel News Asia သတင်းဌာနက ဖော်ပြခဲ့သည်။

သက်ပြည့်ပင်စင်စားဝန်ထမ်းများအား တန်ဖိုးနည်းဖုန်းကဒ်များ စတင်ရောင်းချပေး


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အငြိမ်းစားဝန်ထမ်းများအား တန်ဖိုးနည်းဖုံးကဒ်များ ရောင်းချပေးခြင်းကို မတ်လ (၄) ရက် နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းနှင့်အဖွဲ့၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဥက္ကဌ ဦးခင်မောင်ဝင်းနှင့်အဖွဲ့ မြို့နယ်ဆက်သွယ်ရေးတာဝန်ခံ ဦးနိုင်ဝင်းနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။

ချစ်တာအပြစ်မရှိပါ သို့သော်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ရေးသားသူ- သီဟ

အမျိုးသားနှစ်ဦး ရွှေလက်တွဲမင်္ဂလာပွဲကျင်းပသည့် ဓာတ်ပုံများကို ပြည်တွင်းလူမှုကွန်ရက်စာမျက်နှာများမှာသာမက တရားဝင်ထုတ်ဝေဖြန့်ချိနေသည့် ပုဂ္ဂလိကသတင်းစာအချို့တွင်လည်း အကျယ်တ၀င့်ဖော်ပြခဲ့ကြသည်။

ဘင်းမ်စတက်၏ ရလဒ်ကောင်းများ


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံပေါင်း ခုနစ်နိုင်ငံပါဝင်သည့် တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်း အဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပပြီးလေပြီ။ ဤထိပ်သီး အစည်း အဝေးတွင် အိန္ဒိယ၊ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဘူတန်နှင့် နီပေါနိုင်ငံတို့မှ နိုင်ငံ့ခေါင်း ဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အဓိက အားဖြင့် သဘောတူညီချက် သုံးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

Ooredoo Myanmar ရဲ့ 3G ကွန်ရက် စမ်းသပ်အောင်မြင်


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က မြန်မာဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခွင့်ရရှိထားသော ooredoo ကုမ္ပဏီသည် ပထမဆုံး အဆင့် ကွန်ရင်ချိတ်ဆက်ခြင်း နည်းပညာ တစ်ခု ဖြစ်သည့် 3G ကွန်ရက်ကို အောင်အောင်မြင်မြင် စမ်းသပ်နိင်ခဲ့တယ်လို့ သိရပါတယ်။ ထို 3G ကွန်ရက်ဟာဆိုရင် အသံပိုင်းဆိုင်ရာ ၀န်ဆောင်မူများတွင် ကြည်လင်ပြတ်သားမြန်ဆန်မူများနဲ့ လျှင်မြန်သော စာတိုပို့ခြင်းတို့ကိုရရှိနိင်ပြီး
ဖုန်းအသုံးပြုမူကို ပိုမိုကာ မြန်ဆန်တိကျကောင်းမွန်စေတဲ့ ၀န်ဆောင်မူ တစ်ခုဖြစ်ပါတယ်။ ooredoo ရဲ့ မြန်မာပြည်ဆိုင်ရာ ဗဟိုရုံးချူပ်ဖြစ်သော
MICT park နဲ့ အနီးပတ်ဝန်းကျင်တွင် စမ်းသပ်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းရင်းသားဘာသာစကား အရေးပါဟု သမ္မတ အကြံပေး ပြော


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများတွင် တိုင်းရင်းသားဘာသာစကား သင်ကြားရေးသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေပြီး ပညာရေးကဏ္ဍက လုပ်ဆောင်သည်ဟု နိုင်ငံတော်သမ္မတ၏ စီး ပွားရေးအကြံပေးဖြစ်သူ ဒေါက်တာဇော်ဦးက မတ်လ ၅ ရက်က ပြောသည်။

ကြံ့ခိုင်ရေးအမတ်ကို NLD က တရားစွဲဖို့ ပြင်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ပြောခဲ့တာတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော်အမတ်တွေက အရေးယူဖို့အထိ စဉ်းစားနေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားလက်နက် မြန်မာဝယ်နေဆဲလို့ ကန်ပြော



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

မြန်မာအစိုးရဟာ မြောက်ကိုရီးယားနိုင်ငံကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေဆဲဖြစ်တယ်လို့  အမေရိကန်ကာကွယ်ရေးဌာနက မနေ့က ပြောလိုက်ပါတယ်။

ရေပန်းမစားသော တရုတ်စီမံကိန်းများ


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကြီးတခုဖြစ်သော်လည်း မြန်မာပြည်သူများ၏ခံစားချက်၊ ဘဝအခြေအနေ များကို စာနာထောက်ထားမှု မပြခဲ့ဘဲ နှစ်ပေါင်းများစွာ တရုတ်အကျိုးစီးပွားကိုသာ အဓိကထားသောမူဝါဒဖြင့် မြန်မာအစိုးရ အဆက်ဆက်ကို ဆက်ဆံခဲ့သည်။ မိမိအကျိုးစီပွားကိုသာ ဦးထိပ်ထားသော တရုတ်နိုင်ငံ၏ မူဝါဒကြောင့် စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ် မြန်မာနိုင်ငံအသွင်ပြောင်းလဲလာချိန်၊ ယခင်နိုင်ငံရေး အခြေအနေထက် ပိုမိုပွင့်လင်းလွတ်လပ်လာချိန်တွင် မြန်မာပြည်သူများက နိုင်ငံတွင်းလုပ်ဆောင်လျက်ရှိသော တရုတ်စီမံကိန်းများကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကန့်ကွက်လာကြသည်။

အင်ဒိုနီးရှား ဂျုံတင်သွင်းမှု ကမ္ဘာ့ဒုတိယအများဆုံး ဖြစ်လာနိုင်


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

အရှေ့တောင်အာရှ၏ အကြီးဆုံး ဈေးကွက်တွင် ခေါက်ဆွဲ၊ ကိတ်မုန့်နှင့် ဘီစကစ်ဝယ်လိုအား မြင့်မားလျက် ရှိခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဂျုံတင်သွင်းမှုသည် ငါးနှစ်တာအတွင်း တစ်နှစ်လျှင်တန်ချိန် ၁၀သန်းကျော် သို့ ရောက်ရလာနိုင်ပြီး အီဂျစ်နိုင်ငံပြီးနောက် ဒုတိယဂျုံအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်လာနိုင်သည်ဟု ဘလွန်းဘတ် သတင်းဌာနက မတ်လ ၅ ရက်တွင် ရေးသားဖော်ပြသည်။

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်များ ပိုင်ဆိုင်မှုကြောင့် အမေရိကန်လုံ ခြုံရေးကို ခြိမ်းခြောက်နေ



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

တာဝေးပစ်ဒုံးကျည်များနှင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် ကြိုးပမ်းမှုများကြောင့် မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်း ပင်တဂွန်စစ်ဌာချုပ်၏ နောက်ဆုံးထုတ်ပြန်လိုက်သော မဟာဗျူဟာမှတ်တမ်းတွင် ဖော်ပြခဲ့သည်ဟု မတ်လ ၅ ရက်က အေအက်ဖ် ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုများ ပိုဖြစ်ပွားလာမည်ကို ထိုင်းအစိုးရ စိုးရိမ်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားခြင်းအား အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲများ လုံးဝ ပြီးဆုံးသွားသည်အထိ သက်တမ်းတိုးနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကာ ဆန္ဒပြမှုများ လျော့ကျသွားသော်လည်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာမည်ကို သူ့အနေဖြင့် စိုးရိမ်နေကြောင်းလည်း ပြောခဲ့သည်ဟု မတ်လ ၅ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။