6.3.14

ရေအားလျှပ်စစ်စီမံကိန်း MOU အစိုးရက ပယ်ဖျက်ခွင့်ပြု


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ကချင်ပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်ရန် အစိုးရနှင့် ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ထူးထရေးဒင်းကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားသော်လည်း ကုမ္ပဏီဘက်က အခက်အခဲများ တင်ပြလာသဖြင့် MOU ပယ်ဖျက်ခွင့်ပြုလိုက်သည်ဟု လျှစ်စစ် ဒု-၀န် ကြီးဦးအောင်သန်းဦးက ပြည်သူ့လွှတ်တော်တွင် မတ်လ ၅ ရက်က ပြောဆိုလိုက်သည်။
ပူတာအိုမြို့အနီးတွင် ၆ မဂ္ဂါဝပ်ရရှိမည့် ထာခရေအားလျှပ်စစ်စီမံကိန်းကို အစိုးရနှင့် ကုမ္ပဏီတို့ ၂၀၀၉ နှစ်ကုန်ပိုင်းက MOU ရေးထိုးထားမှုအပေါ် အစိုးရက ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ပယ်ဖျက်ခွင့်ပြုလိုက် သည်ဟု ဒု-၀န်ကြီးက ဆိုသည်။

၂၀၁၁ ခုနှစ်၊ မတ်လက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကတိပြုထားသည့်အတွက် “မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နေသည်ကို သိလိုသည်”ဟု ၀ိုင်း မော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးယိန်းဘောမ်၏ မေးမြန်းမှုကို ယခုကဲ့သို့ ဒု-၀န်ကြီးက ပြန်ဖြေခဲ့ ခြင်း ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲ၊ ဓာတ်အားလိုင်းသွယ်တန်းရမည့် အခက်အခဲနှင့် တည်ဆောက်ချိန် ကြာမြင့်မည့် အခက်အခဲတို့ကို တင်ပြလာသည့်အတွက် ပယ်ဖျက်ခွင့်ပြုလိုက်ခြင်းဖြစ် သည်ဟု လျှပ်စစ်ဒု-၀န်ကြီးက ဆိုသည်။

“ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်(၁၆/၂၀၁၁)မှ သဘောတူပြီးဖြစ်ပါသဖြင့် ထာခရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ MOU အား ပယ်ဖျက်ပြီး ဖြစ်ပါတယ်”ဟု ဒု-၀န်ကြီးက ပြောသည်။

Mizzima

0 comments:

Post a Comment