6.3.14

အောက်ခြေအစိုးရဝန်ထမ်းများ၏တာဝန်ယူမှုအားနည်းခြင်းကြောင့် တောင်သူလယ်သမားများဆန္ဒထုတ်ဖော်ရခြင်းဖြစ်ဟုဆို

နိုင်ငံတော်အောက်ခြေအစိုးရ ဝန်ထမ်းများ၏တာဝန်ယူမှုအားနည်း ခြင်းကြောင့် တောင်သူလယ်သမား များ ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးကျော်စွာစိုးကယခုလ၂ရက် တွင်ပြုလုပ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမားနေ့ အခမ်းအနားတွင်ပြောသည်။
ယင်းအခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် သာ ယာဝတီမြို့ ဖားရွှေကျော်ကျေးရွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများက မိမိတို့လိုအပ်ချက်များကို နိုင်ငံ တော်တာဝန်ရှိသူများထံ တင်ပြ သည့်အခါ အောက်ခြေအစိုးရဝန် ထမ်းများ၏ လျစ်လျူရှုမှု၊ တာဝန် ယူမှုအားနည်းခြင်းများကြောင့် အများပြည်သူနှင့် တိုင်းပြည်ခေါင်း ဆောင်များသိအောင် ဆန္ဒထုတ် ဖော်လာရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

''အောက်ခြေမှာရှိတဲ့ တာဝန် ရှိပါတယ်ဆိုတဲ့ အစိုးရဝန်ထမ်းတွေ ဟာ မိမိအလုပ်ပြုတ်မှာစိုးတာရယ်၊ ထိခိုက်မှာကိုကြောက်တာရယ်၊ ပြဿနာကိုကိုင်တွယ်ဖြေရှင်းရဲတဲ့ သတ္တိမရှိတာတွေကြောင့် နောက် ဆုံးတော့ မထူးတော့ပါဘူးဆိုပြီး လယ်သမားတွေက တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေနဲ့ပြည်သူတွေသိ အောင် ဆန္ဒပြဖော်ထုတ်မှပဲဆိုတဲ့ စိတ်တွေဝင်လာပြီး ဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ အောက်ခြေမှာ ထိထိရောက်ရောက်နဲ့ သေသေ ချာချာဖြေရှင်းပေးမယ်ဆိုရင်ဆန္ဒပြ မှုတွေဖြစ်လာမှာမဟုတ်ပါဘူး''ဟု ဦးကျော်စွာစိုးကဆိုသည်။

နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံ အတွက် တာဝန်ထမ်းဆောင်ဖို့ရန် နိုင်ငံတော်ကလစာပေးခန့်ထားခြင်း ဖြစ်ကြောင်း၊နိုင်ငံတော်အစိုးရအနေ ဖြင့်ဝန်ထမ်းများကို ပြည်သူများက ချစ်ခင်လေးစားတတ်လာစေရန်၊ပြည် သူများ၏အခက်အခဲများကို မိမိ အခက်အခဲများလိုသဘောထားဖြေ ရှင်းတတ်လာစေရန်သင်ကြားပေး ရန်လိုအပ်ကြောင်း၎င်းကဆိုသည်။

0 comments:

Post a Comment