6.3.14

သက်ပြည့်ပင်စင်စားဝန်ထမ်းများအား တန်ဖိုးနည်းဖုန်းကဒ်များ စတင်ရောင်းချပေး


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အငြိမ်းစားဝန်ထမ်းများအား တန်ဖိုးနည်းဖုံးကဒ်များ ရောင်းချပေးခြင်းကို မတ်လ (၄) ရက် နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းနှင့်အဖွဲ့၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဥက္ကဌ ဦးခင်မောင်ဝင်းနှင့်အဖွဲ့ မြို့နယ်ဆက်သွယ်ရေးတာဝန်ခံ ဦးနိုင်ဝင်းနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား မြို့နယ်အနေဖြင့် WCDMA ဖုန်းကဒ် (၅၀) ရရှိသဖြင့် မဲစနစ်ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

စဥ့်ကူးမြို့နယ်အနေဖြင့် မြို့ပြပင်စင် (၄၂၃) ဦး ၊ နိုင်ငံရေးပင်စင် (၁၂၄) ဦး၊ ကာကွယ်ရေးပင်စင် (၁၈၁) ဦး ၊ ဌာနဆိုင်ရာထုတ်ပေးပင်စင် (၆) ဦး ၊ သီးခြားတင်ပြသည့်ပင်စင် (၇) ဦး ၊ စုစုပေါင်း (၇၄၁) ဦး တို့အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MOI Webportal

0 comments:

Post a Comment