6.3.14

အဆိုများရှုံးနိမ့်မှု တိုင်းအစိုးရ လွှမ်းမိုးနေဟု လွှတ်တော်အမတ် ဝေဖန်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ဧရာဝတီတိုင်းလွှတ်တော် အဆိုများ ရှုံးနိမ့်ကာ လွှတ်တော် မှတ်တမ်းတင်မှုသာ ထားရှိသွားခြင်းသည် လွှတ်တော်အပေါ် တိုင်းအစိုးရလွှမ်းမိုးမှုများ ရှိနေသည်ဟု ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာလှမြတ်သွေးက ဝေဖန်ပြောကြားလိုက်သည်။
န၀မအကြိမ် ဧရာဝတီတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အရပ်ဘက်ဝန်ထမ်းများ အချိန်ပို လုပ်ခရရှိရေး တိုင်းအစိုးရ ဆောင်ရွက်ပေးစေလိုကြောင်းအဆို၊ ကြိုးဝိုင်း ကြိုးပြင် သစ်တောမြေများကို ပြည်တွင်း ပြည်ပ ကုမ္ပဏီများသို့ ခွင့်ပြုချထားပေးရန် ထောက်ခံပါက ဒေသခံပြည်သူများ၏သဘောထား နှင့်လွှတ်တော်၏အတည်ပြုချက် ရယူဆောင်ရွက်ပေးရန်အဆိုနှင့် တိုင်းအတွင်း လုပ်ငန်းများနှင့်စီမံကိန်း များ အကောင်အထည်မဖော်မီ ဒေသခံပြည်သူများနှင့် ကြိုတင်နားလည်မှု သဘောတူပြီးဆောင်ရွက်ရေး အဆိုများ ရှုံးနိမ့်ကာ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခံခြင်းများကို သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ကြိုးတွင်းကြိုးပြင် သစ်တောအဆိုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ကိုယ်တိုင် ၀င်ပြောတာ လွှတ်တော်အပေါ် မှာ အစိုးရအဖွဲ့ လွှမ်းမိုးနေတာ ထင်ရှားပါတယ်။ အဆိုတွေ မှတ်တမ်းတင်ခံရတာ ပယ်ချတာတော့ မဟုတ်ဘူး။ တစ်ချိန်မှ ပြန်အသက်သွင်းလို့ရတယ်ဆိုပေမဲ့ ဘယ်အချိန်မှာ ပြန်လုပ်ဆောင်မယ်ဆိုတာ မသိရဘူး။ ဒေသအစိုးရကလည်း ပြည်ထောင်စုလို့ အစိုးရကို တိုက်တွန်းပေးသင့်တယ်။ တကယ်ဖြစ် သင့်ဖြစ်ထိုက်လို့ တင်တာကို ၀တ်ကျေတမ်းကျေပေးတာမျိုးမဟုတ်ဘဲ။ အဓိကလွှတ်တော်မှာ အစိုးရ လွှမ်းမိုးမှုတွေ အရမ်းများနေတဲ့ န၀မအကြိမ်မှာဆို သောကြာနေ့ ၀န်ကြီးတစ်ဖွဲ့လုံးမရှိလို့ လွှတ်တော်ကို နားပေးလိုက်ရတာ မဖြစ်သင့်ဘူး”ဟု ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။

အစိုးရတစ်ရပ်နှင့် ဆောင်ရွက်ရန်မဖြစ်သည့်အတွက် လွှတ်တော်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် အစိုးရသစ် ပေါ်ပေါက်လာပြီး လွှတ်တော်များ ဖြစ်ပေါ်လာသော်လည်း လွှတ်တော်တွင်း အဆိုနှင့် မေးခွန်းများကို ကန့်သတ်သကဲ့သို့ ထိန်းချုပ်မှုများရှိနေခြင်းသည်လည်း မဖြစ်သင့်ကြောင်း ဒေါက်တာလှမြတ်သွေးက ဆိုသည်။

လွှတ်တော်တွင်း မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းများနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဝန်ကြီး ချုပ်ဦးသိန်းအောင်က “ကိုယ်စားလှယ်များ လွှတ်တော်အထိမစောင့်ဘဲ၊ တိုင်းဒေသကြီးအစိုးရဆီ လူ ကိုယ်တိုင်ဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် မေးခွန်းတွေကို လာမေးနိုင်ပါတယ်”ဟု န၀မအကြိမ် လွှတ်တော်အစည်း အဝေးတွင် ပြောကြားခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment