
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ၁ ရာခိုင်နှုန်း အခွန်၊ ယူရို ၉၃ သန်းကိစ္စ နှင့် ပတ်သက်၍ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ခုံရုံးဖွဲ့ စစ်ဆေးမှု၏ အစီရင်ခံချက် လာမည့် အပတ်တွင် ထွက်ရှိမည် ဖြစ်ကြောင်း ၊ ၎င်း အစီရင်ခံချက်၏ အဖြေပေါ် မူတည်၍ လိုအပ်ပါက ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။